Monday, June 8, 2009

Fwd: Please Contribute for 3rd Ceremony of Teacher Homage from UCSY : ရန်ကုန် ကွန်ပျူတာ တက္ကသိုလ် ကျောင်းသား/ကျောင်းသူဟောင်းများ၏ တတိယအကြိမ် အာစရိယပူဇော်ပွဲ


@gmail.com



ရန်ကုန် ကွန်ပျူတာ တက္ကသိုလ်မှ အစ်ကိုကြီးအစ်မကြီး၊ သူငယ်ချင်းများနှင့် ညီငယ်/ညီမငယ် ကျောင်းသားဟောင်းများခင်ဗျား …

ရန်ကုန် ကွန်ပျူတာ တက္ကသိုလ် (1st Batch to 15th Batch) ကျောင်းသားကျောင်းသူဟောင်းများ၏ တတိယအကြိမ် အာစရိယပူဇော်ပွဲကို အောက်ပါ အစီအစဉ်အတိုင်း ကျင်းပမည် ဖြစ်ပါသည်။

နေ့ရက်      -       ဇူလိုင်လ ၁၂ ၊ ၂၀၀၉

အချိန်        -       နံနက် ၉ နာရီ မှ နေ့လည် ၁၂ နာရီ

နေရာ         -       Myanmar Info-Tech (Confrence Hall)

 

အာစရိယ ပူဇော်ပွဲတွင် ရန်ကုန် ကွန်ပျူတာ တက္ကသိုလ်တွင် လက်ရှိတာဝန် ထမ်းဆောင်နေသော ဆရာ/ဆရာမများနှင့် တာဝန်ထမ်းဆောင်ခဲ့ဖူးသော ဆရာ/ဆရာမ များကို ပူဇော်ကန့်တောကြမည်ဖြစ်ပါသည်။ အကန်တော့ခံ (အပူဇော်ခံ) ဆရာ/ဆရာမများကို Group (A) နှင့် Group (B) ဟူ၍ ခွဲခြားထားပါသည်။

Group (A) တွင် ဌာနမှူးရာထူးနှင့်အထက် တာဝန်ထမ်းဆောင်လျက်ရှိ/ တာဝန်ထမ်း ဆောင်ဖူးသော အသက် (၄၅) နှစ်နှင့် အထက် မြန်မာနိုင်ငံတွင် လက်ရှိနေထိုင်လျက် ရှိသော ဆရာ/ဆရာမများ ပါဝင်ပါသည်။ Group (A) စာရင်းမှ ဆရာ/ဆရာမ (၄၀) ဦးခန့်ရှိပါသည်။  ဆရာ/ဆရာမများစာရင်းနှင့် ပတ်သက်၍ကိုကျော်ထွဋ်လင်း (kyaw.htutlin@gmail.com) ဆက်သွယ်မေးမြန်းနိုင်ပါသည်။

Group (B) တွင် ရန်ကုန် ကွန်ပျူတာ တက္ကသိုလ်တွင် တာဝန်ထမ်းဆောင်လျက်ရှိ / တာဝန် ထမ်းဆောင်ဖူးသော မြန်မာနိုင်ငံတွင် လက်ရှိနေထိုင်လျက် ရှိသော ဆရာ/ဆရာများ အားလုံးပါဝင်ပါသည်။ Group (B) စာရင်းမှ ဆရာ/ဆရာမ (၁၉၀) ဦးခန့် ရှိပါသည်။

ပူဇော်ပွဲ အစီအစဉ်မတိုင်မီ နိုင်ငံရပ်ခြား ရောက်ရှိနေသော ဆရာ/ဆရာမများနှင့် ပြည်တွင်းရှိ ဆရာ/ဆရာမများအား အမှူးထား၍ ဘုန်းကြီးကျောင်း/လူမှုရေးအဖွဲ့အစည်းများသို့ လှူဒါန်းပြီး ကွယ်လွန်သွားသော ဆရာ/ဆရာမများသို့ ကုသိုလ် အမျှပေးဝေရန် အစီအစဉ်ရှိပါသည်။

ပူဇော်ပွဲနေ့အစီအစဉ်တွင်လည်း Group (A) ၀င် ဆရာ/ဆရာမများကို အပူဇော်ခံစင်မြင်ပေါ်တွင် ကျောင်းသူ/ကျောင်းသားဟောင်းများနှင့် Group (B) ၀င် ဆရာ/ဆရာမများက စုပေါင်းကန့်တောကြမည် ဖြစ်ပြီး ဆရာ/ဆရာမ တစ်ဦးလျှင် ကန်တော့ငွေ နှင့် အမှတ်တရ ဂုဏ်ပြု သတ္တုပြား (Plaque) တစ်ခုစီ ပေးအပ်မည်ဖြစ်ပါသည်။

