Monday, May 18, 2009

Fwd: Donation



---------- Forwarded message ----------
From: khaing zar <khaingzm@gmail.com>
Date: 2009/5/19
Subject: Donation
To: * <wynnms@gmail.com>, "lailaiwin2009@gmail.com" <lailaiwin2009@gmail.com>, Tin Zar Paing <tinzarpaing@gmail.com>, Mya Yee Nyo <myayeenyo@gmail.com>, Lei Nandar Myint <leinandar@gmail.com>, Thurein <kohein.ko@gmail.com>, aung nyi latt <aungnyi@gmail.com>, htikhalain <htikhalain@gmail.com>, Ma Myat Suu <myatsuu1125@gmail.com>, ei ei thu <eieithu.mdy@gmail.com>, Mon Ye Thant <mythant@gmail.com>, "Aung Kyaw Linn(ucsy)" <mr.aungkyawlinn@gmail.com>, "EiKay(ucsy)" <eikaykhinethan@gmail.com>, "(゜-゜) Thwe Mi Mi Ko ┌|∵|┘" <tmmk83@gmail.com>, Hnin Htet Aung <hninhtetaung@gmail.com>, naynweoo1983@gmail.com, ko acmon <aungchanmon@gmail.com>, naychilinnyaung <naychilinnyaung@gmail.com>, lynnsandar@gmail.com, Ma nilar myint <miemiebo@gmail.com>, Hnin Nu Aye <hninhnin84@gmail.com>, khinephyuphyuthan <khinephyuphyuthan@gmail.com>


Hi All,

   I'd like to share with you the below donation scheme (which I have read from one of my contact List's Facebook page) to poor students in our country, Burma. I am now trying to get a contact with that ko Aung Naing Soe. If I got some details, will update you all again. (or if you have more information , pls share with me too.).

      If you boring to go through with the whole article, pls follow the highlighted lines.

Cheers,
Khaing Zar

=======================================================================
ဖတ်မိတဲ့သူတွေ စေတနာပေါက် လှူဒါန်းချင်ပါက ကုသိုလ်အသင်း၏ အသေးစိတ်ကို Ko Aung Naing Soe ( AungNS@gmail.com) ထံဆက်သွယ်မေးမြန်းနိုင်ပါတယ်။

သူငယ်ချင်းများ အားလုံးထံ အလှူခံအီးမေးလ် ခဏခဏပို့နေမိတဲ့ အတွက်အားနာလှပါပြီ။ ဒါပေမဲ့ မြန်မာပြည်မှာ တကယ်ကို လိုအပ်နေတဲ့ နေရာများက ထောင်သောင်းမက ရှိနေသေးတော့ မျက်နှာပူပူနဲ့ပဲ အလှူခံ အီးမေးလ်လေး ထပ်ပို့ပါရစေ။

မနှစ်က ဆိုးရွားတဲ့ နာဝစ်မုန်တိုင်းကြီးအပြီးမှာ ကုသိုလ်ဆိုတဲ့ အဖွဲ့လေး ပေါ်ပေါက်လာပါတယ်။ နာဂစ်မှာ မိဘမဲ့သွားတဲ့ ကလေးတွေနဲ့ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းတက်ဖို့ အခက်အခဲဖြစ်နေတဲ့ ကလေးတွေကို ကျောင်းဖွင့်တဲ့ ကာလလေးမှာ အချိန်မှီ ကျောင်းတက်နိုင်အောင် ဒီအဖွဲ့လေးကဦးဆောင်ပြီး အလှူရှင်၊ စေတနာရှင်များထံမှ လစဉ်ငွေကောက်ခံကာ ထောက်ပံ့ပေးနေပါတယ်။ မနှစ်က ဧရာဝတီတိုင်းမှ မြို့နယ် ၄ခု၊ ရန်ကုန်တိုင်းမှ မြို့နယ် ၂ ခု စုစုပေါင်းကျောင်းသား ၅၃၈ယောက်ကို ထောက်ပံ့ပေးနိုင်ခဲ့ပါတယ်။ အလှူငွေကို လစဉ် ရွှေည၀ါ ဆရာတော်ထံပေးပို့ပြီး Volunteer ဆရာတော် ၆ပါးမှ တာဝန်ယူပြီး ကိုယ်တိုင်ကြီးကြပ်ကာ လိုအပ်တဲ့ ဒေသတွေဆီထိ တိုက်ရိုက်ပို့ပေးပါတယ်။ အောက်က Link မှာ မနှစ်က လှုပ်ရှားမှု မှတ်တမ်းလေးတွေ ကြည့်နိုင်သလို ကလေးတွေဆီက ကျေးဇူးတင်မှတ်တမ်း စာတမ်းလေးတွေပါ တွေ့ရမှာပါ။ http://www.kutho.org/

