Thursday, June 30, 2011
Fwd : Computer ဆက်တိုက်သုံးနေသူများ မျက်စိကိုဘယ်လိုကာကွယ်ထိန်းသိမ်းကြမလဲ..
ကွန်ပျူတာ ကို တနေကုန်ကြည့်တဲ့သူတွေ မျက်စိအတွက် ဘယ်လို လေ့ကျင့်ခန်း
လုပ်သင့်လဲ ဆိုတာ အရှေ့ပိုင်းမှာ.ခဏခဏ ဆိုသလို တင်ပြ ထားတာ တွေ့နေပါတယ်..
ဒါပေမဲ့ မေ့လောက်တဲ့ အချိန် ပြန်တင်ပေးတာပါ.. တချို့တွေက နေ့တိုင်း အဲဒီ့
အချက်လေးတွေ လိုက် နာကြသလို .. တချို့တွေက ဒီစာကို တွေ့လိုက်မှ ရှောင်ရန်
လေးတွေကို ပြန်သတိရမိတော့တယ်..ကွန်ပျူတာရှေ့မှာ တနေကုန် အလုပ်လုပ် နေရတော့လဲ  မျက်ရိုးတွေ ကိုက်နေပြီ..ကျွန်မလို
တခြားသော မောင်နှမတွေ မဖြစ် အောင်.. ကာကွယ်နိုင်ကြဖို့ .စေတနာ
ရှေ့ထားပြီး တင်ပေးလိုက်ပါတယ်..
နေရာ မှန်ပါစေ
သင့်ရဲ့ကွန်ပျူတာ၊ keyboard၊ mouse တို. ကို နေရာမှန်ထားတက်ဖို.
အရေးကြီးပါတယ်။ သင့်ရဲ့ ကွန်ပျူတာ screen ဟာ သင့်မျက်လုံးကနေ
သင့်ရဲ့လက်တဆန်.စာ အကွာ နဲ. မျက်လုံးရဲ့ ၂၀ ဒီဂရီအောက် နိမ့် နေရပါမယ်။
အလင်းရောင်
သင့် အခန်းတွင်း အလင်းရောင်ပျံ့နှံ့နေပါစေ။ ဒါမှ ကွန်ပျူတာ screen
မှလာသော reflection တွေကို လျှော့ချနိုင်မှာဖြစ်ပါတယ်။ ကွန်ပျူတာ screen
အား သင့်မျက်စိ နှင့် သင့်တော်ရာ အလင်း၊အမှောင် setting လုပ်ထားပါ။
မျက်မှန်
Anti-reflective Lenses ပါသော မျက်မှန် ကို တပ်ပေးခြင်းဖြင့် တောက်ပသော
အရာမှလာသော reflection တွေကို ကာကွယ်နိုင်ပါတယ်။ သင့်ရဲ.မျက်စိဆရာဝန်က
သင့် အား ကွန်ပျူတာ နှင့် ထိတွေ.နေသူမှန်းသိရင် ထို Anti-reflective
Lenses ထည့်ထားတဲ့ မျက်မှန်ကို ညွန်းပါလိမ့်မယ်။
 မိနစ် ၂၀၊ ပေ ၂၀၊ အခါ ၂၀၊ ခြေလှမ်း ၂၀
ကွန်ပျူတာ နှင့် အလုပ်လုပ်သူများ မိနစ် ၂၀ လောက် ကြာတိုင်း ခေါင်းကို
ခဏဘေးကိုလှည့်ပြီး ပေ၂၀လောက်ဝေးတဲ့အရာတခုခုကို ကြည့်ကြည့်ပေးပါ။
ဒီနည်းလမ်း ဟာသင့်ရဲ့ ပင်ပန်းနေတဲ့ မျက်လုံးအား သက်သာရာ ရစေပါတယ်။
နောက်ပြီး အခါ ၂၀ လောက် မျက်စိ အား ပိတ်လိုက်ဖွင့် လိုက်လုပ်ခြင်းဖြင့်
မျက်လုံး စိုစွတ်ခြင်းကို ရယူပါ။ ပြီးရင် ခဏ ထိုင်ခုံမှ ထပြီး ခြေလှမ်း
၂၀ လောက်လမ်းလျှောက်ခြင်းဖြင့် သွေးလှည့်ပတ်ပါစေ။
မျက်စဉ်း ခတ်ပေးပါ
လူတစ်ယောက်ဟာ ၁ မိနစ်အတွင်း ပုံမှန် ၁၂ ခါ မျက်တောင်ခတ် ကျပါတယ်။
ဒါပေမယ့် ကွန်ပျူတာနဲ. အလုပ်လုပ်နေရရင် ၅ ခါ လောက်သာ မျက်တောင်ခတ် တာကို
သင်သတိထားမိပါသလား။ အကျိုးဆက်အနေဖြင့် မျက်စိအား ခြောက်ကပ်နေစေပါတယ်။
ထိုသို့ ခြောက်ကပ်မနေအောင် မျက်စဉ်း ခတ်ပေးနိုင်ပါတယ်။
လက်ဖဝါးအုပ်ခြင်း
ထိုင်ခုံပေါ်တွင် မတ်မတ်ထိုင်ပြီး သင့်ရဲ့လက်ဖဝါး နှစ်ခုအား နွေးလာသည်အထိ
ပွတ်ပေးပါ။ ထိုနွေးနေသော လက်ဖဝါးနဲ့ သင့်မျက်စိနှစ်ဖက်ကို
၁မိနစ်လောက်ဖုံးအုပ်ပေးလိုက်ပါ။ သင့်မျက်စိညောင်းကိုက်၊ ပင်ပန်းလာတိုင်း
၂ကြိမ်၊ ၃ကြိမ်လောက်လုပ်ပေးပါ။ ထို လက်ဖဝါးမှ လာသော နွေးထွေးမူသည်
သင့်ရဲ့ ပင်ပန်းနေသော မျက်စိအား သက်သာစေပါတယ်။
မျက်နှာသစ်ခြင်း
အားတဲ့အချိန်မှာ မျက်စိမှိတ်ပြီး ရေအေးဖြင့် မျက်နှာသစ်ပေးပါ။ အင်မတန်
လန်းဆန်းခြင်းကို ခံစားရပါလိမ့်မယ်။
 လက်ဖက်ခြောက် အထုပ်
သောက်ပြီး သား လက်ဖက်ခြောက် အထုပ်ကလေး များကို လွင့်မပစ်ပဲ
ရေခဲသေတ္တာထဲထည့်ထားပြီး အားတဲ့အချိန်ကျရင် ထို လက်ဖတ်ခြောက်အထုပ်
၂ထုပ်အား သင့်မျက်စိ တဖတ်စီိတွင် တင်ပြီး အနားယူပါ။ မျက်စိအားအေးမြ
စေပါသည်။
အစားအသောက်
ဗီတာမင် A, C, E ပါသော အစားအစာများ ပိုစားပါ။ သံပရာရည်၊ အသီးအရွက်၊
ခရမ်းချဉ်သီး၊ ဥ နှင့် နို့ထွက်ပစ္စည်းများ လဲ ပိုစားပေးပါ။
မျက်စိရောဂါ ကင်းဝေကြပါစေ။
Fwd : သင့်မျက်စီ ကို ဘယ်လို ဂရုစိုက်မလဲ>>>>>>>>>>>>>>>>
သူငယ်ချင်းတို့ကို ဒီတစ်ခါ    မျက်စီကျန်းမာရေး  အကြောင်းလေး မျှဝေပေးလိုက်ပါတယ်နော်..
လမင်း သိထားသလောက်နဲ့ ဖတ်ခဲ့ဖူးတာလေးကို မျှဝေပေးတာပါ သူငယ်ချင်းတို့သိတာလေး
ရှိရင်လည်း မျှဝေပေးပါနော်.........
     မျက်စီကို အသုံးပြု များတဲ့သူတွေ  အာရုံစိုက်အလုပ်လုပ်ရတဲ့သူတွေ  ကွန်ပျုတာအသုံးများတဲ့ သူတွေ
စာရေးစာဖတ်များသူတွေ   ပန်တိမ်းဆရာတို့  ကွန်ပျုတာနဲ့ အသက်မွေးဝမ်းကျောင်းပြုလုပ်သူများ
မျက်စီကို အထူးဂရုစိုက်သင့်ပါတယ်။
နည်းလမ်းကတော့ ကွန်ပျုတာကြည့်သည်ဖြစ်စေ စာဖတ်သည်ဖြစ်စေ တစ်နာရီတစ်ခါ မျက်စီကို အနားယူရ
ပါမယ်..မျက်စီကိုအနားပေးနေတဲ့ အချိန်မှ မြတ်ခင်စိမ်းစိမ်း ပန်းပင်များကို ခက်လှမ်းလှမ်း အဝေးကနေ
ကြည့်ရှူပေးရပါမယ် နောက်တစ်နည်းက မျက်စီကို တစ်မိန်နစ်ခန့်  မှိတ်ကာအနားယူပါ။
သင့်ရဲ့ မျက်လုံးကို ဘယ် ညာ အပေါ် အောက်သို့ ရွေ့လျားလှုပ်ရှားပေးသည့် မျက်လုံးလေ့ကျင့်ခန်း
လုပ်ပေးပါ ။
မျက်နာသုတ်ပ၀ါကို ရေဆွတ်ပြီးမျက်စီကို ၅မိန်နစ် ၁၀ မိန်နစ်လောက် အုပ်ထားပေးနိုင်ပါတယ်...
ကွန်ပျုတာကိုအားရုံစိုက်နေချိန်တွင် သတိရရင် ရသလို မျက်တောင်ခက်ပေးပါ....
အမြင်အားရုံအားကောင်းစေသော အစားအစာများအနေဖြင့် လက်ဘက်ခြောက်စိမ်း အခါးရည်သော်လည်းကောင်း ကော်ဖီခါးခါသော်လည်းကောင်း မြေပဲ သစ်ကြားသီး အစရှိသောအခွံမာသီး
များ အရွတ် စိမ်းစိမ်းများ ကိုနေ့စဉ်မှီဝဲစားသုံးပေးသင့်ပါတယ်......
လမင်းလည်းကွန်ပျုတာသုံးတာများတယ်  ဒါကြောင့်သူငယ်ချင်းတို့ကို  စေတနာနဲ့မျှဝေးလိုက်ပါတယ်.......
သူငယ်ချင်းများ             အားလုံးကျန်းမာပျော်ရွင်နိုင်ကြပါစေ....     
