Monday, September 13, 2010

Fwd: ဆွေးနွေးခန်း (၅၈)



မေး - ဒီလို နေ့စဉ်လုပ်ငန်းစဉ်လေးတွေ ခင်ဗျားစီစဉ်နိုင်တာတော့ ချီးကျူးစရာပါပဲ ကျွန်တော်တို့ ခုလို အသင်းအဖွဲ့ အနေနဲ့ ဒီလောက်အထိလုပ်နိုင်တယ်ဆိုတာ အရင်တုန်းက ကိုယ့်ကိုကိုယ် မထင်ထားခဲ့တာလေးတွေရှိတယ်။ နောက်ထပ် ဘာများ အကြံပေးစရာရှိသေးလဲဗျာ။

ဖြေ - ဒီတခေါက်တော့ဗျာ ဒီအစီစဉ်လေးတွေကို ခဏချထားပြီး စိတ်ထဲမှာ ဖြစ်နေတာလေးကို ပြောချင်တယ်ဗျာ။ ကျွန်တော်တို့ ဒီကလူတွေကို မဟုတ်ပါဘူး။ ရပ်ဝေးမြေခြားမှာရောက်နေတဲ့ မြန်မာ့ အရေးလှုပ်ရှားသူတွေနဲ့ လှုပ်ရှားချင်သူတွေကို ပြောချင်တာပါ။ ခုဖြစ်နေတဲ့ ဖြစ်ရပ်လေးကို အခြေတည်ပြီး နေနိုင်ကြတာကို ကျုပ်ဖြင့် အံသြ စိတ်မကောင်းဖြစ်လို့ မဆုံးဖူး။ ခင်ဗျားလဲ သိပါတယ်လေ။ ပဲခူးမှာ ဖြစ်တဲ့ ကိစ္စလေးပေါ့။ ဒါဟာ နိုင်ငံတကာ အတွက် မြန်မာပြည်က cry for help ပဲဗျ။ ကျွန်တော်က ဖြစ်စေ့ချင်တာ ဒီကိစ္စမှာ နအဖ ဟာ ကြီးမားတဲ့ အမှားကို ကျူးလွန်လိုက်တာပဲ။ Crime against humanity တွေဘာတွေ အကြောင်း ပြောနေတဲ့ အချိန်မှာ ဒီဟာလေးကို အင်တာနေရှင်နယ်မှာ လူသိထင်ရှားလေး ဖြစ်အောင် မီဒီယာ လှုံဆော်မှုလေး တော်တော်များများ လုပ်ပြီး မြန်မာပြည်မှာ ဒီလို စစ်တပ်ဟာ ဥပဒေမဲ့ ထင်ရာလုပ်နေပါတယ် ဆိုတဲ့အကြောင်း ပြည်သူလူထုကို လှုပ်တာနဲ့ open fire လုပ်ပြီး နှိပ်ကွပ်နေတာကို နိုင်ငံတကာက နအဖကို ရှတ်ချပြီး scrutinize လုပ်အောင် ပြည်ပြရောက်မြန်မာများ တတ်နိုင်ကြပါတယ်။ ဒီဟာလေး ဖြစ်မြောက်မလာတာကို စိတ်ထဲမှာ တော်တော်နှမြောနေမိတယ်။ ကျွန်တော်တို့ကို ခဏခဏ ပြောခံနေရသလို တော်လှန်ရေးလုပ်တယ် ဆိုပြီးတော့လဲ ဒီလို အခွင့်ကောင်းလေးတွေကို ရလာတိုင်း နအဖက ကြိုပြီးကာကာနေတာနဲ့ ပြီးသွားရင် ဆုံးရှုံးခဲ့ရ ပေးဆပ်ခဲ့ရတဲ့ အသက်ပါစွန့်ခဲ့ရတဲ့ လူတွေအပေါ်မှာ ကျွန်တော်တို့က တရားမျှတအောင်လုပ်မပေးနိုင်ခဲ့ဖူးဆိုတာ မဖြစ်ချင်တော့ဘူးဗျ။ နအဖ ဟာ ၁၉၈၈ တုန်းက မောင်ဖုန်းမော်သေတုန်းကလို ဒီလို ကိစ္စလေးတွေမှာ စောစောစီးစီး ရှင်းစရာရှိတာရှင်း ကာစရာရှိတာ မကာရင် ခံသွားရမယ်ဆိုတာ သိလေတော့ ချက်ချင်းကို ပြင်ဆင်ပြီး ရှင်းပစ်လိုက်တာ ခင်ဗျားတွေ့တာပဲ။ နောက်ပြီး သိပ်မကြာတော့ဘူး ရွေးကောက်ပွဲ ကိစ္စ ဘာညာလာတော့မှာ အဲဒီကြရင် နအဖက ရောချပြီး ဒီကိစ္စကို သေးအောင် ပျောက်အောင်လုပ်ပစ်တော့မှာ။ ခင်ဗျားတို့ ပြည်ပြ မြန်မာ့ အခွင့်အရေး လှုပ်ရှားသူတွေသာ ဖိအားပေးနိုင် ပြည်တွင်းကလဲ တက်တက်ကြွကြွလေး ဆူဆူညံညံလုပ်ဖို့သင့်တာ။ ကျွန်တော်ခဏခဏ ပြောပါတယ် နအဖ အပြစ်တွေကို ကြည့်တဲ့ မျက်လုံးတွေကို မှန်ဘီလူး နာနာတပ်ဖို့လိုတယ် ဆိုတဲ့ အကြောင်း။ ခင်ဗျား မှတ်မိဦးမလား မသိဘူး အမေရိကန်မှာ ရဲတွေက လူမည်းတယောက်ကို ရိုက်တုန်းလို ဒီကိစ္စမှာလဲ ကမ္ဘာ သိအောင် လုပ်ပြီး သေနတ်နဲ့ ဥပဒေလုပ်နေတဲ့ ကိစ္စကို ရပ်အောင် လုပ်ရမယ်ဗျ။ ဒါ နအဖ ကျူးလွန်မှုအပေါ်မှာ ယူရမဲ့ ကျွန်တော်တို့ရဲ့ အခွင့်အရေး။ ခုတော့ဗျာ တခါရလိုက် လွတ်သွားလိုက်နဲ့ နောက်ထပ်ထပ်ပြီး သေနတ်နဲ့ အပစ်ခံပြီးသေပေး ရင်ကော အခွင့်ကောင်းကို အမိအရဆုပ်ကိုင် လုပ်ကြမှာလား။ နိုင်ငံတော် လုံခြုံရေးပျက်ပြားစေအောင် ဂစ်တာတီးနေလို့ သေနတ်နဲ့ ဝင်ပစ်ခံရတာ ဆိုရင် နိုင်ငံတော် လုံခြုံရေးကို မပျက်ပြား မထိခိုက်စေတဲ့ ဘုရားရှိခိုး မေတ္တာပို့နေတဲ့ လူတွေကို သေနတ်နဲ့ဝင်ပစ်တော့မှ ကျယ်ကျယ်လောင်လောင်လေး ဆန့်ကျင်ပေးကြမှာလား။
ကဲ ကျွန်တော် နောက်တစ်ခုပြောပြမယ်ဗျ။ နအဖဟာ ထိုင်းနိုင်ငံမှာရှိတဲ့ ဆန့်ကျင်သမားတွေ ခိုအောင်းနေထိုင်တာကို မကြိုက်ဖူး။ ကရင်အဖွဲ့အစည်းတွေကို normalize လုပ်ပစ်ချင်နေတယ်။ ကချင် နဲ့ ရှမ်းမှာလည်း ဒီလိုပဲဗျ။ ထိုင်းကို negotiate လုပ်ဖို့အတွက် နယ်စပ်ကုန်သွယ်ရေးကို ထင်သလို ပိတ်လိုက်ဖွင့်လိုက်လုပ်ပြီး လိုချင်တာကို တောင်းမယ်ဗျ။ နိုင်ငံရေးအရ တက်ကြွလှုပ်ရှားသူတွေကို ပြန်ပို့ဖိုတို့ နောက်ပြီး ကရင် ကချင် လက်နက်ကိုင်တွေကို အင်အားသုံးပြီး ရှင်းလင်းဖို့တို့လဲ လုပ်လာတော့မယ်။ ပြည်တွင်းက နိုင်ငံရေးသမားတွေကို သူတို့ရှင်းချင်တဲ့ကိစ္စလေးကစပြီး ပြည်တွင်းစစ်ဆိုတာကြီးနဲ့ ခြောက်ဖို့လုပ်နေတာ ခင်ဗျားမြင်အောင်ကြည့်ရင် သိသာပါတယ်။ အားလုံးရဲ့ ပန်းတိုင်ကတော့ နအဖရဲ့ မဟန်တော့တဲ့ ရွေးကောက်ပွဲနောက်ဆက် ကောလာဟလ စစ်ဆင်ရေးပေါ့ဗျာ။ ဒီလို အချိန်မျိုးမှာ နအဖရဲ့ crime တွေအတွက် ပြည်ပ အသံများရဲ့ ထိရောက်မှုကို