"ကောင်းစွာတန်ဆာဆင်အပ်သော မောင်းမ တို့သည် လေးသောင်းရှိကုန်၏။ (ငါ၏) မိဖုရားသည် 'ဘဒ္ဒကဉ္စနာ' မည်၏၊ သားတော်သည် 'ရာဟုလာ' မည်၏။" ( ခုဒ္ဒကနိကာယ်၊ ဗုဒ္ဓဝံသပါဠှိတော်၊ ၂၇-ဂေါတမဗုဒ္ဓဝင်၊ ကျမ်းပိုဒ် ၁၅ )
မှန်ပါတယ်။ ဗုဒ္ဓ၀င် ဆိုတာ ဇာတ်ကြောင်းလို့ခေါ်ပါတယ်။ ဗုဒ္ဓမဖြစ်ခင် ဖြစ်ပြီး ဇာတ်ကြောင်းပေါ့။ ဒါပေမယ့် ဗုဒ္ဓ၀င်ကို ဘုရား ဟောထားတာ မဟုတ်ပါဘူး။ နောက် ဆရာတော်ကြီးတွေက တစ်ဆင့်တစ်ဆင့် မှတ်တမ်းမှတ်ရာ ပြုစုထားတာပါ။ ဒါပေမယ့် အဖြေကို အောက်မှာပေါင်းကြည့်လိုက်ပါ။
"ကြီးသောလုံ့လရှိတော်မူသော မြတ်စွာဘုရား ယသောဓရာအမှူးပြုသောအားလုံးသောမိန်းမတို့သည် စိတ်ကိုပွါးစေတတ်ကုန်၏။ ချစ်စဖွယ်၊ကြည့်ရှုစဖွယ် ဖြစ်ပါကုန်၏။ ကြီးသောလုံ့လရှိတော်မူသောမြတ်စွာဘုရားအားလုံးသောမိန်းမတို့သည်အရှင်၏နန်းအိမ်တော်၌ အရှင်၏ကြင်ရာ
တော်တို့ပါတည်း။"
"လုံ့လရှိတော်မူသောမြတ်စွာဘုရား အကျွန်ုပ်တို့သည် အရှင်၏နန်းအိမ်တော်၌ ကိုးသန်းခြောက်သိန်းသော မိန်းမတို့၏ အကြီးအမှူးတို့ပါတည်း၊မိန်းမအားလုံးတို့ကို အစိုးရသူတို့ပါတည်း။"( ခုဒ္ဒကနိကာယ်၊ ထေရီအပါဒါန်ပါဠှိတော်၊ ၃-ကုဏ္ဏလကေသီဝဂ်၊ ၁၀-ယသောဓရာပမုခအဋ္ဌာရသဘိက္ခုနီသဟဿအပါဒါန် အပိုဒ် ၄၃၁၊၄၃၂။ )
အဲဒီ ကိုးကားချက်တွေဟာ မြတ်စွာဘုရားအလောင်းတော်ဖြစ်စဉ် တိုင်းပြည်ကြီးရဲ့ အရှင်သခင်မင်းအဖြစ်က ဖြစ်ရပ်တွေပါ။ ဘုရင်တွေ မိဖုရား မောင်းမမိဿံဘယ်နှစ်ယောက်ပဲ ထားရမယ် လို့ မသတ်မှတ်ထားပါ။ နောက် အလောင်းတော်မင်းသား ၂၈ နှစ်မှာ တောထွက်တော်မူပါတယ်။ အဲဒီ ကာမဂုဏ် အညစ်အကြေးတွေ အားလုံး စွန့်လွှတ်ခဲ့တာပါ။ အဲဒီနောက် ဗုဒ္ဓအဖြစ်ကို ရောက်တဲ့အခါတော့ ကာမဂုဏ်တင်မဟုတ် တစ်ခြား လောကီလူသားတွေမှာရှိတဲ့ မကောင်းတဲ့ စိတ် အားလုံးကို အပြီး ပယ်သတ်နိုင်ခဲ့ပါတယ်။ အဲဒီနောက် သတ္တ၀ါတွေ ကို မေတ္တာထား ဆုံးမ သွန်သင်ခဲ့ပါတယ်။ မေးခွန်းကို ဖြေရရင် တောထွက်တဲ့ သက်တော် ၂၈ နှစ် ကတည်း က အတွယ်အတာတွေ ဘာမှ မရှိတော့ပါဘူး။ ဘယ်ကျမ်း ဘယ်နေရာကလို့တော့ မဖော်ပြတော့ ပါဘူး။ မြတ်စွာဘုရားကိုယ်တိုင်က တရားတွေ စာနှုတ်တိုက်ရနေတာထက်စာရင် နားလည်ပြီး ကျင့်သုံးဖို့ ပို ဦးစားပေးထားလို့ပါ။
