Friday, July 29, 2011

Fwd: မင်းကွန်းဆရာတော်ကြီး၏ ပရိတ်ကြီး(၁၁)သုတ် နှင့် မေတ္တာပို့အမျှဝေ​ကို ဓမ္မဒါနပြုပါ​သည်။ သာသနာတော်ထွ​န်းကားပြန့်​ပွားရေးအတွ​က် တစ်ဒေါင့်တ​စ်နေရာမှ ဓမ္မဒါန ပြုလိုက်ပါ​တယ်။ မိတ်ဆွေတွေ​ကို ထပ်ပြီးမျှေ​၀ပါ။




Hi All,

မင်းကွန်းဆရာတော်ကြီး၏ ပရိတ်ကြီး(၁၁)သုတ် နှင့် မေတ္တာပို့အမျှဝေ​ကို ဓမ္မဒါနပြုပါ​သည်။ သာသနာတော်ထွ​န်းကားပြန့်​ပွားရေးအတွ​က်
တစ်ဒေါင့်တ​စ်နေရာမှ ဓမ္မဒါန ပြုလိုက်ပါ​တယ်။ မိတ်ဆွေတွေ​ကို ထပ်ပြီးမျှေ​၀ပါ။


D/L ချင်သူများအတွက်:


မင်းကွန်းဆရာတော်ကြီး၏ ပရိတ်ကြီး(၁၁)သုတ် နှင့် မေတ္တာပို့အမျှဝေ


Cheers@John
Sir Regional IT Technical Support Analyst (CCIE)




Wednesday, July 27, 2011

FWD : ဘ၀တစ်ခု လှပစေဖို့

လောကမှာ လူရယ်လို့ဖြစ်လာခဲ့ရင် အသက်ရှင်သမျှကာလပတ်လုံး လောကကြီးထဲကို ကျင်လည်ရတော့မှာပါ။ ဒီလို ကျင်လည်ဖြတ်သန်းတဲ့နေရာမှာ ငြိမ်းချမ်းသာယာစွာ အဆင်ပြေစွာ ပျော်ရွှင်ကြည်နှုးစွာနဲ့ ဖြတ်သန်းလျှောက်လှမ်းကြဖို့ကိုတော့ လူတိုင်းလိုလားကြပါတယ်။ ဒီလို လူသားတိုင်း လိုလားတဲ့ အရာတွေကို ရရှိဖို့က လူမှု့ဆက်ဆံရေး၊ ဘ၀နေထိုင်ရေးနည်းလမ်း၊ ထားရှိရမည့် စိတ်နေစိတ်ထား၊ သဘောထားတွေ၊ လိုက်နာရမည့်အရာတွေ၊ ရှောင်ကြဉ်ရမည့်အရာတွေ စတဲ့ နည်းလမ်းတွေကို သိရှိလိုက်နာပြီး ကောင်းကျိုးမင်္ဂလာတွေ ရရှိစေဖို့ ဗုဒ္ဓမြတ်စွာက ဟောကြားဆုံးမထားခဲ့ပါတယ်။ မိမိတို့ အနေနဲ့ လက်ခံထားရမှာက မိမိကိုယ်တိုင်ပဲ ကိုလိုချင်တာ ကိုယ်တိုင်လုပ်ရမယ်ဆိုတာပါ၊ ဗုဒ္ဓမြတ်စွာက နည်းမှန်လမ်းမှန်ကိုသာ ညွှန်ပြပေးနိုင်ပါတယ်။ ဒီတော့ ဗုဒ္ဓရဲ့ ဟောကြားထားတဲ့ တရားတော်များကို လိုက်နာကျင့်ကြံခြင်းဖြင့် ဗုဒ္ဓမြတ်စွာကိုလည်း ကိုးကွယ်ရာရောက်ရှိနိုင်မည် ဖြစ်သလို မိမိအတွက်လည်း ကောင်းကျိုးတရားတွေရရှိ တိုးပွားစေဖို့အတွက် ဒီမင်္ဂလာတရားတော်လေးတွေကို လိုက်နာကျင့်ကြံကြည့်ရအောင်လား စာချစ်သူ........။ "၃၈ ဖြာ မင်္ဂလာကဗျာများ" ၁။ ပေါင်းသင်းဆက်ဆံရေး မင်္ဂလာတရား ၃-ပါး
၁။ အသေ၀နာစ ဗာလာနံ=လူဆိုးလူမိုက်ကို မမှီဝဲမပေါင်းသင်းရခြင်း
၂။ ပဏ္ဍိတာနဉ္စ သေ၀နာ =ပညာရှိလူလိမ္မာကို မှီဝဲပေါင်းသင်းရခြင်း
၃။ ပူဇာစ ပူဇနေယျာနံ =ပူဇော်ထိုက်သော သူတို့ကိုပူဇော်ရခြင်း
ဧတံမင်္ဂလမုတ္တမံ =ဤသုံးပါးသည် မြတ်သောမင်္ဂလာမည်၏။
၂။နေရေးထိုင်ရေးမင်္ဂလာတရား ၃-ပါး
၎။ ပတိရူပ ဒေသ၀ါသော စ=သင့်လျော်သောအရပ်၌နေရခြင်း
၅။ ပုဗ္ဗေစ တကပုညဘာ =ရှေး၌ပြုဖူးသော ကောင်းမှုအထူးရှိခြင်း
၆။ အတ္တသမ္မာပဏိဓိ စ =မိမိ၏ကိုယ်စိတ်နှစ်ပါးကို စောင်ထိန်းခြင်း
ဧတံမင်္ဂလမုတ္တမံ =ဤသုံးပါးသည် မြတ်သောမင်္ဂလာမည်၏။
၃။ သင်ကြားရေးမင်္ဂလာတရား ၄-ပါး
၇။ ဗာဟုသစ္စဉ္စ =လောကီလောကုတ် အကြားအမြင်များခြင်း
၈။ သိပ္ပဉ္စ =စက်မှုလက်မှုအတတ်တို့ကို တတ်ရခြင်း
၉။ဝိနယောစသူသိက္ခိတော=လူနှင့်ဆိုင်ရာကျင့်ဝတ်များကိုကောင်းစွာ သင်ကြား နားလည်ခြင်း
၁၀။ သုဘာသိတာစ ယာဝါစ=အပြောအဆိုချိုသာယဉ်ကျေးခြင်း
ဧတံမင်္ဂလမုတ္တမံ =ဤလေးပါးသည် မြတ်သောမင်္ဂလာမည်၏။
၎။ ပြုစုရေးမင်္ဂလာတရား ၃-ပါး
၁၁။ မာတာပီတု ဥပဋ္ဌာနံ =မိဘ ၂ပါးကို လုပ်ကျွေးပြုစုခြင်း
၁၂။ ပုတ္တဒါရဿ သင်္ဂဟော =သားမယားတို့ကို တရားနှင့်အညီလုပ်ကျွေးခြင်း
၁၃။ အနာကုလာစ ကမ္မန္တာ =အနှောက်အရှက်ကင်းသော အလုပ်ကို လုပ်ကိုင်ခြင်း
ဧတံမင်္ဂလမုတ္တမံ =ဤသုံးပါးသည် မြတ်သောမင်္ဂလာမည်၏။
၅။ လိုက်နာကျင့်သုံးရေးမင်္ဂလာတရား ၄-ပါး
၁၄။ ဒါနဉ္စ =စွန့်ကြဲပေးကမ်းလှူဒါန်းခြင်း
၁၅။ ဓမ္မစရိယာ =သုစရိုက်တရားကိုကျင့်ခြင်း
၁၆။ ဥာတကာနဉ္စသင်္ဂဟော =ဆွေမျိုးတို့အား ထောက်ပံ့ကူညီခြင်း
၁၇။ အန၀ဇ္ဇာနိ ကမ္မာနိ =အပြစ်ကင်းသော အမှုတို့ကိုပြုရခြင်း
တေံမင်္ဂလမုတ္တမံ =ဤသုံးပါသည် မြတ်သောမင်္ဂလာမည်၏။
၆။ ရှောင်ကြဉ်ရေးမင်္ဂလာတရား ၄-ပါး
၁၈။ အာရတီ =မကောင်းမှုမဖြစ်အောင် စိတ်ဖြင့်ရှောင်ခြင်း
၁၉။ ၀ိရတီပါပါ =မကောင်းမှုမဖြစ်အောင် ကိုယ်နှုတ်ဖြင့် ရှောင်ခြင်း
၂၀။ မဇ္ဇပါနာစ သံယမော =မှုးယစ်သေစာ မသောက်စားခြင်း
၂၁။ အပ၌မာဒေါစ ဓမ္မေသု =ကုသိုလ်တရားတို့၌ မမေ့မလျော့ခြင်း
ဧတံမင်္ဂလမုတ္တမံ =ဤလေးပါးသည် မြတ်သောမင်္ဂလာမည်၏။
ရ။ စိတ်ထားရေးမင်္ဂလာတရား ၅-ပါး
၂၂။ ဂါရဝေါစ = ရိုသေထိုက်သောသူတို့ကို ရိုသေရခြင်း
၂၃။ နိဝါတောစ =မိမိကိုယ်ကို နှိမ်ချရခြင်း
၂၄။ သန္တုဋ္ဌိစ =ရောင့်ရဲလွယ်ခြင်း(လောဘအပိုအလိုမလိုက်ခြင်း)
၂၅။ ကတညုတာ =သူတစ်ပါးကျေးဇူးကိုသိခြင်း
၂၆။ ကာလေနဓမ္မဿဝနံ =သင့်လျော်သောအခါ တရားနာခြင်း
ဧတံမင်္ဂလမုတ္တမံ =ဤငါးပါးသည် မြတ်သောမင်္ဂလာမည်၏။
၈။ သည်ခံရေးမင်္ဂလာတရား ၄-ပါး
၁၇။ ခန္တီစ =သည်းခံရခြင်း
၂၈။ သောဝစ္စဿတာ =ဆုံးမလွယ်ရခြင်း
၂၉။ သမဏာနဉ္စဒဿနံ =ရဟန်းသံဃာတို့အား ဖူးမျှော်ရခြင်း
၃၀။ ကာလေနဓမ္မသာကစ္ဆာ =သင့်လျော်သောအခါ တရားဆွေးနွေးခြင်း
ဧတံမင်္ဂလမုတ္တမံ =ဤလေးပါးသည် မြတ်သောမင်္ဂလာမည်၏။
၉။ခြိုးခြံချွေတာရေးမင်္ဂလာတရား ၄-ပါး
၃၁။ တပေါစ =ခြိုးခြံချွေတာခြင်း
၃၂။ ဗြဟ္မရိယဉ္စ =မြတ်သောအကျင့်ကို ကျင့်ခြင်း(မေထုန်မှရှောင်ခြင်း)
၃၃။ အရိယာသစ္စာနဒဿနံ =သစ္စာလေးပါးကို သိခြင်း
၃၄။ နိဗ္ဗာန သစ္ဆိကိရိယာစ =နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်း
ဧတံမင်္ဂလမုတ္တမံ =ဤလေးပါးသည် မြတ်သောမင်္ဂလာမည်၏။
၁၀။ စိတ်ထားခိုင်ခံ့ရေးမင်္ဂလာတရား ၄-ပါး
၃၅။ ဖုဋ္ဌဿနကမ္ပတိ =လောကဓံတရားနှင့် တွေ့ကြုံသောအခါ၊
၃၆။ အသောကံ =မစိုးရိမ်ခြင်း
၃၇။ ၀ိ၇ဇံ =ကိလေသာမြူကင်းခြင်း
၃၈။ ခေမံ =ဘေးကင်းခြင်း
*********************************************************************
၁။ အသေ၀နာစ
လူမိုက်ဆိုလျှင် ရှောင်သွေလွဲလို့၊ မှီဝဲနဲ့ကင်းအောင်နေ။
ပညာရှိကို အရှည်တွဲလို့ ၊ မှီဝဲဆည်းကပ် နည်းယူစေ။
သုံးပါရတာနာ မိဘများနှင့်၊ ဆရာသမားကို ပူဇော်လေ။
ချမ်းသာကိုပေး ဆက်ဆံရေး၊ မျှော်တွေးသုံးချက်ပေး။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။
၂။ ပတိရူပ
ကုသိုလ်ပညာဥစ္စာရဖို့၊ သင့်ရာဒေသ အမြဲနေ။
ရှေးကတင်ကြို ပြုခဲ့ဘူးသည့်၊ ကောင်းမှုအထူး ရှိပါစေ။
မိမိကိုယ်ကိုကောင်းအောင်ထိန်းလို့၊ မတိမ်းစေနဲ့ဆောက်တည်လေ။
ဥစ္စာကိုပေး နေထိုင်ရေး၊ မျှော်တွေး သုံးချက်ပေး။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။
၃။ဗာဟုသစ္စဉ္စ
တတ်ကောင်းတတ်ရာ ဟူသမျှကို၊ ကြားမြင်သုတ ရှိပါစေ။
အိုးအိမ်တည်ထောင် ၀မ်းစာရေးနဲ့၊ အသက်မွေးဖို့ အတတ်သင်လေ။
လူနှင့်ဆိုင်ရာ ကျင့်ဝတ်များကို၊ ကောင်းစွာသင်ကြား နားလည်စေ။
မှန်ကန်ယဉ်ကျေး ချိုသာအေး၊ ဆိုရေးတတ်ပါစေ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။
၎။ မာတာပိတု
မြင်းမိုရ်ရွှေတောင် မိဘကြွေးကို၊ ကောင်းစွာဆပ်ပေး ၀တ်ကျေကျေ။
ကြွေးသစ်ချကာသားနှင့်မယား၊ မြှောက်စားချီးမြှင့် ၀တ်ကုန်စေ။
အလုပ်တာဝန် မလစ်ဟင်းနဲ့၊ အပြစ်ကင်းအောင်လုပ်ပါလေ။
စည်းစိမ်ကိုပေး ပြုစုရေး၊ မျှော်တွေးသုံးချက်ပေး။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။
၅။ ဒါနဉ္စ
သုံးတန်စေတနာ ဖြူစင်လန်းလို့၊ ပေးကမ်းဝေမျှ လှူနိုင်စေ။
ကိုယ်နှုတ်စိတ်ကြံ မမိုက်မှားနဲ့၊ သူစရိုက်တရားကို ကျင့်ပါလေ။
ဆွေမျိုးတွေကို ပြင်ပမထားနဲ့၊ သင်္ဂဟတရားနှင့် ချီးမြှောက်လေ။
သန့်စင်ပြစ်မျိုးလူထုကျိုး၊ သည်ပိုးဆောင်ရွက်စေ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။
၆။ အာရတီ ၀ိရတီ
မကောင်းမှုတွေ ဟူသမျှကို၊ မတွေ့ခင်ကရှောင်ကြဉ်လေ
တွေ့ကြုံလာလျှင် မလွန်ကျူးနဲ့၊ အထူးသဖြင့် စောင့်စည်းနေ။
အရက်သေစာ မသောက်စားနဲ့၊ မှောက်မှားတတ်တဲ့ အရာပေ။
လုပ်ကိုင်ပြောကြား သတိထား၊ တရားမမေ့စေ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။
ရ။ ဂါရဝေါစ
အသက်ဂုဏ်ဝါ ကိုယ့်ထက်ကြီးက၊ ဆည်းကပ်ခစား ရိုသေလေ။
မာနတံခွန် ဂုဏ်မကြွနဲ့၊ ကိုယ့်ကိုယ်နှိမ့်ချ အမြဲနေ။
လောဘအပို လိုမလိုက်နဲ့၊ ကိုယ်ထိုက်တာနဲ့ ကျေနပ်လေ။
ကိုယ့်ပေါ်ပြုဖူး သူ့ကျေးဇူး၊ အထူးသိတတ်စေ။
ကောင်းကျိုးဆင့်ပွား မြတ်တရား၊ နာကြားမပြတ်ပေ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။
၈။ ခန္တီစ
ဝတ်စားနေထိုင် ရန်ခပ်သိမ်း၊ စိတ်ကိုချုပ်ထိန်း သည်းခံလေ။
ကျိုးကြောင်းပြညွှန် ဆုံးမစကားကို၊ ပြောကြားလာက နားလွယ်စေ။
သူမြတ်ပုဂ္ဂိုလ်ဟူသမျှ၊ မကြာခဏတွေ့ဆုံလေ။
သဘာဝတွေး မှန်ကန်ရေး၊ ဆွေးနွေးမပြတ်ပေ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။
၉။ တပေါစ
လောကီအာရုံ ဇိမ်ယစ်မှုးလို့၊ အပျော်မကြူးနဲ့ ခြိုးခြံလေ။
မေတ္တာဗြဟ္မစိုရ် လက်ကိုင်သုံးလို့၊ သူမြတ်ကျင့်ထုံး ယွင်းမသွေ။
လေးပါးသစ္စာ ဥာဏ်မြင်ကြည့်လို့၊ အမှန်သိအောင် ကြိုးစားလေ။
ဒုက္ခလွတ်ကင်း နိဗ္ဗာန်ချဉ်း၊ အလင်းပေါက်နိုင်ပေ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။
၁၀။ ဖုဋ္ဌဿ
ဆင်းရဲချမ်းသာ သဘာဝ၊ တွေ့ကြုံနေကျ လူတိုင်းပေ။
ကောင်းဆိုးနှစ်တန် အစုံတွဲလို့၊ တလဲစီလှည့် အမြဲနေ။
လောကဓံကြုံ မဖြုန်တမ်းပေါ့၊ မတုန်စမ်းနဲ့ စိတ်ခိုင်စေ။
သောကကိုထိန်း ရမ္မက်သိမ်း၊ အေးငြိမ်းချမ်းသာနေ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။
၃၈ ဖြာမင်္ဂလာတရားတော်ကို လိုက်နာကျင့်ကြံခြင်း၏အကျိုးများ
သုံးဆယ့်ရှစ်ဖြာ မင်္ဂလာကုံးကို၊ လိုက်နာကျင့်သုံး ပန်သူတွေ။
စီးပွားချမ်းသာ ကျက်သရေတိုးလို့၊ ကောင်းကျိုးစည်းပွင့် တဝေေ၀။
ဘေးကင်းရန်ကွာ ချစ်သူပေါလို့၊ စိတ်ရောကိုယ်ရော ချမ်းသာမလေ။
ပြောဆိုကြံဆ ဆောင်သမျှ၊ အောင်ရမည်ကိန်းသေ။
အဲ့ဒါကြောင့် ပန်ကြ ဆင်ကြ ၊ မင်္ဂလာ့ ပန်းခိုင်တွေ။