ကျွန်တော်တို့ ကျောင်းသား/ကျောင်းသူများ အနေဖြင့် ကြည့်လျှင် Group (A) ၀င် ဆရာ/ဆရာမများအားလုံးသည် မိမိတို့ထက် အသက်၊ ပညာဂုဏ် ကြီးမြင့်ကြသော ကန်တော့ခံထိုက်သည့် ပုဂ္ဂိုလ်များ ဖြစ်ပါသည်။ ၄င်းတို့အနက်မှ အချို့မှာ မိမိတို့ကို ပညာသင်ကြားပေးခဲ့ဖူးသော ကျေးဇူးရှင် ဆရာ/ဆရာမများ ဖြစ်ကြပါသည်။ Group (B) ၀င် ဆရာ/ဆရာမများတွင်မူ မိမိတို့၏ ကျေးဇူးရှင် ဆရာ/ဆရာမများ ပါဝင်သလို မိမိ၏တို့နှင့် ရွယ်တူ (သို့မဟုတ်) ငယ်ရွယ်သူများလည်း ပါဝင်ကြပါသည်။

သို့ပါ၍ မိမိတိုကအနေဖြင့် အခြား ကန့်တော ခံထိုက်သော ပုဂ္ဂိုလ်များကို ကန့်တော့သည်ဟု ရည်စူး၍ ကျန်သူများကိုမူ လက်ဆောင်ပေးအပ်သည်ဟု ရည်စူး ကုသိုလ်ယူနိုင်ကြပါသည်။

အလှူငွေ လှူဒါန်းလိုပါက ဇွန်လ (၂၈) ရက်နေ့ နောက်ဆုံးထား၍ နည်းများမဆို (သဒ္ဒါတရားရှိသရွေ့) လှူဒါန်းနိုင်ပါသည်။

နိုင်ငံရပ်ခြားရှိ ကျောင်းသား/သူဟောင်းများအနေဖြင့် အောက်ပါ နီးစပ်ရာ သူငယ်ချင်းများသို့ ဆက်သွယ် လှူဒါန်းနိုင်ပါသည်။

 
1.   Ko Aye Tun Lin (1st batch) (ayetunlin@gmail.com)
2.   Ma Khin Hnaung (2nd batch) (khinhnaung@gmail.com)
3.   Ma Khaing Kyawt Kyawt Sein (3rd batch) (khaingsein@yahoo.com)
4.   Ko Aung Naing Soe (3rd Batch) (aungns@gmail.com)
5.   Ma Khin Moe Aye (4th Batch) (khinmoeaye@gmail.com)
6.   Ko Phyoe Wai Soe (5th Batch) (phyoewaisoe@gmail.com)
7.   Ko Zeyar Aung (6th Batch) (zeyarag@gmail.com)
8.   Ko Kyaw Htut Lin (7th Batch) (kyaw.htutlin@gmail.com)
9.   Ma Cho Mar Aye (7th Batch) (chomaye@gmail.com)
10.   Ma Yee The' Maung (8th Batch) (yeethe@gmail.com)
11.  Ma May Myo Zin (9th Batch) (maymyozin@gmail.com)
12.  Ko kyaw maung maung win (10th Batch) (kmmw79@gmail.com)
13.  Ma Wint Yi Htun (12th Batch) (wintyihtun@gmail.com)
   14.  Ma Aye Myat Thu (13th Batch) (ayeaye7.thu@gmail.com)
   15. Ma Khin Hnin Nway (14th  Batch) (khinhninnway@gmail.com)
   16.  Ma Thet Htar Nwe (14th Batch) (thethtar@gmail.com
   17. Ma Yoon Phyu Phyu Aung (15th Batch) (yoonphyuphyuaung@gmail.com)  

 အကြံဥာဏ်များ ပေးပို့လိုပါက EX Student UCSY <exucsy@gmail.com>, (kyaw.htutlin@gmail.com) သို့ ဆက်သွယ် ပေးပို့နိုင်ပါသည်။

သူငယ်ချင်းများအားလုံးကို ကျေးဇူးတင်ပါသည်။

 

လေးစားစွာဖြင့်
ရန်ကုန် ကွန်ပျူတာ တက္ကသိုလ် ကျောင်းသားဟောင်းများ





No comments:

Post a Comment