~~~~~~~~~~~~~~~~~~~~~~~~
ကျွန်တော်က ဓမ္မ ဆိုတာရဲ့ အနှစ်သာရအတိုင်း မျှမျှတတ ဖြစ်အောင် ကျင့်သုံးပါတယ်။ ထပ်ရှင်းရရင် ဓမ္မ ဆိုတာ တရားမျှတမှု၊ သဘာဝကျမှု၊ အဆုံးအမ စသည်ဖြင့် အဓိပ္ပါယ်ဖွင့်ထားပါတယ်။ သူဟာ ဗုဒ္ဓဘာသာအတွက် ချည်းပဲ မဟုတ်သလို၊ ခရစ်ယာန်၊ အစ်စလမ်၊ ဟိန္ဒူ တွေအတွက် ချည်းပဲလည်း မဟုတ်ပါဘူး။ ယူနီဗာဆယ် စကားလုံးလို့ မှတ်ယူထားပါတယ်။ ကျွန်တော် တစ်ခုခု ပြောရင် လုပ်ရင် ဘယ်တော့မှ မလွန်စေရအောင် သတိနဲ့ လုပ်ပါတယ်။ လုပ်တယ်ဆိုတဲ့နေရာမှာ စဉ်းစား ကြံစည်တာ၊ ပြောဆိုတာ၊ လုပ်တာ သုံးမျိုးလုံးပါ ပါတယ်။ တစ်ခြားသူ ရေးလို့ / ပြောလို့ / လုပ်လို့ မှ လိုက်မလုပ်၊ မယုံဘဲ၊ ကိုယ်တိုင် လေ့လာပြီး အားထုတ်သူပါ။ ဘုရားဟောထားပါတယ်။ ဒါပေမယ့် မပြောတော့ပါဘူး။ မှန်တယ်ဆိုတိုင်းလည်း လုပ်လို့ မရတဲ့နေရာတွေ အချိန်တွေ ရှိပါတယ်။ ကျွန်တော့် ဥာဏ် အများကြီးနိမ့်နေပါသေးတယ်။ အများကို ကယ်ဖို့အစား ကိုယ့်ကိုကိုယ် ကျွန်တော် အရင်ကယ်ရပါဦးမယ်။
အချုပ်ပြောရရင် ဘယ်သူ ဘယ်ဝါ ဘယ်အရာကို မှ တိုက်ခိုက်ဖို့ ဘာဖို့ မလုပ်ပါဘူးလို့ ပြောပါရစေ။ ဒီစကားဝိုင်းလေးက ကောင်းပါတယ်။ ဒါပေမယ့် ကောင်းတာတွေ အများကြီး ပေါင်းသွားရင်လည်း ဆိုးတတ်လို့ ကျွန်တော်ဘာမှ ထပ်မဆွေးနွေးလိုတော့ပါဘူး။
ကျနော့်ရဲ့ ကုရ်အာန် အညွှန်းများကို ကုရ်အာန်မြန်မာပြန်မှာ တိုက်ဆိုင်ကြည့်ရင် တစ်ခုလျော့ပြီးတိုက်ကြည့်ပေးပါရန် မေတ္တာရပ်ခံပါတယ်။ ဥပမာ - ကျနော်က ၂း၁၀ လို့ ဖော်ပြထားရင် ၂း၉ မှာ ရှာကြည့်နိုင်ပါတယ်။
ဒါကြောင့် gadone <tnttun@gmail.com> မေးထားတဲ့ Is it the one? It's fair enough. But it's different from your saying. က ၂း၂၁၇ ကို ၂း၂၁၆ မှာ ရှာကြည့်နိုင်ပါတယ်။
