From: Cho Mar Myint <chomar99@gmail.com>
Date: 2009/4/26
Subject: ပာာသလေးရလို.ဝေလိုက်တယ်...........
To: vickyspy@gmail.com
: (စိုင်းဆိုင်မောဝ်ရဲ့ သီချင်း)
.
မေရယ်.. အထင်တော့မလွဲလိုက်နဲ့ဦး.. စာလွှာများရောက်မလာခဲ့ရင်..
မောင့်အပေါ်မှာ မငြိုငြင်ပါနဲ့နော် ..........
***မူရင်းက ဒီလို....................
မောင်ရယ် အထင်တော့မလွဲလိုက်နဲ့ဦး.. email များရောက်မလာခဲ့ရင်
မေ့အပေါ်မှာ မငြိုငြင်ပါနဲ့နော်..
မေတို့ ခေတ်သမီးဘ၀ဟာ.. ချစ်သူကို လွမ်းဖို့ရာ
တစ်ခါတစ်လေ အချိန်တော့မပေးနိုင်ပါ..
ဈေးဆိုင်တွေ ကျော်ကာဖြတ်လို့.. ပိုက်ဆံကုန်အောင်ဖြုန်းဖို့..
ဆလင်းဘတ်အိတ်ကို လွယ်တာ..
ဒါတွေကို shopping mall က အသိဆုံးပါ မောင်ရယ် မေးကြည့်ပါကွယ်..
မေ့သဘောနဲ့ ပြောပြရရင် ရှိသောပိုက်ဆံများကို သုံးကာလေ အကုန်ဝယ်ချင်သပေါ့နော်..
ဒါပေမယ့် မုန့်ဖိုးပြတ်နေ သမီးပျိုမှာလေ.. မျက်စိသာ အစာကျွေးရင်း..
ဘေးမှာသာ ပတ်လျှောက်နေရရှာ..
(ဇော်ပိုင်ရဲ့ နေခြည်.....)မူရင်း အမှန်
ရွှေပြည်သာကိုပြန်ပါအမေကြည်..
တောင်ဒဂုံမှာကိုယ်တစ်ယောက်ထဲဆွေးပြီ
အိမ်က ကလေးတွေကို
နင်တစ်ယောက်ထဲ ထိန်းတော့အမေကြည်
(..မြန်မာ့ကျောင်းသား နိုင်ငံတော်အတွင်း စော်လိုက်ရှိတ်ရမည်။
ရှိတ်တဲ့ စော် ကလည်း ချောရမည်။
ပိုက်ဆံလည်းရှိရမည်။ ကိုယ်ကျင့် တရားဧကန် မှန်ပေမည်။)
(ချစ်ကောင်း - လူကြမ်းလေး)
ချစ်လွန်းလို့ ဖြစ်သွားတာပါ
လူကြမ်းလေးကို နားလည်ပါ
စိတ်ဆိုးပြီး နာကျည်းသွားလား
မင်း အမျိုးသမီး သူငယ်ချင်းလေး အပေါ်မှာ
ကိုယ်လုပ်လိုက်တဲ့ အဖြစ်ဟာ
အချစ်လေး ... ကိုယ်ဟာ နှာဘူးကြီးပါ
ကိုယ်ဟာ ကြောင်ဖားကြီးပါ ...
(စိုင်းစိုင်းကြီး)
၁၉၉၇ ဒီဇင်ဘာလ၁ရက်ကောင်းကင်ပြာပြာကြီးရဲ့အောက်မှာ အမွဲဇယားကိုစတင်ခဲ့
အဲဒီနေ့ကအပူးမထွက်ပါ……….
ဒီဇင်ဘာ၈ရက်နှလုံသားကိုဓာတ်လိုက်ပြီ တလုံးပဲလွဲသွားတယ်……………
ဧပြီ၁၀ ရက်ကျွန်တော့်မွေးဂဏန်လေးထွက်သွားတယ် အို....အို....အရူးအမူးပဲ
မေလ၂၃ ဘ၀တသက်စာချဲထိုးစားတော့မယ်လို့လေထဲတိုက်အိမ်ဆောက်ခဲ့ဘူးတာပဲပျော်မြူးခဲ့
တညလုံးမအိပ်ပဲချဲတွက်ခဲ့ တဘ၀လုံးဆိတ်သုန်းမွဲရောပဲ
ပေးလိုက်ရတာဆွဲကြိုးနဲ့ပြန်ရလိုက်တာအကြွေးဇယားပဲ
အောက်တိုဘာ၁၆ရက်ပျော်ရွှင်ရတဲ့နေ့တွေရှိသလို ထမင်းတွေလည်းငတ်ခဲ့
ပြန်ပေါက်လိုက်ပါသွားလိုက်နဲ့ အကြွေးနွံထဲနစ်ခဲ့
ဖေဖော်ဝါရီ၉ရက် ကျွန်တော့်ဘ၀ကွဲပျက်……………….