ဒီ ၃၈ ဖြာ မင်္ဂလာကဗျာများကို ဆရာကြီး ဦးသုခရေးစပ်သီကုံးထားတာပါ။ အားလုံးသောသူတို့အတွက် လိုက်နာကျင့်ကြံပြီး အကျိုးများစေဖို့ အတွက် ဝေမျှလိုက်တာပါ။ မြတ်ဗုဒ္ဓ ဟောကြားထားသော မင်္ဂလာတရားတော်များကို လိုက်နာကျင့်ကြံခြင်းဖြင့် ကောင်းကျိုးများ ရရှိတိုးပွားနိုင်ကြပါစေလို့ဆန္ဒပြုပြန်လည်မျှဝေလိုပ်ပါသည်.။

မေတ္တာဖြင့်အရှင်မုနိန္ဒ M.A မာဂဓတက္ကသိုလ် ဗုဒ္ဓဂယာ အိန္ဒိယ။

Tuesday, July 26, 2011

Fwd: ပြောပြရင် စိတ်မဆိုးရဘူး....:D

---------- Forwarded message ----------
From: soehtet pai <soehtetpai@gmail.com>
Date: 2011/7/26
Subject: ပြောပြရင် စိတ်မဆိုးရဘူး....:D
To: ahkarswe@gmail.com, aungdecember@gmail.co, aungdecember@gmail.com,
aunglattaye1984@gmail.com, aungthura22@gmail.com, chillimon@gmail.com,
chithe@gmail.com, hhaung2007@gmail.com, hlahla2008@gmail.com,
hlasoe548@gmail.com, homlyan@gmail.com, htoolay556@gmail.com,
java25j@gmail.com, junoesquestar.vain@gmail.com, kyawkyaw34@gmail.com,
kyawkyaw560@gmail.com, kyawminhtwe@gmail.com, kyawmoewai@gmail.com,
kyawmyothuks@gmail.com, laminmaung@gmail.com, layeikmay08@gmail.com,
linhtet2aung@gmail.com, linzaw9@gmail.com, madypyomay@gmail.com,
minaung533@gmail.com, mingyi9@gmail.com, moethatnaing@gmail.com,
moethu14@gmail.com, myokyaw07@gmail.com, naynaingloon@gmail.com,
nyi.kyaw5@gmail.com, panpwintlay.lovely@gmail.com,
parigee.blue1@gmail.com, paulchaw@gmail.com,
phonemyintthein007@googlemail.com, phyomin27@gmail.com,
phyukoko@gmail.com, pulongyi@gmail.com, sawhlamin98@gmail.com,
sayahtwe69@gmail.com, sltink@gmail.com, soeintun2007@gmail.com,
soeminmyat2007@gmail.com, superman.ye@gmail.com,
swanhtetpine@gmail.com, theinhtay554@gmail.com, thiha023@gmail.com,
thinthinaung20@googlemail.com, thtzin@gmail.com,
thurasithu666@gmail.com, tuntun29@googlemail.com, usawtun74@gmail.com,
violent69voice@googlemail.com, volleyenator@gmail.com,
yadanastar@gmail.com, yinmon3@gmail.com, zarlay1703@gmail.com,
zothang@gmail.com, aungzawhtun <aungzaw502@gmail.com>, aws1975
<aws1975@gmail.com>, hailglitter <hailglitter@gmail.com>, kbwa65
<kbwa65@gmail.com>, kyaw myo thu <kyawmyothuuu@gmail.com>, mayphyoeway
<mayphyoeway@gmail.com>, thiri zay <thirizay02@gmail.com>, win ko
<wko.october24@googlemail.com>, wityi2009 <wityi2009@gmail.com>,
thiriway <thiriway@gmail.com>, zawhtetpai@gmail.com,
psuedonym.pmt@gmail.com, mail2dismal@gmail.com, tza1982@gmail.com


   အမျိုးသမီးတစ်ယောက်သည် သူမရဲ့နှစ် ၅၀ ပြည့်မွေးနေ့မှာ
အလှပြင်ဆိုင်သွား၍ မျက်နှာက အရေးအကြောင်းများကို ပြုပြင်လိုက်သည် ။ ဒေါ်လာ
၅၀၀၀ လောက်သုံးပစ်လိုက်ရပေမယ့်
အင်မတန်အကျိုးထူးတဲ့ရလဒ်ကြောင့်ပျော်ရွှင်နေတယ် ။

 အိမ်အပြန်လမ်းမှာ သတင်းစာ ၀င်ဝယ်လိုက်သေးတယ် ။
သတင်းစာဝယ်ပြီးပြန်မထွက်ခင် သူမက စာရေးကိုခေါ်ပြီးမေးတယ် ။

 " တို့တခုမေးရင် မောင်လေးစိတ်မဆိုးဘူးထင်တယ် ။
တို့အသက်ဘယ်လောက်ရှိပြီလဲ ခန့်မှန်နိုင်လား "

" ၃၂ လောက်ပေါ့ "  စာရေးက ပြန်ဖြေလိုက်သည် ။

 " မဟုတ်သေးဘူး ။ ဒီနေ့ပဲ တို့က ၅၀ ပြည့်တာ " အမျိုးသမီးက
ပျော်ရွှင်စွာပြောလိုက်တယ် ။

နောက်တော့သူမဟာ Mcdonalds ထဲဝင်သွားပြီး ကောင်တာက ကောင်မလေးကို
အလားတူမေးခွန်းမေးလိုက်တယ် ။

ကောင်မလေးက ဖြေတယ်။ " ၂၉ နှစ်လောက်ပေါ့ "

" မဟုတ်ဘူး ၊ ၅၀ ရှိပြီ " အမျိုးသမီးက ပြောလိုက်တယ် ။

   အခုတော့ သူမကိုသူမ အတော်လေးကျေနပ်နေတယ် ။ လမ်းဆက်လျှောက်လာရင်း
ဈေးဆိုင်တခုရောက်တော့ ပူရှိန်းသကြားလုံးဝင်ဝယ်တယ် ။ ကောင်တာကိုရောက်တော့
ထုံးစံအတိုင်း သူမမေးချင်သော မေးခွန်းကို မေးပြန်တယ် ။