ခုဆက်လက်ပြီး တမန်တော်မြတ် မုဟမ္မဒ် (sa) ရဲ့ ကြင်ယာတော်များ ကိစ္စနဲ့ပတ်သက်ပြီးတင်ပြပါ့မယ်။ gadone <tnttun@gmail.com က တမန်တော်မြတ် မုဟမ္မဒ် (sa) ဟာ မိမိထက်များစွာငယ်ရွယ်သူကို လက်ထပ်ခဲ့ဖူးတယ်လို့ ပြောထားပြီး လေ့လာစူးစမ်းချင်ကြောင်းဖော်ပြထားပါတယ်။
မှန်ပါတယ်။ တမန်တော်မြတ် မုဟမ္မဒ် (sa)ဟာ မိမိထက် အသက်ငယ်ရွယ်သူ ဇနီးသည် ၂ ဦးနဲ့ လက်ထက်ခဲ့ဖူးပါတယ်။ တစ်ဦးက အိုင်အေရှာသခင်မ ဖြစ်ပြီး တစ်ဦးကတော့ မာရီယာ သခင်မ ဖြစ်ပါတယ်။ အိုင်အေရှာသခင်မ အသက်နဲ့ ပတ်သက်ပြီးတော့ အကျယ်ဖော်ပြရမှာပါ။ မွတ်စလင်တွေကိုးကားတဲ့ ဟဒီးဆ်ကျမ်းတွေထဲက တစ်ကျမ်းဖြစ်တဲ့ ဘူခါရီမှာ သခင်မက ကိုယ်တော်မြတ်နဲ့ လက်ထက်စဉ် အသက် ၉ နှစ်လို့ ဖော်ပြထားပါတယ်။ တခြား ကျမ်းတွေမှာတော့ အသက် ၂၀ ကျော် နဲ့ နောက်ထပ်ကျမ်းတစ်ခုမှာတော့ အသက် ၁၁ နှစ်လို့ ဖော်ပြထားပါတယ်။ ဒါကြောင့် reliability နိမ့်တဲ့ ဟဒီးဆ်ကျမ်းတွေရဲ့ဖော်ပြချက်တွေကို တန်းစီလိုက်ရင် အထက်ပါအတိုင်းတွေ့ရပေမယ့် မလိုမုန်းထား အမနာပဆိုသူများကတော့ ၉ နှစ်ဆိုတာပဲ အတည်ယူကြပါတယ်။
အောက်ဖော်ပြပါ စာပိုဒ်ကတော့ လွန်ခဲ့တဲ့ တစ်နှစ်ကျော်က ကျနော်ဖြေရှင်းဖူးတဲ့ ဖြေရှင်းချက်ပါ။
" အချို့မိန်းကလေးများမှာ အသက် (လေး၊ ငါး၊ ခြောက်)နှစ်အရွယ်တွင်ပင် ရာသီလာပြီး ရင်သားစူလာသည်။--------------ကမ်ဘာပေါ်တွင် အသက်အငယ်ဆုံးကိုယ်ဝန်ဆောင်မှာ အသက် ငါး နှစ်အရွယ် မိန်းကလေးတစ်ယောက်ဖြစ်သည်။ "(ဒေါက်တာမောင်မောင်ညို ၊ MBBS PhD(London) MA(Mich) Former AD(USA)ရေး၊ လူတို့၏အတွင်းရေး၊ စာ- ၁)
" ----------မြန်မာ၊ အိန်ဒိယကဲ့သို့သော ပူသောနိုင်ငံများတွင် အနည်းငယ်စောလျက် (ရာသီ)လာတတ်ကြသည်။ "(၄င်းရေး၊ မိန်းမ၊ စာ - ၆၈ ၊ 6 edition)
ပထမဦးဆုံး ထိုစွပ်စွဲသူများကို မေးမြန်းချင်တာက ခင်ဗျားတို့ရဲ့သာသနာမှာရော မိန်းကလေးတစ်ယောက်အရွယ်ရောက်တဲ့အသက်၊ ဘယ်အသက်အရွယ်မှာလက်ထပ်နိုင်သလဲဆိုတာနဲ့ပတ်သက်ပြီး သာသနာရေးကန့်သတ်ချက်သက်သက်ကို ဖော်ပြပေးပါခင်ဗျား။
