Friday, April 30, 2010

Fwd: ပညာတော်သင်ဆ လျှောက်ထားနိုင်ပါပြီ။



သြစတြေးလျ ဘွဲ့လွန် ပညာရပ်များဆိုင်ရာ ပညာသင်ဆု မြန်မာများလျောက်ထားနိုင်ဟု သံရုံးထုတ်ပြန်

Tuesday, 20 April 2010 10:05 မောက္ခပညာရေးသတင်း www.maukkha.org 
 

ဒေသတွင်း ဖွံ့ဖြိုးရေးအစီအစဉ်အရ သြစတြေးလျနိုင်ငံရှိ တက္ကသိုလ်တစ်ခုတွင် မြန်မာနိုင်ငံမှ မဟာဘွဲ့နှင့် ဒေါက်တာဘွဲ့ သင်ယူလိုသူများအတွက် သြစတြေးလျ အစိုးရက ပညာသင်ဆု ထောက်ပံ့ပေးမည် ဖြစ်သောကြောင့် ဇွန်လမတိုင်မီ လျောက်ထားရန် လိုအပ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျ သံရုံးက သတင်းထုတ်ပြန်ခဲ့သည်။



သြစတြေးလျနိုင်ငံ၏ အစိုးရ ပညာသင်ဆုများစွာထဲမှ ယခု သြစတြေးလျခေါင်းဆောင်မှု ပညာတော်သင်ဆု ALA (Australian Leadership Awards) မှာ ပြီးခဲ့သော နိုဝင်ဘာလက သြစတြေးလျ ၀န်ကြီးချုပ်က ချမှတ်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံမှ လျောက်ထားသူများအနက် ကျန်းမာရေးဘာသာရပ် Health၊ ရေသန့်ရှင်းရေး Water Sanitation၊ ကျေးလက်ဖွံ့ဖြိုးရေး Rural Development အစားအစာဖူလုံရေး Food Security၊ အခြေခံပညာရေးအထူးပြု Basic Education၊ ဒုက္ခရောက်သူများကို ကာကွယ်စောင့်ရှောက်ရေး Protection of Vulnerable၊ Populations၊ Economic Growth၊ လိင်ကွဲပြားမှုလေ့လာရေး Genden မသန်မစွမ်းလေ့လာမှု Disability နှင့် သဘာဝပတ်ဝန်းကျင်ဘာသာရပ် Environment ပညာရပ်များကို လျောက်ထားသူများအား ဦးစားပေး စိစစ်ရွေးချယ် သွားမည်ဖြစ်ကြောင်း သိရသည်။

ပညာသင်ဆု လျောက်ထားမည့်သူများသည် သြစတြေးလျ တက္ကသိုလ်တစ်ခုခု၏ ခြွင်းချက် မရှိထားသော ကျောင်းဝင်ခွင့် စာ ရရှိထားခြင်း၊ IELTS၊ TOFEL
အမှတ်ရှိ ထားခြင်းအပြင် ပညာသင်ဆု သင်အပြီး မြန်မာနိုင်ငံတွင် နှစ်နှစ်ပြန်လည် တာဝန် ထမ်းဆောင် ရမည်ဟု မိမိကိုယ်တိုင်  တာဝန်ယူ နိုင်မှသာ လျောက်ထား နိုင်ကြောင်း သိရသည်။ ပညာသင်ဆု သတင်း အချက်များအား www.ausaid.gov.au/scholar/ala.cfm ၌ လေ့လာနိုင်ပြီး အသေးစိတ်သိရှိလို ပါက အီးမေးလ်လိပ်စာ ala@ausaid.gov.au This e-mail address is being protected from spambots. You need JavaScript enabled to view it သို့လည်းကောင်း ဆက်သွယ်မေးမြန်းနိုင်သည်။


မောက္ခ (ပြည်တွင်းသတင်း) www.maukkha.org





No comments:

Post a Comment