အများကြီး မျှော်လင့်တောင့်တမိတယ်ဗျာ။ ပြည်တွင်းနိုင်ငံရေးသမားများလည်း နအဖရဲ့ လှိမ့်လုံး ညာလုံးတွေကို မြင်ကြပါ။ ကိုယ်ကကြိုတင် ကောလာဟလနဲ့ နအဖကို အရင် ပျာယာခတ်အောင်ထိုးနှက်ကြပါလို့ ပြောချင်ပါတယ်။ နောက်ပြီး ဖြစ်လာသမျှ နအဖရဲ့ ဥပဒေမဲ့ လုပ်ရပ်တွေမှာ အခွင့်ကောင်းကို အမိအရယူကြပါ။ ခု အချိန်မှာ ခင်ဗျားမြင်တဲ့ အတိုင်းပဲ လက်ရှိ စစ်တပ်က ရွေးကောက်ပွဲ ပြီးသွားရင် ဘယ်နေရာက ဆက်ပြီး နိုင်ငံတော်အုပ်ချုပ်ရေးကို ဆက်လက်ထိန်းသိမ်းထားရမလဲ ဆိုတာ ပဟေဠိ တပုဒ်လို အဖြေရှာမရ ဖြစ်နေတယ်ဗျ။ စစ်တပ်တွင်းမှာ မကျေနပ်မှုမီးပွားလေးတွေ တောက်နေတယ်။ အတင်း သြဇာအာဏာနဲ့ စုစည်းအောင်လုပ်နေရတယ်။ ဒီကြားထဲမှာ ကျွန်တော်တို့ တပ်တွင်း စည်းလုံးမှု ပြိုကွဲရေး လှုပ်ရှားမှုတွေကို နအဖက လန့်နေတယ်။ စစ်တပ်ကြီး ကွဲသွားရင် တိုင်းရင်းသားလက်နက်ကိုင်တွေ နဲ့ တိုက်ပွဲ ဖြစ်တဲ့ အခါ (ဖြစ်အောင်လဲ နအဖက လုပ်မှာပါ။ ရွေးကောက်ပွဲ အကြောင်းပြပြီး တိုင်းရင်းသား လက်နက်ကိုင်တွေကို naturalize လုပ်ဖို့ ကြိုးစားတယ်ဆိုကတည်းက ခုခံငြင်းဆန်ရင် အင်အားသုံး ဖြေရှင်းမယ်ဆိုတဲ့ နအဖ ရဲ့ plan B ကို မြင်အောင် ကြည့်ကြပါ) ပြည်တွင်းစစ်ဖြစ်လာနိုင်တယ် ဘာညာခြောက်လုံးနဲ့ နိုင်ငံရေး အင်အားစုတွေကို နအဖက စုစည်းတွန်းလှန်နိုင်တဲ့ ပါဝါကင်းမဲ့အောင်လုပ်နေ တာကို မြင်အောင်ကြည့်ကြပါလို့ ပြောချင်ပါတယ်။
နောက်ပြီး နအဖရဲ့ ခေါင်ချုပ်သန်းရွှေဟာ ယန္တရားရဲ့ အချက်ဖြစ်တယ်ဆိုတာ တပိုင်းတစမှန်တဲ့ အတွက် သူမရှိရင် နောက်ကျန်ရစ်မဲ့ သူများကို ထိထိရောက်ရောက် ဆန့်ကျင် ဖယ်ရှားပြစ်ဖို့ မြန်မာပြည်သူများတတ်နိုင်ကြပါတယ်။ နောက်ပြီး ကျန်ရစ်ခဲ့မဲ့ သူတွေထဲမှာ တိုင်းပြည်နဲ့ လူမျိုးအပေါ်မှာ ညှာတာနားလည်မဲ့ စစ်တပ်ရဲ့ ကျင့်ဝတ် ကို နားလည်တဲ့ အဏာ မတရားယူဖို့ စိတ်မပါတဲ့ သူများရှိသေးတာကို မြင်ကြပါလို့လဲ ပြောချင်ပါတယ်။ အဲဒီလို လူမျိုးတွေ တပ်မှာ များများဖြစ်လာအောင်လည်း တိုင်းသူပြည်သားနဲ့ နိုင်ငံရေးလှုပ်ရှားသူများ စည်းရုံးသိမ်းသွင်းကြပါ။ မာစရာရှိရင် ကျောက်တုံးလို မာမာကျောကျော ဆန့်ကျင်ကြပြီး သံတမန်ရေးရာမှာလည်း နူးညံစွာ စည်းရုံးဖျောင်းဖျဖို့ပါ။

