Sunday, April 4, 2010

Fwd: "နောင်တနဲ့ နာကျင်မှုတွေ ဘဝတစ်လျှောက်လုံး ကပ်မလိုက်စေနဲ့"




ဘ၀တစ်ခု နေရခဲတဲ့အချိန်တိုလေးအတွင်းမှာပူပန်သောကကင်းဝေးနိုင်ကြပါစေခင်ဗျာ။


ရေးသားသူ....... နိုင်းနိုင်းစနေ
 
မိဘတွေနဲ့ ဝေးကွာတဲ့အချိန် ပူပန်စိတ်၊ လွမ်းဆွတ်စိတ်တွေ ရှိကြတယ်။ ဒါပေမယ့် မိဘတွေက ကျွန်မတို့ရဲ့ ကြီးပြင်းခဲ့တာကို မှတ်သားနေချိန်မှာ ကျွန်မတို့က မိဘတွေ အိုမင်းသွားတာကို မှတ်သားဖို့ မေ့နေခဲ့ကြတယ်။

"နောင်တနဲ့ နာကျင်မှုတွေ ဘဝတစ်လျှောက်လုံး ကပ်မလိုက်စေနဲ့"

မိဘတွေသာမက ညီအစ်ကို မောင်နှမကြားမှာလည်း ထိုနည်းလည်းကောင်းပါပဲ။ အိမ်မှာ အတူနေတုန်းကတော့ တစ်ကျက်ကျက်၊ အလုပ်တွေရ၊ အိမ်ထောင်တွေကျပြီး တစ်ယောက်တစ်နေရာ ခွဲခွါခဲ့ကြတော့ တွေ့ဆုံဖို့က နည်းသွားခဲ့တယ်။ အိုမင်းသွားချိန်အထိ အဆက်အသွယ်တွေ နည်းခဲ့ကြတယ်။ သတိထားမိချိန်၊ သတိပြုမိချိန်ရောက်တော့ အချိန်တွေက လွန်သွားခဲ့ပါပြီ၊ နှောင်းသွားခဲ့ပါပြီ။
 
  • အချစ်မှာ နှစ်ဦးနှစ်ဖက် ညီမျှတဲ့ပေးဆပ်ခြင်းတွေ ရှိရမယ်လို့ ချစ်သူကို သမီးပြောခဲ့သလို တစ်သက်လုံး မခွဲမခွါတဲ့ မိသားစုမှာရော စိတ်တူညီမျှ ပေးဆပ်ခြင်းတွေ မရှိသင့်ဘူးလား သမီးငယ်.. ?


ချစ်သူအပေါ်ထားတဲ့ သမီးရဲ့ချစ်ခြင်းတွေ၊ ရူးသွပ်မှုတွေကို မေမေသဝန်တိုလို့ မဟုတ်ဘူးနော် သမီး။ ချစ်ခြင်းဆိုတာကလည်း ခံစားမှုအတွေ့အကြုံနဲ့ စိတ်အာဟာရတစ်မျိုးဆိုတာ မေမေသိတယ်။ မေမေမျှော်လင့်တာက ချစ်သူနဲ့သမီး အပြန်အလှန်ပေးဆပ်သလိုမျိုး ၂၂နှစ်ကြာ သမီးအပေါ် ပေးဆပ်ခဲ့တဲ့ အမေရဲ့သွေး၊ ချွေးတွေကိုလည်း သမီးသတိရစေချင်တယ်။ ချစ်သူကပေးတဲ့ ချစ်သက်တမ်းတစ်နှစ်ကို တစ်သက်လုံးနဲ့ လဲချင်ခဲ့တဲ့သမီး၊ သမီးအပေါ်မလျော့တဲ့အချစ်နဲ့ တစ်သက်လုံးချစ်ခဲ့တဲ့ အမေ့ကို သမီးရဲ့ တစ်နှစ်ဆိုတဲ့ ဂရုစိုက်ပြုစုမှုတွေ ပြန်မပေးသင့်ဘူးလားကွယ်? ခုတော့ သမီးဆီက ရလိုက်တဲ့ အရာတွေက မေမေပေးဆပ်ခဲ့တာနဲ့ မတန်ခဲ့ပေမယ့် မေမေကျေနပ်ခဲ့ပါတယ်။

မေမေ့မွေးနေ့မှာ သမီးဆီက ဘာလက်ဆောင်မှ မရခဲ့လည်း ဖုန်းဆက်ပြီး အဝေးက သမီးအသံကို အမေကြားပါရစေ။

မေမေစိတ်ပူပြီး ညညအိပ်မပျော်လည်း ကျောင်းပိတ်ရက်မှာ သူငယ်ချင်းတွေနဲ့ လျှောက်လည်မယ့်အကြောင်း ဖုန်းဆက်ပြီး မေမေ့ကို အကြောင်းကြားပေးပါ။

စာထဲ သမီး စိတ်မဝင်စားခဲ့လည်း စာမေးပွဲကြေးသွင်းတဲ့အခါ မေမေ့ကိုတောင်းပန်စကား တစ်ခွန်းပြောဖို့ သတိရပေးပါ။


