Monday, June 28, 2010

Fwd: nomt_photo


Attach


Fwd: ကြောင်ကတိုး ကော်ဖီတဲ့ သောက်ကြဦးနော်သယ်ချင်းတို့ အရမ်းကောင်းတယ်တဲ့ သူများပြောတာပါဟဲ



---------- Forwarded message ----------
From: Eagle <eagle18@gmail.com>
Date: 2010/6/28
Subject: Fwd: ကြောင်ကတိုး ကော်ဖီတဲ့ သောက်ကြဦးနော်သယ်ချင်းတို့ အရမ်းကောင်းတယ်တဲ့ သူများပြောတာပါဟဲ
To:


အလွန်ကောင်းမွန်သော ကော်ဖီစေ့ကို
ပြုလုပ်ပေးနိုင်တဲ့ ကြောင်ကတိုး သတ္တ၀ါ ဖြစ်ပါတယ် ။ ကြောင် ကတိုး ကနေ
ပြုလုပ်ပေးတဲ့ ကော်ဖီဟာ $600 တန်ပါတယ် ။

ဟုတ်ကဲ့ မှန်ပါတယ်ခင်ဗျာ ။ ဒီနို့တိုက်သတ္တ၀ါဟာ အာဖရိက နဲ့ အာရှဒေသတွေမှာ
တွေ့ရလေ့ရှိပြီး ကမ္ဘာ့ဈေး
အကြီးဆုံးကော်ဖီကို ပြုလုပ်ပေးနိုင်ပါတယ် ။ ကြောင်ကတိုးတွေဟာ
ကော်ဖီအစေ့လေးတွေကို စားသုံးပါတယ် ။ ပြီးတော့ ကြောင်ကတိုးရဲ့
အင်ဇိုင်းစနစ်အတွင်းမှာ အစာခြေမှု ပြုလုပ်နေစဉ်အတွင်း မှာ ကော်ဖီအ စေ့လေး
တွေဟာ ရောနှောသွားပါတယ် ။ ပြီးတော့ အဟမ်း.. စွန့်ထုတ်တယ်ဆိုပါတော့ ။
အဲဒီအခါမှာတော့ အလွန် ကောင်း မွန်တဲ့ ခါးသက်တဲ့ အရသာရှိတဲ့
ကော်ဖီစေ့တွေကို ပြန်လည်ရရှိလာပါတယ် ။ ကဲကဲ.. သူတို့ဘယ်လို
ကော်ဖီပြုလုပ်လည်းဆိုတာ အောက်က ပုံတွေကို ကြည့်ကြည့်ရအောင် ။

--
http://auroragenerationgroup.ning.com/

http://grou.ps/aerofriendsgroup

--
သင်သည် aurorageneration group ဧ။် member တစ်ယောက်ဖြစ်သောကြောင့် ယခု
mail ရရှိခြင်းဖြစ်သည်။group
ဧ။်အသေးစိတ်ကိုhttp://groups.google.com/group/aurorageneration/topics?start=10&sa=N
 မှာကြည့်နိုင်ပါသည။်သင်ဧ။် mail
များကိုဖြန့်ဝေချင်ပါကaurorageneration@googlegroups.comသို့ပို့နိုင်ပါသည်။
group ကိုဝင်ချင်ပါက aurorageneration+subscribe@googlegroups.com သို့
mail ပို့ ခြင်းဖြင့်  ၀င်နိုင်ပါတယ်။  group မှထွက်ချင်ပါက
aurorageneration+unsubscribe@googlegroups.com ဖြင့်ထွက်နိုင်ပါတယ်။
မေးပို့ပြီးသည်နှင့် noreply group မှမန်ဘာဖြစ်ခြင်းနှင့်
မန်ဘာအဖြစ်မှနှုတ်ထွက်ခြင်းကို mail auto ပို့ပါလိမ့်မည်။
We are warmly welcome to you. * If you need help you may ask to
aurorageneration.management@gmail.com ,
phonezinoo@gmail.com,rainonrose@gmail.com,jothar001@gmail.com



--
Than Htat Aung @ Than Htet Aung
90549434

Thursday, June 17, 2010

Check out my photos on Facebook

facebook
Phyo Aung Si
Phyo Aung Si has:
696 friends
39 photos
1 note
7 wall posts
24 groups

Check out my photos on Facebook


Hi Phyoaungsi82.public,

I invited you to join Facebook a while back and wanted to remind you that once you join, we'll be able to connect online, share photos, organize groups and events, and more.

Thanks,
Phyo

To sign up for Facebook, follow the link below:
http://www.facebook.com/p.php?i=642032557&k=42G3Z3R5RT6G6BD1UJZ2SPXZR6BAX2WGU3DS&r

Already have an account? Add this email address to your account here.
phyoaungsi82.public@blogger.com was invited to join Facebook by Phyo Aung Si. If you do not wish to receive this type of email from Facebook in the future, please click here to unsubscribe.
Facebook's offices are located at 1601 S. California Ave., Palo Alto, CA 94304.

Tuesday, June 8, 2010

Fwd: စစ်အစိုးရ၏ နျူကလီးယား စီမံကိန်း ပေါက်ကြား



---------- Forwarded message ----------
From: Sleeper <sleepindream@gmail.com>
Date: 2010/6/9
Subject: Fwd: စစ်အစိုးရ၏ နျူကလီးယား စီမံကိန်း ပေါက်ကြား
To:



စစ်အစိုးရ ဥမင်လိုဏ်ခေါင်းများ ဆက်ဖောက်

မကွေးတိုင်း ပဒါန်းမြို့နယ် အနောက်ဘက် မိုင် ၅၀ ခန့် အကွာရှိ ရခိုင်ရိုးမတွင် စစ်အစိုးရက သံသယ ဖြစ်ဖွယ် ဥမင် လိုဏ်ခေါင်းများ ဖောက်လုပ် နေကြောင်း သိရသည်။

အဆိုပါ လိုဏ်ခေါင်းများ၏ အကျယ်နှင့် အမြင့်မှာ ပေ ၅၀ ခန့်ရှိပြီး တနေ့လျှင် အလုပ်သမား ၅၀၀ ခန့် အလုပ်လုပ်ကိုင်နေကြောင်း၊  ကိုရီးယားလူမျိုး ကျွမ်းကျင်သူ ပညာရှင်များက ကြီးကြပ်၍ လုပ်ကိုင်နေခြင်းဖြစ်ကြောင်း ထိုလုပ်ငန်းခွင်တွင် လုပ်ကိုင်နေသည့် ဒေသ ခံတဦးက ဧရာဝတီသို့ ပြောသည်။

မကွေးတိုင်း ပဒါန်းမြို့နယ် အတွင်းရှိ ဥမင်လိုဏ်ခေါင်း ဖောက်လုပ်သည့် တည်နေရာ မြေပုံ


