Saturday, March 20, 2010

Fwd: လှေခါးဝင်စားသူများ.............၁



---------- Forwarded message ----------
From: hlaingmintun23 tun <hlaingmintun23@gmail.com>
Date: 2010/3/21
Subject: လှေခါးဝင်စားသူများ.............၁
To: aye myat <ayemyat054@gmail.com>


လှေခါးထစ်များသည် အနင်းခံဖြစ်၏။ သို့သော် သူတို့၏အစွမ်းကား လောကကြီးကို
သာယာတင့်တယ်စေ၏။ အရာရာဖြစ်စေ၏။ သူတို့သည် ပံ့ပိုးသူ သတ်သတ်သာ ဖြစ်တည်း။
သူတို့၏ဘဝကားပုံသေသာဖြစ်သည်။အများအာဖြင့်
သိပ်မပြောင်းလဲပျတ်စိးသွားသည့်သဘေားတော့ရှိသည်။
လှေခါးထစ်အမျိုးမျိုးမြင်ခဲ့ဖူးသည်။ အုတ်လှေခါး၊ သစ်လှေခါး
အမြင့်တတ်ရနပြူလုပ်ထားသည့်ဝါးလှေခါး၊ ထန်းပင်ပေါထောင်ရျွှ်တတ်ရသေား
ရင်းထောင်ဟုခေါ်သည့် ထန်းတက်လှေခါး၊ထန်းပင်လုံးနှင့် ပူးချည်ပြိး
ထန်းပင်ပေါတက်ရသည့် ရင်းဆွဲဟုခေါ်သည့်ထန်းတတ်လှေခါးငယ်တို့ အပြင်
မြေကြီးမှာ လှေခါးလိုထစ်ထားသည့် မြေကြိးလှေခါးများကိုတော့
တောင်တတ်လမ်းများတွင်တွေ့နိုင်သည်။
ဇောက်နက်နက်တူးထားသည့် မြေကျင်းကြိးများမှ အပေါသို့ တက်ရန် လုပ်ထားသည့်
မြေကြိးလှေကားထစ်များကိုလဲ တွေဖူးသည်။ သူတို့ကို အရင်းခံရျွှ် အမြင့်သို့
(သို့) သွားလိုရာ သွားကြသော်လည်း သူတို့ကို ဘယ်နှစ်ယောက်က
ကျေးဇူးတင်ကြပါသလဲ။ တစ်ချို့က ထိုအပေါသို့ ခွေးချေးပေနေသေား
ဖိနပ်စုပ်ဖြင့် ညစ်ပေအောင် ပြုကြသည်။ ကွမ်းတစ်တွေးများ
ချွဲသလိပ်များထွေးပစ်ခဲ့သူလည်းရှီသည်။လှေကားတွေညစ်ပတ်သွားကြသည်။ တစ်ချို့က
စားပြိးသား အခွံတွေ ပစ်သွားကြသည်။ နင်းမိတော့ လဲသူကလဲပေါ့။ ထိုသို့
နင်းမိသေားအခါ လှေခါးကြိးကို ခြေဆောင့်ရျွှ် တက်သွားကြသည်။
ဒါဟာလှေခါးကြီးရဲ့ အပြစ်တွေလား စဉ်စားကြည့်ဖိုလိုပါသည်။ လှေခါးတွေ......