 " အိုး..!! ၃၀ လို့ထင်တယ် " ဟု ကောင်တာစာရေးကဖြေတယ်..။

" တို့အသက်က ၅၀ ကွ ၊ ဘာပဲဖြစ်ဖြစ် မင်းကိုကျေးဇူးတင်တယ် "  အမျိုးသမီးက
ပျော်ရွှင်စွာနဲ့တုံ့ပြန်လိုက်တယ် ။

သူမဟာ အိမ်ပြန်ဖို့ ကားမှတ်တိုင်မှာ ကားစောင့်နေတုန်း သူ့ဘေးနားက
အဖိုးအိုကို တွေ့တော့ အဲဒီမေးခွန်းကိုပဲထပ်မေးလိုက်တယ် ။

အဖိုးအိုက ပြောတယ်..။ " ဒီမှာ အမျိုးသမီး ၊ ငါ့အသက်က အခု ၈၀ ကျော်နေလို့
အမြင်အာရုံတွေလဲ မွဲနေပြီ ။ ဒါပေမယ့် ငါငယ်ငယ်တုန်းကတော့ မိန်မတွေရဲ့
အသက်ကိုတိတိကျကျပြောနိုင်တဲ့ နည်းလမ်း ငါ့မှာရှိခဲ့တယ် ။ ငါ့စကားက
သိပ်ပြီး စည်းကျော်နေမလားပဲ ။ မမြင်ရပေမယ့် မင်းရဲ့ ဘော်လီ အင်္ကျီအောက်ကို
လက်နှိုက်စမ်းခွင့်ရမယ်ဆိုရင် မင်းရဲ့အသက်ကို တိတိကျကျ
သေသေချာချာပြောနိုင်မှာပါ..."

     အမျိုးသမီးက ခဏတိတ်သွားပေမယ့် အဖိုးကြီးရဲ့အဖြေကို ကြားချင်တဲ့စိတ်က
အနိုင်ယူသွားတယ်..။ သူမသိချင်တဲ့စိတ်ကိုထိန်မရတဲ့အဆုံး  အဖိုးကြီးကို
စူစူအောင့်အောင့်နဲ့ပြောလိုက်တယ် ။

  " ကောင်းပြီလေ..။ ဘာပဲဖြစ်ဖြစ်စမ်းကြည့်တာပေါ့ "

အဖိုးအိုက အမျိုးသမီးရဲ့ ရင်သားနှစ်ဖက်ကို စမ်းသပ်လိုက် ၊
ဆုပ်နယ်ပွတ်ချေလိုက်လုပ်နေတယ် ။ အချိန်အနည်းငယ်ကြာတော့ အမျိုးသမီးက
စိတ်မရှည်တော့ဘူး...။

  " ဒီမှာ အဖိုးကြီး ၊ ကျွန်မ အသက်ဘယ်လောက်ရှိပြီလဲ "

ဒီတော့မှ အဖိုးအိုက အမျိုးသမီးရဲ့ ရင်သားကိုဆုပ်နယ်နေရာမှ
လက်ကိုဖယ်ရင်းပြောလိုက်တယ် ။

  " အမျိုးသမီး..မင်းရဲ့အသက်က ၅၀ မဟုတ်လား "

အမျိုးသမီးက အံ့ဩလွန်းလို့ မျက်လုံးပြူးသွားတယ် ။ ကြားရတာ မယုံနိုင်ဘူး
ဖြစ်နေတယ်...။

   " တကယ့်ကို မယုံနိုင်စရာပဲ... ရှင်ဘယ်လိုလုပ်အတိအကျပြောနိုင်တာလဲ "

   " ပြောပြရင် မင်းငါ့ကို စိတ်မဆိုးရဘူး ။ ဘာမှလဲ မလုပ်ရဘူးနော် "
အဖိုးအိုက ကတိတောင်းတယ်...။

   " ကောင်းပါပြီ ။ ကတိပေးပါတယ် " အမျိုးသမီးက ကတိပေးတယ် ။

   အဖိုးအိုပြောသောအဖြေကတော့ ... " Mcdonalds မှာတုန်းက မင်းအနောက်မှာ
ငါတန်းစီတာလေ.."


--
Best regards,
Thant Zin Aung

Friday, July 22, 2011

FWD : တန်ဖိုးထားမြတ်နိုးပါ

"နှစ်သက်တယ်"ဆိုတာ အချစ်ရဲ့ခပ်ဖျော့ဖျော့အရောင်လေး
"ချစ်တယ်"ဆိုတာ နှစ်သက်တာရဲ့ ခပ်ရင့်ရင့်အရောင်လေးပေါ့။

အချစ်တွေ အများကြီးရလိုက်လို့ ဘ၀ဟာ ပြီးပြည့်စုံသွားမှာ မဟုတ်ဘူး။
အချစ်တွေ အများကြီးပေးဆပ်လိုက်ရလို့ ဘ၀ဟာ ပိုတန်ဖိုးရှိသွားတာ။


လမ်းတစ်နေရာမှာ ဆုံကြတဲ့ ပုရွက်ဆိတ်လေး နှစ်ကောင်လိုပေါ့။ ကိုယ့်ခေါင်းပေါ်က အမွေးနဲ့ အချင်းချင်းထိတွေ့ နှုတ်ဆက်ကြပြီး ဆန်ကျင့်ဖက်ကို လမ်းခွဲလျှောက်ခဲ့ကြတယ်။ ဦးတည်ရာဖက်ကို တစ်ရွေ့ရွေ့ တွားသွားရင်း ကျယ်ပြန့်တဲ့ ဒီဟင်းလင်းပြင်ကြီးမှာ ခန္ဓာကိုယ်သေးငယ်တဲ့ ပုရွက်ဆိတ်နှစ်ကောင် ဘယ်နေရာမှာ ထပ်ပြန်ဆုံခွင့် ရကြမလဲ?

စကြ၀ဠာနဲ့ နှိုင်းယဉ်ကြည့်ရင် ကျွန်မတို့ လူဆိုတာ မျက်စိနဲ့တောင် မမြင်နိုင်တဲ့ အမှုန်လေးပါ။ ဘယ်နေရာ ဘယ်အချိန်မှာ ပုရွက်ဆိတ်လေးနှစ်ကောင်လို့ အချင်းချင်း ထိတွေ့ခွင့်ရနိုင်မလဲ..? နှုတ်ဆက်ခွင့်ရနိုင်မလဲ?

လူ့ဘ၀ထဲ တစ်ခါရောက်လာဖို့ လွယ်ကူပါသလား?
လူချင်းတစ်ခါလောက် ရင်းနှီးနှုတ်ဆက်ဖို့ လွယ်ကူပါသလား?
သူငယ်ချင်းလို့ အမည်တပ်ဖို့ လွယ်ကူပါသလား?
စကားလေး တစ်ခွန်းပါပဲ ....
"တန်ဖိုးထား မြတ်နိုးပါ"

တရုတ်စကားပုံ တစ်ခုက ဒီလိုပြောပါတယ်။
"ရှေးကံကြောင့် မိုင်ပေါင်းထောင်ချီ ဝေးနေကြသူတွေ တွေ့ဆုံရင်းနှီးခွင့် ရကြတယ်။ ကံမပါရင် ပုခုံးချင်း ရှပ်တိုက်သွားတာတောင် ရင်းနှီးခွင့် မရဘူး" တဲ့.....

Wednesday, July 20, 2011

Fwd: UCSY photos






Fwd: How to translate Ubuntu With Presentation Description




Lauchpad

Ubuntu Operating System စထွက်လာကတည်းက Ubuntu Operating System ကို နိုင်ငံတကာ ဘာသာစကားနဲ့ သုံးနိုင်ရမည်ဆိုတဲ့ ရည်ရွယ်ချက်လေးပါခဲ့ပါတယ်။ Ubuntu ကို ဘာသာပြန်ရာမှာ offline အနေနဲ့ ဘာသာပြန်လို့မရပါဘူး။ Ubuntu မှာပါတဲ့ Source Code တွေအကုန်လုံးကို Canonical ရဲ့ launchpad.net မှာတင်ထားပါတယ်။ နိုင်ငံတော်တော်များများလည်း ubuntu ကို ကိုယ့် ဘာသာစကားနဲ့ သုံးနေကြပါပြီ။ အဲဒီတော့ ဒီ Ubuntu ကို မြန်မာ လို ဘာသာပြန်ချင်ပါက ဘယ်လိုမျိုးဘာသာပြန်ရလဲ၊ ဘာတွေလိုအပ်သလဲ၊ စသည်ဖြင့် ဒီ Presentation ထဲမှာဖော်ပြပေးပါမယ်။

Slide 1

Launchpad ရဲ့ Web Site Address ကတော့ http://launchpad.net ဖြစ်ပါတယ်။

Slide 2

Wikipedia မှာတော့ Launchpad အကြောင်းကို အသေးစိတ်ေ၇းထားပါတယ်။
Luachpad  ကိုတော့ Canonical က ဦးစီးပြီး မိမိဘာသာနဲ့ မိမိသုံးချင်ပါက lauchpad ထဲဝင်ပြီး ဘာသာပြန်ဆိုလို့ရပါတယ်။ Launchpad က ဘာသာပြန်ဆိုဖို့တစ်ခုတည်းမဟုတ်ပါဘူး။ 2004, January ကစခဲ့တဲ့ Launchpad ထဲမှာ တခြားသော Components များလည်းပါပါတယ်။ အဲဒါတွေကတော့
Answers, Bugs, Blueprints,Code,Translation   စသည်ဖြင့်အများကြီးရှိပါသေးတယ်။
ကျွန်တော်ကတော့ ဒီထဲက Translations အကြောင်းကို အဓိက အားဖြင့်ပြောမှာပါ။

Slide 3

Volunteers ပေါင်းမြောက်များစွာက သူတို့ဘာသာစကားမှာ သုံးလို့ရအောင်လို့ဘာသာပြန်နေကြပါတယ်။
ကိုယ့်ဘာသာစကားနဲ့ Ubuntu ကိုသုံးချင်ပါသလား??   သင်လည်း ဝင်ရောက်ကူညီလို့ရပါတယ်။

Slide 4

ဘာတွေလိုအပ်မလဲ။ Ubuntu ကို ဘာသာပြန်ဖို့က
၁။ အင်တာနက် --သူက Web ပေါ်မှာပဲပေးထားတာမို့လို့ အင်တာနက် ရှိမှ ဘာသာပြန်လို့ရမှာပါ။
၂။Email—Launchpad က ဆက်သွယ်ဖို့အတွက် Email အကောင့်တစ်ခုလိုအပ်ပါတယ်။
၃။ Language Knowledge-- ကတော့ ဒီစကားစုလေးကို ဘယ်လိုလေးရေးလိုက်ရင်လှမလဲ။ဖတ်လို့ ကောင်းအောင် ဘယ်လိုရေးမလဲ။ စသည်ဖြင့်လိုအပ်ပါတယ်။
၎။ Spare Time-- ကတော့ ကိုယ့်အတွက်အချိန်ပိုလေးတစ်ခုပါ။ ပထမတစ်ရက်မှာ ၁ မိနစ်ပေးမယ်။ ၁ မိနစ်ထဲမှာ စာကြောင်းလေးတစ်ကြောင်း ဘာသာပြန်လိုက်မယ်။ နောက်တစ်နေ့မှာ ၂ မိနစ်ပေးမယ်။ အဲဒီ ၂ မိနစ်ထဲမှာ နှစ်ကြောင်းပြီးအောင် ပြန်မယ်။ အဲဒီလိုမျိုလေးအချိန်ပေးလိုက်ရင် Ubuntu MY ဆိုတာ သိပ်မကြာပါဘူး ပြီးသွားပါလိမ့်မယ်။
၅။ Be Collaboratives—ဒါကတော့ launchpad ထဲက Member အချင်းချင်းစည်းလုံးညီညွှတ်မူပါပဲ။
ဒါတွေနဲ့ပြည့်စုံပြီဆိုရင် သင် Ubuntu ကို သင့်ဘာသာစကားနဲ့ ပြန်လို့ရပါပြီ။