"ပဒါန်းမြို့နယ်ကနေ တောထဲကို ၃နာရီလောက် မောင်းရတယ်၊ စစ်တပ်ကခွင့်ပြုထားတဲ့ ကားတွေပဲ သွားရတယ်၊ လိုဏ်ခေါင်းက တော်တော်ရှည်နေပြီ မိုင်းခွဲလို့ အပြင်ကို ထွက်ပြေးရင် မိနစ် ၃၀ လောက် ပြေးရတယ်"ဟု ၎င်းကဆိုသည်။

ထို့အပြင် ပင်မလိုဏ်ခေါင်း နှင့် ကွန်ရက်သဖွယ် ဆက်သွယ်ထားသည့် လိုဏ်ခေါင်းများကိုလည်း ဘေးပတ်လည်တွင် ရှိကြောင်း၊ တောင်၏ ကျောက်သားနံရံများကို တနေ့လျှင် မိုင်း ၅ ကြိမ်ခန့် ခွဲ၍ တူးဖော်ပြီး မြေတူးစက်များ၊ မြေသယ်ကားများဖြင့် လုပ်ကိုင်နေ ကြောင်း အဆိုပါ ဒေသခံက ပြောသည်။

လိုဏ်ခေါင်း အတွင်း မြေထိန်းနံရံများ ဆောက်လုပ်ရာတွင် လိုအပ်သည့် လက်သမား၊ ပန်းရံ၊ နှင့် သံချည်သံကွေး လုပ်သားများကို တနေ့လျှင် လုပ်အားခ ၉၀၀ကျပ် ပေးပြီး နေ့ဆိုင်း၊ ညဆိုင်းခွဲ၍ အလုပ်ခိုင်းကြောင်း သိရသည်။

ယင်းစီမံကိန်း ကန့်သတ်နယ်မြေတွင် စစ်တပ်များချ၍ လုံခြုံရေး တင်းကျပ်ထားပြီး အလုပ်သမားများမှာ အလုပ်ခွင်အတွင်း ၀င် ထွက်ခွင့် လက်မှတ်များဖြင့် သွားလာရကြောင်း အလုပ်သမားများက ပြောသည်။

ယခင် ဦးနေ၀င်း၏ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်အစိုးရ လက်ထက်ကတည်းက ဧရာဝတီမြစ်နှင့် ရခိုင်ရိုးမအကြား၊ ဧရာဝတီမြစ် အနောက်ဘက် ပြည်ခရိုင်အတွင်းရှိ ဆင်တဲ၊ ထုံးဘို၊ ညောင်ခြေထောက်၊ အထက်မင်းလှ မြို့နယ်ရှိ မလွန်ဒေသတွင် ကာကွယ်ရေးနှင့် စစ်လက်နက် ပစ္စည်းထုတ်လုပ်ရေး စက်ရုံများ တည်ဆောက်ခဲ့သည်။

ထို စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေး စက်ရုံများကို ပုသိမ်- မုံရွာကားလမ်းနှင့် ဆက်စပ်ထားသည်။

ပဒါန်းမြို့နယ်သည် ပုသိမ်- မုံရွာ ကားလမ်းနံဘေး တည်ရှိပြီး မင်းဘူး- အမ်းလမ်းနှင့်လည်း အလွယ်တကူ ဆက်သွယ်နိုင်သည်။

ယခုတည်ဆောက်နေသည့် ဥမင်လိုဏ်ခေါင်းများကို စစ်အစိုးရက စစ်ရေး သို့မဟုတ် စီးပွားရေး မည်သည့်ကဏ္ဍတွင် အသုံးချမည် ဆိုသည်ကိုမူ ရှင်းရှင်းလင်းလင်းမသိရပေ။

မင်းတုန်း၊ ပဒါန်း၊ ပွင့်ဖြူ၊ စေတုတ္တရာ၊ စလင်း ဒေသ နှင့် ဆိပ်ဖြူမြို့အနောက်ဘက် ဒေသများ၊ ပခုက္ကူ၊ လောင်းရှည်၊ ဆောနယ်တွင် စစ်အစိုးရက စစ်ရေးလျှို့ဝှက်စီမံကိန်းများ လုပ်ကိုင်နေကြောင်း နေပြည်တော်ရှိ စစ်တပ် အသိုင်းအ၀န်းနှင့် နီးစပ်သူ တဦးက ပြော သည်။

"အခု ဆက်သွယ်ရေးဝန်ကြီး ဗိုလ်မှူးချုပ် သိန်းဇော် မကွေးတိုင်း ဥက္ကဋ္ဌလုပ်တုန်းက တပ်မ ၈၈ က ဗိုလ်မှူးကြီး ဇော်မင်းတို့ ပွင့်ဖြူ  စကုဘက်မှာ ယူရေနီယံတွေ့လို့ ထုတ်ဖို့ စီမံကိန်းဆွဲတယ်လို့ ကြားဖူးတယ်"ဟု၎င်းက ဆိုသည်။

စစ်အစိုးရသည် တခြားသော စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေးစီမကိန်းများကို နေပြည်တော်၏ အနောက်ဘက် ပဲခူးရိုးမ အနောက်ဘက်ခြမ်း တောင်တွင်းကြီး၊ နတ်မောက်ဒေသ၊ ပဲခူးရိုးမ အတွင်းရှိ အောင်လံမြို့နယ်နှင့် ပေါက်ခေါင်းမြို့နယ် ဆက်စပ် နေသည့် ဒေသတွင် စစ်လက်နက်ပစ္စည်း စက်ရုံများ တည်ဆောင်နေကြောင်း အထက်ပါ နီးစပ်သူက ပြောသည်။

မကွေးတိုင်း ပခုက္ကူခရိုင် မြိုင်မြို့နယ် အတွင်းရှိ လျှို့ဝှက် စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေးစက်ရုံမှ ဒုတိယ အကြီးအကဲ ဗိုလ်မှူး စိုင်းသိန်းဝင်းက စစ်အစိုးရ၏ နျူကလီးယားဆိုင်ရာ လျှို့ဝှက်ဖိုင်များကို နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီ(IAEA)အဖွဲ့ ဒါရိုက်တာဟောင်း ရောဘတ် ကယ်လီ(Robert Kelley)ကို ပြသခဲ့သည်ဟု ဒီမိုကရက်တစ် မြန်မာအသံ(DVB)နှင့် တွေ့ဆုံခန်း တွင် ပြော ဆိုသည်။

စစ်အစိုးရသည် မြို့တော်သစ် နေပြည်တော်နှင့် ရှမ်းပြည်နယ် အတွင်း မြောက်ကိုရီးယားနိုင်ငံ အကူအညီဖြင့် မြေအောက်ဥမင် ကွန်ရက်များ တည်ဆောက်နေကြောင်း မြန်မာ့အရေး ကျွမ်းကျင်သူ ဘာတေးလ် လင့်တနာက ဧရာဝတီမဂ္ဂဇင်းနှင့် တွေ့ဆုံ မေးမြန်ခန်းတွင် ပြောဆိုခဲ့သည်။