သင်္ကြန်အပြီး အောင်စာရင်းထွက်ချိန်မှာ ၀မ်းမြောက်ဖွယ် သတင်းကြားရတာကတော့ ကလေး၅ယောက်မှလွဲပြီး ကျန်ကလေးများ အားလုံး စာမေးပွဲအောင်ကြပါတယ်။ ကလေးများအားလုံးဟာ ဇွန်လ ကျောင်းတက်ချိန်ကိုစောင့်နေကြပြီး သူတို့ရဲ့ မနှစ်က အလှူရှင်များ ဆက်လက်ပြီး ကျောင်းထားပေးနေဦးမည် ဟုယုံကြည်နေကြပါတယ်။ ဒါပေမဲ့ ကလေးလေးတွေ မသိထားတဲ့အချက်က မနှစ်က ကလေး၄၀၀ အတွက်သာ လစဉ်အလှူရှင်ရှိခဲ့ပြီး ကျန်ကလေး ၁၃၈ ယောက်ရဲ့ ကျောင်းစရိတ်ဟာ နာဂစ်မုန်တိုင်းကျကာစမှာ နိုင်ငံခြားစေတနာရှင်တချို့လှူခဲ့တဲ့ငွေနဲ့ ရပ်တည်ခဲ့ခြင်းဖြစ်ပါတယ်။ ယခုချိန် နာဂစ်ဖြစ်ပြီး တနှစ်အကြာမှာ အလှူရှင်များရဲ့ Emotion နဲ့စိတ်ဝင်စားမှုအနည်းငယ် လျော့နည်းလာခြင်း၊ စီးပွားရေးကြပ်တည်းလာခြင်းတို့ကြောင့် လစဉ်တာဝန်ယူနေသော အလှူရှင်များလည်းလျော့နည်းလာပါတယ်။ ဒါကြောင့် ယခုကျောင်းဖွင့်ချိန်မှာ အနည်းဆုံးကလေး ၂၀၀ အတွက် လစဉ် အလှူရှင်များလိုအပ်နေပါတယ်။ တခြား ကလေးများနည်းတှူကျောင်းဖွင့်ချိန် ကျောင်းပြန်တက်ရမည်ဟု မျှော်လင့်နေတဲ့ ကလေး ၂၀၀ ဟာ ဘုန်းတော်ကြီးကျောင်းတွေမှာ အလှူရှင်ကို စောင့်ဆိုင်းနေကြပါတယ်။ ဒါကြောင့် ကုသိုလ်အဖွဲ့ဟာ ဇွန်၁ရက်နေ့ ကလေးအားလုံး ကျောင်းပြန်တက်နိုင်ရေးအတွက် လက်လှမ်းမှီရာ သူငယ်ချင်းများကိုအကြောင်းကြားရင်း အုပ်ထန်းသူမဲ့ ကလေးများအတွက် အကောင်းဆုံးဖြစ်အောင်ကြိုးပမ်းနေပါတယ်။

ပညာအလှူက အင်မတန်မွန်မြတ်လှပါတယ်။ အထူးသဖြင့်မိမိ ချွေးနည်းစာလေးထဲကမှ ကိုယ့်ထက်နွမ်းပါးနေတဲ့ ၊ အုပ်ထိန်းသူမဲ့နေတဲ့ ကလေးလေးတွေဆီ ပညာဒါနလေးဖြန့်ဝေပေးခြင်းက မိမိစိတ်နှလုံးကိုရော လက်ခံရရှိသူနှစ်ဦးလုံးမှာ ပီတိတဖွားဖွားဖြစ်စေပါတယ်။

