From: saffron toward <saffrontoward@gmail.com>
Date: 2009/8/21
Subject: Saffron Mail Letter
To: saffron toward <saffrontoward@gmail.com>
Friday, August 21, 2009
Burma's News World's News
Anger at Lockerbie bomber welcome
The US and Britain voice anger over the jubilant welcome home for the
Libyan man convicted of the 1988 Lockerbie bombing.
Miliband attacks Libya welcome
Crowds greet Megrahi in Libya
US powerless as bomber freed
Reaction: Bomber set free
Megrahi: Profile of a bomber
Afghan rivals claim poll victory
Afghan President Hamid Karzai's campaign says he has enough votes for
a majority, but his main rival also claims victory.
Tech giants unite against Google
Microsoft, Yahoo and Amazon are to join a coalition against Google's
efforts to scan millions of books for a huge virtual library.
Fri. 21 Aug 2009 0508 UTC
Karzai, Abdullah Both Claim Victory in Afghanistan Election
Independent Election Committee refuses to confirm either claim, urging
candidates to wait for release of official results
Full Story »
Lockerbie Bomber Released From Prison
Former Libyan intelligence agent Abdelbaset Ali Mohmeit al-Megrahi
dying of prostate cancer, but news of release sparks very mixed
reactions
Iraq Detains 11 Security Officers After Baghdad Carnage
Iraqi officials raise death toll at least 100, say security officers
should have prevented trucks of the sort that exploded Wednesday from
approaching government ministries
Obama Promotes Health Reform on Conservative Radio
President spoke directly with listeners of a nationally-syndicated
radio program hosted by Michael Smerconish
Ethiopian Official Says Somali Militias Use Ethiopia to Attack Rebels
Spokesman says pro-government Somali militias have permission to use
Ethiopia as base of operations in attacking al-Shabab rebels
American freed in Burma ducks media on return home
USA Today
Kent Boyd, spokesman for the Springfield airport, said the family
believed he was "in poor health and not up to facing the media," the
newspaper reports. ...
See all stories on this topic
UN's Ban Ki-moon criticized for poor leadership
Talk Radio News Service
A leaked report released this week claims the UN Secretary-General
does not have the capacity to deal with global conflicts in Sri Lanka
and Burma, ...
See all stories on this topic
A roundup of today's other world news in brief
Irish Times
(Reuters) CHICAGO – American John Yettaw says he has no regrets about
taking a secret swim to the home of Burma's detained democracy leader,
a decision that ...
See all stories on this topic
Crikey
Treatment of asylum seekers in Thailand
Crikey
Another recent example, reported in the Bangkok-based newspaper, The
Nation, detailed here on The Irrawaddy website, is the death of two
young Burmese ...
See all stories on this topic
AFP
Suu Kyi to challenge verdict as global anger grows
AFP
Myanmar's state media hit back at outside involvement, with the
junta-controlled New Light of Myanmar newspaper deriding those who
"interfere in the ...
See all stories on this topic
OPINION
The Virtues of Careful Engagement
By ZARNI
The current top-down elitist approach towards engagement is
ill-conceived and woefully uninformed about how repressive regimes,
left or right, civilian or military, foreign or native, change their
policies and behavior.
Burmese Released from Malaysian Detention Center
By KO HTWE
The UNHCR office facilitates the release of 80 Burmese migrants from
an immigration detention center in Malaysia.
________________________________
Junta Conscripts Ethnic Youths
By LAWI WENG
The Burmese military are forcing ethnic youths into military training
to build up local militias.
Malaysian Arrested for Smuggling Burmese
By JULIA ZAPPEI
A Malaysian man faces up to 35 years in prison for smuggling 12 people
from Burma, amid a crackdown on human trafficking by Malaysia after it
was labeled one of the world's worst offenders in a US report.
Khmer Rouge Verdict Expected in Early 2010
By THE ASSOCIATED PRESS
A verdict in the trial of the Khmer Rouge's chief jailer—its first
senior leader to face justice—is expected early next year.