ကဲဒီတခေါက်တော့ ကျုပ်ရဲ့ Monologue နဲ့ပဲ အဆုံးသတ်လိုက်ကြတာပေါ့ဗျာ။ အင်တာနက်မှာ ရေးထားတဲ့ ဆရာတော် ဦးဥတ္တမ သွန်သင်ဆုံးမတာကို မိမိရရ လိုက်နာကြဖို့ အချိန်တန်ပြီ

"မြန်မာတိုင်းသူပြည်သားတို့ဟာ ကျိုးနွံတယ်ဆိုတဲ့ အောက်တန်းကျ စိတ်များကို ဖယ်ရှားပစ်ကြရမယ်။ မြန်မာတိုင်းသူပြည်သားတို့ဟာ စွမ်းရည်သတ္တိရှိကြောင်း၊ ပညာရှိကြောင်းနဲ့ မဟုတ်မခံ စိတ်ဓာတ်ကို ပြရမယ်။ ဒီလိုပြနိုင်ရင် ကျုပ်တို့ကို ဘယ်သူကမှ စော်ကားရဲ ဖိနှိပ်ရဲမှာ မဟုတ်တော့ဘူး။ ဘယ်လိုအင်အားကြီးပြီး ရက်စက်ကြမ်းကြုတ်တဲ့ အစိုးရဖြစ်ဖြစ် တိုင်းရင်းသားအပေါင်း စည်းလုံးညီညာစွာနဲ့ တွန်းလှန်နိုင်ကြရင် တာရှည်ခံနိုင်မယ် မဟုတ်ပါဘူး၊ ကိုယ့်ရည်မှန်းချက် အောင်စေချင်ရင် နောက်မတွန့်ကြနဲ့။ ကြောက်အားမပိုကြနဲ့၊ ဒုက္ခကို ပဓာနမထားကြနဲ့၊ ဟုမ္မရူးတို့ လွတ်လပ်ရေးတို့ဆိုတာ ကျုပ်တို့ ရထိုက်တဲ့ ကမ္ဘာ့အမွေအနှစ်ကြီးများဖြစ်တယ်။ ဗျူရိုကရေစီဝါဒသမားတွေက ဘယ်လောက်ပဲ နှောင့်ယှက် နှောင့်ယှက် တကယ်ရအောင် လုပ်နိုင်တဲ့ သဘောမှန်ဟာ တိုင်းသူပြည်သားတို့လက်ထဲမှာသာရှိတယ်။˝



No comments:

Post a Comment