အလွန်ပူပြင်းတဲ့ အာရပ်ဒေသများမှာ အသက်(၉)၊ (၁၀)အရွယ်မိန်းကလေးများအရွယ်ရောက်ပြီးဖြစ်နေတာက မထူးဆန်းကြောင်း ဆေးသိပ်ပံပညာအရသိရှိနိုင်ပါတယ်။ အိန်ဒိယမှာတောင် မိန်းကလေးများ အသက် ၁၀ နှစ်မှာ အရွယ်ရောက်ပြီး ဖြစ်နေတတ်ပါတယ်။ အေးတဲ့ဒေသများနဲ့ ပူတဲ့ဒေသ အရွယ်ရောက်တဲ့ အသက်ချင်းကွာတတ်ပါတယ်။ အိန်ဒိယမှာ ၁၃၊ ၁၄ဆိုရင်တရားဝင်အိမ်ထောင်ပြုနိုင်ကြောင်း ဥပဒေသတ်မှတ်ချက်ကို မိန်းကလေးများအတွက် ထုတ်ပြန်ပေးထားပါတယ်။ အာရပ်ဒေသရဲ့ အဓိကအစားအစာက ဂျုံဖြစ်ပါတယ်။ ဂျုံက ဆန်ထက်များစွာပိုပြီး ကိုယ်ခန်ဓာဖွဲ့စည်းပုံကိုဖွံ့ဖြိုးစေပါတယ်။ ဒါကလည်း ထည့်သွင်းစဉ်းစားထိုက်တဲ့ အချက်ဖြစ်ပါတယ်။
မိန်းကလေးတွေ အရွယ်ရောက်မရောက်ဆိုတာ သူတို့ကိုမေးမှ သိနိုင်တဲ့အချက်ပါ။
လူအများဟာ မိမိတို့ရဲ့အသက်ကိုမေးမြန်းခြင်းခံရရင် ပြည့်ပြီးအသက်ကိုဖော်ပြကြတာ၊ ဖော်ပြချင်ကြတာ(သို့) ပြည့်ရန်လအနည်းငယ်လိုနေရင် မူလပြည့်ပြီးအသက်ကိုပဲပြောလိုက်ကြတာ ဓမ်မတာပါ။
ပါကစ်စတန်၊ အာရပ်နိုင်ငံများစတဲ့ နိုင်ငံများမှာ ကလေးငယ်ငယ်ကတည်းက အကြီးစားစေ့စပ်ပွဲ၊ ပြုထားတတ်ကြပါတယ်။ အခုထိအဲဒိဓလေ့ရှိနေဆဲပါ။ လေ့လာနိုင်ပါတယ်။ ဒါပေမယ့် မိမိရဲ့ကလေးများ အမှန်တကယ်အိမ်ထောင်ပြုရမယ့်အချိန်ကြရင်(ပေါင်းသင်းကြမယ့်အချိန်)ကြရင်တော့ အစ်စလာမ့်ဥပဒေအရ ၄င်းတို့ရဲ့ဆန်ဒကို မေးမြန်းဖို့၊ ပြန်လည်အတည်ပြုကြဖို့ပြဌာန်းပါတယ်။ နေကာပြုပြီး၊ (ရွသ်သစာနာ) အခန်းအပ်ခြင်းမင်္ဂလာကို အချိန်အတန်ကြာမှာ ပြုလုပ်တတ်ကြပါတယ်။
" အိုင်ရှာသခင်မရဲ့ နေကာပြုရာမှာ သခင်မရဲ့အသက်ကို ၆၊ ၇ စသဖြင့်ဖော်ပြထားပါတယ်။
ဒီနေရာမှာ ဖော်ပြဖို့ထိုက်တန်တာက အိုင်ရှာသခင်မဟာ အစ်စလမ်ကို ပထမဆုံးအကြွင်းမဲ့လက်ခံခဲ့တဲ့ သာဝကကြီး၊ အစ်စလာမ်သာသနာတော်မှာ တမန်တော်မြတ် မုဟမ်မဒ်သခင်အား ပထမဆုံးဆက်ခံခွင့် ရတော်မူခဲ့သော အဂ်ဂမဟာသာဝကကြီး၊ ဟာဇရသ်အဘူဘကရ်သခင်၏ သမီးတော်ဖြစ်ပါတယ်။
အိုင်ရှာသခင်မဟာ ၆ နှစ်ကျော် ၇ နှစ်အရွယ်မှာ နေကာပြုခဲ့ကြောင်း ဖော်ပြထားကြပါတယ်။ Seraat Khulbiya နဲ့ IbneShan ကျမ်းများမှာလည်း (၇) နှစ်လို့ဖော်ပြထားပါတယ်။ ဒါကြောင့် အိုင်ရှာသခင်မဟာ အသက်(၇)နှစ်အရွယ်မှာနေကာပြုခဲ့တာကြောင့် သူမအမှန်တကယ် အိမ်ထောင်ကျတဲ့အရွယ်ကိုတွက်ဖို့မခက်တော့ပါ။ အိုင်ရှာသခင်မဟာ အစ်စလာမ့်ပြက်ခဒိန်အရ နဗူဝီ ခုနှစ်(၁၀)၊ ရှောင်ဝါလ်လမှာနေကာပြုခဲ့ကြောင်း သမိုင်းဆရာများက တညီတညွတ်တည်း မှတ်တမ်းတင်ကြပါတယ်။
