Monday, August 29, 2011

FWD : ကျွန်မဖတ်ဖို့......★★

ဖြစ်ချင်တာတွေ ဖြစ်မလာတဲ့အခါ၊ လုပ်ချင်တာတွေ လုပ်ခွင့်မရတဲ့အခါ၊ လုပ်နေသမျှ အရာမရောက်တဲ့အခါ စိတ်ပန်း လူပန်းဖြစ်ပြီး စိတ်ဓာတ်တွေကျလာရင် ဒီလိုဟာမျိုးလေးတွေကို ကျွန်မ ဖတ်ပြီး စိတ်ဓာတ်စစ်ဆင်ရေး လုပ်ဖြစ်တယ်။ ကျွန်မလို တစ်ခုခု ခံစားနေရသူများအတွက် မျှဝေလိုက်ပါတယ်။

(၁) လူအများက လောကကြီးကို ပြောင်းလဲချင်ကြတယ်။ ဒါပေမယ့် ကိုယ့်ကိုယ်ကို ပြောင်းလဲဖို့တော့ မေ့နေကြတယ်။

(၂) ပျော်ပျော်နေတတ်သူက ကျဆုံးခြင်းမှာ အခွင့်အရေးကို မြင်တယ်။ ပျော်ပျော်မနေတတ်သူက အခွင့်အရေးတိုင်းကို ကျဆုံးခြင်းလို့ မြင်တယ်။

(၃) ကျရှုံးမှုအတွက် ဆင်ခြင်မရှာလေနဲ့။ အောင်မြင်မှုအတွက် ကျိုးသင့် ကြောင်းသင့်ကိုရှာပါ။

(၄) အောင်မြင်သူတွေ အောင်မြင်ရခြင်းက ယုံကြည်မှုကို လက်ကိုင်ထားလို့ပဲ။

(၅) မျှော်လင့်ချက်မဲ့တဲ့ လောကဆိုတာ မရှိဘူး။ မျှော်လင့်ချက်မဲ့နေတဲ့ လူပဲရှိတယ်။

(၆) အကန့်အသတ် (လစ်မစ်) ဆိုတာ ကိုယ့်စိတ်ထဲက စတင်တာပဲဖြစ်တယ်။

(၇) အခွင့်အရေးကို မစောင့်နဲ့။ အခွင့်အရေးကို တည်ဆောက်ပါ။

(၈) မှန်တဲ့အလုပ်ကို လုပ်တာဟာ အလုပ်ကို အမှန်လုပ်တာထက် အရေးကြီးတယ်။

(၉) လှုပ်ရှားခြင်းက ကြောက်ရွံ့ခြင်းအတွက် ဆေးတဲ့။ တွေဝေခြင်းနဲ့ အချိန်ဆွဲခြင်းက ကြောက်ရွံ့ခြင်းကို အားကြီးစေတယ်။

(၁၀) မရွေးခြယ်သင့်တဲ့လမ်း တစ်လမ်းပဲရှိတယ်.... လက်လွတ်အရှုံးပေးတဲ့လမ်း
မငြင်းပယ်သင့်တဲ့လမ်း တစ်လမ်းပဲရှိတယ်.... ကြီးထွားရှင်သန်တဲ့လမ်း။

(၁၁) ယုံကြည်မှုဆိုတာ မွေးရာပါမဟုတ်ဘူး။ မပြတ် ပြုစုပျိုးထောင်ခြင်းရဲ့ ရလဒ်ဖြစ်တယ်။

(၁၂) ယုံကြည်မှုကို ပျိုးထောင်ပြီး ကြောက်ရွံ့မှုကို တွန်းလှန်တဲ့နည်းက ကိုယ်မလုပ်ရဲ၊ မလုပ်နိုင်ဘူးလို့ ထင်တဲ့ အလုပ်ကို အောင်မြင်တဲ့ အတွေ့အကြုံရလာတဲ့အထိ လုပ်ပေးဖို့ပဲ။

(၁၃) ရှုံးနိမ့်ခြင်းဆိုတာ ဘာလဲ?
အောင်မြင်မှုဆီကို ချည်းကပ်လာတဲ့ ခြေတစ်လှမ်းသာဖြစ်တယ်။
အောင်မြင်ခြင်းဆိုတာ ဘာလဲ?
ရှုံးနိမ့်တဲ့ လမ်းတွေကို ဖြတ်လျှောက်ခဲ့တဲ့ ခြေလှမ်းတွေသာဖြစ်တယ်။

(၁၄) ဘယ်လောက်ဝေးတဲ့ ခရီးဖြစ်ဖြစ် တစ်လှမ်းခြင်း လှမ်းရင်တောင် ပန်းတိုင်ရောက်နိုင်တယ်။ (တစ်နေ့တစ်လံ ပုံဂံဘယ်ရွေ့မလဲ) ဘယ်လောက်နီးတဲ့ ခရီးဖြစ်ဖြစ် ခြေစမလှမ်းခဲ့ရင် ပန်းတိုင်ဆိုတာ အဝေးကြီး။

(၁၅) အောင်မြင်မှုဆိုတာ နောင်တစ်ချိန်မှ ဖြစ်လာတာ မဟုတ်ဘူး။ လုပ်မယ်လို့ ဆုံးဖြတ်ချက်ချလိုက်တဲ့ အချိန်ကစပြီး တဖြေးဖြေး တိုးပွားလာတာဖြစ်တယ်။



နိုင်းနိုင်းစနေ ဘာသာပြန်စုစည်းသည်။

No comments:

Post a Comment