Friday, September 2, 2011

Fwd : လွယ်ကူရိုးရှင်းတဲ့စိတ်ဖိစီးမှုဖြေဖျောက်ခြင်း

ဘ၀ထဲမှာလှုပ်ရှားရုန်းကန်နေရတဲ့

ကျွန်မတို့ အားလုံး စိတ်ဖိစီးမှုတွေဆိုတာ လူတိုင်းမှာ ရှိတတ်ကြပါတယ်။ ကျွန်မကိုယ်တိုင်လည်း ရံဖန်ရံခါစိတ်ဖိစီးမှုတွေကိုခံရတာမို့ အားလုံးအတွက် ဝေမျှလိုက်ပါတယ်။ မိမိနဲ့သင့်တော်မယ့်နည်းလမ်းကိုအသုံးပြုပြီး စိတ်ဖိစီးမှုတွေကိုဖြေလျော့ကြည့်ကြပါနော်။

လေ့ကျင့်ခန်းလုပ်ခြင်း

တကယ်လို့များသင်ဟာ တပတ်မှာ အနည်းဆုံးလေးရက်ခန့် တနေ့ကို ၁၅ မိနစ်မှ ၂၅မိနစ်အထိ လမ်းလျှောက်လေ့ရှိသူဖြစ်ရင်တော့ သင့်ရဲ့ခန္ဓာကိုယ်ဇီဝဖြစ်စဉ်တွေညီညွတ်မျှတရုံသာမက ပိုမိုကြည့်ကောင်းတဲ့ ဆွဲဆောင်မှုရှိတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ရမှာပါ။

ယောဂကျင့်ခြင်း

ယောဂကျင့်ခြင်းဟာ စိတ်ဖိစီးမှုကိုဖြေလျော့ပေးနိုင်တဲ့အကောင်းဆုံး လေ့ကျင့်မှုတမျိုးဆိုရင်လည်း မမှားပါဘူး။ ယောဂလေ့ကျင့်ခြင်းမှာ အသက်ရှုနည်း၊ လေ့ကျင့်ခန်းများ၊ စကြ၀ဠာနှင့် စိတ်ပိုင်း၊ ၀ိဥာဉ်ပိုင်းဆိုင်ရာဆက်သွယ်ခြင်းဆိုတဲ့ အခန်းကဏ္ဍတွေလည်း ပါဝင်ပါတယ် ။ သင်တခုခုကိုသာ စနစ်တကျသင်ယူလေ့လာမယ်ဆိုရင် ဘယ်နည်းလမ်းကျင့်ထုံးတွေက သင့်အတွက်အကျိုးပြုတယ်ဆိုတာတွေ့ရှိလာနိုင်မှာပါ။ ပုံမှန် ရိုးရိုးလေ့ကျင့်ခန်းလေးတွေကတောင် စိတ်ဖိစီးမှုတွေခံစားနေရတဲ့ သင့်ကို ၁၀၀% ပြေလျော့စေမှာပါ။

အကြောဆန့်ခြင်း

လူတော်တော်များများဟာ အလုပ်တစ်ခုခုပြီးမြောက်သွားချိန်မှာ အကြောဆန့်လေ့ရှိပါတယ်။ တကယ်တော့ မိမိကိုယ်တိုင်မသိလိုက်တဲ့

အချိန်မှာပဲ မိမိရဲ့ခန္ဓာကိုယ်က တောင်းဆိုမှုကြောင့် ဖိစီးမှုတွေကို ဖြေလျော့ပေးခြင်းပဲဖြစ်ပါတယ်။ အကျောဆန့်လိုက်တာလေး တချက်ဟာ ခန္ဓာကိုယ်ရဲ့အစိတ်အပိုင်းတော်တော်များများမှာ ခံစားနေရတဲ့ တင်းကြပ်မှုအားလုံး ပျောက်ကွယ်စေနိုင်တဲ့အထိအစွမ်းထက်ပါတယ်။