ရဗီအွလ်အောင်ဝလ်လ၊ နဗူဝီ(၁၄) မှာ တမန်တော်မြတ်ကြီး မဒီနာသို့ပြောင်းရွှေ့တော်မူခဲ့ပါတယ်။ ဒါကြောင့် နေကာပြုစဉ်နဲ့ မဒီနာသို့ပြောင်းရွှေ့စဉ်ကြားကာလဟာ (၃)နှစ်နဲ့ လအနည်းငယ်စွန်းတာကြောင့် မဒီနာသို့ပြောင်းရွှေ့စဉ် အိုင်ရှာသခင်မဟာ အသက်(၁၀)နှစ်နဲ့ လအနည်းငယ်ဖြစ်ပါတယ်။
ဒါကြောင့် ပြောင်းရွှေ့ခြင်းပြုပြီးကာလနဲ့ အိုင်ရှာသခင်မအိမ်ထောင်ကျခြင်း(အခန်းအပ်ခြင်း)ကာလ ဘယ်လောက်ကြာသလဲဆိုတာ သုံးသပ်ရပါမယ်။ မဒီနာကိုပြောင်းရွှေ့ခဲ့တာက ရဗီအွလ်အောင်ဝလ်လ မှာဖြစ်ပါတယ်။ အိုင်ရှာသခင်မကို အခန်းအပ်ခြင်း(ရွသ်သစာနာ)ကို ဟစ်ဂျရီ ဒုတိယနှစ်၊ ရှောင်ဝလ်လမှာ ပြုလုပ်ခဲ့ပါတယ်။ ဒါကြောင့် ဟစ်ဂျရီပထမတစ်နှစ်နဲ့၊ ဒုတိယတစ်နှစ်က ရှောင်ဝါလ်လအထိ ပေါင်းလိုက်ရင် အိုင်ရှာသခင်မကို အခန်းအပ်စဉ်ကာလနဲ့၊ မဒီနာသို့ပြောင်းရွှေ့စဉ်ကာဟာ (၁၉)လကွာခဲ့ပါတယ်။ ဆိုလိုတာက (၁)နှစ်နဲ့ (၇)လ ကွာခဲ့ပါတယ်။ သို့ဖြစ်တာကြောင့် မက်ကာမှ ထွက်လာစဉ် သခင်မရဲ့အသက် (၁၀ )နဲ့ အခန်းအပ်စဉ်ကာလနဲ့ မဒီနာရောက်စဉ်
ကြားကာလများကိုပေါင်းလိုက်ရင် အိုင်ရှာသခင်မဟာ အခန်းအပ်စဉ်မှာ အသက်(၁၂)နှစ်ခန့်ရှိကြောင်းသိရပါတယ်။
အိုင်ရှာသခင်မဟာ မိမိရဲ့အသက်ကိုခန့်မှန်းပြောခဲ့သည်ဖြစ်စေ၊ မိမိမွေးနေ့ကနေတွက်ချက်ရင်ဖြစ်စေ ရလဒ်ကတော့ တစ်ခုတည်းထွက်လာပါတယ်။ ဒါက အိုင်ရှာသခင်မဟာ အသက်(၁၂)မှာ အိမ်ထောင်ကျခဲ့တယ်ဆိုတာပါ။ အိုင်ရှာသခင်မဟာ နေကာဖတ်စဉ်ကာလအသက်ကိုဖော်ပြခဲ့ရာမှာ လ အနည်းငယ်စွန်းထွက်နေတာကိုချန်ပြီး မိမိအသက်ကို(၆)နှစ်လို့ဖော်ပြခဲ့ဟန်တူပါတယ်။ သို့မဟုတ် နေကာပြုပြီးကာလများကို တွက်ရာမှာ စနစ်တကျမရှိခဲ့တာကြောင့် အကြမ်းဖျဉ်းဖြစ်ခဲ့ဟန်တူပါတယ်။ အဲဒိတုန်းက ဟစ်ဂျရီသက်ကရာဇ်ကိုတောင်စနစ်တကျပြဌာန်းခြင်းမရှိသေးတာကြောင့် ခုနှစ်တွက်ကြရာမှာ အစဉ်အလာမရှိသေးကြောင်းထင်ရှားပါတယ်။ တဖန် နေကာပြုစဉ်က နဗူဝီခုနှစ်ကိုဖော်ပြထားပြီး၊ အခန်းအပ်ချိန်မှာ ဟစ်ဂျရီ ခုနှစ်ဖြစ်နေတာကြောင့် တွက်ချက်ရာမှာ အခက်အခဲဖြစ်စေပါတယ်။