၂၀၀၉ ခုနှစ် ဇွန်လကလည်း လက်နက်များ တင်ဆောင်လာသည်ဟု ယူဆရသည့် မြောက်ကိုရီးယား သင်္ဘောတစီး မြန်မာပြည်သို့ ဦးတည် ခုတ်မောင်း နေသည်ဟူသော သတင်းက ကမ္ဘာ့မီဒီယာ၌ ထိပ်တန်းသို့ ရောက်ရှိခဲ့သည်။ တချိန်တည်းမှာပင် မြန်မာ စစ်အစိုးရ၏ နျူကလီးယား ထုတ်လုပ်မည့် အစီအစဉ်နှင့် ပတ်သက်နိုင်ဖွယ်ရှိသော မြေအောက် ဥမင်များ တည်ဆောက်နေမှု ဓာတ်ပုံနှင့် ဗီဒီယို မှတ်တမ်းများကိုလည်း သတင်းဌာနများတွင် ထုတ်လွှင့်ပြသခဲ့သည်။

၂၀၀၈ ခုနှစ် နိုဝင်ဘာလ အတွင်း ဗိုလ်ချုပ်ကြီး သူရရွှေမန်းခေါင်းဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် မြောက် ကိုရီးယားသို့ လျှို့ဝှက်သွားရောက်ခဲ့ပြီး မြောက်ကိုရီးယား စစ်ဦးစီး အရာရှိချုပ် ဗိုလ်ချုပ် ကင်မ်ကျုတ်ဆစ် (Kim Kyok-sik)နှင့် စစ်ရေး အရ ပူးပေါင်း ဆောင်ရွက်မှုပြုလုပ်ရန် သဘောတူခဲ့ကြကြောင်း သိရသည်။

ခရီးစဉ်အတွင်း မြိုယမ်းရှိ ရေဒါနှင့် ကြားဖြတ် ပိတ်ဆို့မှုဌာန (Radar and jamming units) များ၊ ပြုံယမ်းရှိ လေကြောင်းရန် ကာကွယ်ရေး တပ်များ၊ လေကြောင်းတပ်ဖွဲ့များ၊ ကွန်ပျူတာဖြင့် ထိန်းချုပ် အမိန့်ပေး ဌာနများသို့လည်း သွားရောက် ကြည့်ရှုခဲ့သည့် အပြင် ဥမင်လိုဏ်ခေါင်း အတွင်းရှိ အဆောက်အဦးများတွင် ထုတ်လုပ်နေသော မြေပြင်မှ မြေပြင်ပစ် စကဒ် (SCUD) ဒုံးကျည် စက်ရုံများသို့ သွားရောက်၍ လေ့လာကြသေးသည်။

မြန်မာနိုင်ငံရှိ စစ်ရေး အဆောက်အအုံ တချို့ဆောက်လုပ်ရာ၌ မြောက်ကိုရီးယားက ကူညီ ဆောက်လုပ်ခြင်း၊ ကြီးကြပ်ပေးခြင်း ပြုမည် ဟူသော သဘောတူညီချက်အရ အဆောက်အအုံများတွင် ဒုံးကျည်များ၊ လေယာဉ်များ၊ သင်္ဘောများ သိုဝှက်ထားနိုင်မည် ဟု ဆိုသည်။

-----------------------------xxxxxxxxxxxxxxxxxx-------------------------

တရုတ် ၀န်ကြီးချုပ်နှင့် ဗိုလ်ချုပ်မှူးကြီး မြန်မာ့နိုင်ငံရေး ဆွေးနွေး

မြန်မာနိုင်ငံသို့ နှစ်ရက်ကြာခရီး လာရောက်ခဲ့သည့် တရုတ် ၀န်ကြီးချုပ် ၀မ်ကျားပေါင်သည် ၂၀၁၀ ရွေးကောက်ပွဲနှင့် တိုင်းရင်းသား အရေး ကိစ္စရပ်များကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် နေပြည်တော်တွင် ဆွေးနွေးခဲ့ကြောင်း သံတမန် အသိုင်းအ၀န်းက ဆိုသည်။

ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က မြန်မာနိုင်ငံသို့ ရောက်ရှိလာသော မစ္စတာ ၀မ်ကျားပေါင်သည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် နေပြည်တော်ရှိ ဇေယျာသိရီ ဗိမာန်၌ ယမန်နေ့ နံနက် ၁၀ နာရီခွဲခန့်က တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

တရုတ် ၀န်ကြီးချုပ် ၀မ်ကျားပေါင်နှင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ယမန်နေ့က နေပြည်တော်တွင် တွေ့ဆုံစဉ် (ဓာတ်ပုံ - AP)


၂၀၁၀ ရွေးကောက်ပွဲတွင် အားလုံး ပါဝင်ခွင့်ရရေး အတွက် တရုတ် ၀န်ကြီးချုပ်က စစ်ခေါင်းဆောင်များကို တိုက်တွန်းခဲ့ကြောင်း သံတမန် အသိုင်းအ၀န်းက ပြောသည်။

အဆိုပါသတင်းနှင့် ပတ်သက်၍ ဧရာဝတီက ရန်ကုန်အခြေစိုက် တရုတ်သံရုံးကို ဆက်သွယ်ခဲ့သော်လည်း အတည်ပြုခြင်း မရှိ သကဲ့သို့  ငြင်းပယ်ခြင်း မပြုခဲ့ပေ။

အစိုးရပိုင် သတင်းစာများက စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေး၊ ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ရေး၊ ဒေသတွင်းနှင့် နိုင်ငံ တကာတွင် ပူးပေါင်းဆောင်ရွက်ရေး၊ ၂ နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးရေးအတွက် ပူးပေါင်း ဆောင်ရွက်ရေး စသည့် နှစ်နိုင်ငံအတွက် အလေးထား ဆောင်ရွက်ဖွယ်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ခင်မင်ရင်းနှီးစွာ ဆွေးနွေးကြောင်း ဖော်ပြ ထားသည်။

"နှစ်နိုင်ငံ အကြား ထားရှိခဲ့တဲ့ ချစ်ကြည်ရင်းနှီးမှု အစဉ်အလာကောင်းဟာ တအူတုံဆင်း ညီအစ်ကို "ပေါက်ဖော်" ဆိုတဲ့ ရင်းနှီးမှု  ဆက်ဆံရေးကို ဖြစ်ထွန်းစေခဲ့ ရှိခဲ့ပါတယ်၊ ပေါက်ဖော်ဆိုတဲ့ အသုံးအနှုန်းဟာ မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံတို့ အကြားမှာသာ ဖြစ်ထွန်း တည်ရှိနေတာဖြစ်ပါတယ်"ဟု ၀န်ကြီးချုပ် ဦးသိန်းစိန်၏ ပြောကြားချက်ကို သတင်းစာတွင် ဖော်ပြထားသည်။

