Saturday, March 7, 2009

Fwd: Stopped By A Brick




အသက်ကငယ်ငယ်နဲ့ စီးပွားရှာကောင်းတဲ့ မောင်ဇော်တစ်ယောက် ညပိုင်းတွေ
အားပြီဆိုရင် ရန်ကုန်မြို့ရဲ့ လမ်းမတွေပေါ် စိတ်ပြေလက်ပျောက်
အလည်ထွက်တတ်တယ်။ သူဝယ်ထားတဲ့ အသစ်စက်စက် ကားနဲ့ ရန်ကုန်လမ်းတွေပေါ်
အတင်းကို ဒရဇက် မောင်းလေ့ရှိတယ်။ ဝယ်ထားတာ နှစ်လပဲ ရှိသေးတော့
ထုံးစံအတိုင်း တသသပေါ့။ တစ်နေရာအရောက် လမ်းဘေးမှာ ကစားနေကြတဲ့
ကလေးတွေအပေါ် အာရုံအပြည့် ရောက်နေတဲ့အချိန် ရုတ်တရက် မျက်စိထဲမှာ
အရိပ်တစ်ခု ဖြတ်သွားတာ မြင်လိုက်လို့ ကားကို အရှိန်လျှော့ပစ်လိုက်တယ်။
သူ့ကားကို ဖြည်းဖြည်းလေး သတိနဲ့ မောင်းနေတယ်။ ဒါပေမယ့် ကလေးရဲ့ အရိပ်အခြေ
မတွေ့ဘူး။ အဲဒီအခိုက်အတန့်မှာပဲ အုတ်နီခဲတစ်ခဲ ပျံကျလာတယ်။
ဒုန်းးးးးးးးးးး

ဘရိတ်ကို အတင်း ဖမ်းအုပ်ပစ်လိုက်တယ်။ ထိသွားတာက သူ့ကားရဲ့ ညာဘက် တံခါး။
ကားကို နောက်ပြန်မောင်းပြီး ခုန အုတ်ခဲ မှန်တဲ့ နေရာကို
ဆုတ်သွားလိုက်တယ်။ မောင်ဇော် ကားထဲကနေ ခုန်ထွက်ပြီး အုတ်နီခဲနဲ့ ထုတဲ့
ကောင်လေးရဲ့ ပုခုံးကို ကျစ်ကျစ်ပါအောင် ဆုတ်ပြီး ပလောင်းဖောင်းဘက်ကို
တွန်းပစ်လိုက်တယ်။ သူ တအား ဒေါသထွက်နေလေတော့ ကောင်လေးကို အော်ဟစ်ပြီး
မင်း ဒါ ဘာလုပ်တာလဲ။ မင်း ဘယ်သူလဲ။ မင်း ဘာတွေ လုပ်နေတယ် ဆိုတာကော
မင်းကိုမင်း သိရဲ့လား။ ငါ့ကားအသစ်ကွ။ မင်းပစ်လိုက်တဲ့ ခဲလုံးတစ်လုံးက
လျှော်ကြေး ဘယ်လောက်ကြီးကြီးမားမား ဖြစ်သွားနိုင်တယ် ဆိုတာကော မင်း
စဉ်းစားမိရဲ့လား။ နေစမ်းပါဦး။ မင်းက ငါ့ကို ဘာလို့ ခဲနဲ့ ထုတာလဲ။
ပြောစမ်း။

က က ..... ကန်တော့ပါတယ်ခင်ဗျာ။ ကျနော် တောင်းပန်ပါတယ်။ ရှိကြီး
ခိုးပါတယ်ဗျာ။ ကျနော် တခြား ဘာလုပ်ရမလဲ စဉ်းစားလို့ မထွက်လို့ပါ။
လို့ လက်အုပ်ချီပြီး တောင်းပန်ရှာတယ်။
ကျနော် ဒီလို အုတ်ခဲနဲ့မှ မပစ်ရင် ဘယ်လိုလူမှ ရပ်မှာ မဟုတ်ဘူးလေ။