ရထားပေါတတ်လျှင်လည်း လှေခါးနှင့် မကင်းကြပါ
ကားပေါတက်လျှင်လည်းခြေနင်းခုံသည်လှေခါးပေါ့။ လေယဉ်ပေါ့က ဆင်းလျှင်လဲ
လှေခါး မရှိရျွှ် မဖြစ်။ ရွှေတီကုန်ဘုရား၊ ပလာဇာများ၊
ကုန်တိုက်ကြိးများတွင်လည်း အလိုအလျှောက်တက်နိုင်ဆင်းနိုင်သေား
စတ်လှေခါးများကို တပ်ဆင်ထားကြသည်။သည်နေရာတွင် လှေခါးသည် အဆင်းရေား အတက်ပါ
ရေးကြိးသည်။ဆင်းဆင်းတက်တက် ပြုလုပ်သူ၏အလို ဆန္ဒများသာဖြစ်၏။
လှေခ်း၏အလိုဆန္ဒမဟုတ်။ ထိုမှတဆင့် လှေခါးနှင့်တူသေားလူများကို
သွားရျွှ် ဆင်ခြင်မိသည်။သူတို့သည်ယောက်ျားလည်း ဖြစ်နိုင်သည် မိန်းမလည်း
ဖြစ်နိုင်သည်။မိသားစုထဲတွင် အကြိးဆုံးလည်း ဖြစ်နိုင်၏။ သူတို့တွင်
အတ္တရှိကောင်းရှိမည် သို့သော် မိမိ တစ်ဥိးတည်းနှင့် ဆိုင်သေား အတ္တတော့
မဟုတ်တန်ရာ။ မိသားစု၊ အသိုက်အဝန်း၊ အဖွဲ့ အစည်း၊ စသည့် အများနှင့်
ဆိုင်သေား အတ္တသာဖြစ်မည်။
မိးဘတွေကတော့ သားသမိးတွေကို မွေးပြိး လူလားမြောက်အောင် ကိုယ့်ခြေထောက်ပေါ့ကိုယ် ရပ်တည်နိုင်အောင် သင်ပေးလိုက်ကြသည်။
ကိုယ့်အားကို ကိုးနိုင်သူအတွတ် ဝမ်းသာကြည်နူးရသလို မတ်မတ်
မရပ်နိုင်သေးအတွတ် စိုးရိမ်ကြောင်းကြရပြန်သည်။ ၄င်းတို့ကို မျတ်စိအောက်က
ပြောက်မခံနိုင်ဘဲအရိပ် တကြည့်ကြည့်နှင့် ပံ့ပိုးဖို့ အမြဲပင် စဉ်းစား
အားထုတ်နေကြသည်။ အသတ်ကြိးရျွှ် ကိုခန္ဒာ အင်အားများ မည်မျှပင်
ယုတ်လျှော့ကျဆင်းသွားပါစေ၊ မတတ်နိုင်သည်းအဆုံးမှာပင်
တတ်နိုင်သည့်စိတ်ပူပေးခြင်းဖြင့် သားသမီး၏အပူကို ရသလောက်ယူကြသည်။
မိးဘအပေါ်ပိုက်ဆံပေးရုံဖြင့် တာဝန်ကျေပြိဟုယူဆနိုင်ပါသလား။
ထိုမေးခွန်း၏နောက်ကွယ်တွင် ဖြေအမျိုးမျိုး ရှိပါလိမ့်မည်။
ကျွှန်ုပ်၏သုတေသနပြုချက်အရ အိမ်တစ်အိမ်တွင် အနင်းခံလူတစ်ယောက်တော့
ရှိကြသည်။၎င်းတို့သည် သူတို့အရေးထတ် မိးဘအရေး ညိအကိုမောင်နှစ်မ အရေး စသည်း
အများ အရေးတွတ် သာရှေ့တန်းတင်ကြသည်။သူတို့ဘဝကား တဖြည်းဖြည်း
လုံးပါးပါးပြိးနောက်ဆုံးမှာ ပြာဖြစ်သွားရသေား ခြင်ဆေးခွေလိုဘဝမျိုး။
သူများတွေဘေးမသိရန်မခအောင် သူကစောင့်ရှောက်သည်။ထိုလူတို့ကို ကျွှန်ုပ်သည်
သာမာန်ထက် အဆင့်မြင့်သေားလူများဟုယူဆသည်။တစ်ချို့ကတိုင်းပြည် အတွတ်
