Wednesday, January 12, 2011

Fwd: စစ်မှုမထမ်းမနေရဥပဒေ ပြဋ္ဌာန်းမည် ဆိုသောကြောင့် လူထု စိုးရိမ်



---------- Forwarded message ----------
From: AYE SHWE <yongqin.aye@gmail.com>
Date: 2011/1/12
Subject: Fwd: စစ်မှုမထမ်းမနေရဥပဒေ ပြဋ္ဌာန်းမည် ဆိုသောကြောင့် လူထု စိုးရိမ်
To: zayarmin.tgi@gmail.com, sminhtet12@gmail.com, phyokoko.07@gmail.com, thanhtetaung@gmail.com, "kmhsadkyaw(kyaw htoo aye)" <kmhsadkyaw@gmail.com>, yezawmin@gmail.com, yelinnz@gmail.com




---------- Forwarded message ----------
From: thanhtike aung <thanhtikeaungno.1@gmail.com>
Date: 2011/1/12
Subject: Fwd: စစ်မှုမထမ်းမနေရဥပဒေ ပြဋ္ဌာန်းမည် ဆိုသောကြောင့် လူထု စိုးရိမ်
To: "mission.mmt83" <mission.mmt83@gmail.com>, winsoe0000 <winsoe0000@gmail.com>, aye shwe <yongqin.aye@gmail.com>, shinmom2 <shinmom2@gmail.com>


---------- Forwarded message ----------
From: Thiha winkyaw <thihawinkyaw29@gmail.com>
Date: Tue, 11 Jan 2011 18:59:24 +0800
Subject: စစ်မှုမထမ်းမနေရဥပဒေ ပြဋ္ဌာန်းမည် ဆိုသောကြောင့် လူထု စိုးရိမ်
To:

စစ်အစိုးရက စစ်မှုမထမ်းမနေရ ဥပဒေပြဋ္ဌာန်းမည် ဆိုသောသတင်း ပျံ့နှံ့လျက်ရှိရာ
မြန်မာပြည်သူများ စိုးရိမ်ပူပန် နေကြကြောင်း သတင်းရရှိသည်။

ဧရာဝတီက ရန်ကုန်မြို့နေ လူတန်းစား အလွှာအသီးသီးမှ လူဦးရေ ၁၀၀ ကို တွေ့ဆုံ
မေးမြန်း စစ်တမ်းကောက်ယူခဲ့ရာ လူ ၉၀ က ၎င်းတို့ ကိုယ်တိုင်သော်လည်းကောင်း၊ ၎င်းတို့၏
ဆွေမျိုး၊ သားသမီး များကိုသော် လည်းကောင်း စစ်မှုမထမ်း စေလိုကြောင်း
ပြောဆိုခဲ့ကြပြီး ၅ ဦးမှာ အဆိုပါ ဥပဒေကို အားပေးပြီး ကျန် ၅ ဦးက ဖြေဆိုရန်
ငြင်းဆန်ခဲ့သည်။

နေပြည်တော်၌ ကျင်းပသော ပြီးခဲ့သည့် ၆၅ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားတွင်
စစ်ရေးပြနေသော တပ်မတော် သားများ (Getty Images)
၂၀၁၀ နိုဝင်ဘာ ၄ ရက်နေ့ ရက်စွဲဖြင့် နိုင်ငံတော် အေးချမ်းသာယာရေးနှင့်
ဖွံ့ဖြိုးရေးကောင်စီက အသက် ၁၈ နှစ်မှ ၄၅ နှစ်ကြား အမျိုးသားများနှင့် ၁၈ နှစ်မှ
၃၅ နှစ်အတွင်း အမျိုးသမီးများ စစ်မှုမထမ်းမနေရ ဥပဒေ ပြုစုထားကြောင်း၊ ၎င်း ဥပဒေကို
ကိုယ်တိုင်ဖတ်ရှုခဲ့ရသူ တဦးက ပြောသည်ဟု AP သတင်းတွင် ဖော်ပြထားသည်။

အဆိုပါ ဥပဒေအရ အသက် ၁၈ နှစ်ပြည့်သူ နိုင်ငံသားတိုင်း စစ်မှု ၂ နှစ်
ထမ်းရမည်ဖြစ်ပြီး စစ်မှုထမ်းကာလ ၅ နှစ်အထိ တိုးမြှင့်နိုင်ကြောင်း၊ စစ်မှုထမ်းရန်
မှတ်ပုံမတင်သူ၊ ရှောင်လွှဲသူများ အနေနှင့် ထောင်ဒဏ် ၃ နှစ် သို့မဟုတ် ငွေဒဏ်၊
သို့မဟုတ် ဒဏ်နှစ်ရပ်စလုံး ကျခံရမည်ဖြစ်ကြောင်း၊ စစ်မှုမထမ်းချင်သောကြောင့်
မိမိကိုယ်ကိုယ် ကိုယ်လက်အင်္ဂါ ချို့ယွင်းစေရန် လုပ်ဆောင်ပါက ထောင်ဒဏ် ၅ နှစ်
ကျခံရမည်ဖြစ်ကြောင်း ပါရှိသည်ဟု သိရသည်။