မျက်ရည်တွေ ချင်းချင်းစီးပြီး မျက်နှာပြင်တစ်ခုလုံး စိုရွှဲနေတဲ့
ကောင်လေးက လမ်းဘေးမှာ ရပ်ထားတဲ့ ကားတစ်စီးနားကို လက်ညိုးထိုးပြနေတယ်။
အဲဒါ ကျနော့် အကိုပါ ဦးဦး။ သူ ပလပ်ဖောင်းပေါ်ကနေ လှိမ့်ကျပြီး
Wheelchair လည်း လဲသွားတယ်။ ကျနော် သူ့ကို မထူနိုင်ဘူးခင်ဗျ။
ကျေးဇူးပြုပြီး အကို့ကို ထူပေးလို့ ရမလား။ သူ ခိုက်မိသွားတယ်။ သူ့ကိုယ်က
တအားလေးတော့ ကျနော် မနိုင်ဘူး ဖြစ်နေတယ်။

စကားလုံးတွေရဲ့ အဆုံးမှာ မောင်ဇော် ဆွံ့အသွားတယ်။ ဂလု၊ ဂလုနဲ့
တံတွေးတွေကိုသာ မျိုချပြီး ဘာပြောလို ပြောရမှန်း မသိ ဖြစ်နေတယ်။
စိတ်တိုမိတဲ့ ကိုယ့်ကိုယ်ကိုပဲ ခေါင်းကို ကားနဲ့ ပြေးဆောင့်ရတော့
မလိုလို။

လမ်းမပေါ် လဲနေတဲ့ ကောင်လေးကို ထူပြီး Wheelchair ပေါ် တင်ပေးလိုက်တယ်။
သူ့ရဲ့ လက်ကိုင်ပုဝါကို ထုတ်ပြီး ပွန်းပဲ့သွားတဲ့ ဒူးက ဒဏ်ရာတွေကို
သုပ်သက် ရှင်းလင်းပေးပြီး စိတ်ချရတဲ့ အနေအထားထိ ဖြစ်အောင် စစ်ဆေးပေးတယ်။
နောက်တော့ Wheelchair ကို သူကိုယ်တိုင် တွန်းပေးပြီး အိမ်တိုင်ရာရောက်
ပို့ပေးလိုက်တယ်။ သူ့ရဲ့ ကားဆီကို ပြန်လျှောက်လာရတာလည်း အတော်လေး
ဝေးလံတဲ့ ခရီးပါပဲ။ ခပ်ဖြည်းဖြည်းနဲ့ အေးဆေးပေါ့။ အတွေးတွေနဲ့ အပြန်လမ်းက
အေးခဲနေတယ်။

မောင်ဇော် သူ့ကားရဲ့ ဘေးတံခါးကို ဘယ်တော့မှ ပြန်မပြင်တော့ဘူး။
ပိန့်ရာအတိုင်း ထားထားတော့တယ်။ သူ့ကိုယ်သူ သတိပေးချင်လို့တဲ့။
ကိုယ့်ရဲ့ အလေးထားမှုကို ရဖို့အတွက် တခြားလူတစ်ယောက်က အုတ်နီခဲနဲ့
ပစ်ရလောက်အောင် ဘဝကို ခပ်သွက်သွက် မဖြတ်သန်းမိစေဖို့ပါ။

အင်မတန်ကောင်းတဲ့ အတွေးလေးတစ်ခုပါနော်။

ဘဝရဲ့ အချိန်တိုင်းမှာ ရုပ်ဝတ္ထု ပစ္စည်းတွေအပေါ် ကျနော်တို့ အာရုံ တအား
စိုက်နေကြတယ်။ ကျနော်တို့တွေ ကိုယ့်ကိုယ်ကို (သို့) ကိုယ့်ရဲ့
လုပ်ငန်းဆောင်တာတွေကိုပဲ ဗဟိုပြု အလေးထားပြီး ပတ်ဝန်းကျင်မှာ ရှိနေတဲ့သူ၊
အကူအညီ လိုအပ်နေတဲ့သူတွေကို ဂရုစိုက်ဖို့ မေ့လျော့နေကြတယ်။