Fwd : ကိုယ်ပိုင်တဲ့လမ်းကလေး
လူရယ်လို့ဖြစ်လာရင် ဘ၀မှာ အလိုချင်ဆုံးအရာ၊ အလိုအပ်ဆုံးအရာဟာ ဘာလဲ။ ပြီးတော့ ငါဘာဖြစ်ချင်တာလဲ။ ဘယ်လမ်းသွားချင်တာလဲ။ လူတစ်ဦးနဲ့တစ်ဦးဟာ မတူပါဘူး။ အရာအားလုံးကွဲပြားခြားနားနေတယ်။ တခြားသူတွေ တွေးတာနဲ့ ကိုက်ညီအောင်ရယ်လို့ ကိုယ့်ရည်မှန်းချက်ကို မချမိစေနဲ့။ ကိုယ်အမှန်တကယ် ဘာစိတ်ဝင်စားလဲ။ ဘာလုပ်ချင်လဲ။ ဘာဝါသနာပါလဲ ကိုယ်နဲ့ကိုက်ညီတာသာ လုပ်ပါ။ ဒါမှလည်း ဘ၀မှာ ပျော်ရွှင်မှုဆိုတာ ခံစားရမယ်လေ။ ဘ၀ဆိုတာ ပြောတော့သာ တိုတိုလေးဆိုပေမဲ့ ဒီခဏတာရနေတဲ့ဘ၀မှာ စိတ်ညစ်စရာလည်း ကြုံရမှာပဲ။ စိတ်ချမ်းသာစရာလည်း တွေ့ရမှာဘဲ။ ကိုယ့်ဘ၀မှာ ပျော်ရွှင်ဖို့အတွက်တော့ လုပ်သမျှတိုင်း အောင်မြင်လိုက်တာလို့ ဖြစ်စရာ မလိုပါဘူး။ ကိုယ့်ဘ၀အပေါ် ကိုယ်မားမားမတ်မတ်ရပ်နိုင်ပြီး အကောင်အထည်ဖော်နိုင်ရင် ပြီးတာပါပဲ။ ကိုယ့်ဆုံးဖြတ်ချက် ကိုယ့်နေရာအတွက် ကိုယ်တာဝန်ယူနိုင်တယ်လို့ ခံစားတတ်ရင်လည်း ပျော်တာပါပဲ။ ကျွန်မ အရင်တုန်းက ကိုယ့်ဘ၀ကိုယ် ဘယ်အရာမှ အလိုမကျခဲ့ဘူး။ စိတ်အားငယ်တတ်တဲ့အကျင့်ပေါ့လေ။ ငါလုပ်ရင် ဖြစ်ပါ့မလားဆိုတာပဲ တွေးမိတယ်။ ဒါပေမဲ့ ကျွန်မငယ်ငယ်လေးထဲက သဘောကျခဲ့တဲ့ အရုပ်လေးတစ်ခုရှိတယ်။ အဲဒီအရုပ်ကို ကျွန်မကလေးဘ၀တုန်းက ပွဲဈေးတန်းမှာ စတွေ့ဖူးတာ။ ဘာအရုပ်လည်းဆိုတော့ ပစ်တိုင်းထောင်အရုပ်လေးပဲ။ ငယ်ကတည်းက ခုထိ သဘောကျတယ်။ သူဟာ ဘယ်လိုပဲပစ်ပစ် ဘယ်တော့မှ မလဲဘူ မယိုင်ဘူး။ ကျွန်မ တစ်ခါတလေ ကိုယ့်ဘ၀ကိုယ် သဘောမကျဘူး။ စိတ်ဓာတ်ကျတဲ့အခါတိုင်း ကျွန်မမှာရှိတဲ့ ပစ်တိုင်းထောင်ရုပ်လေးကို ပစ်ကြည့်တယ်။ အဲဒီအခါကျရင် ကျွန်မရဲ့အားငယ်နေတဲ့ စိတ်၊ ကျနေတဲ့စိတ်ဓာတ်တွေ အလိုလို ပြန်ပြည့်လာတယ်။
အင်း... ဘ၀မှာ ဘယ်အရာမှ ပြီးပြည့်စုံတယ်လို့မှ မရှိတာ၊ ဆင်းရဲတဲ့သူက ချမ်းသာချင်သလို ချမ်းနေတဲ့သူက ပိုပြီး ချမ်းသာချင်ကြတယ်။ ဒါဟာ လူ့သဘာဝပဲ။ ဘယ်အရာမဆို တိုးတက်ဖို့လိုနေသေးတာပဲ။ ကိုယ်လိုချင်တဲ့ပန်းတိုင်ကို အတိအကျ ရောက်မယ်လို့ မှန်းတဲ့သူဟာ မပျော်ရွှင်နိုင်ဘူး။ ငါတော့ ပန်းတိုင်တစ်ဝက်ရောက်ပြီလို့ မှန်းတဲ့သူဟာ အပျော်ဆုံးလူပါပဲ။ တချို့က ရှိသေးတယ်။ ဒါဟာ ကိုယ့်ဝန်းကျင်မှာဘဲ ရှိကြမှာပါ။ သူများလုပ်လို့ လိုက်လုပ်တယ်။ ကိုယ်ဘယ်လမ်းသွားမလဲဆိုတာ မစဉ်းစားဘူး။ ကျွန်မလည်း ကိုယ့်ကိုယ်ကိုယ် ပြန်စဉ်းစားမိတယ်။ ငါ ဘယ်လမ်းသွားမှာလဲ။ လူဆိုတာ သူများကို ကြည့်နေတာထက် ကိုယ့်ဘာသာ ပြန်ကြည့်တတ်ရမယ်။
ကျွန်မကလည်း လောဘကြီးတယ်။ အလုပ်ဆိုလည်း အလုပ်၊ နောက်ပြီး ဘာကို လောဘကြီးလဲဆိုတော့ စာအုပ်တွေဘဲ။ ကျွန်မလေ စာအုပ်တွေ တွေ့ရင် မနေနိုင်ဘူး။ ၀ယ်ရမှ ကျေနပ်တတ်တယ်။ နောက်ပြီးတော့ စာအုပ်ဖတ်နေရရင် ထမင်းမေ့ ဟင်းမေ့ဘဲလေ။ ကျွန်မမှာ ဖြစ်ချင်တာတွေ သိပ်များနေတယ်။ ဒါပေမဲ ခုထိ ပန်းတိုင်ကိုမရောက်သေးဘူး။ လျှောက်နေဆဲပဲ။ ပြီးတော့ အသိုင်းအ၀န်းလည်း လိုအပ်သေးတယ်။ ကိုယ့်ကိုထောက်ပံ့နိုင်တဲ့ ၀န်းကျင်တစ်ခုပေါ့။ ကျွန်မမိသားစု ၀န်းကျင်ဟာ ငွေကြေးမထောက်ပံ့နိုင်ဘူး။ အင်း အရာအားလုံးဟာ ပြောင်းလဲနေတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် မတည်မြဲဘူးဆိုတာ သိထားပါတယ်။ ကျွန်မဆိုရင် နေရာအသစ်ပြောင်းတော့ ချက်ချင်းအံဝင်ဂွင်ကျဖြစ်မယ်လို့ မမျှော်လင့်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် အချိန်တစ်ခုပေးသင့်ပါရဲ့။ အခြေအနေသစ်၊ ၀န်းကျင်သစ်နဲ့ ညီညွတ်ဖို့ သင်ယူရဦးမယ် မဟုတ်လား။ ဒါပေမဲ့ ကျွန်မ ခုဆိုရင် ၀န်းကျင်သစ်မှာ နေတတ်နေပါပြီ။ ဘာလို့လဲဆိုတော့ ၀န်းကျင်သစ်ရဲ့ နွေးထွေးလှိုက်လှဲတဲ့ ဖော်ရွေမှုတွေနဲ့ ကျွန်မကို လက်ကမ်းကြိုဆိုခဲ့ကြလို့ဘဲ ဖြစ်ပါတယ်။ အားလုံးရဲ့စိတ်ရင်းကိုလည်း ကျွန်မ နားလည်ခဲ့ရပါတယ်။ ကျွန်မပန်းတိုင်ကို မရောက်သေးပေမဲ့ ပန်းတိုင်ရဲ့ တစ်ဝက်ကို ရောက်ပြီလို့ ပြောလို့ရပြီပေါ့နော်။
ကျွန်မရဲ့စိတ်က ငယ်ကတည်းက အေးချမ်းပျော်ရွှင်တဲ့ဘ၀၊ အေးချမ်းတဲ့နေရာမှာ နေချင်ခဲ့တာပါ။ ဘ၀က ကြမ်းတော့လည်း ဒီလိုပဲ နေလာခဲ့ရတယ်။ ကျွန်မရဲ့ဝန်းကျင်မှာ မိတ်ဆွေအပေါင်းအသင်းတွေရဲ့ အားပေးမှု၊ နှစ်သိမ့်မှုတွေလည်း ရရှိနေပါပြီ။ ဒါဟာ တစ်ဦးနဲ့ တစ်ဦး စိတ်ရင်းနဲ့ ဆက်ဆံခဲ့ကြလို့ဘဲဆိုတာ ကျွန်မ ယုံကြည်မိပါတယ်။ ပြောရရင် လောကကြီးမှာ နေတတ်ရင် ကျေနပ်စရာကြီးပါလို့ ကျွန်မကို အားပေးခဲ့တဲ့ မိတ်ဆွေတွေ သူငယ်ချင်းတွေလည်း ၀န်းရံနေမှတော့ ကျွန်မအတွက် ဘာလိုသေးလဲ။ ကျွန်မလျှောက်မဲ့ ပန်းတိုင်နီးသလား ဝေးသလား မစဉ်းစားတော့ပါဘူး။ ရောက်နေတဲ့နေရာကနေ ကျရာတာဝန်ကို ကျေပွန်စွာ ထမ်းပြီး လောကဓံကို ကြံ့ကြံ့ခံရင်း ဘ၀ခရီးကို ကျွန်မ ဆက်လျှောက်သွားတော့မှာပါ။ ကမ္ဘာလောကကြီးရှိနေသေးမှာတော့ ပြဿနာပေါင်းစုံ ဆိုတာလဲ ရှိနေဦးမှာပါပဲ။ ဒါပေမဲ့ လောကပါလတရားရှိတယ်ဆိုတဲ့ အဆုံးအမတော့ အကောင်းအမှန် အမွန်အမြတ်ကသာ အောင်နိုင်တယ်ဆိုတာ ယုံကြည်မိပါတယ်။ ကိုယ်ဘယ်လမ်းလိုက်ရမယ်ဆိုတာ အမှားအမှန်ကို ချင့်ချိန်နိုင်ပြီး လမ်းမှန်ကို လျှောက်နိုင်ကြပါစေလို့ဆန္ဒပြုရင်း......
Fwd: . ဘုရားပုံတော် ကြည်ညို နိုင်ဖို့
Saturday, June 25, 2011
Fwd : ခင်ပွန်းကြီး(၁၀)ပါးနဲ့ ဒဏ်(၁၀)ပါး
ခင်ပွန်းကြီး(၁၀)ပါး
၁။   ဂုဏ်ကျေးဇူးကြီးမားကြကုန်သော မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီး
၂။   ဂုဏ်ကျေးဇူးကြီးမားကြကုန်သော ပစ္စေကဗုဒ္ဒါ အရှင်ကိုယ်တော်မြတ်ကြီး
၃။   ဂုဏ်ကျေးဇူးကြီးမားကြကုန်သော အဂသာဝက မဟာသာဝက ရဟန္တာအရှင်မြတ်ကြီး
၎။   ဂုဏ်ကျေးဇူးကြီးမားကြကုန်သော ရဟန္တာအရှင်မြတ်တို့
၅။   ဂုဏ်ကျေးဇူးကြီးမားကြကုန်သော မိခင်တို့
၆။   ဂုဏ်ကျေးဇူးကြီးမားကြကုန်သော ဖခင်တို့
၇။   ဂုဏ်ကျေးဇူးကြီးမားကြကုန်သော လိမ္မာစေရန်ကျိုးကြောင်းပြသသောဆရာသမားတို့
၈။   ဂုဏ်ကျေးဇူးကြီးမားကြကုန်သော သီလဂုဏ်၊ ပညာဂုဏ်တို့ကို ဆည်းပူးဖြည့်ကျင့်လျှက်ရှိသော လူပုဂ်ဂိုလ်တို့
၉။   ဂုဏ်ကျေးဇူးကြီးမားကြကုန်သော တရားဓမ္မတို့ကို ဟောပြသဆုံးမတတ်သော ဆရာသမားတို့
၁၀။ ထမင်းတစ်လုပ်၊ ရေတစ်မှုတ်စသည်ဖြင့် ပေးကမ်းချီးမြှင့် ထောက်ပံ့ဖူးသောကျေးဇူးရှင်များ
ခင်ပွန်းကြီး(၁၀)ပါးကို ပြစ်မှားသူ့တို့အတွက် ဒဏ်(၁၀)ပါး
၁။   ပြင်းထန်သောဦးခေါင်းနာစသည့် ဝေဒနာများ ခံစားရခြင်း
၂။   ပိုင်ဆိုင်သော ပစ္စည်းဥစ္စာများ ဆုတ်ယူတ်ပျက်စီးခြင်း
၃။   ခြေ/လက်ပြတ်ခြင်း၊ ကိုယ်အင်္ဂါပျက်စီးခြင်း
၎။   ကုသမရနိုင်သော ကြီးလေးသည့်ရောဂါများဖြစ်ခြင်း
၅။   ရူးသွပ်ခြင်း၊ စိတ်မတည်မငြိမ်ဖြစ်ခြင်း
၆။   မင်းပြစ်/မင်းဒဏ်သင့်ခြင်း
၇။   မတရားသဖြင့် စွပ်စွဲခံရခြင်း
၈။   ဆွေမျိုးကောင်း/မိတ်ဆွေကောင်း မရှိခြင်း
၉။   စည်းစိမ်ဥစ္စာနှင့် အခြွေအရံများ ပျက်စီးခြင်း
၁၀။ နေရာ/တိုက်/အိမ်တို့ မီးလောင်ပျက်စီးခြင်း
               ကျနော်ဖတ်မှတ်ထားသလောက် ဘာသာရေးစာပေတွေကနေ ကောက်နှုတ်ရေးသားလိုက်တာပါနော်၊ ကျနော့သူငယ်ချင်းတွေ အသိလေးတစ်ခု ဒါမှမဟုတ် အမှတ်လေးတစ်ခုတော့ တိုးပွားလိမ့်မယ်လို့ ယူဆပါတယ်ဗျာ....
Friday, June 24, 2011
Fwd : သူငယ်ချင်း
ဒီမယ် သူငယ်ချင်း
    မွေးရာပါဗီဇနဲ့ 
      ညီမျှတဲ့ စိတ်ဓာတ်မွေး
       အားလုံးကိုအရေးပေးခဲ့
         ငါခိုင်းရင်လုပ်
          ငါခေါ်ရင်ထူးတဲ့ 
            ဘာမကျေနပ်စရာရှိခဲ့သလဲ....?
              ပြောပါ.........