လှေကားထစ်များလို အသုံးဝင်သေားသူများ ဖြစ်ပြိး တချို့ကအားနည်းသူများ
အတွတ်.. တွေးကြည်လျှင် အလွန်ကြည်ညိုလေးစားဖွယ်ကောင်းသေားသူများဖြစ်သည်။
ကျွှန်ုပ်သိသေားလှေကားထစ် တစ်ခုက ဆရာဝန်မကြိး တစ်ဥိးဖြစ်သည်။ သာမန်
ဆရာဝန်မကြိး မဟုတ်။ ဆေးရုံအုပ်ကြိး ဘဝနှင့် နှစ်အတော် ကြာနေပြိး ပင်စင်
ယူခဲ့သူ။ သူမတွင် သားသမိး မရှိ။ တပည့်တပန်းများ ရှိသည်။ဆွေမျိုးတော် စပ်သူ
အချို့ ရှီသည်။ အဖေအမေနှင့် အစ်ကို လူပျိုကြီးကို
လုပ်ကြွေးပြုစုစောင့်ရှောက်သည်။ သူမသည် ဂုဏ်သိက္ခာရှိသေား
အပျိုကြီးတစ်ယောက် ဖြစ်ပြီး မိသားစုတာဝန်ရော လူသားတာဝန်ပါကျေပွန်သူ
တစ်ယောက် ဖြစ်သည်။ သူကြောင့်မည်သူတစ်ဥိးတစ်ယောက်မျှဒုက္ခရောက်ခဲ့။
ဒုက္ခရောက်နေသူကိုသာ သူမတတ်နိုင်သလောက် ကယ်တင်ခဲ့သည်။
မော်နှစ်မအားလုံးဝိုင်ရျွှ်ထမ်းရမည့်တာဝန်ကို သူမတစ်ယောက်ထဲ
ဒိုင်ခံထမ်းခဲ့သူဖြစ်သည်။ အခြားသူတွေက သူ့အိမ်ထောင်နှင့်သူမို မိးဘကို
မကြည့်နိုင်ခြင်းအတွတ် အပြစ်ဖို့ခြင်းလည်း မရှိ။
သူခံယူချတ်ကစေစားရာအတိုင်း သူ့အလုပ် သူလုပ်သည်။ကျွှန်ုပ် သူမကို
သေချာကြည့်မိသည် အလွန်ကျတ်သရေရှိသေား အမျိုးသမိး ကကြီးပုံနဖူးနှင့်
ပြည့်တင်းသေား မျတ်နာတွင် မေးချိုင့်ကလေးက သူမ၏ ဥပဓိရုပ်ကို
ဝင့်ထည်စေသည်။ပြေပြစ်ပေါလွင်သေား နှာတံအောက်မှ နှုတ်ခမ်းနှစ်လွာမှာ
ပိရိသေသပ်လှသည်။ မလိုအပ်ဘဲ မပြုံးပါ။ ပြုံးလျှင်လဲ တစ်ဖတ်လူ၏ခင်မင်တွယ်တာ
အားကိုးမူကို ဆွဲယူသွားနိုင်သေား အပြုံးပိုင်ရှင်ဖြစ်သည်။
သူမမှာ ချစ်သူရှိမှာဘဲ ဘာကြောင့် အိမ်ထောင်မပြုတာလဲ။ဒိလောက်တော်ပြိး
ဒိလောက် ကျတ်သရေရှိတဲ့ မိန်းမကို ယောက်ျားတွေမယူရဲခဲ့တာလား။ဒါမှမဟုတ်
သူချစ်သူနဲ့ကွဲးပြိး နောက်ထပ်တစ်ယောက်ကို ချစ်လို့မရတာလား.. ဆိုသည့်
မေးခွန်းများအောက်တွင် ရတ်အတော်ကြာအောင် ကျွှန်ုပ်ပိတ်မိနေခဲ့သည်။ နောက်မှ
ကျွှန်ုပ်သိခဲ့ရသည်မှာ သူမဆရာဝန်မ ပေါက်စကတည်းက
မိးဘနှစ်ပါးကိုသွားလေရာခေါ်သွားပြိး
ပြုစုခဲ့တာတဲ့။တူတစ်ယောက်ကိုလည်းအပြိးတိုင်မွေးစားပြီး
လူလယားမြောက်အောင်ပြုစုစောင့်ရှောက်ခဲ့သည်။သူ့တူက ကျွှန်ုပ်သူငယ်ချင်း။ သူက
"အမေ" ဟုခေါ်သည်။ ရင်ခွင်ပိုက် ဘဝကတည်းက သူ့ကို လူဖြစ်အောင်ကြွေးလာခဲ့သည့်