…………………………………………………………..
(ကျွန်တော့်ကိုသနားလို့တဲ့....သူတောင်းစားကငွေနှစ်ဆယ်ပေးသွားတယ်
အရှက်ကိုကွဲရော)
(မောင် R ဇာနည်)
ညနေခင်းရဲ့ လေပြည်ထဲမှာ
မင်းထမိန်တွေ ၀ရန်တာမှာ လှမ်းတဲ့အခါ
ချိတ်နဲ့ မချိတ်တော့ သိပ်ဆိုးတာ
လမ်းပေါ်ကို အကုန်လွင့်ကျလာ
ဘာဘူကြီးတောင် ငိုနေပြီကွာ
မင်းထမိန်လေးဟာ သူ့ရဲ့ခေါင်းပေါ်မှာ :(
အမည်မသိရှေးစာဆို..................
(ဟိုဟိုဒီဒီ သွားဖို့လာဖို့ သိန်းခြောက်ထောင်တန် ဇွန်ဒါရှိတယ်။
လိုချင်တာတွေကြိုက်သလောက်ဝယ်ဝယ်စမ်း ရှင်းပေးနိုင်တဲ့ အစွမ်းအစရှိတယ်။
ညဘက်ရောက်တိုင်း အလွမ်းသယ်နိုင်ဖို့ ဖုန်းလဲရှိပါတယ်။
ဖြစ်ချင်တာတွေပြောလိုက်အကုန်လုံး ရဖို့တာဝန်ယူတယ်။
အိမ်ကမေးရင်ပြန်သာပြောလိုက် လက်ရှိငါက ဆရာဝန်လောင်းပါ။
ထွေလီပွေလီ မိန်းမကိစ္စ နာမည်ပျက်နဲ့ အရှုပ်အရှင်းကင်းတယ်။
အသောက်အစားဆိုလဲ ဝေရာမဏိပါ ဝေးဝေးက ရှောင်တယ်။
ဘာသာတရားကိုင်းရှိုင်းပြီး လူချစ်လူခင်ပေါများသူ..
မင်္ဂလာဆောင်ပြီးရင် လုပ်ကိုင်စားဖို့ ကန်ပနီကြီးတခု ထောင်ပေးမဲ့အပြင်
စိန်တဆင်စာနဲ့ ကွန်ဒိုတိုက်ခန်းလက်ဖွဲ့မယ်လို့ အမေကပြောတယ်။
ရုပ်ရည်ကတော့ ပျိုတိုင်းကြိုက်နိုင်တယ်။
သည်းညည်းခံပြီး သဘောမနောအလွန်ကောင်း ငါ့လိုနောက်တယောက်မရှိဖူး။
မင်းသိဖို့ ငါ့အကြောင်းများ ဒါအကုန်ပါပဲ။ ဆုံးဖြတ်ဖို့နင်စဉ်းစား
ဒီလိုလူတယောက်ကို..
ပြန်ပြီးတော့ ချစ်နိုင်မလား၊ တသက်လုံးအတွက်ချစ်နိုင်မလား။)
မူရင်းသီချင်းများများနားထောင်နိုင်ကြပါစေ။
(အတုအပများသတိထားပါ။)
--
အမည် - ပတ်ထရစ်ဘာဘူချက်ကြီး
အလုပ်အကိုင်- ၁၀၉+၁၁၀ = ၂၁၉
လိပ်စာ - ရွာထိပ်ကညောင်ပင်ကြီးမှခွေးနှစ်ဟောင်ခန့်
အကွာမှမျက်စောင်နှစ်ခါထိုးခန့်
ဖုန်း - ၀၉-၅၀၀အာ၂၀၀
မွေးနေ့- ဒေါဂျမ်းဆုံးပြီးသုံးရက်မြောက်နေ့..
သီဟတင်စိုးအကယ်ဒမီရတဲ့လ
ရေကြီးတဲ့နှစ်
----
No comments:
Post a Comment