Tuesday, March 23, 2010

Fwd: မြန်မာအမျိုးသမီးတို့၏ စေတနာစွမ်းအား (ရွှေဆံပင်တံတားလမ်း)



---------- Forwarded message ----------
From: Win Naing <kownaing@gmail.com>
Date: 2010/3/14
Subject: မြန်မာအမျိုးသမီးတို့၏ စေတနာစွမ်းအား (ရွှေဆံပင်တံတားလမ်း)
To: ayekhakha@gmail.com, achanstar@gmail.com, aye thu <ayechanthu57@gmail.com>, aungthanzaww@googlemail.com, e <ahfresh@gmail.com>, akyilay09@gmail.com, april.angel14@gmail.com, agzayarsoe <agzayarsoe@gmail.com>, aungmyintko21@gmail.com, Sandi Mgmg <sandimgmg@gmail.com>, sawnge72@gmail.com, surveykhinwin@gmail.com, sanlwinaung007@gmail.com, skypolarstar@gmail.com, silence.adore87@gmail.com, smilegirl2023@gmail.com, sweetychitsu@gmail.com, Khain Darli <kdarli@gmail.com>, december.alwan88@gmail.com, double.lapay2@gmail.com, "february.alwan" <february.alwan@gmail.com>, tin htay <htutmyatko@gmail.com>, ht.we16@googlemail.com, hninyu7@gmail.com, jyungaye@gmail.com, k <khinpyaesone7@gmail.com>, kaungmalay2028@gmail.com, kthar2006@gmail.com, khinzarzarkyaw123@gmail.com, kkhnin121@gmail.com, kaungkimlay@gmail.com, kwkwlwin@googlemail.com, laelae mu <laelaemu@gmail.com>, lovelyapril24@gmail.com, phyoeieikhin@gmail.com, panpwintphyu86@gmail.com, pyonetn@gmail.com, phyuphyumon82@gmail.com, phouei09@gmail.com, warlay24@gmail.com, waikhinnihkiaw@gmail.com, walayaustin@googlemail.com, Than Zaw <er.thanzaw@gmail.com>, thanlwinmoe71@gmail.com, tapaung5@gmail.com, thetzaw75@googlemail.com, tinmoechit@gmail.com, thidawin1983@gmail.com, thawzinmech@gmail.com, theninegems@gmail.com, thandarminswe@gmail.com, yinyinwinn2008@gmail.com, yemintun08@gmail.com, mgmgmyint2007 <mgmgmyint2007@gmail.com>, myintkyaw2008@gmail.com, myomin28@gmail.com, maymonaung83@gmail.com, mohmohaye85@gmail.com, mg.tyag@gmail.com, nyanhtun@gmail.com, ngwenyein@gmail.com, nyeininnthar@gmail.com, nayyinayhtwe@gmail.com, naytun9@gmail.com, "crystal.theingi" <crystal.theingi@gmail.com>, cingcingstar83@gmail.com, coolthi.da16@googlemail.com, zawhtayoo2007@gmail.com, znaymin@googlemail.com, zwhtut73@googlemail.com, khin.thuzarwin5@gmail.com, maungmaungkyawnyunt@googlemail.com, hlahlaayeaye@gmail.com, minhun2007@gmail.com, soesoesn100@gmail.com, "smallchild.11 that htar yebalbal" <smallchild.11@gmail.com>, kyawsoeyd@gmail.com, zawhtikeko@googlemail.com, ncwinmyat825@gmail.com, thitsarmay888@gmail.com, crab28@gmail.com, chitthu.lay265@gmail.com, tza1982@gmail.com