               ကိုယ့်ခင်လို့ သူပြော
               အားလုံးကိုလိုက်လျှောပေး
                မာနတွေကို ခ၀ါချ
                ဘ၀လှဖို့ အရေး
                 ခပ်အေးအေးဆုံးဖြတ်
                  ဒို့ လက်အစုံနဲ့ ကူဖေးလို့ 
                  ဟိုအဝေးထိလျှောက်ကြမယ်နော်
                       ထာဝရပါသူငယ်ချင်း
Fwd : စိတ်ပျော်ရွှင်နိုင်စေဖို့ ရည်ရွယ်ပါတယ်ရှင်...။
ကောင်းနိုးရာရာ Website လေးများ
Post Admin on Sat Jan 16, 2010 12:46 pm
[color=cyan]ဗုဒ္ဓဘာသာ website များ
www.dhammadownload.com
www.dhammanet.org
www.edhamma.com
www.mora.gov.mm
www.dhammasearch.net
မြန်မာစာ website များ
www.mchronicle.com.mm
www.planet.com.mm
www.zawlinyouth.net
www.myanmarelibrary.com
www.burmalibrary.org
www.ainmat.com
www.myanmarelibrary.net
www.elibrary.edu.com.mm
www.myanmarinternetjournal.com
www.art.com
www.ad-artbiz.com
www.itmyanmar.com
www.myanmarhosting.com
www.myanmarbookaid.org
www.foreverspace.com.mm
www.myawady.net
www.myanmar.com
www.pansagar.com
www.mysuboo.com
www.mmblogs.net
www.yawainwe.net
www.people.com.mm
www.popularmyanmar.com
www.myanmar.mmtimes.com
www.modinst.net
www.bagan.net.mm
www.myanmarpyithar.com
www.all-channel.com
www.bobo.6te.net
www.burmeseclassic.com
www.myanmarcelibrary.com
www.ainmat.com
www.foreverspace.com.mm
www.mcf.org.mm
www.ayeyarwady.com
www.nanmyintmyanmar.com
www.city.com.mm
အနုပညာရှင်တို့၏ website များ
www.luminn.com
www.lwinmoe.com
www.nawaratt.com
www.zinzinzawmyint.com
www.nansuyatisoe.com
www.htunaeindrabo.com
www.supanhtwar.com
www.wynesukhinethein.com
www.saisaionline.com
www.yelayonline.com
www.minmawkunn.com
www.westlife.com
www.thebackstreetboys.com
www.koreanwiz.org
www.linkinpark.com
www.aungaungayeoo.co.cc
Mp3 Website များ
http://beemp3.com
www.goldenlandpages.com
www.bamarlay.com
www.irazoo.com
www.myanmarmp3.net
www.ayinepan.com
www.alinyaung.com
www.flashband.net
www.myanmar-music.com
http://music.all-channel.com
http://myanmarmp3album.com
www.emusic.com
www.thewiplist.com
www.mp3raid.com
www.pansagar.com
www.airmp3.com
www.thanakha.com
www.innwa.com
www.nyakabyar.com
www.mrtv3.net.mm
www.freemyanmarvcd.com
www.myanmarmp3.net
www.flashband.net
www.yinkhonthanfm.com
www.luckyseven.com
www.myintzuri.com
အားကစားဆိုင်ရာ Website များ
www.fitst-11.com
www.uefa.com
www.premireleague.com
www.sportingnews.com
www.livesocore.com
www.asianbookie.com
www.euro2004.com
www.yadanarbonfc.com
www.espnstar.com
www.ygnutd.com
www.soccernet.espn.go.com
www.soccerbase.com
www.weeklyeleven.com
www.biweeklyeleven.com
ကျန်းမာရေးဆိုင်ရာ Website များ
www.healthy.net
www.tripprep.com
www.nantalhelp.net
အစားအသောက်ဆိုင်ရာ Website များ
www.myintmyintkhin.com
www.foodty.com
www.foodsubs.com
www.foodors.com
www.eldoradobakehouse.com
အလှအပဆိုင်ရာ Website များ
www.beauty.com
www.khinsanwin.com
www.dglabphoto.com
www.allwalk.com
www.yanifashion.com
www.erosspa.com
www.camella.casmetic.com
www.revlon.com
www.pansagar.com
www.evas.co.kr
www.chanlone.com
www.mdylamineain.com
www.rahtaminhtin.com
www.aungthamardigoldshop.com
www.style.com
http://charleskeith.com
ပြည်တွင်းအလုပ်သမားခေါ်ယူသည့် Website များ
www.myanmarjobsearch.com
www.4icj.com/mm
www.resumepromo.com
www.jobofmine.com
www.expatfinder.com
www.pleven.net
www.asianjobbus.com
www.myanmarjobs.com
www.myanmarhotjobs.com
အလုပ်နှင့်ပတ်သက်သောWebsiteများ
www.jobstreet.com
www.howstuffworks.com
www.jobsdb.com
www.workthing.com
www.internationaljobs.org
www.internationaljobsearch.net
မြန်မာ့ဗေဒင်ဆိုင်ရာ Website များ
www.myanmarastro.com
www.sayadeva.com
http://horo.alphamandalay.com
www.emailbaydin.com
www.1000apps.com/software
www.beautifulmodelworld.com
အနုပညာရှင်များ Profile များကို ၀င်ရောက်လေ့လာနိုင်သည်။
www.yatanarpon.com.mm
FM နှင့် TV လိုင်းများ နားဆင်ကြည့်`ရှုနိုင်သည်။
www.theinminn.com
website များပေါ်က သင်နှစ်သက်သောပစ္စည်းများကို ၀ယ်ယူနိုင်သည်။ theinminn@gmail.com သို့ mail ပို့ပြီးမှာယူလျှင် အိမ်အရောက်ဈေးနှုန်းတွက်ကာ ပို့ပေးသည်။
မြန်မာအောင်ဘာလေထီပေါက်စဉ်ကြည့်နိုင်သော Website
http://myanmarlottery.com
www.nyinaymin.com
မြန်မာတွေအတွက် ကိုညီနေမင်းရဲ့ ၀င်ကြည့်ထိုက်သောဆိုက်တစ်ခုဖြစ်ပါသည်။
ကျောက်မျက်ရတနာ Website များ
www.thaigem.com
www.bestgem.com
လက်ဆောင်ပေးပို့ရန် Website များ
www.123greetings.com
www.passionup.com
www.riversongs.com
www.bluemountain.com
www.americangreetings.com
Fwd: Fwd : ဆန္ဒ ကို သိက္ခာဖြင့် ထိန်းပါသူငယ်ချင်း...
( က )
ဖြစ်ချင်တာက ဆန္ဒ၊ ဖြစ်နေတာက ဘ၀ဟု ထင်မြင်မိသည်။
ဤလောကကြီးသည် ဖြစ်ချင်တိုင်းဖြစ်၍ မရသော လောကကြီးဖြစ်သည်။
မဖြစ်ချင်၍လည်း ဖြစ်ရသည်။ အနတ္တသဘော ဖြစ်သည်။ အနတ္တဆိုသည်မှာ
အစိုးမရဟု အဓိပ္ပါယ်ရသည်။ မိမိ၏ ခန္ဓာကိုယ်တွင် နေမကောင်း မဖြစ်ချင်၊
ရုပ်မဆိုးချင်၊ အနာရောဂါမဖြစ်ချင် ဟု ပြောနေသော်လည်း ဖြစ်ရသည်။
ရုပ်ရည်ချောမောလှပချင်သည်။ အသားအရည် ဖြူဖွေးချင်သော်လည်း အသားမဲ၊
အသားညို မျက်လုံးပြူး စသည်တို့ ဖြစ်ရသည်။ မိမိ၏ ခန္ဓာကိုယ်ပင်လျှင်
ဖြစ်ချင်တိုင်း မဖြစ်ရ၊ မဖြစ်ချင်တိုင်း ဖြစ်ရ ဖြစ်နေလျှင် ကျန်သောအရာများကို
ဖြစ်ချင်၊ လိုချင်စိတ်ပြင်းပြနေလျှင် ပို၍ ဝေးမည်ဖြစ်သည်။
လူတိုင်းသည် လိုချင်တပ်မက်မှုများဖြင့် မွေးဖွားလာသည်ဟု ထင်သည်။
ကလေးဘ၀ထဲက မျက်လုံးနှစ်လုံး ပွင့်လာသည်နှင့် မိခင်၏ နို့ရည်ကို
တောင့်တသည်။ မရလျှင် အပြောတတ်ဆုံး ဘာသာစကားဖြစ်သော အူဝဲ အူဝဲ
ဟု ငိုမြည်းတော့သည်။ သွားမပေါက်သေးသော ကလေးဘ၀ကတည်းက
တောင့်တမှုများဖြင့် ကြီးပြင်းလာရာ သွားကျိုးပြီး ခါးကုန်း သက်ကြီးရွယ်အ
ို
ဖြစ်သည့်အထိ တောင့်တမှုများမှာ အဆုံးသတ်မသွားကြပါ။
လိုချင်တပ်မက်မှုသည် ကြောက်စရာကောင်းလှသည်။ အ၀ိဇ္ဇာကြောင့်
လူသားများအားလုံးသည် အမှောင်လောကထဲတွင် မျှောပြီး မျက်ကန်းများလိုပင်
မြောင်းများ၊ ချိုင့်ခွက်များ၊ ဆူးများကို နင်းဖြတ်ကျော်ကာ ဘ၀ ၀င်္ဂဘာထဲတွင် တ
ဝဲ၀ဲလည်နေကြရသည်ဟု ထင်ပါသည်။ သတ္တ၀ါအားလုံးသည် အ၀ိဇ္ဇာဆိုသော
မသိခြင်းနှင့် တဏှာဆိုသော လိုချင်တပ်မက်မှုတို့ ပူးပေါင်းမိပြီး အမှားများစွာကို
ကျူးလွန်နေကြသည်။ ဖြစ်ပေါ်လာသော မိမိ၏ ဆန္ဒကို ထိန်းသိမ်းရန်ကာ
ခက်ခဲလှပါသည်။
မကောင်းမှုတွင် ပျော်မွေ့စိတ်ကို ထိန်းသိမ်းရန် ခက်ခဲလှသည်။
မကောင်းမှု လုပ်ချင်ပြီးဆိုလျှင် သိက္ခာမဲ့ ပြုလုပ်တတ်ကြသည်။
စောင့်ထိန်းရမည့် ကျင့်ဝတ်၊ သိက္ခာများကို ချိုးဖောက်ရန် ၀န်မလေးကြတော့ပါ။
ယဉ်ကျေးမှု၊ ဘာသာရေး ကျင့်ဝတ်များကို မသိကျိုးကျွံ့ပြုကြသည်။
သိက္ခာမဲ့လုပ်ရပ်များကို လုပ်ပါများလာသောအခါ အမှားလုပ်ရပ်သည်
အမှန်ဖြစ်လာတော့သည်။ ငါလုပ်နေကျ ဘာမှမဖြစ်ဘူး ဆိုပြီး
ဆက်လုပ်ကြသည်။ သူများကိုလည်း တိုက်တွန်းကြသည်။
ယခုဆိုလျှင် အသိတရားမရှိတဲ့ လူတိုင်းသည် ပို၍ပင် သိက္ခာကင်းမဲ့သော လုပ်ရပ်များကို
ပျော်ပျော်မွေ့မွေ့ ကျူးလွန်နေကြသည်။
လူရဲ့ စိတ်ကတော့ မကောင်းမှု့ မှာပျော်မွေ့ တတ်ပါသည်။
ငါ့ကလူပဲ..သူတော်ကောင်းမှမဟုတ်တာဆိုပြီ စိတ်ကိုအလိုမလိုက်ရပါဘူး ။
တစ်ရက်ကိုမကောင်းတာ(၂)မျိုးလုပ်ခဲ့ လေ့ရှိရင်. စိတ်ရှော့ပြီး တစ်ရက်ကို(၁)မျိုးလောက်ပဲလုပ်စေချင်းပါတယ်။
ဘုရားဟောသော...
အခြေခံတရားများကို မေ့လျော့နေကြသည်။ မသိသေးသည့် လူများလည်း
များစွာရှိသည်။ မိမိ၏ စိတ်ကို ထိန်းသိမ်းနိုင်ပါက လောကစည်းစိမ်ကို
မဆိုထားနှင့် လောကုတ္တရာ နိဗ္ဗာန်ကိုပင် ရနိုင်သည်ဟု
ဘုရားဟောကြားခဲ့ပါသည်။ ဒါကြောင့် ကျွန်ုပ်တို့သည် မကောင်းမှုလုပ်ချင်သော
ဆန္ဒများကို သိက္ခာဖြင့် ထိန်းသိမ်းကြရန် လိုအပ်ပါကြောင်း...။
သူငယ်ချင်းအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ... kyawzinhein.nov@gmail.com
Thursday, June 23, 2011
Fwd : English Learning Website
English စာ လေ့လာလိုသူတိုင်းအတွက် ကျွန်တော်သိတဲ့ ကောင်းတဲ့ Link လေးတွေကို
စုစည်းဖော်ပြထားပါတယ်။
http://www.americanrhetoric.com/
http://www.gettoefl.com/
http://www.rong-chang.com/
http://englishtips.org/en/
http://www.englishbaby.com/
Fwd: Buddha image
Wednesday, June 22, 2011
Fwd: FW: It is FUN Time
Just for fun.
 First click on the picture, then try to touch his nose with your cursor..... 
.
