Wednesday, May 6, 2009

Fwd: ဘ၀ ဆက်တိုင်း ဆက်တိုင်း ပေါင်းဖက်ချင်လျှင်



---------- Forwarded message ----------
From: chohnin aye <chohninaye@gmail.com>
Date: 2009/5/6
Subject: Fwd: ဘ၀ ဆက်တိုင်း ဆက်တိုင်း ပေါင်းဖက်ချင်လျှင်
To: Zin Ma <zmmsoe@gmail.com>, Ei <honeythet@gmail.com>, Ei Hnin Su <ei.hnin.su@gmail.com>, phyothetwinn@gmail.com, May Mon Oo <maymon001@gmail.com>, Thu Thu <thuthuaung79@gmail.com>, toekyweaung@gmail.com, Than Htike Aye <thanhtaikaye@gmail.com>, khinmmlwin@yahoo.com, chonwe.wai@googlemail.com, suzarphyo@gmail.com, Yi Htun <yiyihtun08@gmail.com>, Yamin <yaminpapasoe@gmail.com>, Kyaw Swar <kyawswar100@gmail.com>, Thet Wint Kyaw Zan <twkzmech@gmail.com>, Nyein Nyein <thandaraung25@gmail.com>




---------- Forwarded message ----------
From: thuzar win <tharkyitzw@gmail.com>
Date: 2009/5/4
Subject: Fwd: ဘ၀ ဆက်တိုင်း ဆက်တိုင်း ပေါင်းဖက်ချင်လျှင်
To: kobikepu@gmail.com, khaingzinwin@gmail.com, kaythwe.w@gmail.com, aathin2006@gmail.com, chohninaye@gmail.com, Zar Chi <zarchi74@gmail.com>, hlaing.tinzar@gmail.com, thi thi htike <thithihtike@gmail.com>, monthetsuyee@gmail.com, msmonmonk7@gmail.com, phyuphyumyint76@gmail.com, thura322@gmail.com, theinzawlatt2430@gmail.com, thaunghtikewin@gmail.com, wintwintster@gmail.com, wttlin@gmail.com, yartheinoo@gmail.com




---------- Forwarded message ----------
From: Nu Nu Win <nunuwin2007@googlemail.com>
Date: 2009/5/4
Subject: Fwd: ဘ၀ ဆက်တိုင်း ဆက်တိုင်း ပေါင်းဖက်ချင်လျှင်
To: wintwint wintwint <wintwintster@gmail.com>, Thandar Oo <thander78@gmail.com>, thuzar win <tharkyitzw@gmail.com>, Khaing Po Po Chit <khaingpopochit@gmail.com>




---------- Forwarded message ----------
From: Nu Nu Win <nunuwin2007@googlemail.com>
Date: 2009/5/4
Subject: Fwd: ဘ၀ ဆက်တိုင်း ဆက်တိုင်း ပေါင်းဖက်ချင်လျှင်
To: Khin Theingi Aun <k.khintheingiaung@gmail.com>, kyaw tunsoe <kyawtunsoe77@gmail.com>, Khing Mar Thi <kmthi21@gmail.com>, Saw Wai Wa <sawwaiwai@gmail.com>, SOE SANDA <soesanda@gmail.com>, Maureen Yangon <maureenygn@gmail.com>, May Lwin O <maylwinoo@gmail.com>, Thandar Oo <thander78@gmail.com>, Thu Htay <thuzarhtay@gmail.com>, "nandartinaye@gmail.com" <nandartinaye@gmail.com>




---------- Forwarded message ----------
From: Jinny <kmngwe08@gmail.com>
Date: 2009/5/3
Subject: Fwd: ဘ၀ ဆက်တိုင်း ဆက်တိုင်း ပေါင်းဖက်ချင်လျှင်
To: myonandarkhaing@googlemail.com, yin mon <khaingyinmon2006@gmail.com>, Nu Nu Win <nunuwin2007@googlemail.com>, yuyunge80@gmail.com, Thu Zar Htike <thuzarhtike@gmail.com>, nanmimimaw@gmail.com, myatminnge@gmail.com, "myatzinmarcho@gmail.com" <myatzinmarcho@gmail.com>