Max Myanmar Company awarded mining contract
The Burmese Ministry of Mines has awarded Max Myanmar Group of
Companies, a domestic conglomerate owned by business tycoon Zaw Zaw, a
contract to produce lime stone...
Campaigners call for commission of inquiry into junta crimes
Campaigners say now is the time for the international community,
particularly the United Nations, to call on the Security Council to
establish a commission of inquiry into crimes against......
Editorial, Opinion and Analysis
A message to Mr. John Yettaw
(Letter to the Editor) You may not have heard yet about the many
speculations of your trial - which ranges from a story that you
intentionally collaborated...
Posted by saffrontoward at 6:23 PM 0 comments Links to this post
saffrontoward@gmail.com
Labels: news
ဗမာပြည်ရဲ့ ယက်တောလွန်နိုင်ငံရေး
ရဲဘော်ဖိုးသံချောင်း
၂၁ သြဂုတ် ၂၀၀၉
ဗီယက်နမ်စစ်ဒဏ်ကြောင့် ကြောင်တောင်တောင်ဖြစ်နေတယ်လို့ ယူဆရတဲ့
ဂျွန်ယက်တောဟာ ဗမာပြည် နိုင်ငံရေးကို ရှုပ်ထွေးမှုတွေ တပြုံတခေါင်းကြီး
သယ်လာခဲ့တယ်လို့ဆိုရင် မမှားပါဘူး။ ဗမာပြည်ရဲ့မျက်မှောက်
ကာလနိုင်ငံရေးကို ယက်တောလွန်/ဝက်ဘ်လွန်နိုင်ငံရေးလို့တောင်
နာမည်ပေးရင်ရမလားပါပဲ။ အပေါ်ယံကြည့် လိုက်ရင်တော့ အခုအချိန်မှာ
အမေရိကန်ကလာတဲ့ ယက်တောလည်း အမေရိကန်ကိုပြန်သွား၊ အိမ်ချုပ်ထဲက
ဆွဲထုတ်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း အိမ်ချုပ်ထဲပြန်ထည့်၊ အဆင့် (၁)
ကို ပြန်ရောက်သွားပြန်ပြီလို့ ပြောနိုင်ပါတယ်။
ဈေးတွက်တွက်ပြောရရင်တော့ ဒီတခါဝက်ဘ်လာတဲ့ခရီးစဉ်မှာ ဝက်ဘ်နဲ့ နအဖ တို့ပဲ
အမြတ်ရလိုက်ကြပါတယ်။ ဝက်ဘ်ဟာ သူ့အတွက် အိမ်ပြန်လှတဲ့ ဆုလာဘ် ရသွားပါတယ်။
အမေရိကန်နိုင်ငံသားတယောက်ကို လူဆိုးတွေလက်က ကယ်တင်နိုင်သူ
သူရဲကောင်းဖြစ်သွားပါတယ်။ သူ့ရှေ့တက်လမ်းအတွက် အမှတ် တော်တော်ရသွားတယ်