သာသနာ့ ဝန်ထမ်းများ၊ ခြေလက်အင်္ဂါ ချို့ယွင်း မသန်စွမ်းသူများနှင့် သားသည်
မိခင်များမှအပ သတ်မှတ် အသက်အရွယ် အတွင်းရှိ နိုင်ငံသားတိုင်း စစ်မှုထမ်းရမည်၊
ထောင်တွင်းအကျဉ်းကျ ခံနေရသူများနှင့် သက်ကြီးရွယ်အိုများကို စောင့်ရှောက်
နေသူများမှာ စစ်မှုထမ်းချိန်ကို ခေတ္တရွှေ့ဆိုင်းနိုင်သော်လည်း နောက်ပိုင်းတွင်
ပြန်လည် စစ်မှုထမ်းရမည် ဟုလည်း AP သတင်းတွင် ရေးသားထားသည်။

"ဒီသတင်းစပျံ့ နေတာက တော်တော်ကြာပြီ။ ဒီဇင်ဘာလကုန်လောက် ကတည်းက လူပြော
တော်တော်များတယ်။ အင်တာနက်၊ Facebook တွေမှာလည်း ရေးသား ပြောဆိုတာတွေ ရှိတယ်။
ဒီသတင်းထွက်တော့ လူတွေ တော်တော် စိတ်ပူကုန်တယ်။ အဓိက စစ်မှုမထမ်းချင် ကြဘူး" ဟု
ရန်ကုန်မြို့ခံ တဦးက ပြောသည်။

ပြည်သူအများစုသည် စစ်တပ်ကို မုန်းတီးနေခြင်းကြောင့်
စစ်မှုမထမ်းလိုခြင်းဖြစ်သည်ဆိုသည့် သုံးသပ်မှုများ ရှိသည်။

"လူထုကြားထဲမှာ စစ်တပ်ကို မုန်းတဲ့စိတ်၊ နာကြည်းတဲ့စိတ်က မျိုးဆက်လိုက်
လက်ဆင့်ကမ်းလာသလို ဖြစ်နေတယ်။
၈၈ အရေးအခင်း နဲ့ ၂၀၀၇ အရေးအခင်း ကာလ မတရား ရိုက်နှက် ဖမ်းဆီးသတ်ဖြတ်တာတွေ
ရှိတော့ စစ်ဗိုလ်ချုပ်တွေကို မုန်းနေတယ်။ စစ်သားမြင် ဆဲချင်နေကြတယ်" ဟု
ရန်ကုန်မြို့ခံ ရွှေဆိုင်ပိုင်ရှင် တဦးက ပြောသည်။

အသက် ၁၈ နှစ်အထက် သား ၂ ဦးရှိသော အသက် ၅၀ အရွယ်ရှိ မိခင် တဦးကလည်း သူ၏
သားများကို စစ်မှု ထမ်းခိုင်းမည် မဟုတ်ဟု ပြောသည်။

"သူတို့ဟာသူတို့ ဘယ်လို ဥပဒေပဲ ပြဋ္ဌာန်းပြဋ္ဌာန်း ကျမ သားတွေကိုတော့
စစ်ထဲမပို့နိုင်ဘူး။ ခဏလည်း မပို့ဘူး၊ အမြဲလည်း မပို့ဘူး။ ကျမလိုပဲ
မိဘတိုင်းမှာ ဒီလို စိတ်ရှိမှာပဲ။ အမြင်တူတဲ့ မိဘတွေစုပြီး ကန့်ကွက်မယ်။ မရရင်
အသေခံ ဆန္ဒပြဖို့ပဲ ရှိတယ်။ ဒါက သားသမီးအရေး ဖြစ်လာပြီ။ ကျမတို့ ရင်ခွင်ထဲက
ကလေးတွေကို ဆွဲထုတ်သလို ခံစားရတယ်" ဟု သူက ဆိုသည်။

ရန်ကုန်မြို့ခံ သတင်းထောက် တဦးကမူ စစ်မှုမထမ်းမနေရ ဆိုသော ဥပဒေ အမှန်တကယ်
ထုတ်ပြန် ပြဋ္ဌာန်းလျှင် ပြဿနာ များစွာ ဖြစ်ပေါ်လာပြီး နိုင်ငံရေးမတည်ငြိမ်မှုများ
ဖြစ်လာနိုင်ကြောင်း ပြောသည်။

"ဒီကိစ္စက လူတွေရဲ့ ဒေါသကို ဆွပေးသလိုဖြစ်လာနိုင်တယ်။ လူတွေရဲ့ အခြေခံစိတ်မှာ
စစ်တပ်ဆိုတာ ရက်စက်တယ်၊ ကြမ်းကြုတ်တယ်ဆိုတဲ့ အတွေးက ဖျောက်လို့မရဘူး။
သားသမီးတွေအပေါ် အန္တရာယ် ကျရောက်မှာကို မလိုလားတဲ့ လူကြီး မိဘတွေကလည်း ဒီဥပဒေကို
ငြိမ်ခံနေမှာ မဟုတ်ဘူး။ တကယ်ကို ပြဿနာတွေ အကြီးအကျယ် ဖြစ်လာနိုင်ပါတယ်" ဟု ယင်း
သတင်းထောက်က ဆိုသည်။