အနှိပ်ခံခြင်း

ကျွန်မတို့အားလုံးသိပြီးတဲ့အတိုင်းပါပဲ အနှိပ်ခံခြင်းဟာ ဘယ်လောက်ထိ တင်းမာနေတဲ့ကြွက်သားတွေ အကျောတွေကို ဖြေလျော့ပေးသလဲ ဆိုတာကိုပါပဲ။ ငွေလေး အနည်းငယ်ပိုအကုန်ခံလိုက်တာနဲ့ ပန်းရနံ့တွေနဲ့ဖြေလျော့ခြင်း၊ လိမ်းဆေးအဆီများနဲ့ ဖြေလျော့ခြင်းစတဲ့ နှိပ်နယ်နည်းတွေနဲ့ပါ ဖြေလျော့နိုင်ပါသေးတယ်။ မြန်မာနိုင်ငံမှာကြီးပြင်းလာတဲ့ကျွန်မအဖို့ကတော့ အနှိပ်ခံခြင်းဆိုတာ သိပ်မကျွမ်းဝင်တဲ့ ဘာသာတစ်ခုလိုဖြစ်နေတာမို့ နှစ်သက်သူများကတော့ လက်တွေ့ကျင့်သုံးကြည့်နိုင်ပါတယ်။

ရယ်မောလိုက်ပါ

ငွေကုန်ကြေးကျမများတဲ့ အကောင်းဆုံးစိတ်ဖြေလျော့နည်းကတော့ ရယ်မောခြင်းပါပဲ။ တစ်နေ့တာဖြစ်ခဲ့သမျှအဖြစ်တွေထဲက ရယ်စရာကိုပဲဖြစ်ဖြစ်၊ ကိုယ်ကြုံတွေ့ခဲ့ဖူးတဲ့ ရယ်စရာအဖြစ်တစ်ခုကိုပဲဖြစ်ဖြစ် စဉ်းစားပြီးအားရပါးရရယ်လိုက်ပါ၊

သင်ခံစားနေရတဲ့စိတ်ဖိစီးမှုအားလုံး ပျောက်ကွယ်သွားတာကိုတွေ့ရပါလိမ့်မယ်၊ ကိုယ်တွေ့ခဲ့ရတဲ့ထဲမှာ ရယ်စရာလုံးဝစဉ်းစားလို့မရရင်တော့ ဟာသကားတကားကြည့်လိုက်တာပဲဖြစ်ဖြစ် ဟာသစာပေဖတ်တာပဲဖြစ်ဖြစ် ချက်ချင်းလုပ်လိုက်ပါ။ လုပ်နေတဲ့အချိန်မှာကျန်တာတွေမေ့ထား ဖို့တော့ လိုမယ်နော်။ အစစအရာရာချွေတာသုံးစွဲနေရတဲ့ကျွန်မအတွက်ကတော့ အားရပါးရရယ်မောလိုက်တာဟာ အကုန်ကျသက်သာဆုံး စိတ်ဖိစီးမှု ဖြေလျော့နည်းတစ်မျိုးပါပဲ။

နားချိန်လေးပေးလိုက်ပါ

တစ်နေကုန်ကွန်ပျူတာရှေ့ထိုင်နေရတဲ့ ကိုကိုမမများ၊မောင်ညီမလေးများ အနည်းဆုံး ၁နာရီတစ်ကြိမ် အကြောလျော့ပေးပါ၊ တခြားလုပ်ငန်းခွင်နယ်ပယ်မှသူများလည်း အနားလေးတော့ယူဖို့လိုပါတယ်။ အရမ်းကိုပင်ပန်းနွမ်းနယ်နေပြီဆိုရင်တော့ ခရီးတခုဖြစ်ဖြစ် စီစဉ်လိုက်ပါ။

သူငယ်ချင်းများအားလုံး ကျန်းမာပျော်ရွှင်နိုင်ပါစေ...

No comments:

Post a Comment