Sunday, March 29, 2009

[UCSY] Fwd: မြန်မာပြည်ရဲ့ အလှကို မြန်မာပြည်က မောင်နှမတွေ ညီညီညာညာ မဲပေးလိုက်ကြစို့ ....



---------- Forwarded message ----------
From: May Oo Khaing <m.o.khaing@gmail.com>
Date: 2009/3/26
Subject: Fwd: မြန်မာပြည်ရဲ့ အလှကို မြန်မာပြည်က မောင်နှမတွေ ညီညီညာညာ မဲပေးလိုက်ကြစို့ ....
To:




Subject: မြန်မာပြည်ရဲ့ အလှကို မြန်မာပြည်က မောင်နှမတွေ ညီညီညာညာ မဲပေးလိုက်ကြစို့ ....


ကျွန်တော်တို့ ရဲ့ စိမ်းလန်းလှပတဲ့ မြန်မာပြည်ကြီးမှာ ကမ္ဘာနဲ့ ချီပြီး ရင်ဘောင်တန်းနိုင်တဲ့ စိတ်ဝင်စားစရာကောင်းတဲ့ လှပတဲ့ အဖိုးထိုက် တန်တဲ့ ယဉ်ကျေးမှု ရှေးဟောင်းအမွေအနှစ်တွေ ၊ သဘာဝ အရင်းအမြစ် တွေ စုံလင်စွာ ရှိပါတယ် ။ ၂၁ ရာစု မှာနည်းပညာ နဲ့  မီဒီယာ ထိုးဖောက်မှု အားနည်းတဲ့ အတွက် ရွှေ မြန်မာပြည်ကြီး ရဲ့ စိတ်ဝင်စား လှပတဲ့ ရှေးဟောင်းအမွေ အနှစ်တွေ သဘာဝဆန်းပြား မှု တွေကေ၀၀ါး တိမ်မြုပ်နေ ခဲ့ပါတယ် ။

မြန်မာပြည်မှာ အနော်ရထာမင်းတရားကြီး ရဲ့ ပုဂံ ရှေးဟောင့်း မြို့ တော် ရှိတယ် ။ ဘုရားရှင်ရဲ့ ဆံတော်ကိန်းဝပ်တဲ့ ရွှေသားအတိပြီးတဲ့ ရွှေတိဂုံစေတီတော်ရှိတယ်။ အင်တာနက်မှာ ကမ္ဘာအရပ်ရပ် က သန်းချီ တဲ့ လူတွေ မဲပေးတဲ့ စနစ် ကို့  New 7 Wonders အဖွဲ့  ကကြီးမှူး ကျင်းပတဲ့ ကမ္ဘာ့ အံ့ဖွယ် ခုနှစ်သွယ် ရွေးချယ် တာရှိပါတယ် ။ ၂၀၀၇ ဂျူလိုင် လ တုန်းက ရွေးချယ်တဲ့ ပွဲမှာ ပုဂံ နဲ့ ရွှေတိဂုံစေတီတော်က ကမ္ဘာ့ အံ့ဖွယ် ရသွယ် ထဲမှာ ပါသင့် ပေမဲ့  electronic vote လုပ်တဲ့ အရေအတွက် နည်းပါးတဲ့ အတွက် မပါခဲ့ရပါဘူး ။မြန်မာပြည်က ရော ကမ္ဘာအရပ်ရပ်က မျိုးချစ်မြန်မာ များရဲ့  electronic vote လုပ်တာနည်းပါး ခဲ့လို့ လဲ ပါပါမယ် ။

ဒီနှစ် ၂၀၀၉ မှာတော့ မြန်မာပြည်က မြိတ်ကျွန်းစု ဟာ ရှားပါးတဲ့ ရေသတ္တ၀ါမျိုးစိတ်တွေ နဲ့ ရှေးဟောင်းသဘာဝ အကျဆုံး ကျွန်းစု အနေနဲ့ ကမ္ဘာက ဆန္ဒမဲပေးထားတာ New 7 Wonders ရဲ့ ကျွန်းများ ဆန်ကာတင်မှာအဆင့် ၂၈ နေရာကို လတ်တလော ရရှိထားပါတယ် ။ ဒီတစ်ခါတော့ မြန်မာပြည်မှ ညီအစ်ကိုမောင်နှမများရော ကမ္ဘာအရပ်ရပ် မှ မြန်မာ ညီအစ်ကိုမောင်နှမများရော စုစုစည်းစည်း နဲ့  New 7 Wonders မှာ မြန်မာပြည်က မြိတ်ကျွန်းစု ( Mergui Archipelago (Myanmar) ) ကို ကမ္ဘာ့ အံ့ဖွယ်ထဲ မှာပါဝင်ပါကြောင်းကို လှပမှု အပြည့်အ၀ ရှိကြောင်းကို စုစုစည်းစည်းထောက်ခံ ကြရအောင်ပါ ။
New 7 Wonders အဖွဲ့ ကြီးအကြောင်းကိုလေ့လာလိုသူများအနေနဲ့ ဒီမှာ လေ့လာနိုင်ပြီး မြန်မာတို့ ရဲ့ မြိတ်ကျွန်းစု လှပကြောင်းရှေးဟောင်းသဘာဝ ကျွန်းဖြစ်ကြောင်းကို ထောက်ခံမဲပေးရင်တော့ ဒီမှာ ပေးနိုင်ပါတယ် ။ အီးမေး ၁ခု ကို မဲ ၁ ခုပေးလို ရ ပါတယ် ။

ဒီအကြောင်းအရာလေးကို Google က တောင်ကြီးမိသားစု group မှာ အစဖော်တိုက်တွန်းပေးတဲ့ကိုရဲခေါင် (စီလီကွန်လွင်ပြင်) ကတော့ ရှိသမျှ တခြား အီးမေးတွေ နဲ့ ရော မြန်မာပြည်က အင်တာနက် မသုံးဖြစ်နိုင် မသုံးဖြစ်အားသေးတဲ့ ညီအစ်ကိုမောင်နှမ များအနေနဲ့ ပါ မဲပေးဘို့  တိုက်တွန်းထားပါတယ်။ညီအစ်ကိုမောင်နှမများအနေ နဲ့ု လည်း ရင်းနှီး ချစ်ခင် စည်းလုံးညီညွတ်စွာ မြန်မာ ပြည်က အဖိုးတန် သဘာဝ မြိတ် ကျွန်းစုလေး ကို ရတနာ တစ်ပါး အဖြစ် သဘောတူ ထောက်ခံနိုင်ဘို့ ကမ္ဘာ အလယ် မှာမြန်မာ့ ဂုဏ်တင့် စေဘို့  electronic vote ပြုလုပ်ပေးပါလို့  ထပ်မံ တိုက်တွန်းလိုက်ပါတယ် ။ http://www.new7wonders.com/nature/en/vote_on_nominees/
--
one kind word can warm three winter months

 
ကမ္ဘာရဲ့ အလယ် မြန်မာတို့ ရဲ့ ဂုဏ်ယူဖွယ်




 

 

 



--
Yamin Nwe


--
May Oo Khaing


--~--~---------~--~----~------------~-------~--~----~
You received this message because you are subscribed to the Google Groups "UCSY Alumni Group." group.
To post to this group, send email to ucsyalumni@googlegroups.com
To unsubscribe from this group, send email to ucsyalumni+unsubscribe@googlegroups.com
For more options, visit this group at http://groups.google.com/group/ucsyalumni?hl=my
-~----------~----~----~----~------~----~------~--~---

No comments:

Post a Comment