Sunday, July 3, 2011

Fwd : ♠♠♠ ပန်းတိုင် ♠♠♠

                                      

                                           ♠♠♠ ပန်းတိုင် ♠♠♠

 

♠ဘ၀မည်သည် ၊ လူတိုင်းတောင့်တ

ဆန္ဒများစွာ ၊ ရှိသည်သာတည်း ။

♠ဆန္ဒလိုအင် ၊ ပြည့်စုံခြင်းတည်း

ကံ၊ဥာဏ်၊၀ိရိယ ၊ သုံးခုမျှ၍

နေရာတကျ ၊ အသုံးချသော်

မိမိဆန္ဒ ၊ ပြည့်စုံရ၍

လိုရာပန်းတိုင် ၊ ဆုပ်ကိုင်နိုင်မည် ။

♠ဆန္ဒတစ်ခု ၊ အာရုံပြု၍

ဥာဏ်စွမ်းမပါ ၊ ခြေဗလာနှင့်

ကာယအားကိုး ၊ အပြေးလွှားတိုးက

♠♠♠ပန်းတိုင်မရောက် ၊ အသက်ပျောက်လတ္တံ ♠♠♠

 

ဇာလင်း

No comments:

Post a Comment