ကြွေးအမေဘဲမဟုတ်လား။ဆုံးသွားသည့် ညိမ၏သားကိုလည်း သားအဖြစ်မွေးစားပြိး
ကလေးအမေ အပျိုကြိး လုပ်လာခဲ့သည်။သူငယ်ချင်းကို အသိပညာ မဆင်းရဲအောင်လဲ
လုပ်ပေးခဲ့သည်။
"ငါ့အမေမှာ ချစ်သူရှိတယ်ဟ။ ဘာကြောင့်
မယူဖြစ်ခဲ့ကြတာလဲဆိုတာတော့သေချာမသိဘူး။ အမေထမ်းရတဲ့ဝန်ကို
တွဲဖက်ပြိးမထမ်းနိုင်လို့ ကွဲတာလဲ ဖြစ်နိုင်တာဘဲ" အံသြလိုက်တာ အချစ်ကို
ဒိလို ဘွားတတ်လို့ ရတယ်တဲ့လား။ ကောင်ပါတယ်လေး။ ဒိလိုလူမျိုးနဲ့ကွဲပြိး
သူများတွေတာဝန်မယူနိုင်တဲ့ မိးဘမောင်နှစ်မ ဝန်ကို ထမ်းရတာထူးတဲ့ကုသိုလ်ပါ။
လူတိုင်း မလုပ်နိုင်တဲ့ အလုပ်ပါ။ တစ်နေ့ သူငယ်ချင်း၏အဘွား
အသည်းသန်ဖြစ်နေသည်ဟု ကြားသဖြင့် သတင်းမေးရန် ကျွှန်ုပ် ရောက်သွားခဲ့သည်။
သတင်းမေးခြင်းထက် လိုအပ်တာ
ကူညိလုပ်ကိုင်ပေးရန်သွားခြင်းပါ။ဆေးရုံအသိုင်းအဝိုင်းမို့
ခြွေအရံသင်းပင်းတွေစုံလှသည်။ဆွေမျိုးများကလည်း မနည်း။
သတင်းမေးရန်လာကြရာတွင် ကလေးသူငယ်များကိုပါ ခေါ်လာကြသည်။ ကလေးတွေက
ပြေးလွားစော့ကစားနေကြ ခဏနေတော့ ဗိုက်စာတယ်၊ ဘာရှိလဲဆိုပြိး
မိးဖိုချောင်ထဲပြေးလာကြ၊ စားပြိးခြံထဲဆင်းကာပြေးဆောလိုက်ကြ၊ သစ်ပင်တွေပေါ်
တက်ကြ။ ရန်ဖြစ်လိုက်ကြ။ ငိုကြ။ယိုကြ။မိးဖိုခန်းထဲမှာတော့ ထမင်းအိုးတွေ
တစ်အိုးပြိးတစ်အိုးတည်ရ။ ဈေးပြေးပြိး ဟင်စားဝယ်လိုက်ရတော်သေးတာပေါ့
ဆရာဝန်မကြိးက ရာထူးရှိမို့လုပ်ကိုင်ပေးမည့် သူများလို့။ ညနေကျတော့
သရတ်သီး၊ ပိန္နဲသီး၊တညည်းသီး၊စသည့်သယ်စရာရှိတာတွေ သယ်ပြိး ပြန်သွားကြသည်။
အဘွားကျန်းမာရေးအကောင်းတော့ သူနာပြုနှင်အတူ ကျွှန်ုပ် ကူလုပ်ပေူခဲ့ရသည်။
ဘွား၏မြေးမတစ်ယောက်က မသိချင်ဟန်ဆောင်ပြိး ခြံထဲမှာ
ဒန်စီးနေခဲ့သည်။လက်ထဲမှာ ဝတ္ထူ စာအုပ်နှင့်။ ဆရာဝန်မကြီးသည် အိမ်ရှင်မို့
အိမ်ရှင်တို့၏ ဝတ္တရားအတိုင်း ဧည့်ဝတ်ကျေအောင်နေသည်။ မည်သူကိုမျှ
ငြုစူခြင်းမရှိ။ ကျွှန်ုပ်က သူငယ်ချင်းကို
မင်းတို့ မင်းတို့ အမျိုးတွေကလဲ နေနိုင်လိုက်တာ" ဟုဝေဖန်မိသည်။
သူငယ်ချင်းပြန်ပြေားသည်မှာ.. မင်းကလဲကွား ငါတို့
ဒိလောက်လုပ်ပေးပြိးမှဒိကိစ္စလေးကို အပြစ်သွားဖို့ ရင်ငါတို့မှားမှာပေါ့ကွ၊