တရုတ် နိုင်ငံသည် မြန်မာပြည်၏ လူ့အခွင့်အရေး ချိုးဖောက်သည့် ကိစ္စရပ်များနှင့် ပတ်သက်၍ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီတွင် အကာအကွယ် ပေးလေ့ရှိသဖြင့် မြန်မာပြည်၏ ရွေးကောက်ပွဲသည် တရုတ် အတွက် အရေးပါလျက် ရှိသည်။

တရုတ် မြန်မာနယ်စပ်အခြေစိုက် စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇောက"တရုတ် မြန်မာ ဆက်ဆံရေး နှစ်ပေါင်း ၆၀အတွင်းမှာ တရုတ်က မြန်မာ့အရေးမှာ တစုံတရာ ၀င်ရောက် မစွက်ဖက်ဘူးလို့ပြောပေမယ့် ၀င်ရောက်စွက်ဖက်ခဲ့တယ်၊ အဲဒါတွေ အားလုံးဟာ   သူ့အကျိုး စီးပွားအတွက်ပဲ"ဟု ဆိုသည်။

တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာန အင်တာနက်စာမျက်နှာတွင် မြန်မာနိုင်ငံ၏ တည်ငြိမ်ရေး၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် မျှော်လင့်ကြောင်း မစ္စတာ ၀မ်ကျားပေါင်က ၀န်ကြီးချုပ် ဦးသိန်းစိန်ကို ပြောသည်ဟုလည်း သတင်းစာ၌ ဖော်ပြထားသည်။

မစ္စတာ ၀မ်ကျားပေါင် ခရီးစဉ်အတွင်း ၂ နိုင်ငံဝန်ကြီးများနှင့် တာဝန်ရှိသူများက စီးပွားရေးနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး၊ ရထားပို့ဆောင်ရေး၊ ကုန်သွယ်မှု၊ ရေအားလျှပ်စစ်၊ စွမ်းအင်နှင့် သတ္တု တူးဖော်ရေး ဆိုင်ရာ သဘောတူ စာချုပ်များကို လက်မှတ် ရေးထိုးခဲ့ကြောင်း အစိုးရ သတင်းစာများတွင် ရေးသားထားသည်။

"ဒီတကြိမ် ခရီးစဉ်တွင် မြန်မာ နိုင်ငံ ခေါင်းဆောင်များနဲ့ ဆွေးနွေးပွဲ ပြုလုပ်ခဲ့ရာမှာ အကျိုးရလဒ်များစွာရရှိပြီး ကျယ်ကျယ်ပြန့်ပြန့် အမြင်တူညီမှုရ ရှိခဲ့ပါတယ်၊ ၂ ဦး ၂ ဖက်တို့ဟာလည်း အရေးကြီးတဲ့ စာချုပ်များလည်း လက်မှတ်ရေးထိုး ချုပ်ဆို ခဲ့ကြပါတယ်"ဟု မစ္စတာ ၀မ်ကျားပေါင်၏ ပြောကြားချက်ကို သတင်းစာတွင် ဖော်ပြထားသည်။

"တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံအပေါ် စီးပွားရေး ကူညီမှုများ အစဉ်တစိုက် ကူညီပေးခဲ့ပြီး အကျိုးတူပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ပေးခဲ့သည့်အတွက် တရုတ်နိုင်ငံ အစိုးရနဲ့ ပြည်သူများကို မြန်မာနိုင်ငံ အစိုးရနဲ့ ပြည်သူများက များစွာ ကျေးဇူးတင်လျက် ရှိပါတယ်၊ ၂ နိုင်ငံကြား ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုများ ဖြစ်ထွန်းလာခြင်းနဲ့ အတူ ၂ နိုင်ငံ ဆက်ဆံရေးဟာ မဟာဗျူဟာ မြောက်ဆက်ဆံရေးသို့ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်"ဟူသော ၀န်ကြီးချုပ် ဦးသိန်းစိန်၏ ပြောကြားချက်လည်း သတင်းစာတွင် ပါရှိသည်။

နှစ်နိုင်ငံ သဘောတူစာချုပ်ချုပ်ဆိုခြင်းသည် ၂ ဦး ၂ ဖက်စလုံး အကျိုးရှိသည့် ကိစ္စရပ်များဖြစ်ကြောင်း ရန်ကုန်မြို့ရှိ စီးပွားရေး ပညာရှင် ခင်မောင်ညို (ဘောဂ ဗေဒ)က ပြောသည်။

"မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြီးကြီးမားမား အပြောင်းအလဲ ဖြစ်လာမယ်လို့တော့ မယူဆပါဘူး၊ မူဝါဒ ပြောင်းလဲဖို့ အတွက် ကြိုးစားတာမျိုးတွေ မရှိပါဘူး၊ ပုံမှန်လုပ်နေကျ လုပ်ရိုးလုပ်စဉ် တခုလို့ပဲ ယူဆပါတယ်"ဟု ၎င်းက ပြောသည်။

ဝန်ကြီးချုပ် ဦးသိန်စိန်နှင့် မစ္စတာ ၀မ်ကျားပေါင်တို့သည် မြန်မာ-တရုတ် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်းကို စတင်ဖွင့်လှစ်ပြီး ၂ နိုင်ငံ ချစ်ကြည်ရင်းနှီးမှု အထိမ်းအမှတ်အဖြစ် တရုတ်နိုင်ငံက ဆောက်လုပ်လှူဒါန်းခဲ့သည့် မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန လွှဲပြောင်းပေးအပ်သည့် အခမ်းအနားသို့လည်း တက်ရောက်ခဲ့ကြသည်။ 

မြန်မာနိုင်ငံမှ သဘာဝ ဓာတ်ငွေ့ နှင့် ရေနံ ဝယ်ယူမည့် တရုတ်နိုင်ငံသည် ရခိုင်ပြည်နယ် ကျောက်ဖြူမှ တရုတ်နိုင်ငံ ကူမင်းမြို့သို့ ပိုက်လိုင်းများ တည်ဆောက်သွားရန် သဘောတူညီခဲ့သည်။ တနှစ်လျှင် သဘာဝ ဓာတ်ငွေ့ တန်ချိန် ကုဗမီတာ ၁၂ ဘီလီယံ၊ ရေနံစည် ၄ဝဝ ဝဝဝ တင်ပို့မည် ဟု ဆိုသည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံရှိ သတ္တုတူးဖော်ရေး၊ ရေအားလျှပ်စစ်၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ စသည့် စီမံကိန်း များတွင် စုစုပေါင်း ဒေါ်လာ ၁.၃၃ ဘီလီယံ ရင်းနှီး မြှုပ်နှံထားသည်။