Tuesday, June 21, 2011
Fwd : ( အလုံးစုံကျန်းမာရေးအပေါ် တိုက်ရိုက် သက်ရောက်နေသော သွားနှင့်ခံတွင်း ကျန်းမာရေး ) ဒေါက်တာသီဟသစ်
အလုံးစုံကျန်းမာရေးအပေါ် တိုက်ရိုက် သက်ရောက်နေသော သွားနှင့်ခံတွင်း ကျန်းမာရေး
သင်ညတိုင်း သွားတိုက်ပြီးမှ အိပ်ရာဝင်ရဲ့လား။ ခံတွင်းနဲ့ သွားတွေ အခြေအနေကို မှန်ထဲမှာ ဘယ်နှရက်တစ်ခါ ကြည့်ပါသလဲ။ သွားနဲ့ ပတ်သက်တဲ့ ပြဿနာ တစ်ခုပေါ်လာတိုင်း သွားဆရာဝန်နဲ့ သေချာသွားပြဖြစ်လား။ သင့်ရဲ့ နေ့စဉ် အာဟာရ ပြုရေးမှာ အရေးပါဆုံး အခန်းကဏ္ဍက ပါဝင်နေတဲ့ သူတို့ကို သင်ဘယ်လောက် သန့်ရှင်းအောင် ထားပါသလဲ။ ဂရုစိုက်ပါသလဲ။ သင်က သိပ်အရေးမကြီးဘူးလို့ ထင်ကောင်းထင်နေပါလိမ့်မယ်။ ဒါပေမဲ့ သွားနဲ့ ခံတွင်း ကျန်းမာရေးဟာ ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလုံးစုံ ကျန်းမာရေးအပေါ် ကြီးစွာသော သက်ရောက်မှု ရှိနေပါတယ်။
အသက်ငါးဆယ်အရွယ် မစ္စဂျိုနေးမက်ဂ်လဲ ဟာ ရေခဲတုံးကို ၀ါးစားရင်း သွားတစ်ချောင်း ကျိုးသွားလို့ သွားဆရာဝန်ဆီ ရောက်လာခဲ့ပါတယ်။ အဲဒီလို လာပြတုန်းကတော့ သူမဟာ သွားပြုပြင်ဖို့ပဲ စိတ်ထဲရှိပြီး ဒီအခြေအနေဟာ သူမရဲ့ အလုံးစုံ ကျန်းမာရေးအပေါ် ပျက်စီးယိုယွင်းလာစေ လိမ့်မယ်လို့ ယောင်လို့တောင် မတွေးမိပါဘူး။
နယူးယောက်မြို့ရဲ့ နာမည်ကျော် အထက်တန်းကျောင်းတစ်ခုက ဆရာမတစ်ယောက်ရဲ့ တာဝန်နဲ့ ကလေးလေးယောက် မိခင်အဖြစ် မိသားစုဝတ္တရားတွေကြား မအားမလပ်လွန်းတဲ့ သူမဟာ ကျန်းမာရေးအတွက် ဂရုစိုက်ဖို့ အချိန်မပေးနိုင်သလောက်ပါပဲ။
သွားဆရာဝန်က သူမရဲ့ ခံတွင်းကို သေချာကြည့်ပြီး ကျန်းမာရေး ပြဿနာတစ်ခုခု ရှိနေပြီလို့ ပြောပါတယ်။ ရုတ်တရက်မို့ သူမ ထိတ်လန့်သွားသလို မယုံတစ်ဝက် ယုံတစ်ဝက် ဖြစ်သွားပါတယ်။ ပါးစပ်က လွဲလို့ ဘာစမ်းသပ်စစ်ဆေးမှုမှ မလုပ်ပဲ ဒီလို ပြောလို့ မယုံပေမယ့် ပြောတဲ့ သွားဆရာဝန်က သူမပြနေကျ Stony Brook သွားဖက်ဆိုင်ရာ ဆေးတက္ကသိုလ်ရဲ့ ခံတွင်းဇီဝဗေဒနှင့် ရောဂါဗေဒ ပါမောက္ခ မာရီယာ အီမန်နျူရန် ဖြစ်နေလို့ မယုံရအခက် ဖြစ်နေပါတယ်။ သွားဆရာဝန်ဘက်ကလည်း သေချာပါတယ်။ သူမရဲ့ ခံတွင်းထဲမှာ သွားတွေ အက်နေတာ၊ အရှိန်ရနေတဲ့ သွားဖုံးရောဂါတွေ ဖြစ်နေတာကို တွေ့ရပြီး ကျန်းမာရေးချို့ယွင်းမှု တစ်စုံတစ်ရာ ရှိနေကြောင်း ကောက်ချက်ချလိုက်တာ ဖြစ်ပါတယ်။
ခံတွင်းကျန်းမာရေး - ပါးစပ်နှင့် ခန္ဓာကိုယ် ဆက်နွယ်မှု
ကားတစ်ခုရဲ့ ကောင်းမွန်နေမှု အတွက် အရေးကြီးဆုံး အပိုင်းဟာ အင်ဂျင်ဖြစ်သလို လူတစ်ယောက်ရဲ့ ကျန်းမာရေးအတွက် အရေးအပါဆုံး အပိုင်းဟာ ခန္ဓာကိုယ်ထဲက ကိုယ်တွင်းအင်္ဂါတွေလို့ ဆိုနိုင်ပါတယ်။ ပါးစပ်ပေါက်ကို ဖွင့်ခြင်းဟာ ကားဘောနက်ဖုံးကို ဖွင့်သလိုပဲ ဖြစ်ပြီး ကျန်းမာရေး ချို့တဲ့မှုတွေ ရောက်ရှိမလာအောင် ခံတွင်းသန့်ရှင်းကျန်းမာရေးဟာ အထူးသဖြင့်ကို အရေးကြီးပါတယ်။ သွားနဲ့ ခံတွင်းကျန်းမာရေးကို ဂရုစိုက်ပေးခြင်းဟာ အရွယ်မတိုင်ခင် သွားတွေ ဆုံးရှုံးခြင်းအပြင် အခြားရောဂါတွေ အတော်များများကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ ဒါပေမဲ့ ဒီအချက်ကို ဖွံ့ဖြိုးဆဲနိုင်ငံများ မှာရှိတဲ့ လူတွေအားလုံးရဲ့ ၃% ကသာ သိရှိကြောင်း၊ ၁% ကသာ လိုက်နာ ဂရုစိုက်ကြကြောင်း စစ်တမ်းများ အရ သိရပါတယ်။
သွားနဲ့ခံတွင်း ရောဂါတွေ ရှိနေခြင်းဟာ ပုံမှန်အားဖြင့် လက္ခဏာမပြတတ်တဲ့ အခြေအနေတွေ ဖြစ်ပါတယ်။ သို့သော် ဒီလို အနေအထားတွေဟာ နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ အူလမ်းကြောင်း (သို့) ကလီစာ တစ်ခုခုမှာ ကူးစက်ရောဂါ ရနေခြင်း တွေကို ဖြစ်စေသလို အဲဒီရောဂါတွေ ရှိနေခြင်းရဲ့ လက္ခဏာ အဖြစ်လည်းကောင်း အပြန်အလှန် ဆက်စပ်တာ အခိုင်အမာ တွေ့နိုင်ပါတယ်။
ပါမောက္ခ မာရီယာဟာ မက်ဂ်လဲကို ရောဂါရှာဖွေ စမ်းသပ်စစ်ဆေးဖို့ အထွေထွေ ရောဂါကု ဆရာဝန်ဆီ စေလွှတ်ခဲ့ပါတယ်။ ဆရာဝန်က လိုအပ်တဲ့ စမ်းသပ်မှုတွေ လုပ်ပြီး ဆေးစစ်ကြည့်တော့ ဒီအသက်ငါးဆယ်အရွယ် အမျိုးသမီးကြီးဟာ နှလုံးရောဂါနဲ့ သွေးတိုးရောဂါ ရှိနေပြီ ဆိုတာ တွေ့ရှိ အတည်ပြု နိုင်ခဲ့ပါတယ်။ ကုသမှု ခံယူခဲ့ပေမယ့် ဆရာဝန်ညွှန်ကြားတဲ့ အတိုင်း သူမရဲ့ အထိုင်များပြီး အဆီအဆိမ့် အငန်တွေ များများစားတဲ့ Lifestyle ကို မပြင်နိုင်ခဲ့ပါဘူး။ ဒါကြောင့် နောက်ထပ် ငါးလလောက်အကြာမှာ ပြင်းထန်တဲ့ နှလုံးသွေးကြောပိတ်ရောဂါကို စတင်ခံစားရပါတော့တယ်။
ခံတွင်း ကျန်းမာရေး - အလုံးစုံကျန်းမာရေး
ကမ္ဘာတစ်ဝန်း လူသန်းပေါင်းများစွာရဲ့ သွားနဲ့ ခံတွင်းကို သန့်ရှင်းစောင့်ရှောက်ခြင်း ဆိုင်ရာ အမူအကျင့်နဲ့ ၄င်းတို့ရဲ့ ဆေးမှတ်တမ်းများကို တိုက်ဆိုင်စစ်ဆေးခဲ့တဲ့ အခါမှာ ခံတွင်းကျန်းမာရေးနဲ့ ခန္ဓာကိုယ် တစ်ခုလုံးရဲ့ အလုံးစုံ ကျန်းမာရေးတို့ဟာ အတိအကျ ဆက်စပ်ကြောင်း သုတေသီများ အတည်ပြုနိုင်ခဲ့ပါတယ်။ (ဆရာဝန်ရဲ့ စစ်ဆေးမှု အမြင်အရ) သွားဖုံးဟာ ပုံမှန်မဟုတ်ဘဲ ရောဂါတစ်ခုခု ၀င်နေမယ်ဆိုရင် ဒီလူဟာ နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ အသက်ရှူလမ်းကြောင်း ရောဂါတစ်ခုခု၊ အရိုးပွရောဂါ၊ လေးဖက်နာနှင့် တူသော အဆစ်ရောင်ရောဂါ၊ အစာအိမ်နှင့် အူလမ်းကြောင်း ရောဂါတစ်ခုခု (ဥပမာ ၀မ်းလျှောဝမ်းကိုက် ရောဂါတစ်ခုခု၊ ပန်ကရိယ နာတာရှည်ရောင်ယမ်းခြင်း စသဖြင့်) တွေ၊ ဗိုက်တာမင် C, B2, B3, B12, E ချို့တဲ့ခြင်းတွေ၊ ခံတွင်း(သို့) လျှာကင်ဆာရဲ့ လက္ခဏာတွေ ရှိနိုင်ပါတယ်။
အမေရိကန် ပြည်ထောင်စု မြောက်ကယ်ရိုလိုင်းနား သွားဆေးတက္ကသိုလ်က သုတေသီတွေရဲ့ လူနာတစ်ထောင်ကျော်အပေါ် စုပေါင်းလေ့လာချက်အရ ခံတွင်းရောဂါ ရှိသူတွေဟာ ပုံမှန်လူတွေထက် နှလုံးရောဂါ ရဖို့ နှစ်ဆ၊ လေဖြတ်ဖို့ သုံးဆ ပိုနီးစပ်တယ် ဆိုတာပါပဲ။
လူတိုင်းမသိတဲ့ ထူးခြားချက်တစ်ခုကို ပြောပြရရင် သွားဖုံးရောင်ယမ်းခြင်းဟာ ကမ္ဘာ့အဖြစ်အများဆုံး နာတာရှည် ရောင်ယမ်းနာ တစ်ခုပါပဲ။ တော်တော်နဲ့ သတိမထားမိပဲ တိတ်တဆိတ် ဖြစ်ပွားနေတတ်ပါတယ်။ ပါးစပ်ထဲက ရောဂါပိုးတွေဟာ ကိုယ်ထဲကို ၀င်ရောက်လာပြီး ရောဂါတွေ ဖြစ်ပွားစေတာကို ရှေးယခင်ကတည်းက တွေ့ခဲ့ပြီး ဖြစ်ပါတယ်လို့ ဘော့စတွန် သွားဆေးတက္ကသိုလ်က ရောင်ယမ်းခြင်းရောဂါများ ကုသရေးစင်တာရဲ့ ပါမောက္ခ ဒေါက်တာ စလိုမန်က ပြောပြခဲ့ပါတယ်။ ဒီလို ပါးစပ်ကတစ်ဆင့် ၀င်ရောက်လာတဲ့ ရောဂါပိုးတွေဟာ သွေးစီးကြောင်းထဲက တစ်ဆင့် ပျံ့နှံ့သွားပြီး တစ်ခြား ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို ရောဂါ ဖြစ်စေပါတယ်။ အဲဒီရောဂါတွေ ထဲကမှ အဆိုးဝါးဆုံး ရောဂါက ကူးစက်နှလုံးတွင်း ရောင်ယမ်းရောဂါ (Infective Endocarditis) ပဲ ဖြစ်ပါတယ်။ လေးဖက်နာ၊ နှလုံးအဆို့ရှင် ကျယ်/ကျဉ်း ရောဂါရှိသူတွေ၊ ခုခံအားကျနေသူတွေဟာ ပိုဖြစ်နိုင်ပါတယ်။
သူ့ရဲ့ ရောဂါလက္ခဏာ အနေနဲ့ ရုတ်တရက် အဖျားဝင်လာပြီး နှလုံးခုန်နှုန်းတွေ ပုံစံတွေ မမှန်တော့ပါဘူး။ အကောင်းကြီး ကနေ ထဖောက်လာပြီး သေချာမကုရင် ရက်ပိုင်းအတွင်း အသက်ဆုံးရှုံးနိုင်ပါတယ်။ Infective Endocarditis ရဲ့ လက္ခဏာတွေက အရမ်းမြန်ဆန်သလို တစ်ခါတစ်လေ အရမ်းသိမ်မွေ့လို့ အတွေ့အကြုံနုတဲ့ ဆရာဝန်များ ဆိုရင် သတိမပြုမိတတ်ကြတာမျိုး ဖြစ်နိုင်ပါတယ်။ နှလုံးရောဂါရှိလို့ ဆေးရုံမှာ ရက်ရှည်လများ တက်နေတဲ့သူ တစ်ယောက်ဟာ ဆေးရုံမှာပဲလေ ဆိုပြီး ခံတွင်းသန့်ရှင်းရေး ဂရုမထားဘဲ နေရာကနေ Infective Endocarditis ၀င်သွားပြီး အခြေအနေ ရုတ်တရက် ဆိုးလာပေမယ့် ဆရာဝန်များက အချိန်မီ စမ်းသပ်သိရှိ ကုသလို့ ပျောက်ကင်းသွားတာ အလုပ်သင်ဆရာဝန် ဘ၀မှာ ကျွန်တော် ကြုံဖူးခဲ့ပါတယ်။
ဆီးချိုရောဂါနဲ့ ကျတော့ ခံတွင်း ရောဂါတွေက အပြန်အလှန် ဆက်စပ်ပါတယ်။ ဆီးချိုရောဂါ ရှိသူဟာ ကိုယ်ခံအားကျလာလို့ ခံတွင်းရောဂါတွေ ပုံမှန်လူတွေထက် ဖြစ်လွယ်လာတတ်ပါတယ်။ ဆီးချိုဝေဒနာရှင် တစ်ယောက်ကို သွေးတွင်း သကြားဓာတ်ကို ကုသမှုနဲ့ ပုံမှန်အနေအထားမှာ ထိန်းထားနိုင်ရင် ခံတွင်းရောဂါတွေ သက်သာသွားပြီး ခံတွင်းအနေအထား တိုးတက်ကောင်းမွန်လာတာ တွေ့ရပါတယ်။ ထူးခြားချက်တစ်ခုက ဆီးချိုဝေဒနာရှင် တစ်ယောက်ဟာ ခံတွင်းရောဂါတွေ ကင်းရှင်းပြီး တိုးတက်ကောင်းမွန် လာတာနဲ့ အမျှ အင်ဆူလင် လိုအပ်မှု (Insulin Requirement) လျော့ကျလာတာ တွေ့ရပါတယ်။