စစ်ကိုင်းတိုင်း မုံရွာခရိုင် ပုလဲမြို့ နယ် ယင်းမာပင်မြို့နယ်အတွင်းရှိ
လည်ငေါက်-ချင်ပြစ် လမ်းမကြီးသည် အလောင်းတော်ကသပသို့သွားရာပင်မလမ်း
ဖြစ်သလို ရွာပေါင်း ၆၀ ကျော် လူဦးရေ ၅၀၀၀၀
ကျော်တို့မှီခိုအားထားနေရသောလမ်းမကြီးလည်းဖြစ်ပါတယ်။
လမ်းမကြီးနှင့် တံတာများပျက်စီးယိုယွင်းမှုကြောင့်
ဘုရားဖူးများစိတ်ပျက်ကြရသလို ဒေသခံနယ်သူ/နယ်သား လည်းမိုးတွင်းရောက်တိုင်း
ဒုက္ခမျိုးစုံနှင့်ကြုံတွေ့နေရပါတယ်။ အထူးအားဖြင့် အရေးပေါ်ဆေးရုံတက်ရမည့်
ဝေဒနာရှင်များ ကြုံတွေ့ခဲ့လျှင် ကားမောင်းမရသဖြင့် စောင်ပုခက်များထမ်းကာ
ခြေကျင်တမျိုး လှည်းဖြင့်တဖုံ ဒုက္ခမျိုးစုံဖြင့် ပင်ပန်းခက်ခဲစွာ
သွားလာခဲ့ရသဖြင့် မသေ သင့်ပဲသေဆုံးခဲ့ကြသည်မှာ လမ်းတံတား
ကုသိုလ်ရှင်များကို အသေခံပြီး မျှော်လင့်နေသကဲ့သို့ရှိနေပါတယ်။
လမ်းတံတား ကုသိုလ်ပြုရခြင်းသည် အသက်ပေါင်းများစွာကယ်တင်ရသည့်
ဇိဝိတဒါနကုသိုလ် ထူးကြီးဖြစ်ပါတယ်။ ထိုကုသိုလ်ထူးကြီးကို
ဆရာတော်များဦးဆောင်ပြီး နေ့မအား ညမအားဆောင်ရွက်ခဲ့ရာ ၃ နှစ်ကာလအတွင်း
စေတနာရှင်များ၏ အလှုတော်ငွေကျပ် သိန်းပေါင်း ၁၀၀၀ ကျော်နှင့်အတူ
ဆံပင်ကုသိုလ်ရှင် တစ်သိန်းသုံးသောင်းကျော် ပေါ်ပေါက်ခဲ့ပြီး တာဝန်ယူထားသော
လမ်း ၁၅ မိုင်နှင့် တံတား ၁၇ စင်းရှိသည့်အနက် ယခုအခါ ကျောက်ချောလမ်း ၁၁
မိုင်နှင့် တံတား ၁၂ စင်းထိပြီးစီးခဲ့ပါပြီ။
ကျန်ရှိနေသော လမ်းပိုင်းနှင့်တံတား များကိုလည်း လမ်းတံတားဖြစ်မြောက်ရေး
ဆရာတော်ကြီးများကိုယ်တိုင် အနီးကပ် ကြီးကြပ်ပြီး ဆောင်ရွက်လျှက်ရှိရာ မူလက
တံတားကြီး ၁ စင်းကိုသာ ရွှေဆံပင်တံတား ဟုရည်ရွယ်ခဲ့သော်လည်း
မြန်မာအမျိုးသမီး တို့၏ စေတနာ သဒ္ဓါတရားထက်သန်မှုတို့ ကြောင့် ရွှေဆံပင်တံတား
လမ်းဟု သမိုင်းဝင်မော်ကွန်းထိုးသွားမည်ဖြစ်ပါရု ကမ္ဘာတွင် တစ်ခုတည်းသော
ရွှေဆံပင်တံတားလမ်းဖြစ်ပါတယ်။
ယခုအခါ ဒေသခံဆရာတော် ကြီး၏ သြ၀ါဒကိုခံယူကာ ပြုလုပ်ဆဲဖြစ်သော
ရွှေဆံပင်တံတားလမ်းမှ နောက်ထပ်လမ်းအရှည် ၅ မိုင်နှင့် တံတား ၅
စင်းကိုလည်းတာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ပါတယ်။
ကျောက်ချောလမ်းပြီးဆုံးခဲ့လျှင်လည်း ရေရှည်တည်တန့် ခိုင်ခန့်
အောင်အဆိုပါလမ်းအား ကတ္တရာလမ်းအဆင့်သို့
မြှင့်တင်ကာပြုလုပ်ဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။
မိမိတို့ အမြတ်တနိုးထားသည့်ဆံပင်ကို လမ်း
တံတားခင်းလှုဒါန်းခြင်းသည်ဘုရားလောင်းသူတော်ကောင်းတို့ ပြုလုပ်မြဲဖြစ်သော
စွန့်ခြင်းကြီး ၅ ပါးတွင် အင်္ဂပရိစ္ဆာဂ ပါရမီ ၃ ပါးတွင် ဒါနဥပ
ပါရမီမြောက်ပြီး ပါရမီဓာတ်ခံ ရင့်သန်သောသူများသာ
