Friday, July 15, 2011

Fwd : * ရွှေတိဂုံဘုရားတည်ထားကိုးကွယ်တာ နှစ်ပေါင်း ၂၆၀၀ ရှိခဲ့ပါပြီ။*၀ါဆိုလပြည့် မင်္ဂလာရှိသောနေ့

ဒီနေ့ ၀ါဆိုလပြည့်နေ့ ရွှေတိဂုံဘုရားမှာ ဆီမီး ၂၆၀၀ ပန်း ၂၆၀၀ သစ်သီး ၂၆၀၀ ပူဇော်မှာပါ ရွှေတိဂုံစေတီတော်ကြီး တည်ထားကိုးကွယ်တာ နှစ်ပေါင်း ၂၆၀၀ ပြည့်ခဲ့ပါပြီ။။။။"ရွှေတိဂုံ​ စေတီတော် က ဂေါတမ မြတ်စွာဘုရား ပွင့်ပြီး ၁ဝ လကြာ မှာ ဘုရား တည်လို့ ပြီးစီး ခဲ့တာ။ အဲဒီ အချိန် ကနေ ခုထိ တည်ရှိနေတဲ့ ဘုရား တစ်ဆူဖြစ်ပါတယ်။ရွှေတိဂုံ ဘုရားရဲ့ သက်တမ်းက သာသနာသက္ကရာဇ် နဲ့ အတူတူပဲ။ ။။။

 



 


 

 




ရန်ကုန်က သူငယ်ချင်းပြောပြလို့ သိလိုက်ရလို့ forever friends က မသိသောသူငယ်ချင်းတွေသိရအောင် သတင်းပေးလိုက်တာပါ။

ရွှေတိဂုံနဲ့ ပက်သက်တဲ့ပုံတွေ ပို့စ်တွေ မကြာမကြာ ဖတ်နေရတော့ ဘုရားပုံတော်တွေကို ကျွန်တော့် facebook ရွှေတိဂုံစေတီတော် စာမျက်နှာကတချို့ပုံတွေကိုပဲ ကူးယူတင်ပြလိုက်ပါတယ်။

(စာတစ်ခုဖတ်ရတာက ၂၀၁၂ မှာ ရွှေတိဂုံစေတီတော် တည်ထားကိုးကွယ်တာ နှစ်ပေါင်း ၂၆၀၀ ရှိပြီလို့ဖတ်လိုက်ရပါတယ်။) အမှားယွင်းပါခဲ့ရင်ခွင့်လွှတ်ပေးကြပါခင်ဗျာ....

ဒီနေ့ကျင်းပတဲ့ ရွှေတိဂုံ ၀ါဆိုလပြည့်ဘုရားပွဲတော် ကိုသိစေချင်တဲ့ စေတနာသက်သက်ပါ။

No comments:

Post a Comment