Friday, August 19, 2011

FWD : **သူငယ်ချင်း သို့ **

**သူငယ်ချင်း သို့ **


သူငယ်ချင်းရေ

နင်အားငယ်တိုင်း ငိုဖို့

ငါ့ပခုံး အသင့်ရှိနေမယ်။



သူငယ်ချင်းရေ

နင်စိတ်ဓာတ်ကျတိုင်း အားပေးဖို့

ငါ့လက်တစ်စုံ အမြဲနွေးထွေးနေမယ်။



သူငယ်ချင်းရေ

တစ်ခါငိုပြီးတိုင်း

နောက်တစ်ခါထပ် မငိုရဖို့

အားမွေးထားပါ။



သူငယ်ချင်းရေ

တစ်ခါစိတ်ဓာတ်ကျပြီးတိုင်း

ပြန်လည်မြှင့်တင်ဖို့

သတ္တိတွေ စုထားပါ။


တစ်ယောက်ကိုတစ်ယောက်

အားပေးရင်း

တစ်ယောက်လက်တစ်ယောက်

ခိုင်ခိုင်တွဲရင်း


အနာဂတ် နေ့သစ်

ရည်ရွယ်ရာ ပန်းတိုင်ဆီ

ခွန်းအားသစ်တွေနဲ့

လျှောက်လှမ်းကြပါစို့။

No comments:

Post a Comment