ဘ၀ ဆက်တိုင်း ဆက်တိုင်း ပေါင်းဖက်ချင်လျှင်


သဒ္ဓါ၊ သီလ၊ သုတ၊ စာဂါ



" ကဲ . .အခုအတိုင်း . . အသေခံလို့ ဖြစ်ပါ့မလား"
" ငါတစ်ဦးတည်း အတွက်ဆိုရင်တော့ ဖြစ်ပါတယ် ။ ဒါပေမဲ့ ငါ့မိန်းမ ရှိနေသေးတော့ ငါသေလို့  မဖြစ်ဘူး ၊ အခုချိန်လောက်ဆိုရင် ငါ့ကိုမျှော်နေလောက်ပြီ။ ငါမရှိရင် သူလည်း အသက်ရှင်နိုင်မှာ မဟုတ်ဘူး" ဟု

တရားစစ်သူကြီးဖြစ်လာမည့် သုခုမ ဟင်္သာ၏ (ရှင်အာနန္ဒာအလောင်းအလျာ) အမေးအား ဘုရားလောင်း ဟင်္သာမှ ငိုကြွေးရင်း ပြန်လည် ဖြေကြားလိုက်သည့် စကား ဖြစ်၏ ။ ဟင်္သာများ သည် ချစ်ကြသည် ဆိုရာဝယ် တစ်ကောင်နှင့်တစ်ကောင် အသက်ပေးချစ်ကြ၏ ။ ရေကြီးစဉ်အခါ ကြက်မတစ်ဝပ်စာမျှသော နေရာတွင် ဟင်္သာဖိုမှ ခြေတစ်ချောင်းထောက် ရပ်ကာ ဟင်္သာမ အား မိမိကိုယ်ပေါ်တွင် ရပ်စေခဲ့သည့် သာဓကရှိခဲ့၏။

လောက ၃ ပါး အတုမရှိသော ဘုရားရှင် ကိုယ်တော်မြတ်အား မွေးဖွားသန့် စင်ခဲ့သူမှာလည်း အမျိုးသမီးပင် ဖြစ်၏ ။ ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီးတွင် အုပ်စိုးကြကုန်သော သမ္မတ၊ ၀န်ကြီးချုပ် များသည်လည်း အမျိုးသမီးများမှ မွေးဖွားခဲ့ကြ၏။
ထို့ အတွက်ကြောင့် အမျိုးသမီး ဖြစ်ရသည့်အတွက် အားငယ်စရာမလိုပေ ။

ဤကမ္ဘာလောကကြီးတွင် အမျိုးသမီးများသာ မရှိခဲ့ပါလျှင် ကမ္ဘာကြီးသည် ပျင်းစရာအတိ ပြီးကာ
ယောက်ျားများအားလုံးသည် ပျင်းရိသူများသာ ဖြစ်ကုန်ကြပါလိမ့်မည်။ ပညာသင်ယူနေကြသော ၊ စီးပွားရှာနေသော အမျိုးကောင်းသားများသည် ထိုပညာ ၊ စည်းစိမ်ဥစ္စာများအား ဘူးကောင်းလျှင် စင်ခံ ၊ လင်ကောင်းလျှင် တစ်သက်စံ ဆိုသည့် စကားအတိုင်း နောင်တစ်ချိန် တွင် မိမိနှင့် ပတ်သက်လာရမည့် ကြင်သူသက်ထား အတွက် မတောင့်မတ၊ မကြောင့်မကြ ၊ တင့်တောင့် တင့်တယ် ထားနိုင်စေရန် ရည်စူးပြီး သင်ယူ၊ ရှာဖွေနေကြခြင်းသာဖြစ်၏ ။

မမြလေးရေးသားခဲ့သည့် ချစ်သမျှကို ပတ်ပျိုး ၊ သာယာဝတီမင်း တည်ခဲ့သည့် မုခ်ဦး ၅ ခုပါသည့် ၅ မျက်နှာ ဘုရား အစရှိသည်တို့ သည် ချစ်ခြင်းကို ဖော်ကျူးခဲ့သည့် သာဓက ၊ ပြယုဂ်များဖြစ်၏ ။

