Saturday, October 9, 2010

Fwd: ကြောင်ကလေး ရဲ့ စိတ်ကူး (especially for All of My friends)




 

ကြောင်ကလေး ရဲ့ စိတ်ကူး






ဘ၀ဆိုဟာ တိုတိုလေးလို့ ထင်တာပဲနော် … မျက်စိတ်တမှိတ်စာအတွင်းမှာပဲ အရမ်းကို

တိုတောင်းလွန်းပါတယ် …






အဲဒီထဲမှာမှ ဖြူဖြူစင်စင်လေးနဲ့ စိတ်ချမ်းချမ်းသာသာ ရှင်သန်နေထိုင်သွားရရင် ပိုကောင်းတာပေါ့ …

မဟုတ်ဘူးလား …






တစ်ခါတစ်လေ ပျော်ရွှင်ကြည်နူးမှုတွေ ခံစားရသလို …





နာကျင်ဝမ်းနည်းမှုတွေလည်း ကြုံတွေ့ရတဲ့ အချိန်တွေလည်း မရေတွက်နိုင်အောင်ပဲ ရှိတတ်ကြပါတယ်





တစ်ခါတစ်လေ မှာ ကြုံလာရမယ့် စိတ်ပျက်စရာတွေကိုလည်း ကြံ့ကြံ့ခံရင်းပေါ့ …







အနိုင်ကျင့်ခံရတာတွေလဲ ရှိလာမှာပါပဲ …






ဘယ်လိုမှ မတတ်နိုင်ပေမယ့် … အဲလို အချိန်တိုင်း … အားတင်းနေနိုင်ဖို့ အရေးကြီးတယ် …






ဒါပေမယ့်လည်း လိုအပ်လာမယ်ဆိုရင် အမြဲတမ်းငုံ့ခံမနေတတ်တဲ့ … ရဲရင့်တဲ့စိတ်ထားလေးလဲ

ရှိဖို့လိုအပ်တယ် …






သူများခြောက်တိုင်း မကြောက်တတ်အောင်လဲ လေ့ကျင့်ထားရမယ် … ဒါမှ လူညံ့စာရင်းမ၀င်မှာလေ …






ဘယ်လိုအချိန် … ဘယ်လိုနေရာမှာပဲ ဖြစ်ဖြစ် ဘယ်သူနဲ့ဖြစ်ဖြစ် ရဲဝံ့စွာ ယှဉ်ပြိုင်နိုင်ရမယ် …






ဒါပေမယ့်လည်း တစ်ခါတစ်လေတော့ ကိုယ်ကိုယ်တိုင်က နိုင်ထက်စီးနင်း

လုပ်လိုစိတ်တွေပေါ်လာတတ်တယ် …






အဲဒါတွေကို သာယာမနေဘဲ ရှက်တတ်တဲ့စိတ်လေးရှိရတယ် …






ဘာမဟုတ်တာတဲ့ကိစ္စလေးတစ်ခုဟာ တစ်ချို့တွေအတွက် အဆိုးမြင်ပြီး စိတ်ညစ်စရာဖြစ်နေပေမယ့် …




တစ်ချို့အတွက်ကတော့ အကောင်းမြင်ပြီး ရယ်မောပျော်ရွှင်နေရတာတွေ ရှိတတ်တယ် …

အဲလိုလူမျိုးတွေဟာ ... စိတ်ချမ်းသာကြတယ် ...



ပြီးတော့ ပါးနပ်လျှင်မြန်မှု ဆိုတာလည်း နေရာတိုင်းမှာ အသုံးဝင်ပါတယ် …






စူးစမ်းလိုစိတ် …





စွန့်စားလိုစိတ်တွေ ရှိတာလည်း ကောင်းတာပေါ့ …





ဒါပေမယ့် … အတတ်လွန်သွားရင်လဲ ဒုက္ခရောက်ရော …






ကိုယ်နဲ့လိုက်ဖက်မှလည်း ကြည့်လို့ကောင်းတယ်လေ …





ဘယ်နေရာမဆို အတိုင်းအတာ နဲ့ပဲ ကောင်းတယ် … နည်းနည်းလေးလွန်သွားရင်လည်း

ခြေချော်လက်ချော် ပြုတ်ကျတတ်တယ် …





နေရာတိုင်းမှာ သတိရှိတာ ကောင်းတာပေါ့ … သတိဆိုတာ ပိုတယ်မရှိတဲ့ …






အကောင်းဆုံး ဘ၀ တစ်ခုကိုပိုင်ဆိုင်နိုင် ဖို့ ပေါင်းသင်းဆက်ဆံရေးကောင်းဖို့လည်း လိုအပ်တယ် …