ထိုင်း၊ ဗြိတိန်၊ စင်ကာပူနိုင်ငံများ ပြီးလျှင် တရုတ်သည် မြန်မာနိုင်ငံတွင် စတုတ္ထမြောက် အများဆုံး ရင်းနှီး မြှုပ်နှံသည့် နိုင်ငံ ဖြစ် သည်။

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးထွက်ကုန်များ၊ သတ္တုများ၊ ကျွန်းသစ် နှင့် အဖိုးတန် ကျောက်မျက် ရတနာများ တရုတ်နိုင်ငံသို့ တင်ပို့သည်။ လျှပ်စစ်ပစ္စည်းများ၊ စက်ပစ္စည်းများ၊ အဝတ်အထည်နှင့် ဆေးဝါးများကို တရုတ်နိုင်ငံမှ တင်သွင်းခဲ့သည်။

မြန်မာစစ်အစိုးရသည် တရုတ်နိုင်ငံနှင့် ဆက်ဆံရေး ကောင်းမွန်လျက်ရှိသည်။ တရုတ် ဝန်ကြီးချုပ် ဝမ်ကျားပေါင်သည် မေ ၂၈ မှ ဇွန် ၃ အထိ တောင်ကိုရီးယား၊ ဂျပန်၊ မွန်ဂိုလီးယားနှင့် မြန်မာ ၄ နိုင်ငံ ခရီး သွားရောက်ခြင်းဖြစ်သည်။

ဝမ်ကျားပေါင်၏ ခရီးစဉ်သည် ၁၆ နှစ်တာကာလ အတွင်း ပထမဆုံးသော ၀န်ကြီးချုပ်အဆင့် ခရီးစဉ်ဖြစ်သည်။

မြန်မာနိုင်ငံသို့ နောက်ဆုံး လာရောက်လည်ပတ်ခဲ့သည့် တရုတ်အဆင့်မြင့် အရာရှိမှာ ၂၀၀၉ ဒီဇင်ဘာတွင် လာရောက်ခဲ့သည့် တရုတ် ဒုတိယသမ္မတ ရှီကျင့်ဖျင် (Xi Jinping) ဖြစ်သည်။ ရှီကျင့်ဖျင်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံစဉ် တရုတ်အနေ ဖြင့် မြန်မာနိုင်ငံကို နိုင်ငံရေး တည်ငြိမ်မှု၊ စီးပွားရေး ဖွံ့ဖြိုးမှုနှင့် အမျိုးသားရင်ကြားစေ့ရေး ဆောင်ရွက်မှုများ မြင်လိုသည်ဟု ပြောကြား ခဲ့ဖူးသည်။

-----------------------------------xxxxxxxxxxxxx--------------------------------

စစ်အစိုးရ၏ နျူကလီးယား စီမံကိန်း ပေါက်ကြား

ပြည်ပသို့ တိမ်းရှောင် လာသော စစ်ဘက် အရာရှိတဦးက ရာနှင့်ချီသော ထိပ်တန်း လျှို့ဝှက်ချက် စာရွက် စာတမ်းနှင့် ဓာတ်ပုံ အထောက် အထားများကို ထုတ်ဖော် လိုက်သည့် အတွက် စစ်အစိုးရ၏ နျူကလီးယား လျှို့ဝှက် စီမံကိန်း နိုင်ငံတကာသို့ ပေါက်ကြားသွားသည်။

စက်ယန္တရား ထိန်းချုပ်ခုံတခုရှေ့တွင် တွေ့ရသော ဗိုလ်မှူး စိုင်းသိန်းဝင်း (ဓာတ်ပုံ - DVB)

စစ်အစိုးရ၏ နျူကလီးယား စီမံကိန်း အကြောင်း ပြောဆိုမှုများ ရှိနေ သော်လည်း ဗိုလ်မှူး စိုင်းသိန်းဝင်း ယူဆောင် လာသည့် အထောက် အထား များကြောင့် စစ်အစိုးရ၏ လျှို့ဝှက် အစီအစဉ်များ ပိုမိုခိုင်မာ လာပြီး နိုင်ငံတကာနှင့် ဒေသတွင်းတွင် လုံခြုံရေး ခြိမ်းခြောက်မှုများ ဖြစ်လာ နိုင်ကြောင်း လေ့လာ သူများက သုံးသပ်ကြသည်။

"သူတို့ တကယ် လိုချင်တာက အဏုမြူဗုံးပဲ။ အဲဒါ သူတို့ရဲ့ အဓိက ရည်မှန်းချက်ပဲ။ ဒုံးကျည်တွေ နျူကလီးယား ထိပ်ဖူးတွေ ပိုင်ဆိုင် ချင်တယ်" ဟု ဗိုလ်မှူး စိုင်းသိန်းဝင်းက နော်ဝေ အခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) နှင့် အယ်လ်ဂျာ ဇီးယားတို့ ပူးပေါင်း ထုတ်လွှင့်သည့် သတင်း မှတ်တမ်းတွင် ပြောသည်။

စစ်သက် ၁၅ နှစ်ရှိ ဗိုလ်မှူး စိုင်းသိန်းဝင်းသည် ဒုံးပျံ အင်ဂျင် အထူးပြု ဘာသာရပ်နှင့် ရုရှားမှ ဘွဲ့ရခဲ့သူ ဖြစ်ပြီး မကွေးတိုင်း ပခုက္ကူခရိုင် မြိုင်မြို့နယ် အတွင်းရှိ လျှို့ဝှက် စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေးစက်ရုံမှ ဒုတိယ အကြီးအကဲဖြစ်ခဲ့သည်။ ထိပ်တန်း လျှို့ဝှက် စာရွက်စာတမ်းများကို ယူဆောင်၍ ၂၀၁၀ ဖေဖော်ဝါရီလတွင် ပြည်ပသို့ ထွက်ပြေး တိမ်းရှောင်လာခဲ့သည်။

ရရှိလာသော စာရွက်စာတမ်းနှင့် အထောက်အထားများကို သုံးသပ်ရေးသားထားသည့် စာမျက်နှာ ၂၀ ကျော်ရှိသော "မြန်မာနိုင်ငံ နျူကလီးယား ဆိုင်ရာ လူပ်ရှားမှုများ" စာတမ်းတွင် အထောက်အထား အချက်အလက်နှင့် ဓာတ်ပုံ၊ မြေပုံများဖြင့် ဖော်ပြထားသည်။