လို့တောင် တချို့ကပြောပါတယ်။ နောက်ပြီး နအဖ အစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည်
ကိုလည်း သူ(တို့) ပြောချင်တာ ပြောခွင့်ရ သွားပါတယ်။ ဒါဟာအရင်လို
မျက်ရိပ်-စကားရိပ်နဲ့ စောင်းပါးရိပ်ခြေ အသိပေး နေရတာတွေနဲ့စာရင်
အများကြီးပိုတာသွားပါတယ်။ တခါ နအဖဗိုလ်ချုပ်တွေ အဖို့ ဆိုရင်လည်း
အမေရိကန်နဲ့ ရွှေလမ်း၊ ငွေလမ်းဖောက်ဖို့ လမ်းစတစ ရသွား ပါတယ်။ သူများက
ယုံတာမယုံတာအပထား ဝါရှင်တန်ကို သူတို့ဟာ လူစိတ်ရှိသူ တွေဖြစ်ပါတယ်လို့
ပြသခွင့်ရသွားပါတယ်။ ဒါ့အပြင် ယက်တောတောင်မှ သူလုပ် ချင်တဲ့
ကြောင်တောင်တောင် အလုပ်ကို လုပ်ခွင့်ရသွားပါတယ်။ သူက
နာမည်ကြီးချင်လို့လုပ်တာဆိုရင် ပိုတောင် အောင်မြင်သေး တယ်လို့
ပြောရပါမယ်။
ဒီလိုအခါမှာ ဂျွန်ဝက်ဘ်ရဲ့ခရီးဟာ ဗမာပြည်နိုင်ငံရေးအပေါ်
ဘယ်လိုအကျိုးသက်ရောက်နိုင်တယ်ဆိုတာကို ပြောဆိုဆွေးနွေး သံတွေ
အတော်ပေါ်ထွက်နေပါတယ်။ မဆန်းပါဘူး။ ဒီလိုစဉ်းစားတွေးတောစရာတွေ ဖြစ်လာရတဲ့
အကြောင်းကတော့ ဂျွန်ဝက်ဘ်ဆိုတဲ့လူက သာမန်လူမဟုတ်ဘဲ အမေရိကန်နိုင်ငံက
ဆီနိတ်တာ အမတ်တယောက်ဖြစ်နေလို့ပါပဲ။
တကယ်ကျတော့ ဂျွန်ဝက်ဘ်ရဲ့ဒီခရီးစဉ်မှာ လျှို့ဝှက်မှုတွေလွှမ်းမိုးနေပါတယ်။
ဝက်ဘ်ဘက်ကလည်း အများကြီး ထိန်ချန်ထား၊ နအဖဘက်ကလည်း
အများကြီးထိန်ချန်ထားတာမို့ တကယ့်အခြေအနေကို မှန်းဆရတာဟာ အလွန်ခက်ပါတယ်။
စောလည်းစောလွန်းနေပါသေးတယ်။ ဒါပေမယ့် မကြာမီမှာပဲ ဝါရှင်တန်နဲ့
ကြပ်ပြေးအကြား အသွားအလာ၊ အပေးအယူတွေ များလာတာကို မြင်လာရစရာရှိပါတယ်။
ဒီလိုအခါမှာ ဒါဟာ ဗမာပြည် ပြည်သူ တွေရဲ့ကံကြမ္မာအပေါ် ဘယ်လိုများ
အကျိုးသက်ရောက်မှု ရှိလေမလဲလို့ စဉ်းစားသူ၊ တွေးတောသူ၊ ရေးသားသူ၊
ပြောဆိုသူတွေ အခုထက် ပိုများလာကောင်းလာစရာလည်း ရှိပါတယ်။
ဒါတွေနဲ့ဆက်နေတဲ့ကိစ္စတခုက ဝက်ဘ်ရဲ့ခရီးစဉ်ဟာ အမျိုးသားရင်ကြားစေ့ရေးဆီကို
တွန်းပို့ရာကျမကျဆိုတဲ့ မေးခွန်း ဖြစ်ပါတယ်။ ဒီမေးခွန်းထုတ်၊ ဒီစကားကို
ပြောသူတွေထဲမှာ သဘောထားအမျိုးမျိုးနဲ့ ပြောကြသူတွေ ပါပါတယ်။ တချို့ကလည်း