အဖြူ အမဲ မရွေး … သာတူညီမျှတဲ့ စိတ်ထားနဲ့ ပွင့်လင်းဖော်ရွေတတ်ရတယ် …






ဒါမှလည်းး ဘ၀ရဲ့ အဖော်မွန်ကောင်းတွေကို ပိုင်ဆိုင်ရမှာပေါ့ …






အတတ်နိုင်ဆုံးတော့ ပြုံးပြုံးလေးနေ … အပြုံးဆိုတာ ပေါင်းသင်းဆက်ဆံရေးမှာ အဓိကအကျဆုံး

ပေါင်းကူးတံတားပဲတဲ့ …






ရယ်စရာ ရှိရင် အားပါးတရရယ်မောလိုက် … ရယ်မောခြင်းသည်အသက်ကို ပိုရှည်စေ၏ ဆိုပဲ …






တစ်ခါတစ်လေ အရင်းနှီးဆုံးလူက ကိုယ့်ကိုရောင်းစားလိုက်သလို အဖြစ်မျိုးတွေလည်း ကြုံရတတ်တယ် …





အဲဒီလို ဒေါသထွက်စရာတွေကြုံလာရင်လည်း … အတတ်နိုင်ဆုံးတော့ သည်းခံကြည့်ပေါ့ …

သည်းမခံနိုင်ရင်တော့ ဘယ်သူမှမရှိတဲ့နေရာ မှာ ပေါက်ကွဲလိုက်တာ အကောင်းဆုံးပဲ






တစ်ခါတစ်လေ ဘာအကြောင်းပြချက်မှမရှိပဲနဲ့ အသားလွတ်စိတ်ဓါတ်ကျနေတာ မျိုးလည်း ရှိတတ်တယ်






တစ်ယောက်တည်း အထီးကျန်ပြီး ငေါင်နေချိန်တွေပေါ့ …






အဲလိုအခါမျိုးတွေမှာ စိတ်ကို Relax လုပ်ပေးရတယ် …






အားငယ်စရာတွေပဲ တွေးမနေပဲ … ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင် နေတတ်မှ …






နှစ်ခြိုက်စွာ အိပ်စက်အနားယူခြင်းဟာလည်း … စိတ်ကိုပေါ့ပါးလန်းဆန်းစေတယ် …






ဘယ်လိုပုံစံပဲဖြစ်ဖြစ်ပေါ့ … နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေဖို့ပဲ လိုတယ် …






နောက်ပြီး တော့ ဘ၀မှာ မရှိမဖြစ်လိုအပ်တာ မေတ္တာတရားပဲ … ၅၂၈ မေတ္တာရော …






၁၅၀၀ ဆိုတဲ့ ချစ်ခြင်းမေတ္တာရောပေါ့ …






ဒါမှလည်း နေပျော်စရာ ကောင်းတဲ့ ဘ၀ကို ပိုင်ဆိုင်ရမှာလေ …






တစ်ဦးနဲ့ တစ်ဦး ဆက်ဆံရေးမှာ အဓိကကျတာကတော့ နားလည်မှုဆိုတာပါပဲ …






ရင်ဖွင့်တိုင်ပင်ဖော် သူငယ်ချင်းကောင်းဆိုတာ ကတော့ မရှိမဖြစ်ပါပဲ …စစ်မှန်တဲ့ သူငယ်ချင်းဟာ

ဘုရားသခင်က ပေးတဲ့ လက်ဆောင်ပါတဲ့ ...





သူငယ်ချင်းအားလုံးး ဖြူစင်တဲ့ သန့်ရှင်းတဲ့စိတ်ထားလေးနဲ့ … ပျော်ရွှင်တဲ့ဘ၀လေး

ပိုင်ဆိုင်နိုင်ပါစေလို့ တောင်းဆုပြုရင်း …










အိပ်မက်လှလှလေးတွေ ပိုင်ဆိုင်ချင်တယ် ... စိတ်ကူးလှလှလေးတွေနဲ့ပေါ့ ...




ပျော်ရွှင်လန်းဆန်းပါစေနော် … သူငယ်ချင်း










--
Kyawt Kyawt


No comments:

Post a Comment