ဗိုလ်မှူး စိုင်းသိန်းဝင်း ယူဆောင်လာသော အချက်အလက်များကို နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) ၏ ညွှန်ကြားရေးမှူးဟောင်း ရောဘတ် ကယ်လီက လနှင့်ချီ၍ လေ့လာဆန်းစစ်ပြီးနောက် စာရွက်စာတမ်းနှင့် ဓာတ်ပုံအထောက်အထားများတွင်ပါရှိသော စက်ယန္တရား ပစ္စည်းများသည် နျူကလီးယား ဆိုင်ရာ လက်နက်များ ထုတ်လုပ်ရန် အသုံးဝင်သည်ဟု မှတ်ချက်ချကြောင်း သိရသည်။

မြန်မာ့အရေးလေ့လာသူ ဆွီဒင်လူမျိုး သတင်းစာဆရာ ဘာတေးလ် လစ်တနာက "မြန်မာပြည်က ဒီလိုမျိုး အထောက်အထား စာရွက်စာတမ်းတွေ ထွက်လာတာ တခါမှ မတွေ့ဖူးဘူး" ဟု အယ်လ်ဂျာဇီးယားသတင်းဌာနနှင့် အင်တာဗျူးတွင် ပြောထားသည်။

ဝါရှင်တန် အခြေစိုက် လက်နက် ထိန်းချုပ်ရေးနှင့် မပြန့်ပွားရေး ဌာနမှ အမှုဆောင် ညွှန်ကြားရေးမှူး ဂျွန် အိုင်ဆက်စ် ကမူ စစ်အစိုးရ၏ နျူကလီးယား စီမံကိန်းကို သံသယ ရှိသော်လည်း အတိအကျ ကောက်ချက်ချရန် အသင့် မဖြစ်သေးကြောင်း အယ်လ်ဂျာဇီးယားနှင့် အင်တာဗျူးတွင် မှတ်ချက်ပေးသည်။

ဥမင် လိုဏ်ခေါင်းများမှာ သာမန် ရည်ရွယ်ချက် အတွက်သုံးရန် ဆိုသော်လည်း တချို့မှာ ဘောလုံးကွင်း ၂ ခုစာမျှ ကျယ်နေကြောင်း ဗိုလ်မှူး စိုင်းသိန်းဝင်းက အယ်လ်ဂျာဇီးယား သို့ ပြောသည်။

စစ်အစိုးရသည် ကားသွားလာနိုင်လောက်အောင် ကျယ်ဝန်းသည့် လိုဏ်ခေါင်းများ၊ ပြင်ပမှ ပစ်ခတ် တိုက်ခိုက်ခြင်း မရှိအောင် တည်ဆောက်ထားသည့် ဥမင်များ၊ ချိတ်ဆက်ထားသည့် ဥမင်လမ်းရှည်များ ရှိနေကြောင်း စစ်တပ်မှ ထွက်ပြေးတိမ်းရှောင်လာသည့် တခြား စစ်ဘက်အရာရှိများကို ကိုးကား၍ အယ်လ်ဂျာဇီးယားက ထုတ်လွှင့်သွားသည်။

"မြန်မာနိုင်ငံ နျူကလီးယား ဆိုင်ရာ လူပ်ရှားမှုများ" သုံးသပ်ချက် စာတမ်းအရ ဥမင်လိုဏ်ခေါင်းများကို မြောက်ကိုရီးယားအကူအညီနှင့် တည်ဆောက်ရာတွင် ခန့်မှန်းခြေ ကုန်ကျစရိတ် အမေရိကန် ဒေါ်လာ ၃ ဘီလီယံ ရှိမည်ဟု ဖော်ပြထားသည်။

အယ်လ်ဂျာဇီးယားနှင့် အင်တာဗျူးတွင် ဗိုလ်မှူး စိုင်းသိန်းဝင်းက စစ်အစိုးရသည် နျူကလီးယား စီမံကိန်းအတွက် ငွေများကို ရတနာ ကမ်းလွန် သဘာဝ ဓာတ်ငွေ့ လုပ်ငန်းမှ ရရှိသော အကျိုးအမြတ်များဖြင့် လုပ်ဆောင်နေသည်ဟု ပြောသွားသည်။ ရတနာ ကမ်းလွန် ဘသာဝ ဓာတ်ငွေ့ လုပ်ငန်းမှ အမေရိကန် ဒေါ်လာ ၇.၅ သန်း ရရှိသည်။ စစ်ရေး ငွေများ ပိုမို သုံးစွဲရန် ရွှေ ကမ်းလွန် သဘာဝ ဓာတ်ငွေ့ လုပ်ငန်းမှ ရငွေများကို တိုးချဲ့ သုံးစွဲသွားဖွယ် ရှိသည်ဟုလည်း ပြောသွားသည်။ ရွှေဂက်စ် လှုပ်ရှားမှု အဖွဲ့၏ အဆိုအရ စစ်အစိုးရသည် ယင်းလုပ်ငန်းမှ နှစ်စဉ် အမေရိကန် ဒေါ်လာ ၁.၂ သန်း ရရှိသည်ဟု သိရသည်။

စစ်အစိုးရ၏ လျှို့ဝှက် နျူကလီးယား စီမံကိန်းအကြောင်း DVB နှင့် အယ်လ်ဂျာဇီးယားတို့ ပူးပေါင်း ထုတ်လွှင့်မှုမတိုင်ခင် ဇွန်လ ၃ ရက်နေ့တွင် အမေရိကန် အထက် လွှတ်တော် အမတ် ဂျင်မ် ဝက်ဘ်က မြန်မာပြည်သို့ လာရောက်မည့် ခရီးစဉ်ကို ရုတ်တရက် ဖျက်သိမ်းလိုက်သည်။ မြောက်ကိုရီးယားနှင့် မြန်မာ၏ နျူကလီးယားဆိုင်ရာ သံသယ ဖြစ်ဖွယ် ဆက်ဆံရေးကြောင့် ဖြစ်သည်ဟု ကြေညာချက် ထုတ်ပြန်ခဲ့ပြီး အိုဘားမား အစိုးရအနေနှင့် တွေ့ဆုံဆွေးနွေးရေးအတွက် ကိုယ်စားလှယ် အမြန်ဆုံး စေလွှတ်သင့်ကြောင်း တိုက်တွန်းထားသည်။

ဇွန်လ ၃ ရက်နေ့က ဘန်ကောက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဂျင်မ် ဝက်ဘ်က "ထိုအရေးကိစ္စများကို မရှင်းလင်းဘဲ ဤအချိန်တွင် မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်လျှင် အမြော်အမြင်ကင်းမဲ့ပြီး အကျိုးယုတ်ရာ ကျမည်ဟု ယုံကြည်သည်" ဟု ပြောသည်။