အဲဒီလိုဖြစ်စေချင်လို့၊ တချို့ကလည်း ကိုယ်လုပ်ချင်တာတခုအတွက် အကြောင်းပြ
စရာရချင်လို့ စသဖြင့်ပါ။ ဒါပေမယ့် နအဖနဲ့ သူ့ဆောင်းပါးရှင်တွေကတော့
အမျိုးသားရင်ကြားစေ့ရေးဆိုတာကို တခွန်းမှမဟကြောင်း
အသေအချာထောက်ပြဖို့လိုပါတယ်။ ဒီနေရာမှာ စဉ်းစားရမှာက တကမ္ဘာလုံး၊
တပြည်လုံး ကပြောနေတဲ့ အမျိုးသားရင်ကြားစေ့ရေးဟာ ဗမာပြည်မှာ ဘာကြောင့်
အကောင်အထည်မပေါ်တာလဲ ဆိုတာ ဖြစ်ပါတယ်။ အမှန်မှာ အဓိကပြဿနာဟာ
နအဖရဲ့သဘောထားဖြစ်ပါတယ်။ ဒီနေ့ တိုင်းပြည်မှာ ပေါ်ပေါက် နေတဲ့
နိုင်ငံရေးပြဿနာတွေ၊ တင်းမာမှုတွေ၊ ဖိနှိပ်မှုတွေဟာ နအဖစစ်အုပ်စုက အာဏာကို
လက်မလွှတ်ချင်လို့ ဖြစ်နေတာဆိုတာ လူတိုင်းသိပါတယ်။ ဒီတော့ ဂျွန်ဝက်ဘ်ဟာ
နအဖဗိုလ်ချုပ်တွေကို အာဏာခွဲဝေယူချင် အောင်၊ အာဏာကို လက်လွှတ်ချင်အောင်
ပြောနိုင်မလား။ တကယ်က နအဖကို တရုတ်ကနားချဖူးပါတယ်။ မရပါဘူး။ အမေရိကန်နဲ့
တခြားနိုင်ငံတွေကလည်း အကျပ်ကိုင်ဖူးပါတယ်။ မရပါဘူး။
ကိစ္စတွေဟာ အဲဒီလောက်လွယ်ရင် ဗမာပြည်ရဲ့ဒီမိုကရေစီအရေးတော်ပုံဟာ
ဒါလောက်ကြာမနေပါဘူး။ ဒီနေ့ ဗမာပြည် ပြည်သူတွေ ရင်ဆိုင်နေရတဲ့
စစ်အာဏာရှင်တွေဟာ ကမ္ဘာ့သမိုင်းမှာ စံချိန်တင်လောက်တဲ့ အာဏာ
မက်သူတွေဖြစ်ပါတယ်။ သူတို့ဟာ သူတို့ဘဝ သူတို့အာဏာနဲ့
အသေတွဲချည်ထားသူတွေပါ။ အာဏာမရှိရင် သူတို့ကိုယ်တိုင်ပါ ရပ်တည်လို့မရအောင်
သူတို့ဘာသာ လုပ်ထား-လုပ်နေပါတယ်။ နအဖကို ကြမ်းပြင်ပေါ် တုတ်ကလေး
တချက်ရိုက်ပြရုံနဲ့ လန့်လိမ့်မယ်၊ မုန်လာဥလေးတဥ ပြလိုက်ရုံနဲ့
ဟပ်တပ်ဆွဲလာမယ်လို့ထင်ရင် စိတ်ကူးယဉ်တာပဲဖြစ်ပါလိမ့်မယ်။
နအဖနဲ့ရင်ဆိုင်ရာမှာ ဇာတ်ဓား၊ နတ်ဓားလောက်နဲ့ မရဘူးဆိုတာ ဗမာပြည်
ပြည်သူတွေ အသိဆုံးဖြစ်ပါတယ်။ နအဖက ယက်တောကို လွှတ်လိုက်တာဟာ
အမေရိကန်အစိုးရကို အချက်ပြ တာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို
အကျယ်ချုပ်ထပ်ချလိုက်တာဟာ ဗမာပြည်သားတွေကို အချက်ပြတာ ဖြစ်တယ်ဆိုတာ
မေ့လို့မဖြစ်ပါဘူး။ ဗမာပြည်သူတွေအပေါ်မှာ ပြတ်သားမြဲပြတ်သားတယ်၊
အာခံဝံ့ရင်ခံကြည့်လို့ ပြောတာပဲဖြစ်ပါတယ်။