ဖြစ်ခဲပေမယ့် ခံတွင်းကျန်းမာရေး ဂရုမစိုက်ရင် ဆီးချို ဖြစ်စေတတ်တဲ့ အချက်တစ်ခု တင်ပြချင်ပါတယ်။ ခံတွင်းထဲက ပိုးတွေဟာ အင်ဆူလင်ဟော်မုန်း ထုတ်ပေးတဲ့ ပန်ကရိယ (Pancreas) ကို ရောက်ရှိသွားကာ နာတာရှည် ပန်ကရိယရောင်ယမ်းနာ (Chronic Pancreatitis) ဖြစ်ပွားစေတတ်ပြီး အင်ဆူလင် ထုတ်လုပ်မှုကို လျော့ကျစေတဲ့ အတွက် ခဏခဏ ဒီလိုဖြစ်ရင် ဆီးချိုရောဂါ ဖြစ်ဖို့ အတော်လေး နီးစပ်သွားစေပါတယ်။ ဒါ့အပြင် ဖြစ်ပြီဆိုရင် လအနည်းငယ်အတွင်း သေနိုင်တဲ့ ပန်ကရိယကင်ဆာဟာ ခံတွင်းသန့်ရှင်းရေး ဂရုမစိုက်ခြင်းနဲ့ အထိုက်အလျောက် ဆက်စပ်ကြောင်း၊ ဒါကို ကာကွယ်ဖို့ သွားကြားကြိုးထိုးခြင်း (Flossing) လုပ်ပေးသင့်ကြောင်း အခြား သုတေသနများ အရ သိရပါတယ်။
အရိုးပါးရောဂါ (Osteoporosis) ပြင်းထန်လာရင် သွားနဲ့သွားဖုံးတွေ ကျိုးကြေလွယ်လာပါတယ်။ Vitamin C ချို့တဲ့ရင် ထိမိရုံနဲ့ သွားဖုံးသွေးယိုရောဂါ ဖြစ်နိုင်ပါတယ်။ Vitamin B2, B3 တွေ ချို့တဲ့ရင် ပါးစပ်ထဲ အနာတွေ၊ ကျီးကန်းပါးစပ်နာ ဖြစ်ပါတယ်။ (စိတ်ဖိစီးမှုနဲ့လည်း ဆက်စပ်လို့ Stress Ulcer လို့ လည်း ခေါ်ကြပါတယ်) B12 ချို့တဲ့ရင် လျှာရောင်ယမ်းခြင်း ဖြစ်နိုင်ပါတယ်။ ဒါတွေကို ဆောလျင်စွာ သိရှိနိုင်ဖို့ ခံတွင်းကို မကြာမကြာ ဂရုထား ကြည့်ပေးသင့်ပါတယ်။
ကွမ်းစားသူတွေနဲ့ ဆေးလိပ်သောက်သူတွေဟာ ခံတွင်းကင်ဆာ ဖြစ်လာနိုင်တာမို့ သူ့ရဲ့ အစဦးလက္ခဏာ တစ်မျိုး ဖြစ်တဲ့ ခံတွင်းမှာ အဖြူကွက် ပေါ်လာခြင်းကို နေ့စဉ် သတိထားကြည့် ပေးပြီး လက်ဦးမှု ရယူသင့်ပါတယ်။ နှစ်ရှည်လများ သုံးစွဲပြီးမှ ဖြတ်လိုက်သူတွေလည်း လိုအပ်ပါတယ်။ ဒီလို စိတ်ပူနေတာတွေ အတွက် အကောင်းဆုံး နည်းလမ်းကတော့ ဆေးလိပ်နဲ့ ဆေးရွက်ကြီးကို လုံးဝ လုံးဝ မသုံးစွဲတာပဲ ဖြစ်ပါတယ်။
ညဖက် အိပ်ရာဝင်ရင် သွားမတိုက်ဘဲ ၀င်တဲ့ အကျင့်ဟာ အတော်လေး ဆိုးတဲ့ အကျင့်ဖြစ်ပါတယ်။ အထက်မှာ ဆိုခဲ့တဲ့ ဆိုးကျိုး အားလုံးကို လက်ယပ်ခေါ်တာနဲ့ တူသလို အသက်ရှိနေသ၍ တူတူရှိနေဖို့ လိုအပ်တဲ့ အာဟာရပြုရေး အဖော်ကောင်းများနဲ့ တူတဲ့ သွားများကို မြန်မြန် ပျက်စီး ခွဲခွာသွားအောင် လုပ်သလိုပါပဲ။ စားကြွင်းစားကျန်တွေကို ခံတွင်းထဲမှာ နေထိုင်တဲ့ ဘက်တီးရီးယားတွေ ကနေ သူတို့ သုံးစွဲလို့ ရအောင် သကြားဓာတ်အဖြစ် အသွင်ပြောင်းပါတယ်။ ဒီအခါမှာ အက်ဆစ်ဓာတ်တွေ ဖြစ်ပေါ်လာပြီး သွားတွေရဲ့ ကြွေလွှာ (Enema) ကို တစ်နေ့နည်းနည်းချင်း ပျက်စီးကာ ကွဲအက်ညိုမည်းပြီး သွားပိုးစားခြင်းကို ဖြစ်စေပါတယ်။ သွားပိုးဆိုတာ တကယ်မရှိဘဲ ကြွေလွှာနဲ့အတူ သွားပျက်စီးခြင်းကို ခေါ်တာ ဖြစ်ပါတယ်။ ပိုးတွေကြောင့် ဖြစ်ရတာတော့ မှန်ပါတယ်။ အရွယ်မလွန်ခင် သွားတွေ ကျိုးပဲ့ ပျက်စီးခြင်းဟာ အစားကောင်းတွေ အရသာရှိရှိ မစားနိုင်တော့တဲ့ ဒုက္ခ၊ အလှပျက်ရတဲ့ ဒုက္ခ၊ သွားကိုက်တဲ့ ဒုက္ခ၊ နောက်ဆုံး သွားစိုက်ရတဲ့ ဒုက္ခ စတဲ့ ဆိုးကျိုးတွေ ရရှိစေနိုင်တာမို့ သင့်ရဲ့ ၃၂ ယောက်သော သူငယ်ချင်းကောင်းများကို အနည်းဆုံး တစ်နေ့နှစ်ကြိမ် (ညအိပ်ရာဝင်ချိန် ပါရမည်) သွားတိုက်ပေးခြင်း၊ သွားကြား ကြိုးထိုးပေးခြင်း၊ သွားနဲ့ခံတွင်း ပျက်စီးစေတဲ့ ရောဂါတွေ ၀င်မလာအောင် ထိန်းသိမ်းပေးခြင်း တို့နဲ့ ကာကွယ်စောင့်ရှောက်ပေးသင့်ပါတယ်။
မက်ဂ်လဲဟာ အခုဆိုရင် သက်သာစပြုနေပါပြီ။ သူမဟာ နေ့စဉ်နေထိုင်စားသောက်ပုံကို ကျန်းမာရေးနဲ့ ညီညွတ်အောင် ပြုပြင်ကာ ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်း လုပ်ဖို့ နာရီဝက်လောက်ကို နေ့စဉ် အိမ်အလုပ်တွေထဲကနေ ရအောင် ဖယ်ထားနိုင်ပါပြီ။ ဆေးလည်း မှန်မှန် သောက်လို့ သွေးတိုးကော ရင်ဘတ်အောင့် တာပါ မထတော့ပါဘူး။ သူမရဲ့ သွားဆရာဝန်နဲ့ ကုသပေးတဲ့ ဆရာဝန်တွေကိုလည်း ကျေးဇူးတင်လျက် ရှိပါတယ်။
"ကျွန်မသာ အဲဒီနေ့က သွားဆေးခန်း မသွားမိရင် ဒီနေ့ အသက်ရှင်တောင် ရှင်ပါ့ဦးမလားလို့ တွေးမိပါတယ်။ ကျန်းမာရေးကိုရော သွားနဲ့ ခံတွင်းကိုပါ ကောင်းကောင်း သတိထားပြီး စောင့်ရှောက်ပါတော့မယ်။ ဒါတွေဟာ တစ်ခုနဲ့ တစ်ခု ဆက်စပ်နေတယ်ဆိုတာ ကျွန်မ အသေအချာသိလိုက်ပါပြီ" လို့ မက်ဂ်လဲ က ပြောပြခဲ့ပါတယ်။
Probe by : ဒေါက်တာသီဟသစ် Last Updated at 2011-06-20 on 03:44:41 62 Hits
Fwd : ကိုယ်တိုင်ထနိုင်အောင် ကြိုးစားကြမယ်
သူငယ်ချင်းတို့ရေ....... ကျနော်ကတော့ သာသနာ့ဘောင်ကို  ၀င်တော့မယ်သိလား.....ဟိဟိ
               လူ့ဘ၀မှာ ဆင်ခြင်စရာလေးတစ်ခုကို ဒီနေ့ပြောချင်ပါသေးတယ်ဗျာ၊ ကျနော်တို့တွေရဲ့ စိတ်ထဲမှာ ၀မ်းသာမှု၊ ၀မ်းနည်းမှုတွေ နေ့တိုင်းလိုလို ကြုံတွေ့နေရတယ်နော်၊ တစ်ချို့ကလည်း အားငယ်စိတ်လေးတွေပိုနေတတ်တြတယ်၊ တစ်ချို့ကျတော့ လောဘစိတ်တွေ များနေတတ်ကြတယ်လေ၊ အဲ့ဒီစိတ်တွေကြောင့်ပဲ ဒီလိုလေးတွေ ကြုံတွေ့နေရတာဖြစ်တယ်လို့ ကျနော်ပြောရင် သူငယ်ချင်းတို့တွေ ငြင်းနိုင်ကြမယ်မထင်ပါဘူးနော်၊ ဒါပေမယ့် ကျနော်သိထားတဲ့ ဆင်ခြင်စရာလေးတစ်ခုကို ပြောလိုက်ရင်တော့ ကျနော့သူငယ်ချင်းတွေ တစ်ခုခုတော့ ရသွားကြမယ်ထင်ပါတယ်ဗျာ၊ ကျနော်ပြောချင်တာက ဒီလိုပါ......
                တစ်ခါတုန်းက ဓမ္မကထိက ဘွဲ့ကိုရထားတဲ့ တရားဟောဆရာတစ်ဦးဟာ အကျဉ်းထောင်တစ်ခုမှာ တရားပွဲတစ်ခု ဟောကြားဖို့ စီစဉ်တယ် အကျဉ်းထောင်က အကျဉ်းသားတွေကို တရားဟောဖို့ အဲ့ဒီအကျဉ်းထောင်ကို သွားပြီး တရားဟော စင်မြင့်ပေါ်ကိုအတက်မှာ လှေကားထစ်နဲ့ခလုပ်တိုက်ပြီး မှောက်လျက်လဲကျသွားတယ်လေ၊ အဲ့ဒီတော့ တရားနာဖို့စောင့်နေတဲ့ ပရိတ်သတ်ကလည်း ထောင်သားတွေဆိုတော့ ဆင်ခြင်မှုကနဲတယ် အားလုံးလိုလို ၀ိုင်းရယ်ကြတာပေါ့၊တစ်ချို့ကလည်း တရားဟောဆရာကို သနားကြတယ်လေ၊ ဒါပေမယ့် တရားဟောဆရာက ချက်ချင်းပဲ ဟန်မပျက် ပြန်ထပြီးတော့ စကားတစ်ခွန်းပြောလိုက်ပါတယ် "အေး.... လူတစ်ယောက်ဟာ မှောက်လျက်လဲကျသွားပေမယ့် ပြန်ထရင်ရတယ်ဆိုတာကို ပြောချင်လို့ ဒီလိုတမင်လုပ်ပြလိုက်တာပဲ" တဲ့လေ။ အဲ့ဒီတော့ ထောင်သားတွေ  တွေးစရာတစ်ခုရသွားပြီး ငြိမ်သွားတာပေါဗျာ၊
               အဲ့ဒီမှာ ကျနော်ရလိုက်တဲ့ အသိလေးကတော့ တရားဟောဆရာပြောသလိုပါပဲ လူတစ်ယောက်ဟာ မတော်တဆ လဲကျခဲ့ရင် ကိုယ့်ဘာသာပြန်ထနိုင်အောင် ကြိုးစားရမယ်၊ ဘာလို့လဲဆိုတော့... သူ့ကိုယ်စား ဘယ်သူမှဝင်နာပေးလို့ မရဘူးလေ၊ လဲကျလို့ ထိခိုက်နာကျင်သွားရင်လည်း သူများတွေ ကြားအောင် မညည်းတွားသင့်ဘူးလေ၊ သူများတွေ ဟားစရာဖြစ်တတ်သလို သူများတွေက သနားစရာလည်းဖြစ်တတ်တယ်၊ သူများတွေ ဟားရင်လည်းမကောင်းသလို သနားရင်လည်း မကောင်းပါဘူးနော်၊ ဒါကြောင့် ကျနော်တို့တွေဟာ သူများထူမှ ထနိုင်တဲ့ဘ၀မျိုး မဟုတ်ပဲ ကိုယ့်အား ကိုယ့်မာန်နဲ့ ရုန်းထနိုင်တဲ့ သတ္တိတွေ မွေးကြရမယ် မဟုတ်ပါလားဗျာ၊
ကျနော့သူငယ်ချင်းတွေ ပိုပြီးမြင်သာအောင် ကဗျာဆရာကြီး ထီလာစစ်သူ ရေးစပ်ထားတဲ့ လုလင်ငယ်သွေး သီချင်းလေးကို လမ်းညွှန်လိုက်ချင်ပါတယ်ဗျာ။........ မည်.... သူ မဆို ကူညီသည်ဖြစ်စေ၊ မည်.... သူ မဆို မကူညီသည်ဖြစ်စေ၊ ကိုယ်ထူ......ကိုယ်ထ ကိုယ်ဘ၀ အခြေအနေ ကိုယ့်အား ကိုယ်ကိုးမှ ကိုယ်သာ.... သခင်.. ဖြစ်မလေ ဆိုတာပါပဲဗျာ။
Friday, June 10, 2011
Fwd: Don't try this at home! 'Superhands' chef takes cooking to the extreme by di...
---------- Forwarded message ----------
From: Myo Myo Khaing Nyi <myomyokhaingnyi@gmail.com>
Date: 2011/6/11
Subject: Fwd: Don't try this at home! 'Superhands' chef takes cooking to the extreme by di...
To:
---------- Forwarded message ----------
From: Le` Le` Ko <zinwai6@gmail.com>
Date: 2011/6/7
Subject: Don't try this at home! 'Superhands' chef takes cooking to the extreme by di...
To:
ငရဲကလာသူ ဆီပူမကြောက်....
    ဒီအကြော်သည်အမျိုးသားကြီးကတော့ သူ့ ရဲ့ လက်နှစ်ဖက်စလုံးကို ဆီပူအိုးထဲနှစ်ပြီး ယောင်းမတစ်ခုကို အ
    သုံးပြုနိုင်တာမို့ ပြိုင်စံမပေါ်တဲ့ နိုင်ငံကျော် ( ကမ္ဘာကျော်လို့ ဆိုယင်ပိုတောင်မှန်ပါဦးမယ်...) ပါပဲ...
    အစွမ်းထက်သည့် လက်များပိုင်ရှင် ကန်းထရီချန်း တစ်ယောက် ပွက်ပွက်ဆူနေသည့် ဆီပူအိုးထဲ၎င်း၏လက်
    များနှစ်ကာကြော်နေသည့် ကြက်သားတုံးများကို လက်ချောင်းများဖြင့် ကိုင်တွယ်ကာဆယ်ယူနိုင်စွမ်းရှိနေ
    တာဖြစ်ပါတယ်...
    ကမ္ဘာ့ စံချိန်ရှင် အသက် ၅၀ အရွယ်ရှိ လူထူးလူဆန်းဟာ အံ့ သြဖွယ်ရာကောင်းလှစွာပင် တစ်ချက်ကလေးမှ
    ဆီပူအလောင်မခံရပါဘူး...
    ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ တွင်နေထိုင်သည့် မစ္စတာ ထရီချန်း က " ဆီပူအိုးထဲကျွန်တော့် ရဲ့ လက်တွေထည့် 
    လိုက်တဲ့ အခါမှာတော့ ပူလောင်မှုကိုခံစားရပေမယ့် လက်ရဲ့ အရေခွံ၊ အရေပြားကို ဆီပူမလောင်ပါဘူး...
    ကျွန်တော်ဟာ (ဘာအကာအကွယ်မှမပါပဲ ဗလာသက်သက်၊ လက်နှစ်ဘက်နှင့် ) ထမင်း၊ ကြက်သားကစ
    ပြီး အစားအသောက်မျိုးစုံကြော်နိုင်ပါတယ်..." လို့ ပြောကြားခဲ့ ပါတယ်...
    Superhands: Kann Trichan feels no pain and his skin is unaffected by the boiling fat at his fried chicken stall in Chiang Mai, Thailand
    ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ မှ ကန်ထရီချန်းရဲ့ စွမ်းအားရှင်လက်များကတော့ ဆီပူအိုးထဲလက်ထဲ့ တာ
    တောင် ဆီပူမလောင်ပါဘူး...
    Superhands: Kann Trichan feels no pain and his skin is unaffected by the boiling fat at his fried chicken stall in Chiang Mai, Thailand
    Fast finger food: Mr Trichan holds the world record for plucking 20 pieces of chicken from 480c fat in one minute
    အပူချိန် ၄၈၀ ဒီဂရီရှိနေသည့် ဆီပူအိုးထဲမှ ကြက်သားတုံး ၂၀ ကို ၁ မိနစ်အတွင်း လက်ဗလာ
    ဖြင့် ဆယ်ယူပြနိုင်ခဲ့ လို့ ကမ္ဘာ့ စံချိန်တင်နိုင်ခဲ့ ပါတယ်...
    Fast finger food: Mr Trichan holds the world record for plucking 20 pieces of chicken from 480c fat in one minute
    မစ္စတာထရီချန်းဟာ သူ့ ရဲ့ သူမတူတဲ့ စွမ်းရည်ကိုလွန်ခဲ့ သည့် ၇ နှစ်ခန့် က မတော်တစ်ဆ လက်ကိုဆီပူ
    တွေဖိတ်စဉ်မိခဲ့ စဉ်မည်သည့် ဒါဏ်ရာမှမရခဲ့ သည်မှစတင်ပြီးသိရှိခဲ့ တာဖြစ်ပါတယ်...
    သားသမီးနှစ်ယောက်တို့ ရဲ့ ဖခင်ဖြစ်သူဟာ ထိုစဉ်က ကိုယ်ပိုင်ကြက်ကြော်ဆိုင်မှာရှိနေခဲ့ တာဖြစ်ပြီး ရှဉ့် က
    လေးတစ်ကောင်က သစ်ပင်ပေါ်မှာ သရက်သီးစားနေတာကိုကြည့် နေခဲ့ တာဖြစ်ပါတယ်...
    Look, no blisters: Mr Trichan's wife and children say they never tire of watching him at work
    ကြက်သားတုံးသာကြော်လို့ ကျက်သွားမယ် လက်ကတော့ဘာမှမဖြစ်ဘူး...
    Look, no blisters: Mr Trichan's wife and children say they never tire of watching him at work
    ထိုစဉ်မှာပဲ သရက်သီးဟာ သူ့ နံဘေးရှိဆီပူအိုးကြီးထဲကိုပြုတ်ကျလာခဲ့ တာဖြစ်ပါတယ်...
    " ဆီပူတွေကအရပ်လေးမျက်နှာအကုန်စဉ်ကုန်ပြီး ကျွန်တော့် ရဲ့ ခေါင်း၊ လက်မောင်း၊ လက်တွေအားလုံးကို
    ဆီပူတွေထိကုန်ပါတယ်...အကြီးအကျယ်ဒါဏ်ရာရသင့် ခဲ့ တာပေါ့ ဗျာ....
    ကျွန်တော်ဟာကိုယ့် ကိုယ်ကိုမှန်ထဲမှာပြန်ကြည့် ယင်း ဆီပူလောင်အဖုတွေ၊ ဆီပူလောင်တဲ့ အကွက်တွေရှိ
    နေမလားဆိုပြီးပေါ့ ....ဘာတစ်ခုမှမရှိခဲ့ ပါဘူး...ဆီပူလောင်ယင်ဖြစ်တတ်တဲ့ အနီကွက်လေးတွေတောင်
    မရှိပါဘူး...ဘာဆိုဘာမှမဖြစ်ခဲ့ တာပါပဲ..." လို့ ၎င်းကပြောပြခဲ့ ပါတယ်...
    နောက်တစ်နေ့ မှာဈေးရောင်းပြန်ထွက်ခဲ့ လို့ ဆိုင်နီးနားချင်းတွေအားလုံး အံ့ သြကုန်ကြပါတယ်...
    " ဒီလောက်ကြီးမြန်မြန်ဈေးပြန်ထွက်နိုင်လိမ့် မယ်သူတို့ ကမထင်ဘူးလေ...လူတွေအားလုံးက ဒီလိုဆီပူတွေ
    မိုးရွာသလို ထိခံရတာတောင်ဘာမှမဖြစ်တဲ့ လူဆိုပြီး အထူးအဆန်းလာကြည့် ကြတော့ တာပါပဲ..." လို့ သူ
    ကပြောကြားခဲ့ပါတယ်...
    အဲဒီကစပြီး မစ္စတာထရီချန်း လည်း ဆီပူအိုးထဲကနေ ကြက်သားတုံးတွေကိုလက်နှင့် စမ်းပြီးနှိုက်ဆယ်ကြည့်
    တော့ တာပါပဲ...
    " ဒီလိုမျိုးဆီပူအိုးထဲလက်နှိုက်ပြီးဆယ်တာ တစ်ခါမှမတွေ့ ဘူးတော့ လူတွေဆိုတာ သဘောအကျကြီးကျနေ
    ကြတော့ တာပါပဲ....ယောင်းမကိုမသုံးပဲ အိုးထဲကနေလက်ချည်းသက်သက်နဲ့ နှိုက်တာကိုကြည့် ချင်တာ
    သက်သက်နဲ့ တင် တစ်နိုင်ငံလုံးကလူတွေ ကြက်ကြော်လာဝယ်ကြတာပါပဲ..." လို့ သူကဆိုပါတယ်...
    မစ္စတာထရီချန်း ဟာလွန်ခဲ့ တဲ့ ၇ နှစ်ကစပြီး နိုင်ငံတစ်ကာမှာထင်ပေါ်ကျော်ကြားခဲ့ ပြီး သူ့ ရဲ့ စွမ်းရည်ကိုပြ
    သဖို့ အတွက် အသက် ၄၅ နှစ်ရှိ ဇနီးဖြစ်သူ တွမ် နှင့် အတူ ကမ္ဘာအနှံ့ လှည့် လည်ခဲ့ ပါတယ်...
    သမီးဖြစ်သူ အသက် ၃၄ ရှိ ဆူပါလက်ခ် နှင့် သားဖြစ်သူ အသက် ၂၇ နှစ်ရှိ ဂျက်ဆဒါး တို့ လည်းဖခင်ဖြစ်သူ
    အတွက် ဂုဏ်ယူနေကြပါတယ်...
    " အံ့ သြစရာကောင်းလွန်းလို့ အဖေ့ ကိုကြည့် ရတာဘယ်တော့ မှမရိုးပါဘူး...ဒီလိုဖခင်မျိုးရလို့ လည်းအ
    လွန်ဂုဏ်ယူမိပါတယ်..." လို့ ဂျက်ဆာဒါး ကဆိုခဲ့ ပါတယ်...
    ဒီလိုလုပ်နိုင်လိမ့် မယ်လို့ ထင်တောင်မထင်ခဲ့ ပါဘူး...တစ်ကယ့် ကိုအဆန်းတစ်ကြယ်ပါပဲ...ကျွန်တော့် ဆိုင်
    ကတော့ လာကြည့် သူ အနယ်နယ်အရပ်ရပ်ကခရီးသည်တွေနှင့် ဖောက်သည်တွေတိုးတိုးလာလို့ ပိုပိုပြီးအ
    လုပ်များ၊ရောင်းကောင်းနေတော့ တာပါပဲဗျာ လို့ သူဆိုလိုက်ပါတယ်....
    သူ့ ရဲ့ နာမည်ကျော်ဆိုင်ကလေးကတော့ ဘန်ကောက်မြို့ မှ မြောက်ဘက် မိုင် ၄၇၀ အကွာရှိ ချင်းမိုင်မြို့ ရဲ့ 
    နည်းပညာကောလိပ်အပြင်ဖက်နားမှာတည်ရှိနေပါတယ်....
    " ဒီဒေသကိုရောက်ခဲ့ ယင်တော့ သံမဏိလက်နှင့် ကြက်ကြော်သမားရဲ့ ဆိုင်ကိုလာပြီး သူ့ အစွမ်းကိုကြည့် ရှု
    ဖို့ မမေ့ ပါနှင့် ...." လို့ သူကဆိုလိုက်ပါတယ်....
    Unscathed: Mr Trichan discovered his skill when a squirrel dropped a mango into a pan next to him, splashing boiling fat all over him
    ဒီကမ္ဘာမှာ ကျွန်တော်အကြော်ဆုံး...
    ရှဉ့် လက်ထဲကသရက်သီး သူ့ ဘေးကဆီပူအိုးထဲပြုတ်ကျပြီးကတည်းက ဇာတာစန်းလဂ်တက်ခဲ့ 
    တော့တာပါပဲ...အဲဒီကတည်းကမနားတမ်းကြော်နေခဲ့ ရတော့ တာပါပဲ...
    Unscathed: Mr Trichan discovered his skill when a squirrel dropped a mango into a pan next to him, splashing boiling fat all over him
    Tourist attraction: Over the past seven years Mr Trichan has become a celebrity with people flocking to his stall in Chiang Ma
    ကမ္ဘာလှည့်ခရီးသည်များဆွဲဆောင်ရာ...
    ချင်းမိုင်မြို့ ရဲ့ နာမည်ကျော်...အကြော်ဆရာ မစ္စတာထရီချန်း...
    Tourist attraction: Over the past seven years Mr Trichan has become a celebrity with people flocking to his stall in Chiang Mai
    ထူးပါပေ့ ၊ ဆန်းပါပေ့ ခွန်ထိုင်းရယ်...
    ချင်းမိုင်က ကိုသင်ကာ တို့ ၊ ဟန်သစ်ငြိမ် တို့ တော့ ဒီအကြော်ဆရာကို သိမယ်ထင်တယ်...
    ငါ့ မှာလည်းဒီလိုအစွမ်းအစတွေရှိနေမလားဆိုပြီးတော့ တော့မစမ်းကြည့် နဲ့ နော်...
    Dipping his hands into hot boiling fat, this chef takes his cooking to extremes.
    Kann 'Superhands' Trichan can bury his hands in boiling fat and sieve fried chicken with his own fingers.
    Amazingly the 50-year-old - a world record holder - walks away with no blisters at all.
    Mr Trichan, from Chiang Mai, in Thailand, said: 'When I put my hands into the oil it feels hot but it doesn't burn or blister my skin. I can fry rice, chicken, and many things with just my bare hands.'
    Mr Trichan discovered his unique talent seven years ago when he was accidentally splashed with hot oil but suffered no injury.
    The father of two was working on his fried chicken stall when he saw a squirrel balancing on a tree eating a mango.
    The mango fell and splashed into a huge wok of hot fat right next to him.
    He said: 'The fat flew everywhere, all over my head, arms, hands. It should have seriously hurt me.
    'I remember looking in the mirror, expecting to see blisters and red blotches, but there was nothing,' he added. 'The redness had disappeared. There was nothing.'
    To the astonishment of his fellow market stall holders, he went back to work the next day.
    'They couldn't believe I was back at work so soon,' he laughed. 'And then everyone wanted to see this man who had survived a hot oil shower.'
    Mr Trichan started experimenting and began picking out pieces of fried chicken from a pan of hot fat with his hands.
    He said: 'The people were loving it. They'd never seen anything like it before.
    'People were coming from all over just to buy my chicken and watch me spoon it out with my hands.'
    Over the past seven years Mr Trichan has become an international star and has traveled the world with his wife, Tuan, 45, showcasing his skills.
    His daughter, Supalak, 34 and son Jessada, 27, couldn't be prouder. 'We never get bored of watching him, it's amazing,' said Jessada. 'We're very proud to have a dad like him.'
    Mr Trichan holds the Guinness Book of World Record for picking 20 pieces of fried chicken out of 480c boiling fat in 1 minute.
    'I have no idea how I can do what I do,' he said. 'It's crazy, but my stall gets busier and busier every day with tourists and customers wanting to see me.'
    His popular little stall sits outside Chiang Mai technical college, 470 miles north of Bangkok.
    He said: 'Don't forget, when you're in the area come and see me and try my chicken - The Fried Chicken Iron Hands Man.'
