လုပ်နည်းကတော့မခက်ပါဘူး .....အရင်ဦးဆုံး သူငယ်ချင်းတို့ Gmail အကောင့်ကို signin ဝင်လိုက်ပါ ပီးရင် မေးလ်ရဲ့ ညာဘက်အခြမ်းမှာအပေါ်ထောင့်လေးမှာရှိတဲ့ setting ထဲကိုသွားလိုက်ပါ ကျွန်တော် အောက်က ပုံ(၁-၁) နဲ့ပြထားပေးပါတယ် ကြည့်လိုက်ပါခင်ဗျား....။
ပုံ(၁-၁)
ံပုံ(၁-၁) မှာပြထားသလို့ setting ကိုဝင်လိုက်ရင် စာမျက်နှာတစ်ခုထပ်ပေါ်မှာ ဖြစ်ပါတယ် ...သူငယ်ချင်းတို့ပိုရှင်းအောင် ပုံနဲ့တစ်ခါတည်းတွဲပီး ပြထားပေးပါတယ် အောက်မှာဆက်ကြည့်လိုက်ပါ
အဲ့ပေါ်လာတဲ့ စာမျက်နှာပေါ်က ကျွန်တော် အနီးနဲ့ဝိုင်းပြထားတဲ့ labs ထဲကို ထပ်ဝင်လိုက်ပါ အဲ့လိုနှိပ်လိုက်ရင် labs တွေအများကြီးကိုတွေ့ရမှာဖြစ်ပါတယ် အဲ့ labsအများကြီးထဲက inserting image ဆိုတဲ့ labs ကိုရှာပီး enable ကိုကလစ်ပေးပီး အောက်ဆုံးက save changes ဆိုတာလေးကို ကလစ်နှိပ်လိုက်ပါ ဒါဆို view ကျယ်ကျယ်နဲ့စာပို့လို့ရပါပီး .... ပုံလေးကိုကြည့်ပါခင်ဗျား မရှင်းမှာဆိုးလို့ ကျွန်တော်ပုံနဲ့ ထပ်ပြပေးလိုက်ပါတယ်...
ဒါဆို labs နဲ့လုပ်တဲ့နည်းလေးပေးသွားပါပီး ပုံကိုဘယ်လိုပို့ရမလဲဆိုတာထပ်ပြောပြပါ့မယ်ခင်ဗျား....။
ကဲဘယ်လိုပို့ရမလဲဆိုတာကိုအောက်မှာဆက်ကြည့်ပါခင်ဗျား .... သူငယ်ချင်းတို့ အရင်ပို့နေကျအတိုင်း compose mail ထဲကိုဝင်လိုက်ပါ အဲ့ထဲက အရင်ကသူငယ်ချင်းတို့ပို့နေကျ အတိုင်း« Plain Text တစ်ခုထပ်ပိုလာတာကိုတွေ့ရမှာဖြစ်ပါတယ် အောက်ကပုံလေးကိုကြည့်လိုက်ပါ ..
သူငယ်ချင်းတို့ ကျွန်တော်ပြပေးလိုက်တဲ့အနည်းအတိုင်းစမ်းကြည့်လိုက်ကြပေါ့ဗျား ဒါဆို ကော်မကောင်းပဲ ဓါတ်ပုံ ပို့ရ တဲ့အန္တာရာယ်ကနေ ကင်းသွားပီးပေါ့ဗျား ...
ဇွဲကပင်မြေဆိုဒ်လေး မှကိုခန့်ချောလေးရေးသားထားတဲ့ပို့လေးပါ ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ် ...။
No comments:
Post a Comment