Tuesday, June 21, 2011

Fwd : ကိုယ်တိုင်ထနိုင်အောင် ကြိုးစားကြမယ်

သူငယ်ချင်းတို့ရေ....... ကျနော်ကတော့ သာသနာ့ဘောင်ကို  ၀င်တော့မယ်သိလား.....ဟိဟိ

               လူ့ဘ၀မှာ ဆင်ခြင်စရာလေးတစ်ခုကို ဒီနေ့ပြောချင်ပါသေးတယ်ဗျာ၊ ကျနော်တို့တွေရဲ့ စိတ်ထဲမှာ ၀မ်းသာမှု၊ ၀မ်းနည်းမှုတွေ နေ့တိုင်းလိုလို ကြုံတွေ့နေရတယ်နော်၊ တစ်ချို့ကလည်း အားငယ်စိတ်လေးတွေပိုနေတတ်တြတယ်၊ တစ်ချို့ကျတော့ လောဘစိတ်တွေ များနေတတ်ကြတယ်လေ၊ အဲ့ဒီစိတ်တွေကြောင့်ပဲ ဒီလိုလေးတွေ ကြုံတွေ့နေရတာဖြစ်တယ်လို့ ကျနော်ပြောရင် သူငယ်ချင်းတို့တွေ ငြင်းနိုင်ကြမယ်မထင်ပါဘူးနော်၊ ဒါပေမယ့် ကျနော်သိထားတဲ့ ဆင်ခြင်စရာလေးတစ်ခုကို ပြောလိုက်ရင်တော့ ကျနော့သူငယ်ချင်းတွေ တစ်ခုခုတော့ ရသွားကြမယ်ထင်ပါတယ်ဗျာ၊ ကျနော်ပြောချင်တာက ဒီလိုပါ......

                တစ်ခါတုန်းက ဓမ္မကထိက ဘွဲ့ကိုရထားတဲ့ တရားဟောဆရာတစ်ဦးဟာ အကျဉ်းထောင်တစ်ခုမှာ တရားပွဲတစ်ခု ဟောကြားဖို့ စီစဉ်တယ် အကျဉ်းထောင်က အကျဉ်းသားတွေကို တရားဟောဖို့ အဲ့ဒီအကျဉ်းထောင်ကို သွားပြီး တရားဟော စင်မြင့်ပေါ်ကိုအတက်မှာ လှေကားထစ်နဲ့ခလုပ်တိုက်ပြီး မှောက်လျက်လဲကျသွားတယ်လေ၊ အဲ့ဒီတော့ တရားနာဖို့စောင့်နေတဲ့ ပရိတ်သတ်ကလည်း ထောင်သားတွေဆိုတော့ ဆင်ခြင်မှုကနဲတယ် အားလုံးလိုလို ၀ိုင်းရယ်ကြတာပေါ့၊တစ်ချို့ကလည်း တရားဟောဆရာကို သနားကြတယ်လေ၊ ဒါပေမယ့် တရားဟောဆရာက ချက်ချင်းပဲ ဟန်မပျက် ပြန်ထပြီးတော့ စကားတစ်ခွန်းပြောလိုက်ပါတယ် "အေး.... လူတစ်ယောက်ဟာ မှောက်လျက်လဲကျသွားပေမယ့် ပြန်ထရင်ရတယ်ဆိုတာကို ပြောချင်လို့ ဒီလိုတမင်လုပ်ပြလိုက်တာပဲ" တဲ့လေ။ အဲ့ဒီတော့ ထောင်သားတွေ  တွေးစရာတစ်ခုရသွားပြီး ငြိမ်သွားတာပေါဗျာ၊

               အဲ့ဒီမှာ ကျနော်ရလိုက်တဲ့ အသိလေးကတော့ တရားဟောဆရာပြောသလိုပါပဲ လူတစ်ယောက်ဟာ မတော်တဆ လဲကျခဲ့ရင် ကိုယ့်ဘာသာပြန်ထနိုင်အောင် ကြိုးစားရမယ်၊ ဘာလို့လဲဆိုတော့... သူ့ကိုယ်စား ဘယ်သူမှဝင်နာပေးလို့ မရဘူးလေ၊ လဲကျလို့ ထိခိုက်နာကျင်သွားရင်လည်း သူများတွေ ကြားအောင် မညည်းတွားသင့်ဘူးလေ၊ သူများတွေ ဟားစရာဖြစ်တတ်သလို သူများတွေက သနားစရာလည်းဖြစ်တတ်တယ်၊ သူများတွေ ဟားရင်လည်းမကောင်းသလို သနားရင်လည်း မကောင်းပါဘူးနော်၊ ဒါကြောင့် ကျနော်တို့တွေဟာ သူများထူမှ ထနိုင်တဲ့ဘ၀မျိုး မဟုတ်ပဲ ကိုယ့်အား ကိုယ့်မာန်နဲ့ ရုန်းထနိုင်တဲ့ သတ္တိတွေ မွေးကြရမယ် မဟုတ်ပါလားဗျာ၊

ကျနော့သူငယ်ချင်းတွေ ပိုပြီးမြင်သာအောင် ကဗျာဆရာကြီး ထီလာစစ်သူ ရေးစပ်ထားတဲ့ လုလင်ငယ်သွေး သီချင်းလေးကို လမ်းညွှန်လိုက်ချင်ပါတယ်ဗျာ။........ မည်.... သူ မဆို ကူညီသည်ဖြစ်စေ၊ မည်.... သူ မဆို မကူညီသည်ဖြစ်စေ၊ ကိုယ်ထူ......ကိုယ်ထ ကိုယ်ဘ၀ အခြေအနေ ကိုယ့်အား ကိုယ်ကိုးမှ ကိုယ်သာ.... သခင်.. ဖြစ်မလေ ဆိုတာပါပဲဗျာ။

No comments:

Post a Comment