ဒါကြောင့် သခင်မအနေနဲ့ မှားယွင်းဖော်ပြခဲ့ဟန်တူပါတယ်လို့တင်ပြရခြင်းဖြစ်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် သခင်မဟာ အသက်(၉)နှစ်မှာ အိမ်ထောင်ကျခဲ့ပါတယ်လို့ ယိုးစွပ်ကြမယ်ဆိုရင်တော့ Medical Science အရ အရွယ်ရောက်ပြီးဖြစ်နိုင်ကြောင်း အထောက်အပံ့ရပါတယ်။ "ဘာသာရေးအကြောင်းပြောရင် ထောက်ပြပြောဆိုမှုတွေ ဖြစ်တတ်စမြဲပါ။ ဒါကြောင့် ကျနော့်ကို နားလည်ပေးကြလိမ့်မယ်လို့ထင်ပါတယ်။ ဘယ်သူမဆို မိမိယုံကြည်ရာကို စော်ကားခံရရင် တန်ပြန်ကြမှာပါပဲ။ ဒါကြောင့် ထိပ်ဆုံးမှာ ကျနော်ကိုးကားထားတဲ့ ပိဋကတော်ထဲက အကိုးအကားများကိုလည်း ကျနော်လေ့လာစူးစမ်းနိုင်ရန် အသေအချာရှင်းလင်းတင်ပြပေးပါ။
2009/10/5 gadone <tnttun@gmail.com>
Well said, Fine for me. So when he married the rest one he must be
over 50 years old and the girl must be much younger than him. It's
also fair as I understand the reasons for the other 11. Ok. I will
close my discussion.
Thanks, everybody. At least we got to know each other that the ones we
are dealing with are good.
--~--~---------~--~----~------------~-------~--~----~
You received this message because you are subscribed to the Google Groups "UCSY Alumni Group." group.
To post to this group, send email to ucsyalumni@googlegroups.com
To unsubscribe from this group, send email to ucsyalumni+unsubscribe@googlegroups.com
For more options, visit this group at http://groups.google.com/group/ucsyalumni?hl=my
-~----------~----~----~----~------~----~------~--~---
No comments:
Post a Comment