Monday, April 20, 2009

Fwd: သူတို့စီက..ကြော်ငြာတွေပါ……



---------- Forwarded message ----------
From: Khine Lay <khinethida.rose@gmail.com>
Date: 2009/4/20
Subject: Fwd: သူတို့စီက..ကြော်ငြာတွေပါ……
To: Muyar Htun <muyarhtun@gmail.com>, maymon001@gmail.com, minthike@gmail.com, zayyarhlaing1@gmail.com




---------- Forwarded message ----------
From: Ko Ye Min <yemin.ym@gmail.com>
Date: Apr 17, 2009 8:23 AM
Subject: သူတို့စီက..ကြော်ငြာတွေပါ……
To:



----------



သူတို့ဆီက..ကြော်ငြာတွေပါ……

အတွေးကောင်းလေးတွေကို မျှဝေ လိုက်ပါတယ်။

letter

ဒီကြော်ငြာကို အရမ်းကြိုက်မိပါတယ်။ ပုံကြည့်တာနဲ့ ထွေထွေထူးထူး ပြောစရာမလိုအောင် သိသာနိုင်တဲ့ ကြော်ငြာလေးပါ။ အိုင်တီခေတ်တဲ့.. ကွန်ပြူတာတွေ၊ ဖုန်းတွေ၊ အီးမေးလ်တွေနဲ့ သူငယ်ချင်း မိတ်ဆွေ၊ အိမ်သူ အိမ်သား၊ ချစ်သူရည်းစားတွေကို ဆက်သွယ်ရလွယ်တဲ့ ဒီအီးခေတ်မှာ လက်ရေးနဲ့ ရေးတဲ့ စာဆိုတာ အတော်လေးကို ရှားပါးခဲ့ပါပြီ။ အေးစက်စက် ဖန်သားပြင်ပေါ်မှာ ဖတ်ရတဲ့ စာထက် ကိုယ်တိုင်လက်ရေးနဲ့ ဂရုတစိုက်ရေးတဲ့ စာက ပိုနွေးထွေးတယ် ဆိုတဲ့အကြောင်း.. ဝေးကွာနေတဲ့ အချိန်အတွင်းမှာ စာလေးတွေနဲ့ ပွေ့ဖက်ပါ။

မီးလောင်နေတဲ့ နေရာကို မီးသတ်ကား အမြန်ရောက်အောင် ကားနဲ့တစ်ဆင့် ပို့ပေးနေတဲ့ ပုံလေးပါ။ Fedex Express ရဲ့ အမြန်ချောပို့ ကြော်ငြာဖြစ်ပါတယ်။ မြန်မြန်ဆန်ဆန် ရောက်ကြောင်း ကြော်ငြာထားပေမဲ့ မီးသတ်ဌာနကို ကဲ့ရဲ့တယ်လို့ လူတွေ ထင်စေတဲ့ ကြော်ငြာဖြစ်တယ်။ မြန်မာပြည်မှာတော့ Fedex မရှိတဲ့ အတွက်ကြောင့် မီးသတ်ကား အမြဲနောက်ကျမှ ရောက်တယ်လို့ ထင်ပါတယ်။း)

 

 

သင့်ရဲ့ ခံတွင်းဟာ မလျော်မဖွတ်ဘဲ ထားတဲ့ ခြေအိတ်လို အနံ့ထွက်နေပြီလား.. Clorets ပီကေကို ၀ါးလိုက်ပါ။ လျှာကို ခြေအိတ်သဏ္ဍာန် ပြထားတဲ့ Clorets တံဆိပ် ပီကေ ကြော်ငြာလေးပါ။

 

 

ဒီကြော်ငြာလေးလည်း ရီရတာပဲ။ bra ကြော်ငြာလို့ အတွေးကောက် မှားပြီး မရီမိဖို့ပဲလိုတယ်။ ဘောလ်ပင် ကြော်ငြာလေးပါ။ ဘယ်လောက်ကြမ်းတဲ့ အရာဝတ္ထုပေါ်မှာပဲဖြစ်ဖြစ် ရေးခြစ်နိုင်ကြောင်းကိုရွတ်တွနေတဲ့အသားအရေပေါ်မှာရေးပြပြီးကြော်ငြာထားပါတယ်။ပုံကြည့်လျောက်ခြစ်ထားပါတယ်။"I think pen ad is telling the ink doesn't fade away for ages."  ဒီအတွေးလေးလည်း မှန်နိုင်တာပဲ။ တက်တူး ထိုးထားသလိုပေါ့။ မင်အရောင်က တော်ရုံမမှိန်နိုင်ဘူး ဆိုတဲ့ အကြောင်း...

 

ဟိုထဲပဲ ၀င်ပါရစေ။ ဒီထဲ မ၀င်ပါရစေနဲ့။ ပက်စီကိုပဲ ကြိုက်ကြောင်း ပိုက်ပုံသဏ္ဍာန် ကြည့်ပြီး ဥာဏ်မှီသလောက် ပြောကြည့်တာပါ။

 

 

.

ကြိုက်လွန်းလို့ အရည်ညှစ်သောက်နေရသလား... Ask for More ပက်စီကြော်ငြာလေးပါ။ သံပရာရည် ညှစ်တာလေး မြင်လိုက်မိလို့ ဦးနှောက်ကို ထည့်ညှစ်ကြည့်လိုက်တာပါ။

 

သေသွားတာတောင် ဆံပင်တွေက သန်တုန်းတဲ့.... NIVEA Hair Care ကြော်ငြာတစ်ခုပါ။

 

နူးညံ့လွန်းပါတယ်။ ရိတ်ထားလို့ ချောမွတ်နေတဲ့ မျက်နှာကို ကလေးလေးက ဟိုဒင်း ယုံမှား သွားပုံရတယ်။ မုတ်ဆိတ်ရိတ်ဓား ကြော်ငြာလေးပါ။


 

 

 


No comments:

Post a Comment