လုပ်အားခပိုက်ဆံတွေကို ချစ်သူအတွက် လက်ဆောင်ဝယ်ပေးခဲ့လည်း ပိုက်ဆံတစ်ပြားတစ်ချပ် ရှာရတာ အင်မတန်ပင်ပန်းကြောင်း အမေ့ကို စာတိုလေးတစ်ကြောင်း ပို့ဖို့မမေ့ပါနဲ့။

ဒီလိုပေးဆပ်မှုမျိုးက ဘယ်မိခင်မဆို လိုအပ်ပါတယ်။ စိတ်ထိခိုက် လှုပ်ရှားလွယ်တဲ့ မေမေကတော့ တစ်ခြားမိခင်တွေထက် ပိုခဲ့တယ်။ သားသမီးတိုင်းကို မိခင်ရဲ့ကောင်းကွက်တွေကို မှတ်ပြီး အမြဲတစေပေးဆပ်စေတာက ကြမ်းတမ်းတဲ့လုပ်ရပ်မှန်း မေမေသိတယ်။ သမီးအိမ်ထောင်ပြုပြီး သားသမီးရတဲ့အချိန် အဲဒီသားသမီးတွေရဲ့ အေးစက်စက် တုန့်ပြန်မှုနဲ့ လျစ်လျူရှူမှုကို ခံရတဲ့အချိန်၊ ချွေးထက်မက မျက်ရည်တွေကျမိချိန်မှ မေမေပြောတာတွေကို သမီးနားလည်လာမှာပါ သမီး။

မိခင်တွေလိုချင်တဲ့ သားသမီးတွေရဲ့ တုန့်ပြန်မှုဟာ သေးသိမ်လွန်းလှပါတယ်။ ဒီလိုနှိမ့်ချပြီး တောင်းဆိုတဲ့ မိခင်တစ်ဦးကို သမီးက စာအုပ်ထဲကမိခင်လောက် မမြင့်မြတ်ဘူး၊ တစ်ကိုယ်ကောင်းဆန်တယ်လို့ သမီးထင်ခဲ့တယ်။ ဒီလိုဆိုရင် သမီးငယ်.. ကိုယ်တိုင်ကရော ဘယ်လိုတွေ ပေးဆပ်တုန့်ပြန်ခဲ့သလဲကွယ်?

 

 

 

 

v     "လောကကြီးမှာ တည်ကြည်ခိုင်မြဲတဲ့ ချစ်ခြင်းတစ်မျိုးရှိတယ်။ အဲဒီအချစ်က တစ်ကိုယ်ကောင်းမဆန်သလို တုန့်ပြန့်မှုကိုလည်း မတောင့်တခဲ့ဘူး။ အဲဒီအချစ်က ရာသီဥတု အပြောင်းအလဲနောက်လိုက်ပြီး မပြောင်းလဲသွားတတ်သလို ရာထူး၊ ဂုဏ်အရှိန်အဝါနောက် လိုက်ပြီးလည်း မျောပါမသွားတတ်ဘူး။ အဲဒီချစ်ခြင်းက မိဘတွေရဲ့ချစ်ခြင်းပဲဖြစ်တယ်

 

v     "အချစ်နဲ့အချစ်ကြား အကွာအဝေးကို အမြဲမမြင်နိုင်ခဲ့ဘူး။ ရုတ်တရက်မြင်နိုင်ခဲ့ရင်လည်း အဲဒီအကွာအဝေးက ဖခင်ရဲ့ချစ်ခြင်းမေတ္တာပဲဖြစ်တယ်။ ဒါမှမဟုတ် ထုတ်ဖော်မပြောတတ်တဲ့ ဂရုစိုက်မှုပဲဖြစ်မယ်

 

v     အမေဆိုတာ နှစ်၊ လ၊ ရာသီတစ်မျိုးဖြစ်တယ်။
ရာသီတွေက ပြောင်းပြန်မစီးဘူး။
ရာသီတွေမှာ အဆုံးသတ်အနား မရှိဘူး။
အမေရဲ့မေတ္တာကလည်း အဲဒီလို အဆုံးသတ်အနားမရှိဘဲ ကြီးမားကျယ်ပြန့်တယ်။
အမေဟာ တစ်ခါတလေမှာ ကြံတစ်ချောင်းဖြစ်တယ်။
ချိုမြတဲ့ ကြံရည်တွေကို သားသမီးတွေ စုပ်ယူစားသုံးပြီး အဖတ်တွေစွန့်ခဲ့လည်း သူမမူဘူး။
အမေဟာ တစ်ခါတလေမှာ မြင့်မားတဲ့တောင်တစ်တောင်ဖြစ်တယ်။
သန်မာကြံ့ခိုင်တဲ့ ပုခုံးနှစ်ဖက်နဲ့ သားသမီးတွေရဲ့နာကျင်ခြင်းတွေကို ကုစားပေးတယ်။

 




zhtun









--
Win Ei Khine




No comments:

Post a Comment