    Tuesday, June 7, 2011
    Fwd: Good Notes
    *ကိုယ်တကယ်ချစ်တဲ့ လူနဲ့ဆုံတဲ့အခါ သူနဲ့တစ်သက်သာ လက်တွဲနိုင်ဖို့ ကြိုးစားပါ။
    သူမရှိတော့ရင် အရာအားလုံးက နှောင်းသွားလိမ့်မယ်။
    ကိုယ်ယုံကြည်ရတဲ့ သူငယ်ချင်းနဲ့ ဆုံတဲ့အခါ သင့်မြတ်အောင် နေထိုင်နိုင်ဖို့
    ကြိုးစားပါ။
    ဘ၀တစ်လျှောက်မှာ ကိုယ်နဲ့သဘောထားချင်း တိုက်ဆိုင်သူနဲ့ ဆုံဖို့ဆိုတာ
    မလွယ်လှဘူး။
    ကိုယ့်ဘ၀ကို ကူညီတဲ့လူနဲ့ ဆုံတဲ့အခါ သူ့ကျေးဇူးကို မှတ်ထားပါ။
    သူဟာ ကိုယ့်ဘ၀ကို လှည့်ပြောင်းပေးခဲ့သူ ဖြစ်လို့ပါပဲ။
    ကိုယ်ချစ်ခဲ့ဖူးတဲ့လူနဲ့ ဆုံတဲ့အခါ ပြုံးပြပြီး ကျေးဇူးတင်ကြောင်းပြောပါ။
    သူ့ကြောင့် အချစ်ကို ပိုနားလည်စေခဲ့လို့ပါပဲ။
    * *ကိုယ်မုန်းခဲ့ဖူးတဲ့လူနဲ့ ဆုံတဲ့အခါ ပြုံးပြပြီး နှုတ်ဆက်လိုက်ပါ။
    သူ့ကြောင့် ကိုယ်ပိုကြံ့ခိုင်ခဲ့လို့ပါပဲ။
    ကိုယ်နဲ့အတူနေနေတဲ့၊ ကိုယ့်ကို အဖော်ပြုနေသူကို လုံးဝကျေးဇူးတင်ပါ။
    သူ့ကြောင့် ပျော်ရွှင်ကြည်နှုးမှုနဲ့ ချစ်ခြင်းမေတ္တာတွေကို ကိုယ်ရနေလို့ပါပဲ။
    ကိုယ့်ကို သစ္စာဖောက်သွားသူနဲ့ ဆုံတဲ့အခါ ခေါ်ပြောနှုတ်ဆက်ပါ။
    သူ့ကြောင့် လောကကြီးအကြောင်းကို ကိုယ်နားလည်ခဲ့လို့ပါပဲ။
    ကိုယ်တိတ်တခိုးချစ်ခဲ့ဖူးသူနဲ့ ဆုံတဲ့အခါ သူပျော်ရွှင်ဖို့ တောင်းဆုပြုပါ။
    သူ့ကို ကိုယ်ချစ်ခဲ့စဉ်က သူပျော်နေတာကိုပဲ ကိုယ်မြင်ချင်ခဲ့လို့ပါ။
    ကိုယ့်ကို ထားခဲ့တဲ့လူနဲ့ ဆုံတဲ့အခါ ကျေးဇူးတင်ကြောင်းပြောပါ။
    ကိုယ့်ဘ၀မှာ အမှတ်တရ အတိတ်ခြေရာလေးတွေ ထင်ကျန်အောင် သူ နင်းလျှောက်ခဲ့လို့ပါပဲ။
    အလွန်ရုပ်ဆိုးသူနဲ့တွေ့ရင်နှုတ်*ဆက်လိုက်ပါ။
    ကိုယ့်ကြောင့်အားရှိလာပြီးသူပျော်ရွှင်လာရင်ကိုဟာလူတွေအတွက်အသုံးဝင်နေလိုပါ။
    တစ်ခါပဲဖြစ်ခွင့်ရတဲ့ ဘ၀မှာ လုပ်ခွင့်ရတဲ့ အခွင့်အရေးဟာလဲ တစ်ခါပဲရှိတယ်။
    ၁) တစ်ပါးသူဟာ ဘယ်လောက်ပဲဆိုးနေပါစေ၊ ကိုယ့်ကိုယ်
    နာကျင်အောင်လုပ်ခဲ့ပါစေသူ့ကို ခွင့်လွတ်တတ်ရမယ်။ လက်လွတ်တတ်ရမယ်။ ဒါမှ
    တကယ့်ပျော်ရွှင်မှုကိုကိုယ်ကရနို
    င်မှာဖြစ်တယ်။
    ၂) ပျော်ရွှင်ချိန်မှာ ဒီပျော်ရွှင်မှုဟာ ထာဝရမဟုတ်ဘူးဆိုတာ
    နားလည်ထားရသလိုစိတ်ပျက် အားငယ်ချိန်မှာလည်း ဒီအားငယ်မှုတွေဟာ
    အမြဲတမ်းမဟုတ်ဘူးလို့နားလည်ရမယ်။
    ၃) ဒီနေ့ရဲ့ တစ်ဇွတ်ထိုးက မနက်ဖြန်အတွက် နောင်တကို ဖြစ်စေတယ်။
    ၄) စကားတစ်ခွန်းတည်းနဲ့
    လူတစ်ယောက်ရဲ့ဘဝကိုပျက်စီးစေနိုင်တယ်။စကားအခွန်းတစ်ထောင်သုံးမှ
    လူတစ်ယောက်ကို ပြုစုပျိုးထောင်နိုင်တယ်။ ဒါကြောင့် သင့်ပါးစပ်ဖျားမှာ
    ကိုယ်ချင်းစာတရားကို ချိတ်ဆွဲထားပါ။
    ၅) ကိုယ့်ရဲ့ အသိဥာဏ်ပညာကြားမှာ စိတ်ကြီးဝင်တဲ့
    ပေါင်းမြက်တွေစိုက်ပျိုးမထားပါနဲ့။ ကိုယ့်ရဲ့ မဝင့်ဝါတဲ့စိတ်ကြောင့်
    အသိဥာဏ်တွေ
    မယုတ်လျော့သွားစေနဲ့။
    ၆) သူ့ကို မနာလိုဖြစ်တိုင်း ကိုယ့်အတွက် ဘာကောင်းကျိုးမှ
    မဖြစ်စေဘူး။သူ့ကို မနာလိုဖြစ်တိုင်း သူ့အောင်မြင်မှုတွေ လျှော့သွားမှာ
    မဟုတ်ဘူး။
    ၇) အခွင့်အရေးကို ဖန်တီးသူဟာ ထက်မြက်သူ/ အခွင့်အရေးကို စောင့်မျှော်သူဟာ
    တုံးအသူ
    ၈) သူတစ်ပါးရဲ့ အထင်အမြင်ကို အရင်နားထောင်ပါ။ကိုယ့်အယူအဆကို ထုတ်ပြောဖို့
    မလောပါနဲ့။
    ၉) ပုလင်းချင်းအတူတူ ဘာကြောင့် ကိုယ့်ပုလင်းထဲ အဆိပ်တွေထည့်ရမှာလဲ?
    ခံစားတတ်တဲ့ စိတ်ချင်းအတူတူ ဘာကြောင့် ကိုယ့်စိတ်ထဲ
    မပျော်ရွှင်တာတွေထည့်ရမှာလဲ?
    ၁ဝ) ကိုယ့်ကိုယ်ကို ရိုးသားမှုရှိလာတဲ့အခါ လောကမှာ
    ဘယ်သူ့မှကိုယ့်ကိုလိမ်ညာလို့ မရနိုင်တော့ဘူး။
    ၁၁) သူတစ်ပါးကို ထိခိုက်နာကျင်မှုမျိုးနဲ့ ကိုယ့်အပြစ်၊ကိုယ့်ဆိုးကျိုးကို
    ဖုံးကွယ်တတ်တဲ့လူလောက် ရှက်ဖို့ကောင်းတာ မရှိဘူး။
    ၁၂) လောကမှာ ဘယ်တော့မှ သွားပုပ်လေလွှင့် အပြောမခံရတဲ့လူ မရှိသလို
    အမြဲတမ်းအချီးကျူးခံနေရသူလည်း မရှိဘူး။ ကိုယ်စကားများရင် အပြစ်ပြောမယ်၊
    ကိုယ်စကားနည်းရင်လည်း အပြစ်ပြောမယ်၊ ကိုယ်စကားလုံးဝ မပြောဘဲ
    ဆိတ်ဆိတ်နေရင်လည်း အပြစ်ပြောမယ်။ ဒါကြောင့် ဒီလောကမှာမပြောမခံရတဲ့လူဆိုတာ
    မရှိဘူး။
    ၁၃) ဆိတ်ဆိတ်နေခြင်းဟာ မဟုတ်မမှန် သွားပုပ်လေလွှင့် သတင်းတွေအတွက်
    အကောင်းဆုံး အဖြေဖြစ်တယ်။
    ၁၄) လူတွေက ကိုယ့်ကိုကြောက်တယ် ဒါ ဂုဏ်ယူစရာမဟုတ်ဘူး။လူတွေက
    ကိုယ့်ကိုနှိမ်တယ် ဒါ ရှက်စရာမဟုတ်ဘူး။
    ၁၅) တစ်ခြားသူက ကိုယ့်ကို စိတ်အနှောင့်အယှက်ဖြစ်စေတာ မဟုတ်ဘူး။
    ကိုယ့်ကတစ်ခြားသူရဲ့ စကားကိုယူပြီး ကိုယ့်ကိုယ်ကို
    စိတ်အနှောင့်အယှက်ပေးနေတာ။
    Best Regardလောကမှာ မိတ်ဆွေသုံးမျိုးရှိတယ်
    ၁-ကိုယ့်ကိုချစ်တဲ့မိတ်ဆွေ
    ၂-ကိုယ့်ကိုမုန်းတဲ့မိတ်ဆွေ
    ၃-ကိုယ့်ကိုဥပေက္ခာပြုထားတဲ့မိတ် ဆွေ တဲ့........
    ****************************************
    ကိုယ့်ကိုချစ်တဲ့မိတ်ဆွေမျိုးနဲ့ ကြုံတွေ့ရတဲ့အခါမှာ
    စိတ်နှလုံးချမ်းမြေ့ကြည်နူးခဲ့ရတယ်
    ****************************************
    ကိုယ့်ကို မုန်းတဲ့မိတ်ဆွေမျိုးနဲ့ ကြုံတွေ့ ရတဲ့အခါမှာလည်း ကိုယ့်အားနည်းချက်
    ကိုယ့်ချွတ်ယွင်းချက်ကို အမြဲကြည့်နေတတ်တာဆိုတော့
    ကိုယ်ကအမြဲသတိထားနေရင်းနဲ့ သတိရှိတဲ့သူ သတိမြဲတဲ့သူ ဖြစ်လာခဲ့တယ်
    ****************************************
    ကိုယ်ဘာပဲဖြစ်ဖြစ် ဆင်းရဲရဲ ချမ်းသာသာ ဘာမှခံစားမှုမဖြစ်ဘဲ ကိုယ့်ကို
    ဥပေက္ခာပြုထားသူများနဲ့ ကြုံတွေ့ရတဲ့အခါမှာ ကိုယ့်ကိုကိုယ်
    အားကိုးတတ်သူဖြစ်လာခဲ့တယ်
    ****************************************
    ဘာပဲဖြစ်ဖြစ် အဲ့ဒီမိတ်ဆွေအမျိုးအစားအားလုံးကို ကျေးဇူးတင်ပါတယ်
    -၁) သံပရာပင်
    သစ်ပင်တစ်ပင်ရှေ့ ကိုယ်အမြဲဖြတ်တယ်။ အဲဒီသစ်ပင်မှာ တစ်ခြားသစ်ပင်လိုပဲ
    စိမ်းစိုတဲ့ သစ်ရွက်တွေရှိတယ်။ ပန်းပွင့်တွေရှိတယ်။ အဲဒီသစ်ပင်က ကိုယ့်အတွက်
    ဘာမှမထူးခြားလို့ သတိမထားခဲ့မိဘူး။ ဒါပေမယ့် တစ်ရက်မှာ အဲဒီသစ်ပင်ရှေ့
    ကိုယ်ရုတ်တရက် ရပ်လိုက်မိတယ်။ မရည်ရွယ်ဘဲ အပင်ပေါ်က အရွက်တစ်ရွက်ကို ဆိတ်ပြီး
    ချေမွကြည့်တယ်။ တခဏအတွင်း သင်းပျံ့တဲ့ ရနံ့တစ်ခု လေထဲ လွင့်ဝဲလာခဲ့တယ်။
    မွှေးကြိုင်တဲ့ရနံ့ကို ကိုယ်ရှုရှိုက်မိပြီး ဒီသစ်ပင်ဟာ သံပရာ(ရှောက်)ပင် ဆိုတာ
    ကိုယ်သိလိုက်တယ်။ ကိုယ့်ပတ်ဝန်းကျင်လေထုမှာ သံပရာရနံ့က
    သင်းပျံ့မွှေးကြိုင်နေခဲ့တယ်။ နောင်နောက် သစ်ပင်ရှေ့ ကိုယ်ဖြတ်တိုင်း
    အဲဒီသစ်ပင်က အရင်ကလို ကိုယ့်အတွက် အဓိပ္ပါယ်မဲ့ မနေခဲ့တော့ဘူး။
    သံပရာပင်ကို ချည်းကပ်သလိုမျိုး အရင်က ကိုယ်တကယ် မသိ၊ နားမလည်ခဲ့တဲ့
    သူငယ်ချင်းတွေကို ချည်းကပ်ပါ။ သူတို့ဆီကနေ မွှေးကြိုင်တဲ့ရနံ့တွေ
    ထွက်လာနိုင်ပြီး ကိုယ်တို့ကြားမှာ လွင့်ဝဲနိုင်ပါလိမ့်မယ်။
    (၂) ကော်ဖီ
    မနက်အိပ်ရာထတိုင်း ကော်ဖီခါးခါးတစ်ခွက်က ကိုယ့်အတွက် မရှိမဖြစ်ပါ။ ကော်ဖီတွေ
    လည်ချောင်းတစ်လျှောက် စီးဆင်းသွားမှ ကိုယ့်ဦးနှောက်တွေ ကြည်လင်လာတယ်။
    ကော်ဖီသောက်သလိုပဲ.....
    ခါးသီးတဲ့ အတွေ့အကြုံ၊ အခက်အခဲတွေနဲ့ ကြုံခဲ့ဖူးမှ ကိုယ့်အတွေးတွေ
    ကြည်လင်လာနိုင်တယ်။ အမှားအမှန် ခွဲခြားလာနိုင်တယ်။ စိတ်ထိခိုက်
    နာကျင်ခံစားဖူးမှ ကြံ့ခိုင်မှုကို သင်ယူနိုင်တယ်။ ဒါကြောင့်
    ထိခိုက်နာကျင်ခဲ့သမျှကို အထက်တန်း ကော်ဖီမှုန့်လို့ သတ်မှတ်ပြီး
    စဉ်းစားဆင်ခြေဥာဏ်ဆိုတဲ့ ရေပူပူထဲ ထည့်ဖျော်လိုက်ပါ။ အဲဒီကော်ဖီခါးနဲ့
    ကိုယ့်ဦးနှောက်၊ ကိုယ့်အတွေးအိမ်ကို ကြည်လင်ပါစေ။
    (၃) ရေမွှေး
    ကိုယ်ဟာ ရေမွှေးတစ်ပုလင်း ဆိုပါစို့။ ဘယ်လိုရေမွှေးနံ့မျိုး ဖြစ်ချင်သလဲ?