သူတို့အမေ သူတို့ အဘွားဘဲသူတို့မှာ
တွေခွင့်ရှိပါတယ်။အမေ့အနေနဲ့လည်းသူ့ဆွေမျိုးတွေကိုတွေ့ရင် အားရှိနေတာပါ။
ပျော်နေတာပါ။
သူတော်ကောင်း သားအမိပါတကား
အံသြလတ်ဖျားခါမိရသည်။သူတို့လိုသဘေားမထားနိုင်သေား ကျွှန်ုပ်ကရေား
လူယုတ်မာလား..။ ခေါင်းခါရျွှ် ငြင်းချတ်ထတ်ချင်ပါသည်။ ကျွှန်ုပ်လနဲတူတာပါ။
သူတော်ကောင်းဆိုတာ လူထက်အဆင့်မြင့်သူပါ။ မကြာမ
အဘွားဆုံးသည်။ဆရာဝန်မကြိးကတော့ တူကမွေးသေား မြေးကိုပင် အလွန်ချစ်ရျွှ်
မဆုံးနိုင်ခဲ့။ ပင်စင်ယူပြိးနောက်ပိုင်း အဲဒိကလေးက
သူတို့အိမ်မှာချည်းဘဲ။"ဘွားဘွားကြိးရဲ့ လတ်ကောက် မိးမိး
ကိုပေးနော်"ပြေားတတ်နေပြိ။ဒါကိုဘဲ
စကားတတ်လိုက်တာဆိုပြိးချစ်လို့မဆုံးနိုင်ခဲ့။ကျွှန်ုပ်လဲ နောက်ပိုင်း
နယ်အလုပ်ပြောင်းခဲ့ရသဖြင့် အဆတ်အသွယ် ကျဲတောက်သွားသည်။သူငယ်ချင်းက
သင်းဘေားလိုက်သွားသည်။နောက်တစ်ယောက်ကအမျိုးသား။
ဥစ္စာကြွယ်ဝရုံတင်မကမဘနှစ်ပါးကိုပါ ကြည့်ရှု စောင့်ရှောက်မည်သူရှိနေတော့
ပရဟိတလုပ်သည်။တက္ကသိုလ်က ကထိကကြီး၊ အဆောင်မူး၊ လူမူရေးအသင်းအဖွဲ့မှာလဲ
အကြိးအကဲခေါင်းဆောင်။ သူ့ကိုကြည့်ရင် မည်သည့် အခါမှ မအား။
သူအခန်းသွားလျှင် စာတန်းတစ်ခု အမြဲတမ်းချိတ်ဆွဲထားသည်ကိုတွေ့ရသည်။
"မိးဘမဲ့ဂေဟာသို့သွားသည်....နာရီပြန်လာမည်ပေါ့။ တစ်ခါက သူ၏စာတန်းနှင့်အတူ
နောက်စာတန်းတစ်ခုကို ချိတ်ဆွဲထားသည်ကို တွေခဲ့ရသည်။ "ဆရာ
လတ်မှတ်ထိုးခိုင်းထားတဲ့ ကျွှန်မ လျှောက်လွာလေးပြန်လိုချင်ပါတယ်....
နာရီပြန်လာမယ်..(တပည့်) ဟုသေားစာတန်းဖြစ်သည်။
ဌာနတာဝန်၊လူသားတာဝန်မျယးအပြင် တပည့်တပန်းများ၏တာဝန်ပါ သူ့ဂုတ်ကို
ခွစီးထားသည်။ လှေခါးထစ်တို့သည် သည်းခံနိုင်လှပါတကား။ သူတစ်ပါးရဲ့
ခြေနင်းဘဝ ဖြစ်ပေမယ့် မြင့်မြတ်လှပါတကား။
နင်းနေသူတွေရှိနေသရျွှ် လှေခါးထစ်များရှိနေဥိးမည်သာ။ခြေထောက်ကို
အလှဆင်ရန်ဈေးကြိးဖိးနပ်များ၊ ခြေသည်းနိများဝယ်ရ်ျ ပြုပြင်သကဲ့သို့
စိတ်အညစ်ကျေးများကိုပါ ဖြုစင်အောင် ဖွတ်လျှော်ပြိးမှ တက်ကြမည်ဆိုလျှင်
လူ့ဘောင်လူ့လေားကကြိး၏ လှပမူသည် ပိုရ်ျ အဓိပါယ်ရှိလာမည်မှာ
ဧကန်မုချဖြစ်တော့သည်။.............

--
             Hlaing min

No comments:

Post a Comment