ဗုဒ္ဓ၏ တရားတော်များတွင် အမျိုးသမီးများအား မုန်းရမည်ဆိုသည့် ဟောကြားမှုများ မပါရှိခဲ့။ ထို့ ကြောင့် အမျိုးသမီးများသည် မုန်းစရာမဟုတ် ။ ချစ်စရာ အလွန်ကောင်းလှ၏ ။ အမျိုးသမီးများသည် သံသရာမှ ထွက်မြောက်ရာ လမ်းကြောင်းဖြစ်သည်ဟူ၍သာ ဟောကြားခဲ့၏ ။ အထောက်အပံ့ တစ်ခု ဖြစ်သည်ဟု မိန့်  သည်နှင့် အတူတူပင်။

တော်လေးဝ,၀င် မိန်းမများဖြစ်သည့် အမရာ၊ ကိန္နရီ၊ မဒ္ဒီ နှင့် သမ္ဘုလ တို့ သည် ယောက်ျားများအား ချစ်မြတ်နိုးရာတွင် စံတင်လောက်၏။ အမရာဒေ၀ီ၏ မဟော်သဓာအပေါ် သစ္စာစောင့်သိပုံ ၊ ကိန္နရီ ၏ တစ်ညတာ ဝေးကွာရမှုအတွက် ရက်ပေါင်း ၇၀၀ ဆွေးမြေ့ကြေကွဲခဲ့ပုံ ၊ မဒ္ဒီဒေ၀ီ ၏ လင်ယောက်ျားအပေါ် နားလည်ပေးနိုင်ပုံ၊ သမ္ဘုလ၏ နူနာစွဲကပ်နေသော ချစ်သူအပေါ် ထားရှိသည့် ချစ်ခြင်းတရားတို့ သည် အချစ်အတွက် မှတ်ကျောက် တင်ရစ်ခဲ့ကြ၏။

တော်ဝင် အမျိုးသမီးများ၏ အချစ်ကဲ့သို့  မမှီသည့်အတွက်၊ မချစ်ရသည့်အတွက် စိတ်ပျက်အားလျော့စရာ မလိုပေ။ အခြားနည်းများဖြင့်လည်း ချစ်နိုင်ပါသေး၏။ ချစ်နိုင်ခြင်း အကြောင်းတရား ၄ မျိုးနှင့် ညီညွတ်ပါလျှင် ဆုတောင်းစရာမလိုဘဲ နောင်ဘ၀ ဆက်တိုင်း ဆက်တိုင်း မိမိချစ်ရသူနှင့် ပါရမီဖြည့်ဖက် ဖြစ်ပေမည်။

သဒ္ဓါ၊ သီလ၊ သုတ၊ စာဂါ

ထို ၄ မျိုး စိတ်တူကိုယ်တူ ညီညွတ်ပါလျှင် အမျိုးသမီးများ မိမိ ချစ်သူဖြင့် ဘ၀ဆက်တိုင်း ဆက်တိုင်း ပေါင်းရမည်။

သဒ္ဓါ
ယုံကြည်မှု ခြင်း တူရမည်။ အဓိကအားဖြင့် ကိုးကွယ်သည့် ဘာသာ တူရမည်။ အမျိုးသမီးက ဗုဒ္ဓဘာသာဖြစ်လျှင် ချစ်သူသည်လည်း ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်သူ ဖြစ်မှသာ သဒ္ဓါတူနိုင်မည်။ အမျိုးသမီးမှ ဗုဒ္ဓဘာသာဖြစ်နေပြီး ချစ်သူမှ ဘာသာခြား ဖြစ်နေပါက ယုံကြည်မှု သဒ္ဓါမညီမျှတော့ပေ။ မိမိ၏
အိမ်တွင် ကိုးကွယ်ရာ ဘာသာအတွက် ဘုရားစင် မရှိ ဖြစ်မည်။ ချစ်သူ ၏ ကိုးကွယ်ရာ ဘာသာအလျှောက် ထုံးတမ်းစဉ်လာနှင့်အညီ ခေါင်းမြီးခြုံရမည်။ နင်းဂျားဖြစ်မည်။ သေသော် ခရစ်ယာန်ဘုန်းကြီးဖြင့် အသုဘ ချရမည်။