Slide 5

ပထမအဆင့်အနေနဲ့ Launchpad.net မှာ ဝင်ေ၇ာက်ပြီး register လုပ်ရပါမည်။ Launchpad Registration သည် Open ID ကိုသုံးထားသောကြောင့် တခြား Canonical လက်အောက်မှာရှိသည့် ဆိုဒ်များထဲသို့ ၀င်ရောက်ပါကလည်း ဒီဆိုဒ်မှာသုံးခဲ့သည့် Email ၊ Password များအတိုင်း သုံးနိုင်ပါတယ်။
Registration ပြီးပါက Launchpad ထဲမှာ မိမိ ပြန်ချင်သော ဘာသာစကားအကြောင်းကိုပြောပေးရပါမယ်။
ကျွန်တော်တို့ ပြန်ရမှာကတော့ Burmese Language ဖြစ်ပါတယ်။ 

Slide 6

ဒါဆို ကျွန်တော်တို့ဘာသာပြန်ဖို့ အောက်ပါ လင့်(Links ) လေးကိုဝင်လိုက်ရအောင်
https://translations.launchpad.net/  ဖြစ်ပါတယ်။ အဲဒီထဲမှာ မိမိ ပြန်မယ့် ဘာသာစကားရွေးပြိးပါက Ubuntu Version ကိုရွေးပေးရပါမယ်။
ဗားရှင်း တစ်ခုနဲ့ တစ်ခု ဘာကွာလဲ ဆိုတဲ့မေးခွန်းရှီပါတယ်။ ဘာမှသိပ်မကွာပါဘူး။ အသစ်ထွက်လာမယ့် Version ထဲမှာ စကားလုံးအသစ်ပါပါက အဲဒီစကားလုံးအသစ်တွေကို ထပ် ဘာသာပြန်ပေးလိုက်ရင်ရပါတယ်။
ကျွန်တော်တို့ အခုပြန်မှာကတော့ Stable ဖြစ်တဲ့ Ubuntu Natty(11.04) ဖြစ်ပါတယ်။

Slide 7

Slide 7 မှာတော့ အရင်တုန်းက ဘာသာပြန်ခဲ့ကြတဲ့ Status လေးကိုတွေ့ရပါမယ်။

Slide8

Burmese Status လေးကို ပုံကြီးချဲ့ ပြထားတာပါ။ အနီတွေက ဘာသာမပြန်ရသေးတာပါ။ အစိမ်းတွေကတော့ ဘာသာပြန်ပြီး သွားတဲ့ဟာလေးတွေကို ပြတာပါ။ ကျွန်တော်တို့ ဘာသာပြန်ပြီး တဲ့ဟာလေးတွေကတော့ အရမ်းကို နည်းပါတယ်။

Slide 9

ဘာ ဖွန့် (Fonts) သုံးမလဲ။ အဲဒါကတော့ မြန်မာမှာ အဓိက ဆုံးဖြတ်ရမယ့် ကိစ္စကြီးတစ်ခုပါပဲ။
ကျွန်တော် သုံးဖို့အကြံပေးချင်တာကတော့ Keymagic ဖြစ်ပါတယ်။ သူ့ကို သွင်းရင် တခြား Install သွင်းထားပြီးသား ဖွန့်တွေကို ဖြုတ်စရာမလိုပါဘူး။ ပြီးတော့ ဇော်ဂျီနဲ့ရိုက်မလား၊ ဇော်ဂျီ-ယူနီ နဲ့ရိုက်မလားစသည်ဖြင့်ရှိပါတယ်။ ဇော်ဂျီ-ယူနီ နဲ့ရိုက်သင့်ပါတယ်လို့ အကြံပေးလိုပါတယ်။
ဇော်ဂျီနဲ့ ရိုက်ရင်ရောမရဘူးလား လို့မေးကောင်းမေးနိုင်ပါတယ်။ ရပါတယ်။ ဒါပေမယ့် ကျွန်တော်တို့တစ်တွေ လိုက်ပြောင်းပေးရပါလိမ့်မယ်။ ကူညီချင်လို့ ဇော်ဂျီနဲ့ပဲရိုက်ပေးပါ့မယ်ဆိုရင်တော့ ရိုက်ပေးပါ လို့မေတ္တာရပ်ခံပါ့ရစေ။
To Download Keymagic
http://ttkz.me/blog/2011/02/10/keymagic-1-3-3-installer-with-myanmar3-layout/

Slide 10
•    Untraslated=353695
•    Translated=15800
•    Total=369495

Slide 11


မြန်မာတစ်နိုင်ငံလုံးမှာ Public Access Centre ပေါင်း 802 ခုရှိတယ်လို့ Eleven News ထဲမှာတွေ့ပါတယ်။ အဲဒီတော့ PAC တစ်ခုမှာ အင်တာနက် User  တစ်ရက် အနည်းဆုံး ၆၀ ရှိပါတယ်။ အဲဒီတော့ မြန်မာတစ်နိုင်ငံလုံးမှာ တစ်ရက် အနည်းဆုံးအင်တာနက် သုံးဆွဲသူ  ၄၈၁၂၀ ယောက် ရှိပါတယ်။
ကဲဒါဆို အဲဒီလူ လေးသောင်း ရှစ်ထောင် ကျော်က တစ်ကြောင်းဆီ တစ်ရက်ကို ဘာသာပြန်ပေးပါက Ubuntu Myanmar ပြီးဖို့ဆိုတာ……………………………

Slide 12
(၈) ရက်ပဲကြာပါလိမ့်မယ်။

Slide 13

အဲဒါတောင် အကုန်ဘာသာပြန်ရင် ၁၀၀% ဖြစ်မှာနော်။ Canonical က ၇၀% ဘာသာပြန်လို့ပြီးရင် နောက်ထွက်လာမယ့် ဗားရှင်းတွေမှာ ထည့်ပေးပါလိမ့်မယ်။ အဲဒီတော့ ကျွန်တော်တို့က ၁၀၀% အပြည့် ပြန်စရာမလိုပါဘူး။ ၇၀% ကျော်လောက်တဲ့ထိရိုက်ပေးလိုက်ရင် နောက်ထွက်လာမယ့် ဗားရှင်းမှာ Automatic ပါလာပါလိမ့်မယ်။

Slide 14

ဘာသာပြန်ရာမှာတွေ့ကြုံရမည့် အခက်အခဲများ ၊၊၊  ဒီဟာက Dictionary ကိုဘာသာပြန်သလိုမျိုးတော့မဟုတ်ဘူး။ တစ်ခါတစ်လေ Sentence ဖြစ်ချင်ဖြစ်မယ်။ တစ်ခါတစ်လေ Words လေးတွေဖြစ်ရင်ဖြစ်မယ်။ အဓိက ကြုံရမယ့်အခက်အခဲတွေကတော့ Computer Words လေးတွေပဲဖြစ်ပါတယ်။
ဥပမာ     Motherboard ကဲ  ဘယ်လိုဘာသာပြန်မလဲ။ ကျွန်တော်တို့ကတော့ အင်္ဂလိပ်လိုတွေ့လိုက်တာနဲ့ မျက်စိထဲမှာ တန်းမြင်ပါတယ်။ ဒါပေမယ့် သူတို့တွေ ဒီစကာလုံးသိဖို့ ဘယ်လိုပြောပြရင်အဆင်ပြေမလဲ။
Boot Options ဒါတွေကိုရော ဘယ်လိုဘာသာပြန်မလဲ။
အဲဒီအတွက် စဉ်စားထားတာတစ်ခုရှိပါတယ်။

Slide 16
ကျွန်တော်တို့ U4MM Groups ကိုသုံးရပါမယ်။ အဲဒီလို ဘာသာပြန်ဖို့ခက်ခဲရင် U4mm မှာ excel ဖိုင်လေးလုပ်ထားပေးပါ့မယ်။ အဲဒီထဲမှာ ထည့်ခဲ့လိုက်။ အဲဒါဆို တခြား Member များကလည်း ဒီစကားလုံးကတော့ ဘယ်လိုဖြစ်သင့်တယ်။ ဘယ်လိုလေး ဆိုရင်တော့ စကားလုံးလေးလှသွားမယ်။ စသည်ဖြင့် Idea ပေါင်းမြောက်များစွာရသွားပါလိမ့်မယ်။
ကျွန်တော်တို့က စာလုံးအားလုံး မြန်မာလိုဖြစ်ရမယ်လို့တော့ မဆိုလိုပါဘူး။ ခဏကပြန်ခဲ့တဲ့ Motherboard ဆိုရင် သူ့အတိုင်းပဲထည့်လိုက်ပါ။ အဲဒါဆို ပိုသင့်တော်မယ်လို့ ထင်ပါတယ်။
U4MM's Group Address
http://groups.google.com/group/u4mm
နောက်ပိုင်း Slide တွေကတော့ Launchpad တွေကို Screenshot ရိုက်ထားတာတွေပါ။
ဒီ Presentation မှာ မပြောခဲ့ရတာလေးတစ်ခုရှိပါတယ်။

ဒီ Ubuntu My ဖြစ်ခဲ့ရင် ဘယ်သူတွေအတွက်လဲ?????

ကျွန်တော်တို့ တစ်တွေကတော့ ဒီစကားလုံးတွေနဲ့ ရင်းနှီးပြီးသားပါ။ နယ်ဖက်ကလူတွေ ကွန်ပြူတာကို အခုမှ စသုံးမယ့်လူတွေအတွက်ဆိုရင် ဒီ Ubuntu Myanmar က အများကြီး အကြုံးဝင်ပါလိမ့်မယ်။ ကျွန်တော်တွေ့ရပါတယ်။ တစ်ချို့ အဒေါ်ကြီးတွေဆိုရင် နိုင်ငံခြားသွားတဲ့ သား၊သမီး၊ ခင်ပွန်းစသည်တို့နဲ့ ဖုန်းအကြာကြီးပြောချင်တဲ့အတွက် ဂျီတော့ လေးဖွင့်ပေးပါ လုပ်ပေးပါလို့ အင်တာနက် ဆိုင် ၀န်ထမ်းတွေကို အကူအညီတောင်းနေကြတာပါ။ တကယ်လို့ သူတို့သာ မြန်မာလိုရေးထားတာကို ဖတ်ပြီး ကိုယ့်ဟာကိုယ် ပြောနိုင်မယ်ဆိုရင် ဘယ်လောက်ကောင်းမလဲ။  မြန်မာလိုလေး ဖတ်တက်ရုံနဲ့ ကွန်ပြူတာသုံးတက်သွားရင် ကျွန်တော်တို့ ဘာသာပြန်ပေးတဲ့လူတွေ ၀မ်းသာမဆုံးဖြစ်ကြမှာပါ။ ကျွန်တော်လည်း အခုလေ့ကျင့်နေပါတယ်။ ပထမတစ်ရက်ကို 5 ကြောင်းလောက် ဘာသာပြန်ပါတယ်။ နောက်နေ့ကျတော့ ၁၀ ကြောင်းလောက် ကြိုးစားပြီး ပြန်ပါတယ်။ အဲဒီလိုမျိုး အားလုံးစုပြီး ဘာသာပြန်ရင်  Ubuntu Myanmar က မကြာမီတွေ့ရပါလိမ့်မယ်။

လေးစားစွာဖြင့်
Pyae Sone @ Gipsy
Gipsyhnh{at}gmail.com
www.gipsy3.co.cc




--
              ____♥♥♥_____♥♥♥_____
              __♥_____♥_♥_____♥___
              __♥______♥______♥___
              ___♥___Happy___♥____
              _____♥_______♥______
              _______♥___♥________
              _________♥__________
              _______♥___♥________
              _____♥_______♥____
              ___   ♥__ Day     __♥____
              __♥______♥______♥___
              __♥_____♥_♥_____♥___
              ____♥♥♥_____♥♥♥_____

(\__/)
(='.'=)
(")_(")
"ဘ၀လှဖို့"
တောက်ပတဲ့ ဘ၀ အတွက်
နုံး ချိစေတဲ့ စိတ်ဒဏ်ရာတွေနဲ့
ပျံသန်းဖို့ အားတွေ စုစည်းရ ဦးမယ်။
အလိုလိုစိုချင်တဲ့ မျက်ဝန်းတွေနဲ့
အခွင့် အလမ်းတွေ ရှာဖွေ ရ ဦးမယ်။
အမြင့်တနေရာ ရပ်တည်နိုင်ဖို့
လွတ်လပ်မှုတွေ ချနင်းရ ဦးမယ်။
အရာရာ သိကြားနိုင်ဖို့
အချင်ယောင် ဆောင် ရ ဦးမယ်။
အမှီ ကောင်း ဖြစ်ဖို့
တွယ်တာမဲ့ စိတ် တွေနဲ့ အား ငယ် ရ ဦးမယ်။
လှောင်အိမ်တံခါး က ကျဉ်း လွန်း တော့
နှိမ့်ချမှု တွေနဲ့ အသေး နိုင်ဆုံး သေး ရ ဦးမယ်။





@NandarPwintOo


Monday, July 18, 2011

Fwd: iCreate Mobility Challenge 2011 - SMS Voting

Dear Friends and Colleagues,
 
Vote my team :D
 
Team name: iDevelopers
Pls sms : I5 to 77577
Voting Duration: 19th to 25th July 2011 midnight.
 