စစ်မှုမထမ်းမနေရ ဥပဒေသည် တပ်မတော်နှင့် ပြည်သူများအကြား နားလည်မှုရစေပြီး
စစ်တပ်နှင့် ပြည်သူအများအကြား ပိုမိုနီးကပ်သော ဆက်ဆံရေးကြောင့် ပြည်သူကို
အမှန်တကယ်ချစ်သော၊ ပြည်သူ့မျက်နှာကို ကြည့်သော စစ်တပ် ဖြစ်လာနိုင်သည်ဆိုသည့်
ထင်မြင်ယူဆချက် တချို့လည်း ရှိသည်။

ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့သော တသီးပုဂ္ဂလ လွှတ်တော်အမတ်လောင်း တဦးက
"ပြည်သူတွေ စစ်ရေး နားလည်လာရင် ကျနော်တို့ ဒီမိုကရေစီ ပန်းတိုင်ပိုပြီး
နီးလာမယ်။ စစ်မှုမထမ်း မနေရ ဥပဒေကြောင့် ပြည်သူက စစ်သား၊ စစ်တပ်ဆိုတာ
ပြည်သူ့တပ်ဆိုတဲ့ ပုံစံ၊ အမြင်မျိုးတွေ ရှိလာမယ်။ အာဏာရှင်တွေ ခိုင်းတဲ့
အတိုင်း လုပ်မယ့် စစ်တပ်မဟုတ်တော့ဘူး" ဟု ပြောသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ၏ အခန်း ၈၊ နိုင်ငံသားများ၏
မူလအခွင့်အရေးနှင့် တာဝန်များ၊ ပုဒ်မ ၃၈၆ တွင် နိုင်ငံသားတိုင်းသည်
ဥပဒေပြဋ္ဌာန်းချက် များနှင့်အညီ စစ်ပညာ သင်ကြားရန်နှင့် တပ်မတော် ကာကွယ်ရေးအတွက်
စစ်မှုထမ်းရန် တာဝန်ရှိသည်ဟု ပြဋ္ဌာန်းထားသည်။

"ဖွဲ့စည်းပုံ အခြေခံဥပဒေအရ နိုင်ငံသားတိုင်း စစ်မှုမထမ်းမနေရ ဖြစ်လာမှာက
အသေအချာပဲ။ ဒါပေမယ့် လွှတ်တော် ပေါ်ပေါက်လာမှ အတည်ဖြစ်မှာပါ။ သိပ်တော့
စိုးရိမ်ဖို့ မလိုပါဘူး။ တင်းကျပ်လွန်းရင် လူထုကလည်း လက်ခံမှာ မဟုတ်ပါဘူး" ဟု
ရန်ကုန်မြို့မှ တရားရုံးချုပ် ရှေ့နေတဦးက ပြောသည်။

စစ်အစိုးရသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြည်သူလူထု ၉၂. ၄၈ ရာခိုင်နှုန်းက
ထောက်ခံမဲပေးခဲ့ကြသည်ဟု ဆိုကာ မြန်မာပြည်တွင်း နာဂစ် ဆိုင်ကလုန်း မုန်တိုင်း
တိုက်ခတ်ခဲ့ပြီးချိန် ၂၀၀၈ ခုနှစ် မေလ ၂၉ ရက်နေ့တွင် အတည်ပြု ပြဋ္ဌာန်း ခဲ့သည်။

စစ်မှုမထမ်းမနေရ ဥပဒေ ကျင့်သုံးသော အာရှနိုင်ငံများမှာ စင်ကာပူ၊ ထိုင်ဝမ်၊
တောင်ကိုရီးယား၊ မြောက်ကိုရီးယား တို့ဖြစ်ပြီး ထိုင်းနှင့် တရုတ်နိုင်ငံတို့မှာ
လူရွေးစနစ်ဖြင့်ကျင့်သုံးသည်။ အဆိုပါ နိုင်ငံများအားလုံးတွင် အမျိုးသားများသာ
စစ်မှုထမ်း ရသည်။

မြန်မာနိုင်ငံတွင် စစ်မှုမထမ်းမနေရ ဥပဒေကို ယခင်က တကြိမ်တခါမှ
ပြဋ္ဌာန်းခဲ့ဖူးခြင်း မရှိဘဲ အဆိုပါ ဥပဒေကို မကြာမီ ခေါ်ယူမည့် လွှတ်တော်တွင်
အတည်ပြုဖွယ်ရှိသည်။



--
Best Regards
Yong


Important: This email is confidential and may be privileged. If you are not the intended recipient, please delete it and notify us immediately; you should not copy or use it for any purpose, nor disclose its contents to any other person. Thank you.



--
Than Htat Aung @ Than Htet Aung
83824351

No comments:

Post a Comment