သဒ္ဓါမညီသဖြင့် မိမိကိုးကွယ်ရာ ဘာသာအတွက် လှူဒါန်းချင်လျှင် ချစ်သူ၏ ခွင့်ပြုချက်ယူရတော့မည်။ စိတ်တိုင်းကျ မလှူတန်းနိုင် ၊ စေတနာ ၃ တန် မပြဋ္ဌာန်းနိုင်တော့ပေ။ ခိုးကြောင်ခိုးဝှက် သီလဆောက်တည်ရခြင်း ၊ လွတ်လပ်စွာ တရားဓမ္မဆွေးနွေးခြင်း ၊ ရိပ်သာဝင်ခြင်းများကား ဝေးစွ ။ လက်ထပ်ထိမ်းမြားခြင်း မပြုမှီကသာ ယုံကြည်ရာ ကိုးကွယ်ခိုင်းမည်။ ကာလအနည်းငယ်အတွင်း အပြောနှင့်လက်တွေ့ ခြားနားလာမည်။ ပြည်ပရောက် အမျိုးသမီးများ ဘာသာခြားအပေါ် မေတ္တာသက်ဝင်ပါက သဒ္ဓါမတူသည့်အတွက် သတိပြုစရာများဖြစ်၏။


သီလ
အခြေခံ ကိုယ်ကျင့်သီလခြင်း တူရမည်။ အောက်ထစ်ဆုံး (၅) ပါးသီလ လုံခြုံရမည်။ ဆိတ်ကွယ်ရာ ၊ မျက်ကွယ်ရာတွင် ဖောက်ပြန်နေသည့် ၊ အရက်သေစာ သောက်စားသည့် ၊ ပါဏာတိပါက ကံဖြင့် အသက်မွေးဝမ်းကြောင်းပြုသည့် ၊ မမှန်စကားပြောဆိုသည့် ၊ ခိုးဆိုးလုယက်သည့် ချစ်သူမျိုး ၊ ကြင်ဖော်မျိုးဖြစ်ပါက ခံစားရသည့် ဆင်းရဲဒုက္ခကြီးလှ၏။ မည်မျှပင် ချမ်းသာနေပါစေ ၊ တစ်ခဏစံ တစ်ဘ၀သာ ဖြစ်၏။ မိမိပါ စည်းစိမ်သုံးစွဲသဖြင့် အကုသိုလ် အကျိုးဆက် ခံရမည်ကား မုချပင်။

အခြေခံသီလတူပါက ကုသိုလ်အရေးတွင် မောင်တစ်ထမ်း မယ်တစ်ရွက် ၊ ဘုရားသွား ကျောင်းတက် အတူတူလုပ်ဖြစ်သဖြင့် စိတ်ချမ်းမြေ့ရ၏။ ချစ်သူအပေါ်တွင်လည်း ပိုမိုချစ်မြတ်နိုးလာမည်။ ရရှိလာသည့် စည်းစိမ်ချမ်းသာများမှာ
ဓမ္မိယလဒ္ဓ ဟုခေါ်သည့် တရားသဖြင့် ရှာဖွေရရှိသည့် ဥစ္စာပစ္စည်းဖြစ်သဖြင့် လှူတန်းပါက ဘ၀မခြားဘဲ အကျိုးထူးရရှိ၏ ။