For NUS student, you may view live web cast here.

more info...
 
---------- Forwarded message ----------
From: IVLE Web Master <citivle@nus.edu.sg>
Date: Mon, Jul 18, 2011 at 6:27 PM
Subject: iCreate Mobility Challenge 2011 - SMS Voting
To:


Dear Teams,

 

The SMS voting site (http://ivle.nus.edu.sg/public/icreate2011.aspx) is now ready.

Please check the video and/or screenshots and let us know if there are any changes.

Voting Duration

19th to 25th July 2011 midnight.

Live presentation on NUScast

View live presentation of the teams.

Terms & Conditions

  • Every mobile number is allowed to vote only once for each category. If you vote multiple times, only the latest valid vote will be counted.
  • Please ensure you receive the SMS acknowledgement after voting.
  • SMS iCreate to 77577 to check your final votes.
  • One lucky NUS voter will stand to walk away with attractive prizes.
    • The person must vote for one of the winning teams in Android, iOS, Mobile Web or Windows Phone 7
    • The mobile number must be a NUS registered number inside myISIS and IVLE

Thank you and good luck! J

Regards,

IVLE Web Master




--
Thanks & Best Regards,
Thuzar



--
Thanks & Best Regards,
Thuzar

Friday, July 15, 2011

Fwd : ကိုယ်သန့်သူနှင့် စိတ်သန့်သူ

တခါက အထက်အညာ မြို့ကလေးတမြို့တွင် အလွန်ဇီဇာကြောင်သော လူတဦးရှိသည်။ သူသည် အစားအသောက်စားရာ၌ သူတပါးနှင့် ဇွန်းပန်ကန် ခွက်ယောက်ချင်း ရောနှောပေါင်းစပ် မစားနိုင်ပါ။ ထို့ကြောင့် အများနှင့် ၀ိုင်းဖွဲ့ပြီး ဘယ်တော့မှ မစားပါ။ မလွှဲမရှောင်သာ၍ စားရလျှင် ထမင်းနှင့် ဟင်းများကို ပထမဦးစွာ အပြီးနှိုက်ယူထားလိုက်သည်။ သူတပါး နှိုက်ပြီးသား ထမင်းဟင်းကိုမူ နောက်ထပ် မနိုက်တော့ပါ။ ရှေးက လက်ရည်တပြင်တည်း စားကြပုံကို ပြောပြလျှင် အော့ကြီး အန်ကြီးဖြစ်၍ ရှောင်သွားတတ်သည်။
တခုသောနွေဦးပေါက်တွင် သူသည် မသွားဖူးသော ခရီးတခုကို သွားရသည်။ သူနှင့် ခရီးသွားမည့်အဖော်များ ရောက်ချိန်တန်လျက် ရောက်မလာသောကြောင့် တဦးတည်းထွက်ခွါလာခဲ့သည်။ သူသည် လမ်းခရီး အခြေအနေကို မသိသောကြောင့် ထမင်းကို အ၀စားခဲ့သည်။ အထုပ်ဖြင့်လည်း ထုပ်ယူလာခဲ့သည်။ ရေကိုလည်း ဘူးတောင်းနှင့် အပြည့်ထည့်ခဲ့သည်။ သို့သော် လမ်းမှာ အရိပ်အာဝါသနည်းသည့်အပြင် ရာသီဥတုကလည်း အလွန်ပူပြင်းလှသောကြောင့် ရေခဏခဏ သောက်ရသည်။ မကြာမီ ရေကုန်သွားလေသည်။
နေမွန်းတိမ်းသောအခါ ပို၍ ပူလာပြီး ချွေးကပိုထွက်လာသည်။ ရေအလွန်ဆာလာသည်။ နောက် ခရီးတတိုင် အတွင်း ရေမတွေ့လျှင် သေရချည်ရဲ့ဟုပင် ညည်းမိလေသည်။ သို့သော် ခရီးတတိုင် မသွားရပါ။ ကုန်းကလေး တခုကို ကျော်လိုက်လျှင် ဆီးပင်ကလေးများနှင့် ဇရပ်အိုတခုကို တွေ့ရသည်။ ဇရပ်၏ ရှေ့မျက်နှာစာတွင်လည်း ရေအိုးစင်ကလေးတခု ရှိ၏။ သူသည် အလွန်ဝမ်းသာသွားသည်။ ဇရပ်သို့ အပြေးတပိုင်းသွားပြီး ရေအိုးကို ဖွင့်ကြည့်လိုက်သည်။ ရေမှာ တ၀က်ကျော်ကျော် ရှိနေသည်။ တယ်ကံကောင်းပါလား-ဟု တကိုယ်တည်း ပြောပြီး ချိတ်ထားသော အိုးမှုတ်ခွက်ဖြင့် ရေတခွက် ခပ်လိုက်သည်။ သို့သော် ချက်ချင်းမသောက်ဘဲ စဉ်းစားနေလိုက် သေးသည်။
ဤရေမှုတ်သည် သူတကာ သောက်သုံးသော ရေမှုတ်ဖြစ်သည်။ ဘယ်လက်ဖြင့်ကိုင်သူက ညာနှုတ်ခမ်းမှ သောက်မည်။ ညာလက်ဖြင့်ကိုင်သူက ဘယ်နှုတ်ခမ်းဖြင့်သောက်မည်-စသည်ဖြင့် တောင်တောင်အီအီ တွေးတောစဉ်းစားသည်။ ထို့နောက် ဤဘက်ကတော့ မည်သူမှ သောက်မည်မဟုတ်-ဟု ယူဆကာ ရေမှုတ်ကို လက်ကိုင်တပ်ရာဘက်မှ သောက်ချလိုက်သည်။ ဤသို့ ရေနှစ်မှုတ် သုံးမှုတ်လောက် သောက်ပြီးမှ ကျေနပ်စွာဖြင့် ဇရပ်ပေါ် တက်နားလိုက်သည်။
သူရေသောက်နေစဉ် သူ့လှုပ်ရှားမှုကို စိုက်၍ကြည့်နေသော မျက်လုံးတစုံကိုမူ သူသတိမထားမိလိုက်ချေ။ ဇရပ်ပေါ်ထိုင်ပြီး ဟိုဟိုသည်သည် မျက်လုံးကစားလိုက်မှ မလှမ်းမကမ်း ဆီးပင်အောင်တွင် ထိုင်နေသော အနာကြီးရောဂါသည်တယောက်ကို မြင်လိုက်ရသည်။ ထိုလူမှာ ရောဂါကြောင့် ခြေ၊ လက်၊ နှာခေါင်းများပင် မပီပြင်တော့။ ဦးခေါင်းပတ်ပတ်လည် ဦးထုပ်ဆောင်းသည့် တ၀ိုက်တွင် အရေဖတ်များက လန်နေသေးသည်။ နဖူးနှင့် နှာခေါင်းကလည်း ချွေးတွေလား၊ ဘာတွေလဲ မသိ။ အဆက်မပြတ် စီးကျနေသဖြင့် ပုဆိုးဖြင့် ငုံ့ငုံ့ သုတ်နေရသည်။
ထိုရောဂါသည်သည် မျက်နှာကို ပုဆိုးဖြင့် တချက် ငုံ့သုတ်လိုက်ပြီး ဇရပ်ပေါ်က လူကို လှမ်းမေးလိုက်သည်။ ဒီမှာ ဇရပ်ပေါ်က လူကြီး ကျွန်တော်တခုလောက် မေးပါရစေ။ ထိုအခါ ဇရပ်ပေါ်ကလူက ရောဂါသည်ကြီး သူ့အနား လာမည်စိုး၍ ပျာပျာသလဲဖြင့် ပြောပါ ပြောပါ ကြားပါတယ်-ဟုဆိုသည်။
လူကြီးမင်း-စောစောက ရေသောက်တာ ရေမှုတ်လက်ကိုင်ဘက်က ဘာဖြစ်လို့ ကတ်သီးကတ်သတ် သောက်ရ တာပါလဲ ခင်ဗျား-ဟု ရောဂါသည်က မေး၏။
သြော်-ဒါလား ကျုပ်က ဘယ်အရာမဆို သန့်မှကြိုက်တာဗျ။ သူတကာ သောက်တဲ့ ခွက်နှုတ်ခမ်းကနေပြီး ကျုပ်ရေမသောက်နိုင်ဘူးလေ-ဟု ဆိုလျှင် ရောဂါသည်က သက်ပြင်းတချက်ချလိုက်သည်။ ကျွန်တော်
စိတ်မကောင်းပါဘူး၊ လူကြီးမင်းခင်ဗျား၊ ကျွန်တော်ဟာ အတိတ်ဘ၀က သူများအပေါ် မာန်မာနကြီး တခွဲသားနဲ့ မတူမတန် ဆက်ဆံခဲ့မိလို့ ထင်ပါရဲ့၊ အခု ဒီဘ၀မှာ အနာကြီးရောဂါသည် လာဖြစ်ရပါတယ်။ အဲဒီဝဋ်ကြွေးတွေကို ဒီဘ၀ ဒီမျှသာ ရှိစေတော့ဆိုပြီး လူမှန်းသိစအရွယ်ကတည်းက ငါးပါးပဉ္စသီ မြဲခဲ့ပါတယ်။ ဘယ်သူ့အပေါ်ပဲဖြစ်ဖြစ် စိတ်ကောင်းထားပါတယ်။ ကျွန်တော့ကို တိရစ္ဆာန်တကောင်လို ဆက်ဆံကြိမ်းမောင်းကြရင်တောင် ဘယ်လိုမှ စိတ်မရှိပါဘူး။ သူတို့နေရာမှာ ငါသာဆိုရင်လဲ ဒီလိုနေမှာပဲလို့ ကိုယ်ချင်းစာပြီး အများစိတ်အနှောက်အယှက် မဖြစ်အောင် သတိထား နေထိုင်ခဲ့ပါတယ်။ အခု အများအသုံးပြုတဲ့ ဇရပ်ပေါ်မှာတောင် တက်မနားဘဲ သစ်ပင်အောက်မှာ နေတာကိုသာ ကြည့်ပါ။
နောက်ပြီး မလွဲမရှောင်သာလို့ အများသောက်တဲ့ သောက်ရေအိုးမှာ ရေသောက်ရရင်လဲ အများကို ကိုယ်ချင်းစာပြီး အများသောက်တဲ့ခွက်ရဲ့ ဘယ်-ညာ နှုတ်ခမ်းတွေက မသောက်ပါဘူး။ ဘယ်သူမှမသောက်တဲ့ လက်ကိုင်ဘက်ကသာ ကတ်သီးကတ်သတ် သောက်ခဲ့ပါတယ်။ အခုတော့ လူကြီးမင်းကလဲ ကျွန်တော့လိုပဲ ကတ်သီးကတ်သတ် လက်ကိုင်ဘက်က သောက်တယ်ဆိုတော့ စိတ်မကောင်းဖြစ်လို့မေးမိတာပါ-ဟု နှာတရှုတ်ရှုတ်နှင့်ပြောသည်။ ဤတွင် ဇရပ်ပေါ်မှ လူဇီဇာကြောင်ကြီးမှာ မည်သို့မျှ အောင့်အည်းနိုင်စွမ်း မရှိတော့ပေ။ သောက်ပြီးသော ရေများသာမက စားပြီးသား အစာများပါ အကုန် အန်ချလေတော့သည်။