သတိထားသင့်တဲ့နောက်တချက်က တကယ်လို့များ နအဖက
ဟန်ပြစာပွဲဝိုင်းထိုင်တာမျိုးလုပ်လာရင် ဒါကို အမျိုးသား
ရင်ကြားစေ့ရေးလုပ်တယ်လို့ မဆိုမိဖို့ပါပဲ။ နအဖဟာ ဒီလိုဟန်ပြမျိုးတွေ
လုပ်ခဲ့လှပါပြီ။ ဒေါ်အောင်ဆန်းစုကြည်ကို ဦးအောင်ကြည်ဆိုသူနဲ့
စကားပြောစေတယ်ဆိုတာမျိုးနဲ့ မဗေဒါရေခပ်ခိုင်းထားခဲ့တဲ့ ကိစ္စကို
မှတ်မိကြမယ်ထင်ပါတယ်။ အခုအခါမှာ ဒီလိုလုပ်တာတွေနဲ့ ပြည်သူတွေကို
မျက်စိလည်စေ၊ ကိုယ့်ကိုယ်ကိုယ် မျက်စိလည်စေတာ မဖြစ်သင့်တော့ပါဘူး။
ဒီနေရာမှာ ဗိုလ်နေဝင်းလက်ထက် ၁၉၈ဝ ခုနှစ်တုန်းက ဗိုလ်နေဝင်းက
ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ခေါ်ခဲ့တဲ့အဖြစ်အပျက်ကို
ပြန်ထောက်ပြချင်ပါတယ်။ အဲဒီတုန်းက ဗိုလ်နေဝင်းဟာ တရုတ်ကပြောလွန်းတာနဲ့
တရုတ်ကျေနပ်အောင် ငြိမ်းချမ်းရေး ဆွေးနွေတယ်ဆိုတာက
တိတ်တဆိတ်လုပ်ခဲ့ပါတယ်။ တဖက်မှာ လည်း တရုတ်ကိုတော့ အသိပေးထားပါတယ်။
ဒါပေမယ့် အဲဒီ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဆိုတာကို နေ့ဝက်ပဲ
ဆွေးနွေးပြီးတော့ ဘာမှအကြောင်းမပြဘဲ အကုန် ဖျက်ပစ်ခဲ့ပါတယ်။ အခုလည်းပဲ
နအဖဟာ အိမ်ဖြူတော်က ကျေနပ် အောင်၊ ပြကောင်းအောင်လောက်
လုပ်လာနိုင်သေးတယ်ဆိုတာ တွက်ထား သင့်ပါတယ်။
ဒီနေ့အခါမှာ အမေရိကန်ကလည်း နအဖကိုဆွဲလို၊ နအဖကလည်းအမေရိကန်နဲ့ နီးစပ်လို၊
နှစ်ဖက်စလုံးဟာ အဲဒီဦးတည်ချက် ဆီကို တက်လှမ်းနေကြတာဆိုတယ်ဆိုတာ
တကမ္ဘာလုံးအသိပါ။ အားလုံး ကိုယ့်စဉ်းစားချက်နဲ့ ကိုယ်ချည်းဖြစ်ပါတယ်။
ဒါပေမယ့် သူတို့နှစ်ဖက်စလုံးက ဗမာပြည် ပြည်သူတွေရဲ့ အကျိုးစီးပွားအပေါ်ကနေ
တယောက်ကိုတယောက် လက်ကမ်းနေကြတာ မဟုတ်ပါဘူး။
ကိုယ့်အကျိုးစီးပွားနဲ့ကိုယ်ချည့်ပါ။ ဒါကိုအပြစ် ပြောနေဖို့ မဟုတ်ပါဘူး။
အရေးကြီးတာ ကိုယ်ကသူတို့နောက်ကို မျောမပါဖို့ဘဲဖြစ်ပါတယ်။
ကိုယ့်လမ်းကိုယ် လျှောက်ဖို့ပဲဖြစ်ပါတယ်။ ကိုယ့်အရေးတော်ပုံရဲ့
ကံကြမ္မာကို ဘယ်နိုင်ငံကြီးတွေရဲ့ နိုင်ငံခြားရေး ပေါ်လစီတွေနဲ့
တွဲချည်မထားဖို့ဘဲ လိုပါတယ်။
နောက်တချက်က ဒီလိုအချိန်မှာ ကျနော်တို့အနေနဲ့
