Saturday, August 29, 2009
Fwd: Purnishment
---------- Forwarded message ----------
From: swezin han <swezin1980@gmail.com>
Date: 2009/8/29
Subject: Fwd: Purnishment
To: may mon <maymon001@gmail.com>
---------- Forwarded message ----------
From: tint lwin <tintswehan@gmail.com>
Date: 2009/8/29
Subject: Fwd: Purnishment
To: swezin han <swezin1980@gmail.com>
---------- Forwarded message ----------
From: htun myint htay <htunmyint21@gmail.com>
Date: 2009/8/28
Subject: Fwd: Purnishment
To: aungnaingswe7 <aungnaingswe7@gmail.com>, hankoko@gmail.com, yeemar ohm <yeemarohm@gmail.com>, khi ae <khaingthinnaye@gmail.com>, khunkyi@gmail.com, thein oo <theinnaingoo1998@gmail.com>, thanzawoo98@gmail.com, tint lwin <tintswehan@gmail.com>
တကျွန်းစံ
ရှေးတုန်းက တကျွန်းကို ပို့ ခံရတယ်ဆို တာ တော်တော်ဆိုးတဲ့  နိုင်ငံရေးသမား (သို့ ) နှစ်ကြီးပြစ်ဒဏ်ကျခံရတဲ့  ထောင်သားတွေသာ တကျွန်းကို ပို့ ခံရတာပါ
တကျွန်းမှာ ရေမရှိ နေစရာမရှိ စားစရာဆိုတာ အင်မတန်ရှား အ၀တ်အထည်ဆို လဲရှား
သွားလာရေးကလဲ တော်တော်ပိုက်ဆံကုန်မှ ထောင်ဝင်စာ သွားတွေ့ နိုင်တာပါ
ဒါကြောင့် အချို့ နှစ်ကြီးသမားတွေရဲ့ မိန်းမ တွေဟာ တကျွန်းကို လိုက်နေ ကြုံရာအလုပ်လုပ်
မိသားစု အတူနေရေးကို ဦးစားပေးကြသတဲ့ 
တကျွန်းပြန်ဟော့ဆိုရင် ရွာမှာအတော်ကြောက်ကြသတဲ့ 
ငိုနေတဲ့ ကလေးတောင် ချက်ချင်းတိတ်သတဲ့ 
ဒီခေတ်ကြီးထဲမှာ တကျွန်းစံ ဖြစ်ချင်သူက ပိုက်ဆံပေးရပါတယ်
တကျွန်းမှာ ရေမရှိပါ သုံးရေသောက်ရေ ဝယ်သောက်ရပါတယ်
တကျွန်းမှာ စားစရာဆိုတာ အလကားမရပါ ပိုက်ဆံဈေးကြီးပေးပြီးမှရပါတယ်
အဝတ်အထည်ဈေးဆိုတာ မေးမနေနဲ့  သွားသာကြည့် 
ကြည့် ယုံကြည့် လို့  ပြောတာနော် ရောင်ပြီး ဝယ်ချင်လို့ ကတော့  ကုန်ပြီဆရာဘဲ
တကျွန်းမှာ မိသားစုလိုက်နေချင်တယ် ဟုတ်လား
နှစ်ကြီး ကျတာလား နှစ်နည်းနည်းကျတာလား ? IC ပြလေ
သြ ထောင်ဒဏ် ငါးနှစ် ဒါဆို မိသားစု လိုက်နေလို့ ရတယ်
ဒါကို PR ကျတယ်လို့ ခေါ်တယ်
အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ငါးနှစ်ဆို တာ တော်ရုံ နဲ့ မရဘူး
တော်တော်အပြစ်ကြီးလို့ 
မိသားစု လိုက်နေလို့ ရတယ် ဘယ်တော့မှ ပြန်ဖို့ မစဉ်းစားနဲ့ 
တဘဝလုံး ရုန်းပေတော့
ဟင်ဒီတယောက်က ထောင်ဒဏ်နှစ်နှစ် ဆိုပေမယ့်  တမိသားစုလုံးကိုsupport လုပ်နိုင်တယ်
ဟုတ်လား သြ အလုပ်ချိန် long hour လုပ်ပြီး လစာတမိသားလုံးလောက်တယ်ပေါ့
အေးအေး ဒါကို EP ပြစ်မှု လို့ ခေါ်တယ်
ဟင်းဟင်း ဒီလူလဲ တကျွန်းက မထွက်နိုင်ပါဘူး
ရသမျှ ကုန်ပြီသာမှတ်ပေတော့ ပြန်ဖို့ စဉ်းစားရင်တောင် ဘာမှစုဆောင်းမိမှာမဟုတ်
မိသားစုခေါ်ခွင့်မရှိတဲ့ အကျဉ်းသမားတွေကတော့ S Pass & Work Pass class တွေပေါ့။
ဒီလူတွေကတော့ စုနိုင်ရင် ရတဲ့ လစာ တဝက်လောက်တော့ စုမိပါတယ်
စုနိုင်ရင်လို့ ပြောတာနော်
ပျော်ရွှင်စွာ Enjoy Life လုပ်နေလို့ ကတော့ ဒီလူတွေလဲ ဒီနွံမှာနစ်နေမှာဘဲ။
သက်တမ်းတွေက ၂နှစ်တခါတိုးတာလေ
အလုပ်ပြောင်းရင်အစကပြန်လျှောက်ပေါ့ ဒါကဒီကျွန်းရဲ့ စည်းကမ်း
ဒီကျွန်းကိုလာပြီး အပြစ်ခံချင်ရင် ပိုက်ဆံပေးရတယ်
အံ့သြစရာက ဒီကျွန်းကို ဝဋ်ခံဖို့  လူတွေအလုအယက် ပိုက်ဆံပေးလာခြင်းဘဲ
အကြောင်းကြောင်းကြောင့် ပြန်ရ မယ်ဆို အချို့ တွေ ကစိတ်မကောင်းဖြစ်
အချို့ ကတော့အနိုင်နဲ့ ပိုင်း စောစောနဲ့ မြန်မြန် အိမ်ကိုပြန်ကြတယ်
ပြစ်မှုကြွေး ချွေးနဲ့ ဆပ်တဲ့ 
မြန်မြန်ဆပ်ကြရအောင်
ကဲ ဒီကျွန်းမှာ နှစ်ကြီး ကျတာလား နှစ်နည်းနည်းကျတာလား ? IC ပြလေ
--
အဆင်ပြေချောမွေ့ကြပါစေ
σкєραιиg
-------------\\\///
---------------/ \
--------------\\ // |
----------( | (.) (.) |)
-------o00o--(_)--o00o-------
{ αѕ тнιѕ ιѕ α ¢σмρυтє∂ gєиєяαтє∂ ємαιℓ, иσ ѕιgиαтυяє ιѕ яєqυιяє∂ }
No comments:
Post a Comment