နောက် ငါးနှစ်မျှကြာသောအခါ အထက်ဖော်ပြပါ ဇရပ်အိုနေရာတွင် သစ်လွင်လှပသော ဆင်ဝင်စမုတ်နှင့် ဘုံအဆင့်ပါရှိသော ဇရပ်ကြီးတဆောင် မျက်လှည့်ပြလိုက်သလို ပေါ်ပေါက်လာသည်။ ထိုဇရပ်ကြီးသည် ကြီးကျယ်ခမ်းနားရုံမက ဆင်ဝင်စမုတ်၏ တဖက်တချက်တွင်လည်း သောက်ချင့်စဖွယ် ရေအိုးသုံးလုံးစီ ရှိသော ရေအိုးစင် လှလှကလေးများက နေရာယူထားသေးသည်။ ထို့ပြင် ဇရပ်၏တောင်ဘက် မလှမ်းမကမ်းတွင်လည်း ရေတွင်းကြီးတတွင်းက ရေငင်မောင်းတံနှင့် ပုံးနှင့် အသင့်ရှိနေပြန်သည်။ သောက်သုံးရုံမက ချိုး၍ပင် မကုန်နိုင်ချေ။
ထို့ကြောင့် အနှီဇရပ်ကြီးသည် ခရီးသွားတို့အတွက် အလွန်တရာ ကျေးဇူးများလှသော နားခိုစရာစခန်းကြီးတခု ဖြစ်နေပေသည်။ ထိုဇရပ်၌ နားခို၍ ခရီးဆက်ကြရသော လူအပေါင်းတို့သည် ဇရပ်တကာကောင်းမှုရှင်ကြီးကို မှန်းမျှော်၍ မေတ္တာပို့သကာ သာဓုအကြိမ်ကြိမ် ခေါ်သွားကြကုန်၏။
အများမြင်လောက်ရာ ဇရပ်တနေရာတွင် ရေးထိုးထားသော ကောင်းမှုရှင်အမည် ကမ္ပည်းစာတန်းကလည်း ထူးခြားလှသည်။ အညတြ လူသူတော်ကြီးကို ရည်စူး၍ ------မြို့နေ ဦးသန့်စင်+ဒေါ်မယ်အိုတို့၏ ကောင်းမှု-ဟူ၏။
ဦးသန့်စင်-ဟူသည်မှာ ဦးဇီဇာကြောင်ကြီးပင် ဖြစ်သတည်း။ သူသည် အနာကြီးရောဂါသည်၏ ပညာပေးခြင်းကို ခံလိုက်ရသည့်နေ့ကစပြီး အမြင်မှန် ရသွားသည်။ နောင်တတရားလည်း ရသွားသည်။ သူ၏ အများအပေါ် ရွံရှာတတ်သော ဇီဇာကြောင်မှု စိတ်ဆိုးကြီးကို အများနှင့် အဖန်တလဲလဲ ရောနှောစားသောက်ခြင်းအားဖြင့် နှိမ်နင်းပစ်လိုက်သည်။ ကြာလာသောအခါ ရွံရှာတတ်သောစိတ် အလျဉ်းမရှိတော့ရုံမက လူငယ်များနဲ့အတူ လက်ရည်တပြင်တည်းပင် စားပြလိုက်သေးသည်။ ဤသို့ နေ့ချင်း ညချင်း ပြောင်းလဲသွားသော သူ့ကို မြို့နေလူထုများက များစွာ အံ့သြကြလေသည်။ တကယ်တမ်းတွင် သူသည် ဇီဇာကြောင်တတ်သည်ကလွဲ၍ စိတ်ရင်းသဘော ဖြူစင်ကောင်းမွန်သူ ဖြစ်သောကြောင့် မကြာမီ အများ၏ ချစ်ခင်လေးစားမှုကို ခံရသည်။ မိတ်ဆွေရင်းချာများ ပေါများလာသည်။ စီးပွားမှာလည်း ဒီရေအလား တိုးတက်လာလေသည်။
ယခင်က သူသည် အလွန်ဇီဇာကြောင်သူဖြစ်သောကြောင့် အသက်လေးဆယ်ကျော်သည်အထိ အိမ်သူသက်ထားမရှိခဲ့ပေ။ အကျင့်ဆိုးကြီးကို ပြုပြင်လိုက်သည်မှစ၍ မြို့မေတ္တာကို ခံယူရရှိရုံမက ကွမ်းတောင်ကိုင် အချောအလှ မယ်အိ၏ မေတ္တာတုံ့ပြန်မှုကိုပါ ရရှိခဲ့လေသည်။ ဤကဲ့သို့ သူသည် ခြောက်ကပ်အထီးကျန်လှသော ဘ၀မှ စိုပြည်ချမ်းမြေ့ဖွယ် ကောင်းလှသော ဘ၀သို့ ရောက်ရှိခဲ့ပုံကို တွေ့မိလေတိုင်း သူ့ကို ပညာသားပါပါဖြင့် ဆုံးမပေးခဲ့သော ရောဂါသည်ကြီးကို သွား၍ သတိရမိလေသည်။ ထိုေ့ကြာင့် ကတညုတ-ကတဝေဒီ မင်္ဂလာတရားနှင့်အညီ ထိုကျေးဇူးရှင်ကြီး၏ ကျေးဇူးတရားကို အောက်မေ့သောအားဖြင့် သူနှင့်တွေ့ဆုံခဲ့ရာ ဇရပ်အိုကြီးနေရာတွင် ဇရပ်နှင့် ရေတွင်းများကို ဆောက်လုပ် လှူဒါန်းခဲ့ခြင်း ဖြစ်သည်။
ထိုဇရပ်ကို လူသူတော်ဇရပ်ကြီးဟု အများက ခေါ်ကြလေသည်။ နောင်သော် လူသူတော်မှ မည်သို့မည်ပုံ ပြောင်းလဲသွားသည်မသိ။ ဖိုးသူတော်ဇရပ်ဟု ခေါ်ကြပြန်သည်။ ၄င်းဇရပ်အနီးမှ တောင်ကုန်းကိုကား ဇရပ်ကုန်းဟု ခေါ်ကြကုန်၏။ နောင်နှစ်ပေါင်း အတော်ကြာလာသောအခါ ဇရပ်ကြီးမရှိတော့ဘဲ ရေတွင်းကို ဗဟိုပြု၍ လူနေအိမ်ခြေများ ပေါ်ပေါက်လာလေသည်။ ထိုရွာ၏ အမည်သည်လည်း ဇရပ်ကုန်းရွာဟု တွင်လေသတည်း။
ထိုဇရပ်ကုန်းရွာ၏ အနောက်စူးစူး ကုန်းစောင်းကလေးတွင် အဝေးမှမြင်နိုင်သော ကျောက်ပုံစုစုကလေးမှာ ရှေ့ယခင်ကစ၍ ယနေ့တိုင်အောင် ရှိနေပါသေးသည်။ ထိုကျောက်ပုံကလေး၏ အောက်တည့်တည့်တွင် ကျေးဇူးရှင် လူသူတော်ကြီး ထာဝရအိပ်စက်အနားယူလျက် ရှိသည်ကို ဦးသန့်စင် သိမသွားပါချေ။
ထို့ထက်ပို၍ ဆိုရပါလျှင် ဦးသန့်စင်နှင့် တွေ့ဆုံခဲ့သော ထိုအချိန်က လူသူတော်ကြီးသည် သောက်ရေအိုးထဲမှ ရေကို သူ့ခွက်ထဲသို့ ထည့်ပေးပါရန် တောင်းပန်၍ ရမည့်သူကို မျှော်နေခဲ့ပါသည်။ ထိုစဉ် ဦးသန့်စင် ရောက်လာ၍ ရေသောက်ပုံကို မြင်ရသောအခါ ရေတောင်းရန် အစီအစဉ်ကို ဖျက်ပြီး ရေသောက်ပြီးလေဟန်ဖြင့် ဦးသန့်စင်ကို ဆုံးမခဲ့ခြင်းဖြစ်သည်။ တကယ်တမ်းတွင်မူ သူသည် မည်သည့်အခါမှ အများသောက်ရေအိုးတွင် ရေသောက်လေ့ မရှိပါ။ ထိုနေ့ကလည်း ရေမသောက်ဘဲ အငတ်ခံသွားခဲ့ပေသည်။
ထို့အပြင် သူသည် မိမိ၏ လက်ရှိဘ၀ခရီးကြီး နိဂုံးချုပ်ရတော့မည်ကို ရိပ်စားမိသောအခါ အနောက်ဘက် တောင်စောင်းသို့သွားပြီး ကျင်းကိုကိုယ်တိုင်တူးကာ ၀င်ရောက်အိပ်စက်ပြီး မိမိဇာတ်ကို မိမိဘာသာ သိမ်းခဲ့ ပါသည်။ နောက်တနေ့ နွားကျောင်းသူမကလေးများ ရောက်လာသောအခါ လေမှာ တလူလူလွင့်နေသော စွပ်ကျယ်အဖြူ မည်းညစ်ညစ်တွင် သွေးဖြင့် ရေးထားသည့် မြေဖို့ပေးခဲ့ကြပါ-ဟူသော စာကိုမြင်ကြရသည်။ မိန်းကလေးများက သနားကရုဏာသက်မိသောကြောင့် မြေဖို့ရုံသာမက အနီးအနားရှိ ကျောက်တုံးများကို ယူဆောင်စုပုံပြီး မှတ်တိုင်ကလေးတခုပါ စိုက်ထားပေးခဲ့ကြလေသည်။
ထိုအကြောင်းအရာများကိုလည်း ကွယ်လွန်သူ ဦးသန့်စင်တယောက် သိမသွားခဲ့ပါချေ။ အကယ်၍ သူသာ သိခဲ့မည်ဆိုပါလျှင်---

။.မေတ္တာဖြင့် ပြန်လည်မျှဝေသည်. ။

  အရှင်မုနိန္ဒ B.A eng ,M.A .Buddhism Magadh University india.

Fwd : * ရွှေတိဂုံဘုရားတည်ထားကိုးကွယ်တာ နှစ်ပေါင်း ၂၆၀၀ ရှိခဲ့ပါပြီ။*၀ါဆိုလပြည့် မင်္ဂလာရှိသောနေ့

ဒီနေ့ ၀ါဆိုလပြည့်နေ့ ရွှေတိဂုံဘုရားမှာ ဆီမီး ၂၆၀၀ ပန်း ၂၆၀၀ သစ်သီး ၂၆၀၀ ပူဇော်မှာပါ ရွှေတိဂုံစေတီတော်ကြီး တည်ထားကိုးကွယ်တာ နှစ်ပေါင်း ၂၆၀၀ ပြည့်ခဲ့ပါပြီ။။။။"ရွှေတိဂုံ​ စေတီတော် က ဂေါတမ မြတ်စွာဘုရား ပွင့်ပြီး ၁ဝ လကြာ မှာ ဘုရား တည်လို့ ပြီးစီး ခဲ့တာ။ အဲဒီ အချိန် ကနေ ခုထိ တည်ရှိနေတဲ့ ဘုရား တစ်ဆူဖြစ်ပါတယ်။ရွှေတိဂုံ ဘုရားရဲ့ သက်တမ်းက သာသနာသက္ကရာဇ် နဲ့ အတူတူပဲ။ ။။။

 



 


 

 




ရန်ကုန်က သူငယ်ချင်းပြောပြလို့ သိလိုက်ရလို့ forever friends က မသိသောသူငယ်ချင်းတွေသိရအောင် သတင်းပေးလိုက်တာပါ။

ရွှေတိဂုံနဲ့ ပက်သက်တဲ့ပုံတွေ ပို့စ်တွေ မကြာမကြာ ဖတ်နေရတော့ ဘုရားပုံတော်တွေကို ကျွန်တော့် facebook ရွှေတိဂုံစေတီတော် စာမျက်နှာကတချို့ပုံတွေကိုပဲ ကူးယူတင်ပြလိုက်ပါတယ်။

(စာတစ်ခုဖတ်ရတာက ၂၀၁၂ မှာ ရွှေတိဂုံစေတီတော် တည်ထားကိုးကွယ်တာ နှစ်ပေါင်း ၂၆၀၀ ရှိပြီလို့ဖတ်လိုက်ရပါတယ်။) အမှားယွင်းပါခဲ့ရင်ခွင့်လွှတ်ပေးကြပါခင်ဗျာ....