    ခပ်သင်းသင်းရနံ?
    လတ်ဆတ်ကြည်လင်တဲ့ ရနံ့?
    စွဲမက်ငြိတွယ်တဲ့ရနံ့?
    ဒါမှမဟုတ် စူးရှတဲ့ရနံ့?
    ဘယ်လိုရနံ့မျိုးကို ကိုယ်ကြိုက်သလဲ? ကိုယ်ကိုယ်တိုင် ဖော်စပ်သူ လုပ်နိုင်ပါတယ်။
    သိမ်မွေ့နူးညံ့တဲ့ ရနံ့ထဲ ရွတ်နောက်နောက် ရနံ့ရောထည့်မလား?
    ပေါ့ပေါ့ပါးပါးရနံ့ကို နေ့လယ်သုံးပြီး လျှို့ဝှက်တဲ့ရနံ့ကို ညမှာသုံးမလား?
    လူ့ဘဝကလည်း ရေမွှေးပုလင်းလိုပဲ..
    ရေမွှေးရဲ့ ထူးခြားချက်က ဖော်စပ်သူရဲ့ လက်ထဲမှာရှိသလို ကိုယ့်ရဲ့ အကျင့်စရိုက်က
    ကိုယ့်လက်ထဲမှာပဲ ရှိတယ်။ ဒါကြောင့် ကိုယ့်ရဲ့စိတ်သဘောထားတွေကို လူတွေအပေါ်
    လတ်ဆတ်ကြည်လင်၊ စွဲမက်အောင် ကောင်းကောင်းဖော်စပ် (ပြုပြင်)သင့်တယ်။
    လူတွေနှစ်သက်တဲ့ ရေမွှေးတစ်ပုလင်းဖြစ်အောင် နေထိုင်သင့်တယ်။
    (၄) ခေါင်းလျှော်
    သည်းသည်းမည်းမည်း ရွာတဲ့ဒီမိုးကြောင့် အချိန်အတော် လင့်ခဲ့ရတယ်။
    အဝတ်အစားတွေလည်း မခြောက်သေးဘူး။ စိတ်လည်း စိုထိုင်းလို့....
    လာ.... စိတ်လန်းဆန်းတဲ့ နည်းတစ်ခု ပြောပြမယ်....
    ရေနွေးတစ်ဇလုံထည့်ပြီး ခေါင်းလျှော်ပါ။ ခေါင်းထဲက စိတ်မချမ်းမြေ့စရာတွေကို
    အဖြူရောင် အမြုပ်ဖြစ်အောင် လျှော်ဖွပ်လိုက်ပါ။ ပြီးတော့ ရေနွေးနဲ့
    ဆေးချလိုက်ပါ။ စိတ်ကို ကပ်ကပ်စီးစီးဖြစ်စေတဲ့ အရာတွေ ရေတွေကတစ်ဆင့်၊ ရေမြောင်း၊
    ရေချောင်းထဲ စီးဆင်းသွားပါစေ... အဲဒီနောက် ပြတင်းပေါက်ဘေးမှာ ထိုင်ပြီး
    သန့်သန့်ရှင်းရှင်း ဖြစ်သွားပြီဖြစ်တဲ့ ခေါင်းကို ဖြီးလိုက်ပါ။
    ခေါင်းသားကနေတစ်ဆင့် ဦးနှောက်ထဲက အတွေးတွေပါ သန့်ရှင်းကြည်လင်သွားပြီ
    ဖြစ်ကြောင့် သင်ခံစားမိလိမ့်မယ်။
    (၅) ရေနွေးကြမ်း
    အဲဒီရေနွေးကြမ်းတစ်ခွက်က မသောက်ဘဲ ကြာကြာထားလို့ အေးသွားခဲ့ပြီ။ အေးစက်တဲ့
    ရေနွေးကြမ်းမှာ မွှေးကြိုင်တဲ့ လက်ဖက်ခြောက်နံ့ မရှိတော့ဘူး။ ရေနွေးအိုး
    သံချေးနံ့ပဲ ရတော့တယ်။ အဲဒီလို အေးစက်တဲ့ ရေနွေးကြမ်းတစ်ခွက်ကို
    ကိုယ်သောက်ချင်တော့မှာ မဟုတ်ဘူး။
    အဲဒီလိုပဲ အသည်းနှလုံးတစ်ခု ကြာကြာလျှစ်လျှူရှူခံရရင် တဖြေးဖြေး
    အေးစက်သွားတတ်တယ်။ အေးစက်တဲ့ နှလုံးသားတစ်ခု ပြန်နွေးထွေးဖို့က ခက်တယ်။
    ပြန်နွေးထွေးခဲ့သည်ထားဦး အရင်ကလိုကြင်နာတဲ့ နှလုံးသားတစ်ခု မဟုတ်တော့ဘူး။
    အေးစက်သွားတဲ့ အခြေအနေ၊ ဆက်ဆံမှုတစ်ခု နဂိုအတိုင်း ပြန်ဖြစ်ဖို့
    လုပ်လို့ရနိုင်မလား?
    ပြန်ဖြစ်ချင်ရင် အသစ်ကနေပဲ ပြန်စလို့ ရနိုင်တော့မယ်။ စိတ်သဘောထားအသစ်၊
    အကျင့်စရိုက်အသစ်နဲ့ နှစ်ဦးကြားက ဆက်ဆံမှုအသစ်တစ်ခုကို စတင်ရလိမ့်မယ်။ ဒါပေမယ့်
    သူ့နှလုံးသားကို ကိုင်လှုပ်နိုင်၊ မလှုပ်နိုင် မသေချာလှဘူး။
    အေးစက်တဲ့ ရေနွေးကြမ်းတစ်အိုးလုံးကို သွန်ပြီး .. .. အသစ်ထပ်လဲလိုက်သလိုပေါ့။
    (၆) မေ့လျော့
    တစ်ခါတလေ မေ့လျော့တာက ကိုယ်ကို ပျော်ရွှင်ခြင်းတွေ သယ်ဆောင်လာပေးတယ်။
    ဘယ်အချိန်မှာ သယ်ဆောင်ပေးနိုင်သလဲ?
    တစ်ယောက်ယောက်က ကိုယ့်ကို ထိခိုက်နာကျင်အောင် လုပ်တဲ့အချိန်..
    အဲဒီနာကျင်ခြင်းတွေကို မေ့ထားလိုက်ပါ။ ကိုယ့်ကို ထိခိုက်နာကျင်အောင် လုပ်သူက
    ကိုယ့်ကို မလိုမုန်းထားလို့ဖြစ်တယ်။ အဲဒီထိခိုက်တာကို စိတ်ထဲထားပြီး
    တမြေ့မြေ့ခံစားနေတာက ကိုယ့်ကိုကိုယ် နှိပ်စက်နေတာဖြစ်တယ်။ သူက
    ကိုယ့်ကိုထိခိုက်နာကျင်အောင် လုပ်ခဲ့ပြီပဲ ဘာဖြစ်လို့ အဲဒီနာကျင်တာကို
    စိတ်ထဲထားပြီး သူကိုယ့်အပေါ် ပြုမှုခဲ့တာကို တသသနဲ့ ခံစားနေဦးမလဲ!
    ဒါကြောင့် မှတ်ဥာဏ်မကောင်းသူက တစ်ခြားလူထက် ပိုပျော်ရွှင်ကြသလို
    လူများတွန်းတိုင်းလဲသူ မဟုတ်ခဲ့ဘူး။
    (၇) ကြည့်မှန်
    ကြည့်မှန်က ကိုယ်နဲ့ မိတ်ဆွေသူငယ်ချင်းလား? ရန်သူလား?
    မှန်ကိုကြည့်တဲ့အချိန် ကိုယ့်ကို ချစ်စရာကောင်းတယ်လို့ ထင်လား?
    ရွံ့မုန်းစရာကောင်းတယ်လို့ ထင်လား? မှန်တစ်ချပ်ကို ယူပြီး သေချာကြည့်ပါ။
    ပြီးတော့ ကိုယ့်ရဲ့အလှဆုံးအပြုံးကို ပြုံးပြီး မှန်ထဲကအရိပ်ကို "နင်အရမ်းလှတယ်၊
    နင်ယုံကြည်မှုရှိတယ်။ စိတ်မပူပါနဲ့... အရာအားလုံးကို ဒီနေ့မှာ အဆင်ပြေပြေ
    ကျော်ဖြတ်မယ်" လို့ ပြောပါ။
    တကယ်ပဲ.. ကိုယ့်ကိုယ်ကို နှစ်သက်ရင် ဘယ်အရာမှ ခက်ခဲတယ်ဆိုတာ မရှိပါဘူး။
    အဖော်ဆိုတာ ဘယ်လိုဟာမျိုးကို ခေါ်မလဲ…
    ကိုယ့်စိတ်ထဲမှာ ဘာတွေ ခံစားနေရတယ်ဆိုတာကို သိတဲ့သူ…
    ကိုယ့်ကို ကိုယ်ချင်းစာနိုင်တဲ့သူ…
    ကိုယ့်ကို နားလည်တဲ့သူ…
    (နားလည်တယ် ဆိုရာမှာလည်း ကိုယ့်ရဲ့ အကောင်းရော ၊ အဆိုးရော ၊
    အားနည်းချက်တွေ အကုန်လုံးကို နားလည်တာကို ဆိုလိုတယ်။) ကိုယ့်ကို
    အလကားနေရင်း အပြစ်မတင်တဲ့သူ ၊ အပြစ်မရှာတဲ့သူ ၊ မဝေဖန် မရှုံချတဲ့သူ ၊
    အပြစ်မရှာတဲ့သူကို ကိုယ့်အဖော်လို့ ခေါ်တယ် ။
    နားလည်တယ်ဆိုတဲ့ ကိစ္စဟာ ရာခိုင်နှုန်းပြည့် ဘယ်တော့မှ မဖြစ်နိုင်ဘူး ။
    သို့သော် နားလည်ချင်စိတ်ရှိတယ် ၊ နားလည်ဖို့ကြိုးစားတယ်ဆိုရင်ကိုပဲ
    တော်လှပါပြီ ၊ အဲဒီလောက် ရှိရင်ကိုပဲ ဒီလူနှစ်ယောက်က အဖော်ဖြစ်လို့ရပြီ ။
    စိတ်ချင်းအဖော်လုပ်ဖို့က တကယ် သတ္တိရှိမှ ရတယ် ။ ဟန်ဆောင်မှု မရှိမှ ရမယ် ။
    အရိုးသားဆုံးဆက်ဆံရမယ် ။ ပြိုင်ဆိုင်မှု လုံးဝ မရှိရဘူး ။ အဲဒီလို
    မိတ်ဆွေတွေဟာ တွေ့ကြတဲ့အခါ ပစ္စည်းအကြောင်း မပြောဘူး ၊ ပိုင်ဆိုင်မှုတွေ
    အကြောင်း မပြောဘူး ။ ဘ၀အတွေ့အကြုံတွေ အပေါ်မှာ အခြေခံပြီး တိုးတက်လာတဲ့
    ကိုယ့်ရဲ့ အသိဉာဏ် , စိတ်ထား , အတွေးအခေါ်တွေကို ဆွေးနွေးမယ် ။
    တစ်ယောက်ကို တစ်ယောက်အနိုင်မယူရဘူး ။ အထင်သေးတာ အထင်ကြီးတာ မရှိရဘူး ။
    တစ်ယောက်ကို တစ်ယောက် နားလည်နိုင်ရမယ် ။ တစ်ယောက်ရဲ့ လွတ်လပ်မှုကို
    တစ်ယောက် အတားအဆီး မဖြစ်စေရဘူး ။ သူ့ကြောင့် ငါ မလွတ်လပ်တာ ၊ ငါ့ကြောင့်
    သူ မလွတ်လပ်တာ မဖြစ်စေရဘူး ။ နှစ်ယောက်စလုံး လွတ်လပ်မှုဘက်ကို သွားနေရမယ်
    ။ ဒါမှ " Soul Mate " ဖြစ်မယ် ။
    --
ိdevil
    Sunday, June 5, 2011
    Fwd: Work ethics!
    အခုခေတ်ဝန်ထမ်းတွေ
    ဘလော်ဂါ ဒီကိုလာ ရဲ့ စာမျက်နှာကနေ ကာတွန်း ၁၅ ပုံ ကော်ပီကူးလာပါတယ်။
    ထိုင်ဝမ်ဘလော်ဂါ ကာတွန်းဆရာ Mark Lee ရဲ့ လက်ရာတွေကို ဘာသာပြန်ထားတာပါ တဲ့။
    အခုခေတ်ဝန်ထမ်းတွေရဲ့ လက္ခဏာ လို့ အမည်ပေးထားတဲ့ ဒီကာတွန်းတွေကို တကယ်ပဲ ခေတ်ကို ထင်ဟပ်ပါတယ်။
    နေ့စဉ်ရုံးဆင်းရုံးတက်လုပ်ရတဲ့၊ ကွန်ပျူတာ သုံးကြတဲ့ ၀န်ထမ်းတွေရဲ့ ပုံရိပ်တွေကို ကာတွန်းနဲ့ တင်ဆက်ထားတာပါ။
    ကာတွန်းနဲ့ ရေထိုးလိုက်အုံးမယ်။ :p
     I think you will LOVE this............. 
    cid:1.3291089861@web86311.mail.ird.yahoo.com
    New Message Pads
    cid:4.3291089862@web86311.mail.ird.yahoo.com
    cid:5.3291089862@web86311.mail.ird.yahoo.com
    cid:7.3291089862@web86311.mail.ird.yahoo.com
    cid:8.3291089862@web86311.mail.ird.yahoo.com
    cid:10.3291089862@web86311.mail.ird.yahoo.com
    cid:11.3291089862@web86311.mail.ird.yahoo.com
    cid:12.3291089862@web86311.mail.ird.yahoo.com
    -