Friday, March 12, 2010

Fwd: ကိုယ်ပျောက်လူသား





တရုတ်ပန်းချီဆရာ လွီဘိုလင်ကို ကိုယ်ပျောက်လူသားလို့ခေါ်ကြပါတယ်။
တရုတ်အနုပညာအကယ်ဒမီကျောင်းဆင်းတစ်ယောက်ဖြစ်တဲ့လွီဘိုလင်
ဟာအနုပညာနဲ့ပတ်သက်တဲ့အလုပ်အကိုင်တွေရှာဖွေရာမှာအခက်အခဲတွေ့ကြုံခဲ့ရပြီး
ဘေဂျင်းမှာရှိတဲ့သူ့ရဲ့ပန်းချီစတူဒီယိုဟာလည်း အပိတ်ခံခဲ့ရပါတယ်
အဲဒီနောက်မှာတော့သူဟာသူ့ကိုယ်သူ ပန်းချီဆွဲတဲ့ကင်းဗတ်စ
တစ်ခုလိုသဘောထားပြီး
လူနဲ့ပတ်ဝန်းကျင်ဆက်နွယ်မှုကိုပြသဖို့ကြိုးပမ်းခဲ့ပါတယ်။
၃၆ နှစ်အရွယ်ပန်းချီဆရာလွီဘိုလင်ဟာ လက်ထောက်တစ်ယောက်ရဲ့အကူအညီနဲ့
သူ့ကိုယ်သူ သူ့နောက်မှာရှိတဲ့အရာတွေနဲ့တစ်ထပ်တည်းဖြစ်အောင်
အသေးစိတ်ဆေးခြယ်ပါတယ်။သူ့ရဲ့ဖန်တီးမှုအတွက် သူဟာ
သူပျောက်ကွယ်သွားနိုင်မယ့် နောက်ခံမြင်ကွင်းကောင်းကောင်းတစ်ခုကို
အရင်ဆုံးရှာဖွေရပါတယ်။ ပြီးရင်ခန္ဓာကိုယ်ပေါ်မှာ ဆေးခြယ်ပြီးတဲ့အချိန်အထိ
မလှုပ်မယှက် ရပ်နေပါတယ်။ ရုတ်တရက်ကြည့်ရင်တော့
ကိုယ်ပျောက်လူသားလားလို့ ထင်မှတ်မှားစရာဖြစ်ရအောင်ကို သူ့ရဲ့ဖန်တီးမှုတွေက
အသက်ဝင်လာပါတယ်။
သူကမြို့ပြပတ်ဝန်းကျင်ဟာ မြို့ပြနေလူထုအပေါ်
ဘယ်လိုသက်ရောက်မှုတွေရှိတယ်ဆိုတာကိုပြသချင်တာဖြစ်ပါတယ်။

No comments:

Post a Comment