ဒီနေ့ကျင်းပတဲ့ ရွှေတိဂုံ ၀ါဆိုလပြည့်ဘုရားပွဲတော် ကိုသိစေချင်တဲ့ စေတနာသက်သက်ပါ။

Thursday, July 14, 2011

Fwd: အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)၏ ပထမဆုံးအကြိမ် စင်္ကာပူတရားပွဲ။




please click here if you cannot see below message http://dhammadownload.com/dhammadownload-news-Ashin-Sandadika-23-July-2011.htm 

ဓမ္မမိတ်ဆွေ အပေါင်းတို့

မြတ်ဗုဒ္ဓ၏ သာသနာတော်ကြီး ထွန်းကားခိုက်၊ ရဟန္တာနှင့် ပုဂ္ဂိုလ်ထူးများ ထင်ရှားခိုက်၊ မြတ်ဗုဒ္ဓရဲ့ ဘဝပေါင်းများစွာရင်းနှီး ဖေါ်ထုတ်ခဲ့ရတဲ့ တရားတော်များကို ရဟန်း သံဃာ တော်များက ဓမ္မမိတ်ဆွေတို့ရဲ့လက်တွေ့ဘဝနှင့် နီးစပ်နိုင်သမျှ နီးစပ်အောင် ဟော ကြား ခဲ့သော တရားတော်များကို စုဆောင်းပြီ့း DHAMMADOWNLOAD.COM အဖြစ် ထူထောင်ခဲ့သည်မှာ ယ္ခုအခါ ၉နှစ်တာ ကာလသို့ ဝင်ရောက်လာခဲ့ပါပြီ။ 

 Dhammadownload မိသားစု ရှဲ့ ကိုးနှစ်မြောက်နှစ်ပတ်လည် အထိမ်း အမှတ် အဖြစ် ဆရာတော် အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ) ကို  Singapore သို့ ပင့်ဆောင် ပြီး ဓမ္မ သဘင်ကို ၂ ရက် တိတိ ကျင်းပ ဖို့ အောက်ပါအတိုင်း စီစဉ်ထားပါတယ်။

ဓမ္မမိတ်ဆွေ များ တရားပွဲ ကို လာဖြစ်အောင်လာဖို့လဲ အထူး ဖိတ်ခေါ်ပါတယ်။

အရမ်းအခက်အခဲ ရှိလို့မလာနိုင် ရင်လဲ စိတ်မပျက်ကြပါနဲ့ ။ on-line ကနေအိမ် မှာ နားနားနေနေ နာယူနိုင်ကြပါတယ်။ on-line လွှင့်မဲ့ website များ ကို အောက်မှာ ရေး ထားပါတယ်။

လူငယ်တွေအနေနဲ့ကတော့ တရားဟောခန်းမှာနာရတာ ပိုကောင်းမှာမို့ ကြိုးစား ပြီးလာကြပါနော်။

နိဗ္ဗာန်ချမ်းသာကို မျက်မှောက် ပြုနိုင်ကြပါစေ။


Dhammadownload မိသားစု

http://www.dhammadownload.com

************************************************
 တရားပွဲနေ့။ ၂၃-၇-၂၀၀၁ (စနေနေ့) နှင့် ၂၄-၇-၂၀၁၁ (တနင်္ဂနွေနေ့)
တရားပွဲ အချိန်။ ညနေ ၆နာရီမှ ၈နာရီထိ
တရားပွဲ နေရာ။ Function Room 1, The ARENA Country Club, 511 Upper Jurong Road, Singapore 638366, near (JooKoon MRT)


မှတ်ချက်။ ။ ခန်းမအလှူ ၊ အာဟာရအလှူ ၊ အဖျော်ရည်အလှူ ၊ ဓမ္မပူဇာအလှူများကို ပါဝင်လှူဒါန်းနိုင်ပါသည်။

 
ဆက်သွယ်ရန်။ ဦးကျော်လွင်၊ဒေါ်ဆွေဆွေကြိုင်(၉၇၃၆၅၀၃၄)၊

ကိုထင်ကျော်(၉၄၂၄၂၉၆၁)၊

ကိုအောင်နိုင် (၉၂၂၇၇၄၉၁)၊

ကိုအောင်ပြည့်စုံအေး (၉၁၁၉၇၃၆၁)၊

မမြင့်မြင့်သန်း(၉၄၂၄၂၇၁၃)၊

မနှင်းနှင်းအေး(၈၂၀၁၃၀၄၃)၊

မအေးဇာလီ (၉၃၈၅၄၄၂၂)
 

ဆရာတော်ကြွရောက်မည့်နေ့။ ၂၁-၇-၂၀၁၁
ဆရာတော်ပြန်မည့်နေ့။ ၂၇-၇-၂၀၁၁။
ဆရာတော်သီတင်းသုံးမည့်နေရာ။ ဦးစိန်ဝင်း၊ဒေါ်သိန်းသိန်း - no. 679B,#08-02, Jurong West Central 1, Singapore 642679

အောက်ပါ website များမှ တိုက်ရိုက် လွှင့်ပါမည်။
http://www.dhammadownload.com/live.htm
http://livedhamma.com/
http://www.lotusdhamma.com/
အဖြူရောင်သံစဉ် http://apytz.net/
http://www.thitsarparami.org/

 

************************************************

အလှုရှင်များ စာရင်း

 

၁။ ဒေါ်မြနန်းနွယ်နှင့် ဓမ္မမိတ်ဆွေများ     - ဒေါ်လာ ၂၀၀၀  (တရားဟောခန်းမနှင့် အထွေထွေ)

၂။ ကိုထွန်းတွန်းဝင်း+မမြင့်မြင့်မာ၊ သမီးတင်တင်နွယ် မိသားစု  - ဒေါ်လာ ၁၀၀၀ (တရားဟောခန်းမနှင့် အထွေထွေ)

၃။ Mins Contro System Pte Ltd (ကိုစိုင်းအောင်မင်း မိသားစု) - ဒေါ်လာ ၈၀၀
၎။ မအိအိအောင်                              - ဒေါ်လာ  ၂၀၀   (ဆရာတော် လေယာဉ်ပျံလက်မှတ်နှင့် အထွေထွေ)
၅။ ဦးသန်းမြင့်ဦး+ဒေါ်ချိုချိုမာ မိသားစု   -  ဒေါ်လာ ၁၀၀
၆။ ကိုအောင်ပြည့်စုံအေး                   -  ဒေါ်လာ ၁၀၀
၇။ ဦးမောင်မောင် + ဒေါ်လဲ့လဲ့ မိသားစု  - ဒေါ်လာ ၅၀    (ဆရာတော် လေယာဉ်ပျံလက်မှတ်နှင့် အထွေထွေ)
၈။ ကိုတင်မြ (VMC )                         -  ဒေါ်လာ ၅၀
၉။ ဦးအုန်းမြင့် +ဒေါ်စန္ဒာဝင်း                -  ဒေါ်လာ ၃၀
၁၀။ ကိုမြင့်ထွန်းအောင် + မအေးမွန်အောင်- ဒေါ်လာ၂၀၀
၁၁။ ဦးစိုးသိန်း + ဒေါ်မြသက်နှင်း မိသားစု - ဒေါ်လာ ၅၀
၁၂။ ကိုသက်မောင်အေး                       - ဒေါ်လာ ၅၀
၁၃။ ဦးမျိုးသန့်+မနီလာဝင်း
(Nancy Mart - Bugis) 97210847 & 67622089 - * drinking water (48 Nos x 22 boxes)
၁၄။ မနီနီအောင်                              -  ဒေါ်လာ ၂၀
၁၅။ ကိုဇော်ဝင်း+မကြင်အေး               - ဒေါ်လာ ၃၀
၁၆။ ကိုရဲဝင်း+မခင်သန်းဝင်း               - ဒေါ်လာ ၅၀

 

အလှုရှင်များ၏ ဒါနကို ဝမ်းမြောက်စွာ သာဓုခေါ်ဆိုပါတယ်... သာဓု...သာဓု..သာဓု... 

***********************************************************

 Ashin Sandadika                                                    

အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)

ဟောကြားတော်မူသောတရားတော်များ

 

- ၁၉၆၈ ဇန်န၀ါရီ (၉)ရက်။ အင်္ဂါနေ့တွင် ရေနံချောင်းမြို့ သူဌေးကုန်း ရပ်ကွက်၌ ခမည်းတော် ဦးစိန်ဝင်း။ မယ်တော် ဒေါ်သိန်းသိန်းတို့မှ ဖွားမြင်သည်။
- ၁၉၈၄ ခုနှစ်တွင် ဆယ်တန်း စာမေးပွဲကို ရေနံချောင်းမြို့။ အထက(၁)မှ ခြောက်ဘာသာ (ဘာသာစုံ) ဂုဏ်ထူးဖြင့် မြန်မာတစ်နိုင်ငံလုံး ဒုတိယ ရလျှက် အောင်မြင်သည်။
- သုံးထပ်ကွမ်း လူရည်ချွှန်အဖြစ် ၈တန်း။ ၉တန်း။ ၁၀တန်း တို့၌ သုံးနှစ်ဆက်တိုက် ရွေးချယ်ခံခဲ့ရသည်။
- ၁၉၈၄ ခုနှစ် ဆယ်တန်း အောင်မြင်ပြီးနောက် သာဿနာ့ ဘောင်သို့ ၀င်ရောက်ခဲ့ပြီး အမရပူရမြို့ မဟာဂန္ဓာရုံ ကျောင်းတိုက်တွင် ပရိယတ္တိ စာပေများ လေ့လာ ဆည်းပူးခဲ့သည်။
- ၁၉၉၂ ခုနှစ်တွင် ပထမကျော်ဘွဲ့ နှင့် ၁၉၉၅ ခုနှစ်တွင် ဓမ္မာစရိယဘွဲ့တို့ကို ရရှိခဲ့သည်။
-၁၉၉၈ ခုနှစ်တွင် အသက် ၃၀ ပြည့် ပုလဲရတုမွေးနေ့ အထိမ်းအမှတ် အဖြစ် တစ်ယောက်တည်းနေ တစ်စိတ်တည်းထား စာအုပ်ကို စတင်ထုတ်ဝေခဲ့သည်။
- ယခုအခါ သထုံမြို့ ကေလာသတောင်။ ရွှေပါရမီ တောရကျောင်း၌ တစ်ပါးတည်း ဧကစာရီတောရ ဆောက်တည်လျှက် ပရိယတ်။ ပဋိပတ်အလုပ် အားထုတ်လျှက်ရ
ှိသည်။


http://www.shweparami.net/ 

 

e-Books

 

 

လောက၌အကောင်းဆုံးသောအရာ

 

  မြင့်မြတ်သူတို့၏ စံအိမ်

 

  စိတ်အားဖြည့် ဓမ္မနေခြည်

 

စိတ်အားဖြည့် ဓမ္မကြာပွင့်

 

ဘဝအဓိဋ္ဌာန်

 

  တစ်ယောက်တည်းနေတစ်စိတ်တည်းထား

 

  ဘယ်လောက်ဝေးဝေးနီးနီးလေး

 

  ထူးမှထူး

 

  ကိုယ့်စိတ်ကိုယ်စစ်

 

  လောက၌ အကောင်းဆုံးသောအရာ

 

လိုတရနှလုံးသား

 

  အိုဘယ့် အလှူရှင်

 

  ငြိမ်းအေးသော ဘဝပိုင်ရှင်

 

  စိတ်အားဖြည့် ဓမ္မပန်းပွင့်

 

  စိတ်အားဖြည့် ဓမ္မမိုးစက်

 

  စိတ်အားဖြည့် ဓမ္မသံစဉ်

 

 

စိတ်လျှော်ဖွပ်တဲ့အလုပ်

 

  အားထုတ်ဖြစ်ဖို့ကအဓိက

 

  အချစ်ကံခေပေမဲ့ အနှစ်ကျန်စေရမယ်

 

အနှိုင်းမဲ့ လာဘ်

 

