Saturday, March 13, 2010

Fwd: သင့်ရဲ့ စစ်မှန်သော






 



ဝေဠုဝန် ဘုန်းတော်ကြီးသင် ပညာရေးပရဟိကျောင်း
   

 (အနာဂတ်ကို ပိုင်ဆိုင်သော  ကလေးငယ်လေးများကို ဖေးမကူညီပံ့ပိုးကြပါစို့.....)



Event Deseription......
               ဒီလသွားမယ့်ကျောင်းကတော့ ပဲခူးမြို့ ကျောက်တန်းကျေးရွာမှာ တည်ရှိပါတယ်...။
ဆင်းရဲလွန်းလို့ ကျောင်းမနေနိုင်တဲ့ ကျေးရွာနေ ကလေးအများစုနဲံ မိဘမဲ့ကလေးငယ်များကို ပညာရည်နို့တိုက်ကျွေးနေတဲံ့
ပရဟိတကျောင်းလေးပါ...။
                ကလေးငယ်ပေါင်း ၃၇၂ ယောက်ရှိပါတယ်..။ ဒီလမှာလည်း ကျွန်တော်တို့ စေတနာရှင် လူငယ်လေးတွေ
 စုစုစည်းစည်းနဲ့  သွားရောက်လှူဒါန်းကြအုံးမှာ ဖြစ်ပါတယ်....။
                ပြီးခဲ့တဲ့ လကတော့ တွံတေး ဘုရားကြီးရွာ မင်္ဂလာပရဟိတ မိဘမဲ့ကျောင်းကို သွားရောက်လှူဒါန်းခဲ့ကြပါတယ်.....။
               သူငယ်ချင်းအနေနဲ့ ပါဝင်ချင်ရင် လူကိုယ်တိုင် ဖြစ်စေ....ဒါမှမဟုတ် စာအုပ်ခဲတံ စသဖြင့် ကလေးငယ်တွေအတွက်
လှူဒါန်းချင်ရာများကို ပါဝင် ကူညီလို့ ရပါတယ်.......ကျွန်တော်တို့ ယခုလို လှူဒါန်းခဲ့တာ ၃ နှစ်ကျော်ခဲ့ပါပြီ.....။ကိုယ်တိုင် မိဘမဲ့ ကလေးများကို
စာသင်ခဲ့တာကတော့ ၅ နှစ်ကျော် ၆ နှစ်နီးပါး ရှိပါပြီ.....။
                 သူငယ်ချင်း အနေနဲ့ ကလေးငယ်များရဲ့ အကျိုးကို တတ်ကြွစွာ ပါဝင်ဆောင်ရွက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်.....
 


                                  သင့်ရဲ့  စစ်မှန်သော
                                                      ဖိုးဇော်
               

No comments:

Post a Comment