Thursday, November 26, 2009

Fwd: Animals story



Animals story

မနက်မိုးလင်းပြီဆို ခွေးသန်းရွှေသည် တအီအီနှင့် အစာတောင်းတော့သည်။ ဒီနေ့မနက်တော့ အိပ်ရာထနောက်ကျသည်။ နို့စို့ကလေးတွေနိုးလို့ တစာစာအော်ငိုသံကြားမှ နိုးလာတာဖြစ်သည်။ ကလေးငယ်က အနှီးတခြား ကလေးတခြားဖြစ်နေသည်။ အနှီးထဲတွင်လည်း ချီးတွေယိုထားသည်မှာ မနည်း။ ခွေးသန်းရွှေ အတွက်တော့ ပွဲတော်ကြီးဖြစ်သွားသည်။ ကလေးချီးဝါဝါတွေကို ပြောင်အောင်လျှက်သည်နှင့် အားမရ အနှီးကို ကိုက်ချီ ပြေးမည်လုပ်နေသေးသည်။ နှာတံကို ငရုတ်ကျည်ပွေ့နှင့် လှမ်းပစ်လိုက်တော့မှ ကိန်ကိန် ၂၀၁၀ ခါမည်၍ အိမ်ပေါ်မှ ပြေးဆင်းသွားသည်။ ခွေးသူခိုးသန်းရွှေ သန့်ရှင်းရေးလုပ်မပေးရသေးသမျှ အိမ်ထဲပေးဝင်ခံလို့ မဖြစ် ချီးစားသောခွေးလောက် ရွံစရာကောင်းတာ ဘာမှမရှိပြီ။
ခွေးမကြိုင်ကြိုင်ကတော့ မီးဖိုနားက ဂုန်နီအိတ်ပေါ်မှာ လှဲပြီးဝဲနာများကို ကုတ်လိုက်ရှာနဲ့ယက်လိုက်လုပ်နေသည်။ လာစမ်းပါဦးဟ သောက်ကလေးတွေကို ခေါ်ကြဦးလေ ဟိုခွေးဝဲစားမ ကြိုင်ကြိုင်ဆီက ခွေးသန်းနဲ့ ဝဲတွေကူးကုန်ဦးမယ် နင့်အမေကလွားတယ်မှ။ တောက် ဒီခွေးဝဲစားမကလဲ ရှုပ်လိုက်တာ။ မီးဖိုချောင်မှ ထင်းချောင်းဆွဲပြီး ဝဲကနဲ ဆော်ထည့်လိုက်သည်။ တအိုင်အိုင် အော်သံပေး၍ မီးဖိုချောင်မှ ဆင်းသွားကြ၏ ခွေးပေါက်မ ခင်ပြုံးရွှေ၊ ကြည်မာရွှေ၊ သစ်သစ်ရွှေ၊ ဒေဝါရွှေနှင့် သန္တာရွှေ တို့ပါ တအိုင်အိုင် မည်သံကြွေး၍ ခွေးဝဲစားမ ကြိုင်ကြိုင်နောက် တကောက်ကောက်ပါအောင် လိုက်သွားကြသည်။ ခွေးမပေါက်စ ၅ ကောင်လဲ သူ့အမေခွေးဝဲစားမကြီးနှင့် အတူနေသည်မှာကြာ၍ ဝဲခြောက်များစွဲစပြုနေလေပြီ။ ဒီသောက်သုံးမကျသော ခွေးအုပ်သည် အိမ်ကို ဘာမှ ကောင်းကျိုးမပေးတာ တော်တော်ကြာပြီဖြစ်သည်။ နေ့ခင်းဆို ကလေးတကာယိုသမျှ ချီးစား၍ ညဆို ဆူညံ နန့်ကြသော ခွေးသူခိုးမျိုးဖြစ်သည်မှာ တော်တော်စိတ်ပျက်ဖို့ကောင်းလှသည်။ သူတို့ရှိနေ၍ သူခိုးပြေးဖို့ မဆိုထားနှင့် ဘိန်းစားတရုပ် ထမိန်ဝင်ရုပ်တုန်းကပင် တက်နင်းခံရပြီး သေမလိုဖြစ်၍ ဟိုချီးစားခွေး သန်းရွှေကို ကျပ်စည်းပေးခဲ့ရသေးသည်။ အိမ့်ရှင်မနှင့် တိုင်ပင်၍ ဒီခွေးမျိုးတစုကို တရုတ်သင်္ချိုင်းတွင် ပစ်ရန်လုပ်မှ တော်ကာကျတော့မည်။ ခွေးသန်းရွှေ၏ ခွေးသားပေါက် ၃ ကောင်ဆို တရုပ်သင်္ချိုင်းတွင် တရုပ်ယိုသောချီးစားပြီး အိမ်တောင်မကပ်တော့ပေ။ မျက်နှာတောင် မသစ်ရသေး ဒီခွေးတအုပ်နှင့် ငါကိုင်တုပ်လိုက်ရသည်မှာ ကုသိုလ်တော်တော်ရသွားသည်။ တကယ့်ကို အိမ်နာသော ခွေးမျိုးစုတ်ဖြစ်သည်။ ကြည့်ကြည့် သောက်ခွေးမလေးတွေ မြင်းထီးရွှေမန်း၏ ချီးကို မျှော်နေကြပြန်ပြီ။ လူချီးမရတော့ မြင်းဟိုဟာ မျှော်ဆိုတဲ့ ခွေးမျိုးတွေ။ မြင်းထီးရွှေမန်းသည်လည်း မြင်းသာ ခေါ်ရသည် လမ်းတောင်ကောင်းကောင်း မရှောက်နိုင်တော့ပေ။ လှည်းလဲဆွဲမရ မြင်းရှင်ကလဲ မကျွေးနိုင်၍ သောင်တင်နေသော မြင်းနာအိုသာဖြစ်ပေသည်။ ဖိုးလပြည့် ဆိုသော အမွှေးကွက်ကြားနှင့် ဝဲစားကြောင်တကောင်ရှိသေးသည်။ အိမ်ရှေ့ထွက်ပြီး ကွမ်းတောင်ကိုင်များကို မျှော်မျှော်နေတတ်သည့် ကြောင်သူခိုးဖြစ်သည်။ ကြောင်ထီးကလေးမို့ ကြောင်မမျှော်မလားမှတ်ပါတယ် ကြောင်ထီးတွေ့နဲ့ပဲ နသားပါယားလုပ်နေတာ တွေ့ပြီးကတည်းက ဝဲစားအခြောက်ကြောင် ဖြစ်နေမှန်းသိရသည်။ လမ်းမက ကလေးတွေတောင် သိလို့ အေအိုင်ဒီအက်စ်ကြောင် ဟု စကြ၍ မုန့်ကြွေးပြီး နုတ်ပိတ်လိုက်ရသေးသည်။ ဒီတိရိစ္ဆာန်တအုပ်နှင့် အိမ်လည်း ကျက်သရေယုတ်လှပြီ။ အချိန်တန် စားစရာစား၍ ခွေးမှိန်း၊ ကြောင်မှိန်း မှိန်းကာ ကြွက်ခုပ်၊ အိမ်စောင့်ဖို့ ဝေးစွ အိမ်ရှင်ကို ပြန်မကိုက်ရအောင်ပင် မနည်းဟန့်နေရသည်။ ကိုအေး မျက်နှာသစ်စရာ ရှိ သစ်တော့၊ အရက်နာကျပြီး ဇိမ်ယူမနေနဲ့ ဟောဟိုက တော့ ဝမ်းမနာ တိရိစ္ဆာန်တအုပ်လည်း ချီးတောမှာ ပစ်ချေတော်။ ကျုပ်ကလေးတွေ ငိုလှပြီ။ ဘုန်းကြီးဆွမ်းလည်း ကောင်းကောင်းမလောင်းရ ဟိုတလောက ရွာဖုန်းကြီးကျောင်းသား ဘုန်းလတ်ကိုတောင် လိုက်ဆွဲနေလို့ ဆွမ်းချိုင့်တောင် မပို့လိုက်ရဘူးတော့။ အိမ်ရှင်မ၏ အော်ငေါက်သံကြားမှ အသိပြန်ဝင်လာသည်။ လုပ်စရာတွေရှိသေးသည်။ ဒီတိရိစ္ဆာန်မျိုး တအုပ်တော့ ဒီနေ့တော့ ပြုတ်တော့မည်ထင်သည်။





No comments:

Post a Comment