ပြည်သူလူထုကိုဖြစ်မလာနိုင်တဲ့ မျှော်လင့်ချက်တွေ မပေး သင့်ပါဘူး။
ကယ်တင်ရှင် မျှော်ခိုင်းတာလည်း မလုပ်သင့်ပါဘူး။
ဒေါ်အောင်ဆန်းစုကြည်ကိုကယ်တင်ဖို့ ယက်တောရောက်လာတယ် ဆိုတာထက်
ပိုဆိုးကုန်နိုင်ပါတယ်။ ဗမာပြည်သားတွေနဲ့ ဒီမိုကရေစီ အရေးတော်ပုံ
တပ်သားတွေအနေနဲ့ ကိုယ့်ကိုယ်ကိုယ်မှတပါး တခြား ဘယ်သူ့ကိုမှ
အားမကိုးဖို့ပိုင်းဖြတ်ပြီး ကိုယ့်အားကိုယ်ကိုး
စိတ်ဓာတ်ခိုင်မြဲစေဖို့လိုပါတယ်။ နအဖတကယ်ကြောက်တာဟာ ပြည်သူ့အင်အား
ဖြစ်တယ်ဆိုတဲ့အချက်ကို မျက်ခြည်ပြတ်ခံလို့မဖြစ်ပါဘူး။
တကယ်က နအဖအမြင်မှာ အမျိုးသားရင်ကြားစေ့ရေးဆိုတာ သူတို့ရဲ့အာဏာကို
လက်လွှတ်ရေးဖြစ်နေပါတယ်။ သူတို့ အမြင်မှာ ဒေါ်အောင်ဆန်းစုကြည်ဖြစ်စေ၊
တခြားလူတွေကိုဖြစ်စေ လွတ်လွတ်လပ်လပ် လှုပ်ရှားခွင့် ပေးလိုက်ရင် သူတို့ရဲ့
အာဏာကို ခြိမ်းခြောက်လိမ့်မယ်လို့ တွက်ပါတယ်။ ဒီတော့
ငယ်ငယ်တုန်းကပြောသလို မုန့်သာ တဖဲ့စီဝေစားရင်စားမယ်၊
တိုင်းပြည်အာဏာကိုတော့ ဝေမစားဘူးဆိုတာဟာ ဒီဗိုလ်ချုပ်တွေရဲ့ အသည်း ထဲက
မူဝါဒပါ။
Posted by saffrontoward at 6:15 PM 0 comments Links to this post
saffrontoward@gmail.com
Labels: ဆောင်းပါး
မြန်မာ့သတင်း ကမ္ဘာ့သတင်း
အာဖဂန် ရွေးကောက်ပွဲ အောင်မြင်စွာ ပြီးဆုံး
မနေ့က ကျင်းပခဲ့တဲ့ အာဖဂန်နစ္စတန်က ရွေးကောက်ပွဲဟာ တာလီဘန် သူပုန်တွေက
မဲရုံတွေကို တိုက်ခိုက်တာတွေ၊ မဲပေးသူတွေကို အနှောင့်အယှက်ပေး
ခြိမ်းခြောက်တာတွေ လုပ်နေတဲ့ကြားထဲက အာဖဂန်ပြည်သူ သန်းပေါင်းများစွာဟာ
မဲရုံတွေကိုသွားပြီး မဲပေးခဲ့ကြတဲ့ ရွေးကောက်ပွဲပါ။
________________________________
လေယာဉ်ဗုံးခွဲသမား စောပြီး ပြန်လွတ်
ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ ရဟတ်ယာဉ် မြစ်ဝကျွန်းပေါ်ဒေသ ပျံသန်းခွင့်မရတော့
မြန်မာပြည်တောင်ပိုင်းတွင်ဖောက်ခွဲမှုဖြစ်ပွားနိုင်ဟု စစ်အစိုးရ သတိပေး
ဝီရ / ၂၁ သြဂုတ် ၂၀၀၉
အဆိုပါစာတွင် ကရင်အမျိုးသားအစည်းအရုံးနှင့် မွန်ပြည်သစ်ပါတီတို့ကို
ပုတ်ခတ်ရေးသားထားပြီး ကေအန်ယူ က ယင်းဖောက်ခွဲရေးလုပ်ငန်းအတွက်