လန်ဒန် အခြေစိုက် နိုင်ငံတကာ မဟာဗျူဟာ လေ့လာရေး ဌာန၏ ရှန်ဂရီလာ ဒိုင်ယာလော့ဂ် (Shangri-La Dialogue) ဆွေးနွေးပွဲ ခေါ် ၉ ကြိမ်မြောက် အာရှ လုံခြုံရေး ထိပ်သီးဆွေးနွေးပွဲကို ယနေ့မှ စ၍ ၆ ရက်နေ့ အထိ စင်ကာပူတွင် ကျင်းပနေသည်။ အာရှနှင့် ပစိဖိတ် ဒေသတွင်း ကာကွယ်ရေးနှင့် လုံခြုံရေး မူဝါဒများ ဆွေးနွေးရေးအတွက် အရေးပါသော ပွဲဖြစ်ပြီး ယနေ့ ထွက်ပေါ်လာသော မြန်မာ နျူကလီးယား လှုပ်ရှားမှု အထောက် အထားများနှင့် ပတ်သက်၍ ဆွေးနွေးဖွယ် ရှိသည်။

ယခုနှစ် ရှန်ဂရီလာ ဒိုင်ယာလော့ဂ် သို့ နိုင်ငံပေါင်း ၂၇ နိုင်ငံမှ ကာကွယ်ရေးဝန်ကြီးများ၊ စစ်တပ် အကြီးအကဲများ၊ လုံခြုံရေးဆိုင်မရာ မူဝါဒ ချမှတ်သူများ တက်ရောက်သော်လည်း စစ်အစိုးရဘက်မှ မည်သူ တက်ရောက်ကြောင်း မသိရှိရသေးပေ။ ယမန်နှစ်က ကာကွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် အေးမြင့် တက်ရောက်ခဲ့သည်။

ယနေ့တွင် ရှန်ဂရီလာ ဒိုင်ယာလော့ဂ်၌ မိန့်ခွန်းပြောရာတွင် တောင်ကိုရီးယား သမ္မတ လီမြောင်ဘတ်က "ကိုရီးယား ကျွန်းဆွယ်နှင့် မြောက်အာရှတွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုကို ပျက်ပြားစေသည့် မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုကို နိုင်ငံတကာက လေးလေးနက်နက် တုံ့ပြန်သင့်သည်" ဟု ပြောသွားသည်။

ဗိုလ်မှူး စိုင်းသိန်းဝင်း (ရှေ့တန်း ဝဲဘက်မှ ဒုတိယမြောက်) နှင့် အခြား အရာရှိများ (ဓာတ်ပုံ - DVB)

ပြီးခဲ့သည့် မေလ ၂၇ ရက်နေ့တွင် ကုလသမဂ္ဂ ကျွမ်းကျင် သူများထံမှ ပေါက်ကြား လာသည့် ၄၇ မျက်နှာရှိ အစီရင်ခံစာ တစောင်ကို အေပီသတင်း ဌာနက  ကိုးကား ဖော်ပြရာ၌ မြောက်ကိုရီးယား နိုင်ငံသည် လက်နက်များကို မြန်မာနိုင်ငံ အပါအ၀င် အီရန်နှင့် ဆီးရီးယား နိုင်ငံများသို့ တင်ပို့လျက် ရှိပြီး ကုလ သမဂ္ဂ၏ အရေး ယူမှုများကို ရှောင်ရှားရန် အတွက် ကြားခံ ကုမ္ပဏီများ၊ တခြားသော အဆက် အသွယ်များကို အသုံးပြုလျက် ရှိသည်ဟု ဆိုထားသည်။

စစ်အစိုးရသည် အရှေ့တောင်အာရှ ဒေသတွင်း အဏုမြူလက်နက် ကင်းစင်သောဇုန်နယ်အဖြစ် သတ်မှတ်ရေး သဘောတူညီချက် (ဘန်ကောက်သဘောတူညီချက်) ကို ၁၉၉၅ ခုနှစ်တွင် လက်မှတ် ရေးထိုးခဲ့သည်။ နောက်တနှစ် အကြာတွင် ဘက်စုံ အဏုမြူစမ်းသပ်မှုများ တားမြစ်ရေး သဘောတူညီချက်ကိုလည်း လက်မှတ်ရေးထိုး ခဲ့သေးသည်။

အဏုမြူစွမ်းအင် ဦးစီးဌာနကို ၁၉၉၇ အောက်တိုဘာလတွင် အသစ် ဖွဲ့စည်းခဲ့ပြီး သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန၏ အောက်တွင် ထားရှိသည်ဟု အစိုးရ၏ ထုတ်ပြန်ချက်များအရ သိရသည်။

၂၀၀၂ ခုနှစ်၊ ဇန်န၀ါရီလတွင် မြန်မာစစ်အစိုးရက "ငြိမ်းချမ်းသော ရည်ရွယ်ချက်ဖြင့် အသုံးချရေး အတွက်" အဏုမြူ သုတေသနဓာတ်ပေါင်းဖို တခုတည် ဆောက်ရန် အစီအစဉ်ကို အတည်ပြုပြောဆိုလာခဲ့သည်။ ထိုအချိန် က နိုင်ငံခြားရေးဝန်ကြီးဌာန ဒု-၀န်ကြီး ဦးခင်မောင်ဝင်းက "မြန်မာနိုင်ငံ၏ အဏုမြူစွမ်းအင်အပေါ် ငြိမ်းချမ်းသော ရည်ရွယ်ချက်ဖြင့် စိတ်ဝင်စားမှုမှာ ကာလကြာရှည်ကတည်းက ရှိနေခဲ့သည်" ဟု ထုတ်ဖော်ပြောဆိုခဲ့သည်။

၂၀၀၃ ဇူလိုင်လတွင် မြောက်ကိုရီးယား ပညာရှင် ၁၅ ဦးမှ ၂၀ အထိ ရန်ကုန်ရှိ ရေတပ်စခန်းတခုနှင့် ကာကွယ်ရေး ဝန်ကြီးဌာန၏ ဧည့်ရိပ်သာ တခုတွင် တွေ့ရကြောင်း ဟောင်ကောင် အခြေစိုက် အရှေ့ဖျားဒေသ စီးပွားရေးရာ စာစောင် က ရေးသားဖော်ပြခဲ့သည်။

မြောက်ကိုရီးယားသည် မြန်မာပြည်ကို ဒုံးကျည်များ ရောင်းချနေသည်ဟု အမေရိကန် အစိုးရ အရာရှိတို့က ၂ဝဝ၄ ခုနှစ်ကလည်း ထုတ်ဖော် ပြောကြားခဲ့သည်။