သုတ
အကြားအမြင် ဗဟုသုတ ပြည့်စုံမှုခြင်းလည်း ညီညွတ်ရမည်။ ချစ်သူမှ ပညာတတ် ပုဂ္ဂိုလ်ဖြစ်ကာ မိမိက တက္ကသိုလ် ပညာဝင်တန်း အဆင့်သာလျှင် ရှိပါက လူတော တိုးမည်မဟုတ်။ ပွဲလမ်းသဘင် ၊ အလှူအတန်းများတွင် ဂုဏ်သိမ်ငယ်ရမည်။ ဗဟုသုတ ၊ ပညာအရည်အချင်း နည်းသဖြင့် ရရှိလာသော ချစ်သူ၏ စည်းစိမ်ဥစ္စာများကို တိုးပွားလာအောင် မထိန်းသိမ်း မစောင့်ရှောက်တတ်သဖြင့် စည်းစိမ်ခမ်းခြောက်ကာ ဆင်းရဲရခြင်း၏ အကြောင်းရင်းကို ဖြစ်ပွားစေ၏ ။

ထိုနည်းတူစွာပင် မိမိမှ ကြားမြင်ဗဟုသုတ များပြီး ချစ်သူမှ နိမ့်ကျနေပါက ချစ်သူအပေါ်တွင် အားမလိုအားမရဖြစ်ခြင်း ၊ အားမကိုးရခြင်း၊ ယောက်ျားဖျင်း အစရှိသည်တို့ နှင့်အတူ ကိုယ် ၊ နှုတ် ၊ စိတ် ၃ ပါးစလုံးဖြင့် ပြစ်မှားကာ မိမိနှင့် တန်းညှိနေတတ်သဖြင့် အိမ်ထောင်ရေး သုခ ရရှိနိုင်မည် မဟုတ်ပေ။


စာဂါ
ပေးကမ်းစွန့် ကြဲမှုခြင်း တူရမည်။ ဝေသန္တယာ မင်းကြီးသည် နာဂပစ္စယ ဆင်ဖြူတော် လှူ၍ တိုင်းပြည် ဘဏ္ဍာတော် အလွဲသုံးစား လုပ်မှုဖြင့် တိုင်းပြည်မှ နှင်ထုတ်ခံရ၏ ။ သို့ ရာတွင် မိဖုရားဖြစ်သူမှ လင်တော်မောင် ကောင်းတာလုပ်သည်ဟု မှတ်ယူထားသဖြင့် သူ့ အား မနှင်ထုတ်သော်ငြား လင်တော်မောင်ဖြစ်သူနှင့် ရွှေလက်တွဲကာ တိုင်းပြည်မှ ထွက်ခဲ့၏။

စာဂါ မညီမျှပါက မိမိမှ ၁၀ ဖိုး စွန့် ကြဲ ချင်ပါလျှက် ချစ်သူမှ ၁ ကျပ်ဖိုး သာ စွန့် ဟု ပြောဆိုခံရမည်။ ဘာသာခြားဖြစ်ပါက ပို၍ဆိုး၏။ အိမ်တွင် ဆွမ်းမလောင်းရ ။ ငါ့ဘာသာအတွက်ပဲ ဦးဦးဖျားဖျားလှူမည် အစရှိသည့် မညီမျှမှုများ ရှိနေပါလျှင် အဘယ်မှာလျှင် စိတ်ချမ်းသာရပေတော့မည်နည်း ။ အိပ် ၊ စား ၊ ကာမ ဖြင့်သာ လူဖြစ်ရပေတော့မည်။


ထို့ ကြောင့် အမျိုးကောင်းသမီးများ အနေဖြင့် ရွှေရတု ၊ ငွေရတု ၊ စိန်ရတု အစရှိသည့် Anniversary ထက်မက နောင် ဘ၀ဆက်တိုင်း ဆက်တိုင်း မိမိ မြတ်နိုးကြင်နာရသည့် ချစ်သူ နှင့် ဆုတောင်းစရာ မလိုဘဲ ပေါင်းဖက်ရလိုပါလျှင် သဒ္ဓါ ၊ သီလ၊ သုတ၊ စာဂါ ဆိုသည့် တရား (၄) ပါးဖြင့် ညီမျှကြစေရန် ပြုမူကျင့်ကြံကြပါဟု အကြံပေး လိုက်ရပေတော့၏ . ။







No comments:

Post a Comment