ယခုအချိန် စီးပွားရေး အခြေအနေကြောင့် သူငယ်ချင်းတို့ထံမှ ကလေးအများကြီးကို လစဉ်တာဝန်ယူမည်ဟူသော စကားကို မမျှော်လင့်ပါဘူး။ သူငယ်ချင်းတို့ရဲ့ သူငယ်ချင်းတွေကို ဒီသတင်းလေးပြောပြပြီး အလှူရှင် တယောက် သို့မဟုတ် နှစ်ယောက်လောက်ကို လှူဖို့တိုက်တွန်းပေးနိုင်မယ်ဆိုရင် ဒီကလေး ၂၀၀ရဲ့ ကျောင်းစရိတ်မကြာမီ ပြည့်သွားမှာပါ။ ဒါပေမဲ့ အလှူရှင်များအားလုံးဟာ ဒီအလှူငွေအပေါ်မှာ၊သူငယ်ချင်းတို့အပေါ်မှာ အပြည့်အ၀ အယုံအကြည်ရှိနေဖို့လိုပါတယ်။ ကုသိုလ်အဖွဲ့ဟာ Volunteer စေတနာရှင်များ နဲ့ဖွဲ့စည်းထားပြီး ယုံကြည်မှုများနဲ့သာ လုပ်ဆောင်နေကြခြင်းဖြစ်သောကြောင့် တချို့တချို့သော နိုင်ငံခြားသားအလှူရှင်များမေးတတ်တဲ့ အလှူခံတဲ့ Certificate နဲ့အလှူခံတာလား၊ အလှူခံငွေအတွက်ကို Audit ဘယ်နှစ်ခါဝင်ပါသလဲ စသည့်မေးခွန်းများကို မဖြေနိုင်ပါဘူး။ မြန်မာပြည်မှ ရွှေည၀ါဆရာတော်နဲ့ ဘုန်းကြီး၆ပါးကသာ ဖိဖိစီးစီးနဲ့ အပင်ပန်းခံပြီး လက်ခံရသမျှငွေနဲ့ ကလေးများ တကယ်အတန်းပညာ ရသွားအောင် ကြို့းပမ်းနေခြင်းဖြစ်ပါတယ်။ ဒါကို ကျွန်မတို့မြန်မာ အချင်းချင်းကတော့ နားလည်မယ်လို့ ယုံကြည်ပါတယ်။

မူလတန်းမှ အထက်တန်းအထိ အောက်မှာဖော်ပြထားတဲ့ အတိုင်း ကျောင်းသားတယောက်ချင်းစီအတွက် လှူဒါန်းနိုင်ပါတယ်။

(၁) မူလတန်း = s$15/month

(၂) အလယ်တန်း = s$20/month

(၃) အထက်တန်း = s$25/month

အလှူရှင်များ တလချင်းစီခွဲပြီး လစဉ်ပေးသွားနိုင်သလို စာသင်နှစ်တနှစ်အတွက် ၈လစာ (ဇွန်မှ ဇန်န၀ါရီ) တကြိမ်တည်း လှူဒါန်းနိုင်ပါတယ်။ မနှစ်က အတွေ့အကြုံအရ တချို့အလှူရှင်များက တလချင်းစီလှူဖို့ ဒီလိုတောင်းဆိုလာပါတယ်။ '' တလချင်းစီခွဲပြီး လစဉ်လှူနိုင်တယ်ဆိုရင် ကျွန်တော် ကျောင်းသား ၃ယောက်လောက်ကို တာဝန်ယူပြီး ကျောင်းထားပေးနိုင်ပါတယ် တလ ၄၅ဒေါ်လာသို့မဟုတ်၅၀ ပေါ့။ တနှစ်စာအတွက် တခါတည်းလှူရမယ်ဆိုရင်တော့ ကျွန်တော့်ဝင်ငွေအရ တယောက်တည်းပဲတာဝန်ယူနိုင်ပါတယ် ''…ဒါကြောင့် အလှူခံပေးရတဲ့ ကုသိုလ်အဖွဲ့သားများရော အလှူလက်ခံတဲ့ဘုန်းဘုန်းများပါ တလချင်းစီကောက်ခံ၊လက်ခံရတာ အလုပ်များပေမဲ့ ကျောင်းသားများများကို ကျောင်းထားနိုင်ရေးသည်သာ အဓိကဖြစ်တာကြောင့် တလချင်းစီလက်ခံပေးနေပါတယ်။




--
Learning to live in the present moment is part of the path of joy.



No comments:

Post a Comment