....အပြည့်အစုံသို့
အလုပ်နှင့် ထောင်ဒဏ် (၃) နှစ်အတွက် ဒေါ်အောင်ဆန်းစုကြည် အယူခံတင်မည်
မင်းနိုင်သူ / ၂၁ သြဂုတ် ၂၀၀၉ "ကျနော်တို့ ရေးနေကြတယ်ဗျာ။ မပြီးသေးဘူး။
နောက်အပတ်မှပဲ တင်ဖြစ်မယ်ထင်ပါတယ်။ မတင်ခင် ဒေါ်အောင်ဆန်းစုကြည်နဲ့
......."အပြည့်အစုံသို့
ကေအိုင်အို သြဇာသက်ရောက်မှု မရှိရန် ဖားကန့်စစ်ဗျူဟာမှူး ဆောင်ရွက်
ခိုင်လင်း / ၂၁ သြဂုတ် ၂၀၀၉ ကေအိုင်အိုအဖွဲ့၏ တပ်ရင်း (၆) သည်
ဖားကန့်မြို့နယ်၊ ဆိုင်းရာ ဒေသတွင် ....အပြည့်အစုံသို့
စာပေစိစစ်ရေးရုံးသို့ စာရေးဆရာကြီးနန်းညွန့်ဆွေ
သွားရောက်ကန့်ကွက်
NEJ / ၂၁ သြဂုတ် ၂၀၀၉ ဆရာကြီးနန်းညွန့်ဆွေသည် ပြီးခဲ့သည့်လက
သုခမိန်ကလောင်အမည်ဖြင့် အပယ်ရတနာဆိုသည့် ဆောင်းပါးတပုဒ်ကို
မြန်မာသစ်မဂ္ဂဇင်းသို့ ....အပြည့်အစုံသို့
ရနောင်းမြို့တွင် "လူကုန်ကူးမှု ရပ်တန့် ရေး" အမည်ရှိ ပန်းချီပြိုင်ပွဲကျင်းပ
ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းမြို့ ဖန်ဖလားရပ်ကွက်
ဝိတိုရိယကျောင်းတွင် မူလတန်း၊ အလယ်တန်း ကျောင်း ပေါင်း (၁၂) ကျောင်းမှ
မြန်မာ ကလေးငယ်(၃၆)ဦးပါဝင်သည့် "လူကုန်ကူးမှု
ကရင်ဒုက္ခသည်များ ထပ်မံ ထွက်ပြေးနေရ
ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် အတွင်းရှိ ကျေးရွာများတွင် နေထိုင်သော
ကရင်ရွာသားများသည် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်ဖွဲ့ (DKBA) က
တပ်သားသစ်
စားသုံးသူထံမှ ၁၀ ရာခိုင်နှုန်း အခွန်ကောက်ခံတော့မည်
မြန်မာနိုင်ငံအတွင်းရှိ စားသောက်ဆိုင်များနှင့် လက်ဖက်ရည် ဆိုင်များတွင်
ဝယ်ယူစားသုံး သူများထံမှ စားသောက်ထားသော တန်ဖိုး၏ ဆယ်ရာခိုင်နှုန်း
အခွန်ကောက်ခံရန် ဆိုင်ပိုင်ရှင်
ဘင်္ဂလားဒေ့ရှ် A (H1N1) ကို ရခိုင်သားများ စိုးရိမ်နေ
မြန်မာ့အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်တွင် A (H1N1) တုပ်ကွေးရောဂါ
ကူးစက်ခံရသူ ၉၀ နီးပါး တွေ့ရှိထားသဖြင့် အစောင့်အကြပ် မရှိသော
နှစ်နိုင်ငံနယ်စပ်မှတဆင့် ဝင်ရောက်လာမည်ကို ရခိုင်ပြည်နယ် နယ်စပ်နေ...