လှုဒါန်းခွင့်ရနိုင်မည်ဖြစ်ပါတယ်။
နောက်ထပ် သတင်းကောင်းတခုက လမ်းတံတားခင်းလက်စ မှာပင် လူနာ ၁၅ ဦးထက်မနည်း
ဆေးရုံသို့ အမှီ ပို့ ဆောင်ပြီး အသက်ကယ်တင်နိုင်ခဲ့ပါတယ်။
တချို့ သော အမျိုးသမီးများကတော့ ဆံပင်အရှည် အပြင် ကတုံးတုံးပြီးရှိသမျှ
ဆံပင်အကုန်လှုဒါန်းမှုကို တွေ့ မြင်ရတာ အလွန်ကြည်နူးဖို့ ကောင်းပါတယ်။ ဆရာ
မောင်မင်းစိုးရွှေနံ့ သာက ( တကယ်တော့ဒါဟာ အနှစ်သာရမရှိတဲ့ သဘောကနေ အနှစသာရ
ရှိရှိအသုံးချခြင်းဖြစ်ပါတယ်) ဟုဆိုထားပါတယ်။
ထိုလမ်း တံတားခင်းသောနေရာမှာ နေ့ စဉ် ကုသိုလ်ပြုလုပ်အားပေး ၂၀၀၀၀
ထက်မနည်း ပျော်ရွှင်စွာလုပ်အားပေးနေတာ တွေ့ ရပါတယ်။ ရွာပေါင်း ၆၀ မှ
လုပ်အားပေးတွေပါ။ သူတို့ ဘယ်လိုမှ ဘယ်တော့ မှ မထင်ထားတဲ့ လမ်း တံတားတွေ
ပေါ်ပေါက်လာတဲ့အတွက် သူတို့ တက်နိုင်တဲ့နေရာကနေ ကုသိုလ်ပြုကြတာပါ။ ကလေး
သက်ကြီးရွယ်အို ဘုန်းတော်ကြီးတွေပါမကျန်ရအောင်
လုပ်အားကုသိုလ်ယူနေကြတာဖြင့် ကြည်နူးမဆုံးအောင်ပါပဲ။
အမှတ်ရစရာ တစ်ခုကတော့ ထိုလုပ်အားပေးတွေထဲကမှ သူသေတော့မည်ဟု မှတ်ယူထားသော
အဘိုးအိုတစ်ဦးဟာ အားလုံးတာဆီးနေသည့်ကြားမှ သူမသေခင် လမ်း တံတားခင်းသော
ကုသိုလ် ယူချင်ပါတယ် ဟုဆိုကာ ၀ိုင်းလုပ်အားပေးနေပါတယ်။ ညနေ အရောက်
လုပ်အားပေးနေသော သူများကို ရေလိုက်တိုက်နေစဉ် မှာပဲ ဆုံးပါးသွားပါတော့တယ်။
အတုယူစရာပါ။
အရင်ထိုလမ်းမကြီး မှာ ဆိုင်ကယ်တောင် မစီးနိုင်အောင် ဆိုးလှပါတယ်။
တံတားမရှိသော နေရာတွေမှာလည်း ဆိုင်ကယ်တောင် နှစ်ယေင်မသွားရတဲ့အနေပါ။
ထို့ကြောင့်လည်း အသက်မဆုံးသင့်ပဲ ဆုံးရှုးခဲ့ရတာ သမျှောစရာပါပဲ။
ကျွန်တော် ဓါတ်ပုံတွေတင်ပြထားချင်ပါတယ်။သို့ပေမယ့် loading ကကြာပြီး ပျက်
ပျက်နေလို့ မတင်ပြဖြစ်တာပါ။ ဓါတ်ပုံ မြင်မှ ပို သိသာစေပါတယ်။
ကျွန်တော်ပြောပြတာကမှ လိုအပ်နေပါသေးတယ်။
ရွှေဆံပင်တံတားလမ်းပေါ် အများသူငါ ချမ်းသာစွာသွားလာနေသရွေ့ နေ့ နေ့ ညည
ကုသိုလ်တိုးနေမည့် ထာဝရကုသိုလ်မျိုးဖြစ်ရာ ရွှေပြည်နိဗ္ဗာန်ရောက်ကြောင်း
ပါရမီကောင်းမှု အတွက်ကိုယ်အား ဥာဏ်အားစွမ်းနိုင်ရာအားဖြင့်
ပါဝင်ကုသိုလ်ယူနိုင်စေရန် အသိပေးနှုးဆော်အပ်ပါတယ် ခင်ဗျာ။
လူတစ်ယောက်ရဲ့ တန်ဖိုးဟာ ပရဟိတပဲ။ဒါကြောင့် တန်ဖိုးရှိ မရှိသိချင်ရင်
ပရဟိတနဲ့ တိုင်းရတယ်။
ကိုးဘွဲ့ ရဆရာတော်
လမ်း တံတားလှုဒါန်းရကျိုး ၅ မျိုး
ကမ်းပါးသစ်ပင်၊ တောင်တွင်ထိပ်က၊ လိမ့်ရ်ုကျလည်း၊ ဘေးမှလွတ်ဘိ မှီခိုရှိ၏။
မှတ်ဘိ တစ်မျိုး၊ သူခိုးမင်းဘေး၊ နှိပ်စက်ဝေးပြီး၊ ရန်ဘေးတဖန်၊ အောင်နိုင်ပြန်၏။
လျင်မြန်ဆင် မြင်း၊ယာဉ်ရခြင်းပ၊ကု ၅ ၀သည် မှတ်ကြလမ်း တံတားလှုကျိုးတည်း။

