Thursday, July 15, 2010

Fwd: အရေးပေါ် အတောင်ပံအိတ်


၁) အရေးပေါ် အတောင်ပံအိတ်

ကျပ်ပြေးရှိ ဘုရားထီးတင်ပွဲ အတွက် ဘုန်းတော်ကြီးတပါး၊ သီချင်းဆိုပေးရန် နေမကောင်းဖြစ်နေသည့် မင်းသမီးတလက် နှင့် သန်းရွှေတို့ စီးနင်းလိုက်ပါလာသော လေယာဉ်ပေါ်တွင်ဖြစ်သည်။ လေဆိပ်သို့ ဆင်းခါနီးတွင် လေယာဉ်မှုးက ရုတ်တရက် အရေးပေါ်ကြေငြာသည်။
"ခရီးသည်များခင်ဗျား လေယာဉ်မှာ အရေးပေါ် အခြေအနေသို့ ရောက်ရှိနေပြီး ပျက်ကျတော့မည် ဖြစ်ပါသည်။ ၀မ်းနည်းစရာကောင်းသည်မှာ လေထီး ၃ ခုသာပါလာပြီး မြေပြင်လေဆိပ်ထိန်းချုပ်ရေးစခန်းကို သတင်းပို့ရန် အတွက် ကျွန်တော်တခုယူသွားပါပြီ ကံကောင်းပါစေ"
သန်းရွှေ က စိတ်ဆိုးစွာဖြင့် "တောက် ဒီအသုံးမကျတဲ့ လေယာဉ်မောင်းတဲ့ကောင်ကို ငါကိုယ်တိုင် အပြစ်ပေးအရေးယူရမယ် ကဲလေထီးတခုယူသွားပြီ" ဟုပြောကာ အနီးနားမှာ အိတ်ကို ကျောပိုးကာ ခုန်ချသွားလေသည်။
ဘုန်းတော်ကြီးဖြစ်သူက "ကဲ ဒါယိကာမလေး ဘုန်းဘုန်း အသက်လည်းကြီးပြီ။ ဒါယိကာမလေးက ငယ်သေးတယ်။ ဘုန်းဘုန်းတရားမှတ်ပြီး ကျန်ခဲ့ပါမယ်။ နောက်ဆုံးကျန်တဲ့လေထီးကို ဒါယိကာမလေးပဲ ယူသွားပြီး ဘုန်းဘုန်းကိုထားခဲ့ပါ" ဟုပြောလေသည်။
မင်းသမီးကလေးက လျှောက်သည်မှာ "စိတ်မပူပါနဲ့ ဘုန်းဘုန်းဘုရား ဗိုလ်သန်းရွှေယူသွားတာ တပည့်တော်မရဲ့ အတောင်ပံပါတဲ့ အမျိုးသမီးဂွမ်းထုတ်ထည့်ထားတဲ့ အိတ်ကြီးပါဘုရား။ ကျန်ခဲ့တဲ့ လေထီးနှစ်ခုကို သုံးပြီး ဘုန်းဘုန်းနဲ့ တပည့်တော်မ နှစ်ဦးစလုံး မြေပြင်ကို ဘေးမသီရန်မခ ရောက်နိုင်ကြောင်းပါ"



No comments:

Post a Comment