မြန်မာအတွက် အင်ဒိုနီးရှား မော်ဒယ်လား
ကမ္ဘာ့နိုင်ငံရေးရာ ဇာတ်ခုံပေါ်မှာ အင်ဒိုနီးရှားဟာ အပြောင်းအလဲ
အချိုးအကွေ့တွေနဲ့ တမူထူးခြားတဲ့ မော်ဒယ်မျိုးပါ။
မြန်မာစစ်ခေါင်းတွေအဖို့ အမြဲပဲ အားကျစိတ်ကူး အကောင်အထည်ဖော်နေတယ်လို့
ယူဆရတာကလည်း အဲဒီ အင်ဒိုနီးရှားပုံစံကိုပါပဲ ......
အောင်ဘာလေထီ လောကကိုပါ ဦးတေဇ ဝင်ရောက်လာ (ရုပ်သံသတင်း)
အောင်ဘာလေထီ လောကကိုပါ ဦးတေဇ ဝင်ရောက်လာ (ရုပ်သံသတင်း)
ဒေါ်အောင်ဆန်းစုကြည်အတွက် အယူခံ တင်သွင်းမည်
အင်းစိန်ထောင်တွင်း မြောက်ပိုင်းတရားရုံးက ဒေါ်အောင်ဆန်းစုကြည်ကို
ထောင်ဒဏ် ချမှတ်ခဲ့သည်မှာ ဥပဒေနှင့် မကိုက်ညီဟုဆိုကာ သူမ၏ ရှေ့နေများက
အယူခံ ဝင်သွားမည် ...
ဘင်္ဂလားဒေ့ရှ် A (H1N1) ကို ရခိုင်သားများ စိုးရိမ်နေ
မြန်မာအတွက် အင်ဒိုနီးရှား မော်ဒယ်လား
အောင်ဘာလေထီ လောကကိုပါ ဦးတေဇ ဝင်ရောက်လာ (ရုပ်သံသတင်း)
ဒေါ်အောင်ဆန်းစုကြည်အတွက် အယူခံ တင်သွင်းမည်
အန်အယ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ပြောစကား ဂျာနယ်တွင် ဖော်ပြခွင့်ရ
စာပေစိစစ်ရေး၏ ဆင်ဆာဖြတ်တောက်မှု လျှော့ပေါ့မှုတခုမှာ အစဉ်အလာအားဖြင့်
ဖော်ပြခွင့် ပေးလေ့မရှိသော အတိုက်အခံပါတီ အန်အယ်ဒီ၏ ပြောခွင့်ရပုဂ္ဂိုလ်
ပြောစကားကို အပတ်စဉ်ထုတ်...
ကချင်စကားပြော ဇာတ်ကား ရန်ကုန်တွင် ပြသမည်
'အမြဲစိမ်းတောမှာ အချစ်ရှာသူ' အမည်ရှိ မြန်မာစာတန်းထိုး ကချင်စကားပြော
ဇာတ်ကားကို ရန်ကုန်မြို့၌ မနက်ဖြန်တွင် ရုံတင်ပြသမည်ဟု သိရသည်။
မြန်မာစာတန်းထိုး...
အမှန်တရားတို့  မှောက်ကျသွားခဲ့ပြီးနောက်
ရဲရင့်သက်ဇွဲ
သြဂုတ် ၂၀၊ ၂၀၀၉
ဒီလမ်း ဒီစခန်းမှာ
ဘယ်သူက သူရဲကောင်းလည်း
ဘယ်သူက ဗီလိန်လဲ
ဘယ်သူက ဘယ်သူ့ ကို
ဘယ်သူက ဘယ်သူ့ ကို
စွဲချက်တင်ရမှာတဲ့လဲ
ရိုက်ချက်ကပြင်းတယ် ။
အျပည့္အစုံသိုႛ ...
more
more
မြန်မာဒုက္ခသည်များအရေး နိုင်ငံတကာ အရေးတယူ စဉ်းစားသင့်္ဘပီ
စစ်အစိုးရ ဝန်ကြီး ဗိုလ်ချုပ်ဌေးဦး ဂဵပန်အကူအညီ ရယူရေးကြိုးပမ်း
ဇာဂနာနှင့် ကိုဇော်သက်ထွေးတိုႛ အယူခံကို တရားရုံးက ပယ်ချ
No comments:
Post a Comment