အနှိုင်းမဲ့ အဖော်

 

အနှိုင်းမဲ့ ဘာဝနာ

 

အနှိုင်းမဲ့ ရဟန်း

 

အနှိုင်းမဲ့ အလှူ

 

အနှိုင်းမဲ့ မီး

 

အနှိုင်းမဲ့ ကုသိုလ်

 

အနှိုင်းမဲ့ ရနံ့

 

အနှိုင်းမဲ့ ဥစ္စာ

 

နှလုံးသားမိတ္တူ

 

သတ်သတ်လွတ်နှင့် ကုသိုလ်စိတ်

 

ကျောင်းလှူသူသည် ကောင်းကျိုးချမ်းသာအားလုံးကိုလှူရာရောက်သည်

 

လူပျိုဘုရား လုံးဝမရှိ

 

တကယ်မသေခင် အစမ်းသေကြည့်ကြရအောင်

 

မိဘကျေးဇူးအကျေဆပ်နည်း

 

မော်ဒယ်လ် အသစ်နဲ့လူ

 

မြင့်မြတ်သော ဥပေက္ခာ

 

 နို့နှစ်လုံးဘိုးကျေပါတယ်

 

ကျေးဇူးသိတတ်သောနွားကလေး နက်ချောနှင့် ဓမ္မပုံပြင်များ

 

တစ်ရာနှင့် တစ်ရက်

 

ရည်စူး ကုသိုလ်

 

အကောင်းကံချစ်မှ အချစ်ကံကောင်း

 

အလင်း စေတမန်

 

ခိုင်မှခိုင်

 

မချစ်တတ် မမုန်းတတ်တဲ့သူ

 

နံ့သာဖြင့် ထုံမွှမ်းအပ်သော

 

ဆေးပေါင်းခတဲ့ မျက်ရည်

 

ရဟန်းဘာကြောင့်ပြုရတယ်

 

ရဲရင့်သူတို့၏ နေရာ

 

  

  အကြင်နာပေါင်းရှစ်သောင်းလေးထောင်

 

  အနေဝေးပေမဲ့ အဝေးနေမဟုတ်ပါ

 

  မသေခင်ဘာလုပ်ကြမလဲ

 

  ငါသေသွားပြီ

 

 

Dhamma Talk Video

 

စိတ်ကောင်းထားပါ ကလေးရယ် (၁)  ၂၉-၁၂-၂၀၀၃

စိတ်ကောင်းထားပါ ကလေးရယ် (၂)  ၂၉-၁၂-၂၀၀၃

စာနာပါကွယ် ကလေးရယ် (၁) ၃၁-၁၂-၂၀၀၃

စာနာပါကွယ် ကလေးရယ် (၂) ၃၁-၁၂-၂၀၀၃

မချစ်တတ်မမုန်းတတ်တဲ့သူ (၁)   ၆-၃-၂၀၀၄

မချစ်တတ်မမုန်းတတ်တဲ့သူ (၂) ၆-၃-၂၀၀၄

အသေလှတဲ့သူ (၁)  ၁၈-၁၂-၂၀၀၄

အသေလှတဲ့သူ (၂) ၁၈-၁၂-၂၀၀၄

ပြင်လိုက်ရင်သစ်သွားမှာပါ (၁)  ၄-၁-၂၀၀၅

ပြင်လိုက်ရင်သစ်သွားမှာပါ (၂)  ၄-၁-၂၀၀၅

မင်္ဂလာဆောင်တဲ့နေ့ (သကျမုနိ) (၁)  ၂၂-၁၀-၂၀၀၅

မင်္ဂလာဆောင်တဲ့နေ့ (သကျမုနိ) (၂) ၂၂-၁၀-၂၀၀၅

အနှိင်းမဲ့မှ အနှိုင်းမဲ့သို့ (၁)   ၁၃-၁-၂၀၀၆

အနှိင်းမဲ့မှ အနှိုင်းမဲ့သို့ (၂)   ၁၃-၁-၂၀၀၆

အနှိင်းမဲ့ အဖော် (၁)  ၂-၂-၂၀၀၆

အနှိင်းမဲ့ အဖော် (၂)  ၂-၂-၂၀၀၆

အနှိင်းမဲ့ ရနံ့ (၁)  ၃-၂-၂၀၀၆

အနှိင်းမဲ့ ရနံ့ (၂)  ၃-၂-၂၀၀၆

အနှိင်းမဲ့ မီး (၁)  ၅-၂-၂၀၀၆

အနှိင်းမဲ့ မီး (၂)   ၅-၂-၂၀၀၆

ကိုယ်သာနာစေ စိတ်မနာစေနဲ့ (၁)

ကိုယ်သာနာစေ စိတ်မနာစေနဲ့ (၂)

ကိုယ်သာနာစေ စိတ်မနာစေနဲ့ (၃)

ကိုယ်သာနာစေ စိတ်မနာစေနဲ့ (၄) (စ)

ကိုယ်သာနာစေ စိတ်မနာစေနဲ့ (၄) (ဆုံး)

တစ်ရာနှင့် တစ်ရက် တရားတော် (ဒုတိယပိုင်း) (၁) ၂၁-၁၂-၂၀၀၄

တစ်ရာနှင့် တစ်ရက် တရားတော် (ဒုတိယပိုင်း) (၂)

အနှိင်းမဲ့ ဘာဝနာ တရားတော် (ဒုတိယပိုင်း) (၁) ၂၃-၁၂-၂၀၀၄

အနှိင်းမဲ့ ဘာဝနာ တရားတော် (ဒုတိယပိုင်း) (၂)

အနှိင်းမဲ့ ဘာဝနာ တရားတော် (တတိယပိုင်း) (၁) ၂၄-၁၂-၂၀၀၄

အနှိင်းမဲ့ ဘာဝနာ တရားတော် (တတိယပိုင်း) (၂)

အနှိင်းမဲ့ ဘာဝနာ တရားတော် (စတုတ္ထပိုင်း) (၁) ၂၅-၁၂-၂၀၀၄
အနှိင်းမဲ့ ဘာဝနာ တရားတော် (စတုတ္ထပိုင်း) (၂)

အနှိင်းမဲ့ ဘာဝနာ တရားတော် (ပဉ္စမပိုင်း) ၂၆-၁၂-၂၀၀၄

ဝေးလေကောင်းလေ  ၁၆-၁၂-၂၀၀၃

ဝေးကွာတိုင်းဝေးရမှာလား ၁၈-၁၂-၂၀၀၃

အနေဝေးပေမဲ့ အဝေးနေမဟုတ်ပါ  ၁၄-၁၂-၂၀၀၃

 

မြဝတီ အသံလွှင့် တရားတော်များ

(၁၅မိနစ် တရားတော်များ)

 

ကုသိုလ် ပူနွေး နေပါစေ

အနှစ်များများနဲ့ စားပါ

နေရာတိုင်းဟာ ကိုယ့်ရိပ်သာ

ချစ်စွဲ မုန်းစွဲ ကင်းပါစေ

နာမည်လေးနဲ့ လိုက်အောင် နေမယ်

ပြတ်သားမှ ပြတ်သွားမယ်

ချော်လဲတိုင်း ချော်လွဲရမှာလား

လှုပ်တာထဲမှာ မလှုပ်တာရှာ

စွန့်တတ်ရင် စွန့်ခ ရတယ်

ကံမှားတော့ ခံထားပေါ့

မေတ္တာနဲ့ လုပ်သမျှ အနှစ်ပါတဲ့ အထုပ်တွေချည်းပါပဲ

အဲဒါကမှ အရသာ

တကယ်မသေခင် အစမ်းသေကြည့်ရအောင်

မသေချင်ရင် အသက်ရှူပါ

 

****************************************** 

Dhamma Talk Audio

 

Mp3 Disc 1

 

၁။ မြင့်မြတ်သူတို့၏စံအိမ်

၂။ ကိုယ့်စိတ်ကိုယ်စစ်

၃။ ဘယ်အိမ်မှာနေကြမလဲ

၎။ ရဟန်းဘာကြောင့်ပြုရတယ်

၅။ မသေခင်ဘာလုပ်ကြမလဲ

၆။ တစ်ယောက်တည်းနေတစ်စိတ်တည်းထား

၇။ မျက်ရည်တစ်စက်ဆေးတစ်ခွက်

 

Mp3 Disc 2

 

၁။ လမ်းခွဲတာဝမ်းနည်းစရာလား

၂။ နှလုံးသားတောင်ထိပ်ကအရဟံစေတီ

၃။ ရွှေကောင်းမှုနဲ့ ရွှေတောင်ဆု

၎။ လောက၌အကောင်းဆုံးသောအရာ

၅။ ထူးမှထူး

၆။ ကရုဏာလက်

၇။ အိုဘယ့်အလှူရှင်

၈။ တို့လည်းလိုက်မယ်ချန်မထားနဲ့

 

Mp3 Disc 3


၁။ တောင်ပို့တူးသမား

၂။ ရလေလိုလေ ဒါပေမဲ့တဒင်္ဂလေးတေ

၃။ လိုတရနှလုံးသား

၎။ သွေးရဲရဲသံရဲရဲ

 

Mp3 Disc 4

 

၁။ ငြိမ်းအေးသောဘ၀ပိုင်ရှင်

၂။ ငါ့ကိုမချစ်ပါနဲ့

၃။ အနှိုင်းမဲ့

၎။ အလင်းစေတမန်

၅။ သေမှအေးမယ်

၆။ သေခြင်းတရားသည် သူတော်ကောင်းတို့၏မိတ်ဆွေ

၇။ ဘ၀အဓိဋ္ဌာန်

 

Mp3 Disc 5

 

၁။ အဆင်ပြေဖို့အဓိက

၂။ အဆင်ပြေအောင်နေ

၃။ အဆင်ပြေအောင်စား

၎။ အဆင်ပြေအောင်ပြော

၅။ အဆင်ပြေအောင်ပေါင်း

၆။ အဆင်ပြေရာနေ

၇။ ဆေးပေါင်းခတဲ့ည

၈။ ပန်းမညှိုးပါစေနဲ့

 

Mp3 Disc 6

 

၁။ ကူညီပါကွယ်ကလေးရယ်

၂။ သိပ်လှတာပဲကလေးရယ်

၃။ လိမ္မာလိုက်တာကလေးရယ်

၎။ နှုတ်ဆက်လိုက်ပါကလေးရယ်

၅။ စာနာပါကွယ်ကလေးရယ်

၆။ စိတ်ကောင်းထားပါကလေးရယ်

၇။ ကျေးဇူးသိပါကလေးရယ်

၈။ စကားချိုတော့ချစ်တာပေါ့ကလေးရယ်

 

Mp3 Disc 7

 

၁။ ဝေးလေကောင်းလေ

၂။ အဝေးမှာမနေပါနဲ့

၃။ အနေဝေးပေမဲ့ အဝေးနေမဟုတ်ပါ

၎။ ဝေးကွာတိုင်း ကွာဝေးရမှာလား

၅။ ဘယ်လောက်ဝေးဝေးနီးနီးလေး

၆။ ဝေးမဲ့စကားမပြောပါနဲ့

၇။ သောကဘဏ်တိုက်

၈။ မချစ်တတ် မမုန်းတတ်တဲ့သူ

 

 

Mp3 Disc 8

 

၁။ လိုတရ ဗိမာန်

၂။ ပေးဆပ်သူတို့၏ရလဒ်

၃။ လိုတရဓမ္မရတနာ

၎။ ဓာတ်ကူးကောင်းမှ ဓာတ်ကောင်းကူးမယ်

၅။  သေဖို့သာပြင်

 

Mp3 Disc 9

 

၁။ အသေလှတဲ့သူ

၂။ တစ်ရာနှင့်တစ်ရက်

၃။ အနှိုင်းမဲ့ဘာဝနာ

 

 

Mp3 Disc 10

 

၁။ ပြင်လိုက်ရင်သစ်သွားမှာပါ

၂။ ခိုင်မှခိုင်

၃။ နံ့သာဖြင့်ထုံမွမ်းအပ်သော

၎။ တစ်ပွင့်ပန်လည်းလှပါတယ်

၅။ ခိုင်သထက်ခိုင်

၆။ ပရဟိတစိတ်ဓါတ်

၇။ အနှိုင်းမဲ့ရဟန်း