အပြည့်အဝ နားမလည်တဲ့ အခြေအနေ၊ ဒါမှမဟုတ် တခြားသူရဲ့ အခြေအနေကို
နားလည်ဖို့ အပြည့်အဝ အချိန်မပေးနိုင်တဲ့ အချိန်တွေမှာ စိတ်ပျက်ဖွယ်ရာ၊
ဝမ်းနည်းဖွယ် အမူအရာတွေ၊ လုပ်ဆောင်ချက်တွေနဲ့ ကျနော်တို့
တုံပြန်လိုက်မိတယ်။ ဒါမှမဟုတ် သူတို့ ဘာကြောင့် ဒီလို လုပ်တာပါ ဆိုတဲ့
အကြောင်းပြချက်တွေ ဖော်ထုတ်ဖို့ပဲ အချိန်တွေ ဖြုန်းပစ်လိုက်ကြတယ်။

ဘဝမှာ သင့်ကို အုတ်နီခဲ မမှန်စေနဲ့နော်။ ကိုယ့်ပတ်ဝန်းကျင်က လူတွေအတွက် သတိရှိပါစေ။


Translated from "Stopped By A Brick - Unknown Author"

About ten years ago, a young and very successful executive named Josh
was traveling down a Chicago neighborhood street. He was going a bit
too fast in his sleek, black, 12-cylinder Jaguar XKE, which was only
two months old. He was watching for kids darting out from between
parked cars and slowed down when he thought he saw something. As his
car passed, no child darted out, but a brick sailed out and -- WHUMP!
-- it smashed into the Jag's shiny black side door! SCREECH...!!!!
Brakes slammed! Gears ground into reverse, and tires madly spun the
Jaguar back to the spot from where the brick had been thrown.

Josh jumped out of the car, grabbed the kid and pushed him up against
a parked car. He shouted at the kid, "What was that all about and who
are you? Just what the heck are you doing?!" Building up a head of
steam, he went on. "That's my new Jag, that brick you threw is gonna
cost you a lot of money. Why did you throw it?"

"Please, mister, please...I'm sorry! I didn't know what else to do!"
pleaded the youngster. "I threw the brick because no one else would
stop!"

Tears were dripping down the boy's chin as he pointed around the
parked car. "It's my brother, Mister," he said. "He rolled off the
curb and fell out of his wheelchair and I can't lift him up." Sobbing,
the boy asked the executive, "Would you please help me get him back
into his wheelchair? He's hurt and he's too heavy for me."

Moved beyond words, the young executive tried desperately to swallow
the rapidly swelling lump in his throat.

Straining, he lifted the young man back into the wheelchair and took
out his handkerchief and wiped the scrapes and cuts, checking to see
that everything was going to be OK. He then watched the younger
brother push him down the sidewalk toward their home. It was a long
walk back to the sleek, black, shining, 12-cylinder Jaguar XKE - a
long and slow walk.

Josh never did fix the side door of his Jaguar. He kept the dent to
remind him not to go through life so fast that someone has to throw a
brick at him to get his attention.

---- What a great story!

At times in our lives, we tend to become so wrapped up in other
things. We become focused on ourselves or our job we do not realize
there are others around us that need our help.

We can react in a negative way to a situation without fully realizing
or taking the time to look at the other persons situation. Or to take
the time to find out the reason the other person has taken the action
that they did.

Don't let the bricks in life hit you,
be sensitive to those around you.
Catherine Pulsifer

Unrated


No comments:

Post a Comment