၂၀၀၈ ခုနှစ် နိုဝင်ဘာလအတွင်း ဗိုလ်ချုပ်ကြီး သူရရွှေမန်း ခေါင်းဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် မြောက်ကိုရီးယားသို့ လျှို့ဝှက် သွားရောက်ခဲ့သော်လည်း နောက်ပိုင်းတွင် သတင်း ပေါက်ကြားခဲ့သည်။ ထိုခရီးစဉ်တွင် မြောက်ကိုရီးယား စစ်ဦးစီး အရာရှိချုပ် ဗိုလ်ချုပ် ကင်မ်ကျုတ်ဆစ် နှင့် စစ်ရေး အရ ပူးပေါင်း ဆောင်ရွက်မှုပြုလုပ်ရန် သဘောတူ လက်မှတ် ရေးထိုးခဲ့ကြသည်။

၂၀၀၉ ခုနှစ် ဇွန်လတွင်လည်း လက်နက်များ တင်ဆောင်လာသည်ဟု ယူဆရသည့် မြောက်ကိုရီးယား သင်္ဘောတစီး မြန်မာပြည်သို့ ဦးတည် ခုတ်မောင်းသွားသည့် သတင်းက ကမ္ဘာ့မီဒီယာ၌ ထိပ်တန်းသို့ ရောက်ရှိခဲ့သည်။ တချိန်တည်းမှာပင် မြန်မာ စစ်အစိုးရ၏ နျူကလီးယား ထုတ်လုပ်မည့် အစီအစဉ်နှင့် ပတ်သက်နိုင်ဖွယ်ရှိသော မြေအောက် ဥမင်များ တည်ဆောက်နေမှု ဓာတ်ပုံနှင့် ဗီဒီယို မှတ်တမ်းများကိုလည်း သတင်းဌာနများတွင် ထုတ်လွှင့်ပြသခဲ့သည်။

၂၀၀၉ ခုနှစ်တွင် မြောက်ကိုရီးယား နျူကလီးယား အစီအစဉ်နှင့် ပတ်သက် ဆက်နွယ်မှုရှိသည်ဟု ယူဆရသော သံလိုက်ဓာတ်အား တိုင်းတာသည့် ကိရိယာ တမျိုးကို မလေးရှားမှ တဆင့် မြန်မာနိုင်ငံသို့  တင်သွင်းရန် ကြိုးပမ်းခဲ့သူ ၃ ဦးကို ဂျပန်နိုင်ငံ၌ ဖမ်းဆီးခဲ့သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မစ္စ ဟီလာရီ ကလင်တန်က မြောက်ကိုရီးယားသည် မြန်မာနိုင်ငံသို့ နျူကလီးယား နည်းပညာ လွှဲပြောင်းပေးအပ်ပါက အာဆီယံ ဒေသတွင်း တည်ငြိမ်မှုကို ခြိမ်းခြောက်နိုင်ကြောင်း ၂၀၀၉ ခုနှစ် ဇူလိုင်လတွင်းက ထိုင်းနိုင်ငံတောင်ပိုင်း ဖူးကက်တွင် ကျင်းပသော အာဆီယံအစည်းအဝေး လုံခြုံရေးဆိုင်ရာ ဆွေးနွေးပွဲတွင် သတိပေး ပြောကြားဖူးသည်။

စစ်အစိုးရသည် သန့်စင်ပြီးသား ယူရေနီယံများကို မြောက်ကိုရီးယားနိုင်ငံ၏ နည်းပညာ အကူအညီဖြင့် လာမည့် ၅ နှစ် အတွင်း အဏုမြူဗုံး ထုတ်လုပ်ရန် စီစဉ်နေသည်ဟု ၂၀၀၉ ခုနှစ် သြဂုတ်လထုတ် Sydney Morning Herald သတင်းစာ၏ ဆောင်း ပါးတပုဒ်တွင် ဖော်ပြထားသည်။

မြောက်ကိုရီးယားနှင့် မြန်မာနိုင်ငံ နျူကလီးယား နည်းပညာ ပူးပေါင်း ဆောင်ရွက်မှုများ အတွက် စိုးရိမ် ပူပန်မိကြောင်း အမေရိကန် နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ P. J Crowleyက ယခုနှစ် မတ်လ ပထမပတ်တွင် ပြောကြားခဲ့သေးသည်။

မြန်မာနှင့် မြောက်ကိုရီးယားတို့သည် ၂ နိုင်ငံ သံတမန် ပုံမှန် ဆက်ဆံရေး ရပ်ဆိုင်းခဲ့ရာမှ မကြာသေး သော နှစ်များ အတွင်း တိတ်တဆိတ် ဆက်ဆံရေးများ ပြုလုပ်လာခဲ့ကာ ပြီးခဲ့သည့် ၂၀၀၇ ခုနှစ် ဧပြီလတွင် တရားဝင် ဆက်ဆံရေး ပြန်လည် စတင်ခဲ့ခြင်း ဖြစ်သည်။

စစ်အစိုးရ၏ လျှို့ဝှက်သတင်းများ ပေါက်ကြားမှုကြောင့် ထိန်းသိမ်းထားသည့် စစ်တပ်အရာရှိဟောင်း ဗိုလ်မှူး ၀င်းနိုင်ကျော်ကို အင်းစိန်ထောင်တွင် ယခုနှစ် ဇန်နဝါရီလ ၇ ရက်က သေဒဏ်နှင့် ထောင်ဒဏ် အနှစ်၂၀ ချမှတ်ခဲ့သည်။

ဗိုလ်မှူး ဝင်းနိုင်ကျော်သည် စစ်အစိုးရ၏ လျှို့ဝှက် စီမံကိန်းများဖြစ်သည့် နျူကလီးယား ဓာတ်ပေါင်းဖိုစီမံကိန်း၊ မြေအောက် လိုဏ်ခေါင်းများ ဖောက်လုပ်ရေး စီမံကိန်း၊ လျှို့ဝှက်သွားရောက်ပြီး လက်နက်ဝယ်ယူခဲ့သည့် မြောက်ကိုရီးယားခရီးစဉ်၊ ရုရှား၊ အိန္ဒိယခေါင်းဆောင်များနှင့် လျှို့ဝှက် ဆွေးနွေးခဲ့သည့်မှတ်တမ်းများနှင့်ပတ်သက်ပြီး မီဒီယာများထံပေါက်ကြားခဲ့သည့်အတွက် ဖမ်းဆီး အပြစ်ပေး ခံခဲ့ရခြင်းဖြစ်သည်။

--
     
အသေ၀နာ စ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။
ပူဇာ စ ပူဇနေယျာနံ၊ ဧတံ မင်္ဂလ မုတ္တမံ။
သူမိုက်ကို မမှီဝဲ မဆည်းကပ်ခြင်း ၊
ပညာရှိသူကိုမှီဝဲဆည်းကပ်ခြင်း ၊
ပူဇော်ထိုက်သူကို ပူဇော်ခြင်း ၊
ဤတရား သုံးပါးကမြတ်သောမင်္ဂလာပါ....                                        
                                                    Arsenal





--
Than Htat Aung @ Than Htet Aung
90549434