ရန်ကုန်မြို့ အလှုခံဋ္ဌာနများ
၁။ အရွင္အာစာရာလကာၤရ
ကိုးဘွဲ့ရသာသနာပြုကျောင်းတိုက်
ဗထူးလမ်းမကြီး၊ ၄၂ ရပ်ကွက်၊ ဒဂုံမြို့သစ်မြောက်ပိုင်း။ ဖုန်း ၇၀၈၄၀၃
မြောက်ဥက္ကလာ အ၀ိုင်းမှနေပြီး ၂၀၂၊ ၂၀၂ အထူး၊ ၄၉ စီးပြီး
ဂန္ဓာရုံမှတ်တိုင်ဆင်းပါ။ ၃
မှတ်တိုင် မြောက်တွင်ဖြစ်ပါတယ်။ ( ယခုလ ၁၄ ရက်နေ့ တွင်ပိတ်ပါမည်)

၂။ အရှင်တိလောက
ရွှေနံသာကျောင်းတိုက်
ရွှေတိဂုံဘုရားအရှေ့ဘက်မုဒ် (မင်္ဂလာဗျူဟာအနီး)
အာဇာနည်လမ်း၊ ဗဟန်းမြို့နယ်။ ဖုန်း ၀၉ ၆၄၅၀၆၅၄
( ၄ လပိုင်းထိရှိမည်)

ပင်ရင်းအလှုခံဋ္ဌာန ကတော့
အရှင်ဝေပုလ္လ (လမ်းတံတား အကျိုးဆောင်)
ပုလဲမြို့နယ် ယင်းမာပင်မြို့နယ်
၀၉ ၆၄၅၁၄၂၂၊ ၀၉ ၆၄၅၀၆၅၄



--
Best regards,
Thant Zin Aung

No comments:

Post a Comment