Monday, May 10, 2010

Fwd: အတွေးတစ်ခုပါ





ဒီညနေ
ဖတ်လိုက်ရတဲ့ဇာတ်လမ်းလေးကို နှစ်သက်ခံစားမိတဲ့အတွက် မိတ်ဆွေ
သူငယ်ချင်းတို့ကို ပြောပြချင်ပါတယ်…တစ်နေ့မှာ မူလတန်းအရွယ် ကောင်လေးနဲ့
ကောင်မလေးတို့ဟာ အတူတူပျော်ပျော်ရွှင်ရွှင် ပြေးလွှား
ဆော့ကစားနေကြပါတယ်..ကောင်မလေးဆီမှာတော့ သကြားလုံးလေးတွေ ပါလာပြီး ကောင်လေးဆီမှာတော့ ဂေါ်လီလုံးများရှိပါတယ်…အဲဒီမှာ ကောင်လေးက ကောင်မလေးကို
မင်းလက်ထဲမှာရှိတဲ့ သကြားလုံးအားလုံး ငါ့ကိုပေးမယ် ဆိုရင် ငါမှာရှိတဲ့
ဂေါ်လီလုံး အားလုံး အပြန်အလှန်အဖြစ် မင်းကို ငါပေးမယ်လို့ပြောပါတယ်..ကောင်မလေးကလဲ သဘောတူ လက်ခံ လိုက်ပါတယ်…

ဒါပေမဲ့..ကောင်လေးက အကြီးဆုံး အလှဆုံး ဆိုတဲ့ ဂေါ်လီလေးကို ကောင်မလေးမသိအောင် ဖွက်ထားပြီး ကျန်တဲ့ဂေါ်လီအားလုံးကို
ကောင်မလေးကို ပေးလိုက်ပါတယ်..ကောင်မလေး ကတော့ ကနဦး သူတို့သဘောတူ
ကတိပြုထားခဲ့တဲ့အတိုင်းဘဲ သကြားလုံး အားလုံးကို ကောင်လေးကို
ပေးလိုက်ပါတယ်…

အဲဒီညမှာတော့ ကောင်မလေးဟာ ငြိမ်းငြိမ်းချမ်းချမ်း နှစ်နှစ်ချိုက်ချိုက် အိပ်စက်နိုင်ခဲ့ပြီး ကောင်လေးကတော့
အိပ်လို့မပျော်ခဲ့ပါဘူးတဲ့..သူ့စိတ်ထဲမှာ ကောင်မလေးဟာ သကြားလုံးကို အကုန်မပေးဘဲ ငါ့လိုဘဲ အကောင်းဆုံး အကြီးဆုံးသကြားလုံးကိုများ ချန်ထားခဲ့
လေမလားရယ်လို့ တွေးနေမိပါတယ်တဲ့…..

ဒီပုံပြင်လေးကပြောတဲ့သင်ခန်းစာလေးကတော့ ဘယ်လိုပေါင်းသင်းဆက်ဆံရေး မှာဘဲဖြစ်ဖြစ် တကယ်လို့ သင်ဟာ ၁၀၀ရာခိုင်နှုန်းအပြည့် ပေးသူမဟုတ်ခဲ့ဘူးဆိုရင် တစ်ဘက်လူက ၁၀၀ ရာခိုင်နှုန်း
အပြည့် ပြန်ပေးသော်လည်း မငြိမ်းချမ်းနိုင်တဲ့ သံသယစိတ်တွေနဲ့ ပူလောင်နေ
တတ်ပါတယ်တဲ့….ဒီကျင့်ဝတ်ကလေးက ဘယ်လို ပေါင်းသင်းဆက်ဆံမှုမျိုးမှာမဆို
လိုက်နာ ကျင့်သုံးသင့်ပါတယ်…ချစ်သူနှစ်ဦးကြားမှာ သော်လည်းကောင်း အလုပ်ရှင်အလုပ်သမား အပြန်အလှန် ဆက်ဆံရေးကြားမှာ သော်လည်းကောင်း
သူငယ်ချင်းအချင်းချင်း အစရှိတဲ့ ဆက်ဆံရေး တွေမှာ သော်လည်းကောင်း
သင်တတ်စွမ်းနိုင်သမျှ ၁၀၀ရာခိုင်နှုန်း အပြည့်သာပေးပြီး
ငြိမ်းချမ်းစွာအိပ်စက်လိုက်ပါ….သံသယတွေနဲ့ပူလောင်နေခြင်းကနေ ကင်းဝေးပါလိမ့်မယ်…


--
Win Ei Khine




No comments:

Post a Comment